Tuesday, July 2, 2013

မွန်စာပေသင်ကြားရန် ဆရာ မလုံလောက်

(Mizzima)

ကျောင်းချိန်ပြင်ပ၌ မွန်စာပေသင် ကြားရန် ကျောင်းဆရာ/မ လုံလောက်မှု မရှိကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနက ကျောင်းချိန် ပြင် ပ၌ မွန်စာပေသင်ကြားရန် တာဝန်ထမ်း ဆောင်ဆဲ ကျောင်းဆရာ/မများထဲမှ တိုင်းရင်းသားစာပေတတ်မြောက်သူများ ဦးရေကို
တောင်းခံသဖြင့် မွန်ပြည်နယ်အစိုးရက စာရင်းပြုစုလျှက်ရှိသည်။


မွန်စာပေသင်ကြားရေးအတွက် မွန် တိုင်းရင်းသား ကျောင်းသင်ခန်းစာအုပ်များကို မူလတန်းအဆင့် (သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း) မွန်ဖတ်စာနှင့် သင်ရိုးညွှန်းတမ်းများကိုလည်း ရိုက်နှိပ် ပြီးပြီဟု
ပြည်နယ်ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

ကျောင်းချိန်ပြင်ပ၌ မွန်စာပေသင် ကြားရန် ပြည်နယ်အစိုးရက ပြည်ထောင် စုအဆင့် ပညာရေးဝန်ကြီးဌာနထံ တင်ပြ ခဲ့ခြင်းဖြစ်ပြီး ထိုဌာနက အတည်ပြုလျှင် စတင်အကောင်အထည် ဖော်မည်ဟုလည်း ဒေါက်တာ မင်းနွယ်စိုး က ဆက်ရှင်းပြသည်။

သို့သော် အစိုးရ စာသင်ကျောင်းများ စတင်ဖွင့်လှစ်နေပြီဖြစ်သော်လည်း မွန်စာ ပေသင်ကြားရေး အစီအစဉ်နှင့်ပတ်သက် ၍ ထူးခြားမှုမရှိသေးသဖြင့် ယခုပညာသင် နှစ်တွင် အကောင်အထည် ဖော်နိုင်တော့ မည်ဟု မထင်ကြောင်း မွန်စာပေနှင့် ယဉ် ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ မင်း ကြည်ဝင်းက ပြောသည်။

ထို့ပြင် ကျောင်းချိန်ပြင်ပ၌ မွန်စာပေ ကိုသင်ကြားရုံဖြင့် တိုင်းရင်းသားကလေး ငယ်များ၏ မိခင်ဘာသာ စကားတတ် မြောက်မှုရေးအတွက် များစွာထိရောက်မှု မရှိနိုင်သဖြင့် မွန်စာကို ကျောင်းချိန်အ တွင်း၌ပင် ဘာသာရပ်တစ်ခုအဖြစ် သင် ကြားခွင့်ရသည်အထိ ကြိုးပမ်းသွားမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အ ရာရှိများက ပြောသည်။

မွန်စာပေသင်ကြားရန် ဖတ်စာအုပ် ကို မွန်စာပေကျွမ်းကျင်သူများက ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်တွင် အသုံးပြုခဲ့သည့် မွန်ဖတ်စာအုပ်ကို ရွေးချယ်ထားကာ ပြင်ဆင်ဖြည့်စွက်မှု အနည်းငယ်ကိုလည်း ဆောင်ရွက်ပြီး စီးသွားပြီဟု သိရသည်။

စစ်တပ်က ဆိုရှယ်လစ်လမ်းစဉ် ပါတီထံမှ အာဏာသိမ်းလိုက်သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ မွန်စာပေ ကို အစိုးရ ကျောင်းများတွင် သင်ကြားခွင့် လုံးဝပိတ် ပင်ခံခဲ့ရပြီး မြန်မာနိုင်ငံ အောက်ပိုင်းတွင် နေထိုင်သည့် မွန်လူမျိုးများသည် အခြား တိုင်းရင်းသားများနည်းတူ မိခင်ဘာသာ စာပေကို သင်ကြားခွင့် မရရှိတော့ပေ။

နိုင်ငံရေးစနစ် ပြောင်းလဲလိုက်ပြီးနောက် တွင်မူ တိုင်းရင်းသားစာပေများကို ကျောင်းများတွင် သင်ကြားခွင့် ရရန် ပြန်လည် ကြိုး စားလာနေကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။