Wednesday, July 31, 2013

နိုင်ငံရေးအရ ဆွေးနွေးရန် လိုကြောင်း PSLF နှင့် အစိုးရတို့ သဘောတူ

(ရွှေဟင်္သာသတင်းဌာန)

ပလောင် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ အဖွဲ့တို့သည် နိုင်ငံရေး ဆွေးနွေးပွဲများပေါ်ပေါက် လာရေး အတွက်  နှစ်ဖက် ထပ်မ ဆွေးနွေးညှိနှိုင်းကြရန် လိုသေးသည်ဟု သဘောတူ ခဲ့ကြကြောင်းရှမ်းပြည်နယ်မူဆယ်မြို့၌ကျင်းပသည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့်  ပလောင် ဒုတိယ ပြန်ကြားရေးအရာရှိ မိုင်းအောင်နိုင်မှဆိုပါသည်။ 

ကျနော်တို့ဖက်က အချက် (၄)ချက် တင်ပြပါတယ်။ အစိုးရဖက်ကတော့ သူတို့ရဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေး မူ (၅) ချက်ကို တင်ပြတယ်။ သဘောတူလိုက်တာက (၃)ချက်ပေါ့။ ဆွေးနွေးပွဲ အောင်မြင်ကြောင်းနဲ့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ဖို့ ထပ်မံညှိနှိုင်းသွားရေးကို သဘောတူ ခဲ့တာဖြစ်ပါတယ်” ဟု ဆိုပါသည်။ 

 
PSLF ဖက်မှတင်ပြချက်များမှာ (က) PSLF ၏ နိုင်ငံရေး ရပ်တည်ချက် သဘောထား၊ (ခ) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေ(ဂ) လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေနှင့် () ဒေသဖွံ့ဖြိုးရေး ကိစ္စများကို တင်ပြခဲ့ပါသည်။

အစိုးရ၏ကိုယ်စားလှယ်များကမူ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးမူချက်ဖြစ်သော(က)နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေး၊(ခ) နှစ်ဖက်သဘောတူညီမှုညှိနှိုင်းရရှိထားသည့်သတ်မှတ်နေရာများတွင် နေထိုင် ရေး၊(ဂ) သတ်မှတ်နေရာမှအပအခြားဒေသသို့လက်နက်ဖြင့်သွားလာခြင်းမပြုရေး၊() ဆက်ဆံရေးစခန်းကိုနှစ်ဖက်သဘောတူသောသင့်လျော်သည့်နေရာ၌လက်နက်မပါထားရှိရေး၊(င)ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ဆွေးနွေးရန်အတွက်ကိုယ်စားလှယ်အဖွဲ့တရားဝင်ဖွဲ့စည်းပေးရန်နှင့်ဆွေးနွေးမည့်အချိန်နေရာတို့ကိုညှိနှိုင်းရေးစသည့်အချက်များကိုတင်ပြခဲ့သည်ဟုဆိုပါသည်။

PSLF သည်  အစိုးရအဖွဲ့ တင်ပြခဲ့သော အပစ်အခတ် ရပ်စဲရေးကို လောလောဆယ် သဘောတူခဲ့ခြင်း မရှိသေးပေ။ ဤကဲ့သို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးသော်လည်း ဆက်လက် ညှိနှိုင်းနိုင်ရေး အတွက် ထပ်မံတွေ့ဆုံရန် နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်ရန်ကိုမူ သဘော တူခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ စစ်ဆင်ရေးကြောင့် ဖြစ်ပေါ်နေသော တိုက်ပွဲအကြောင်းကို တင်ပြရာတွင် အစိုးရ ကိုယ်စားလှယ်များသည် တာဝန်အရ လုံခြုံရေးအရ နယ်မြေ စိုးမိုးရေးအတွက် တိုက်ခိုက် ခဲ့ရခြင်း ဖြစ်သည်ဟု အကြောင်းပြခဲ့ပါသည်။

ယနေ့မနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျင်းပခဲ့သော ဆွေးနွေးပွဲသို့ တက်ရောက်လာသော PSLF ကိုယ်စားလှယ်များမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF မှနိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကော်မတီအဖွဲ့ ခေါင်းဆောင်အထွေထွေ အတွင်းရေးမှူးဒုတိယ ဗိုလ်မှူးကြီးတာဘုန်းကျော်ဦးဆောင်ပြီး၊ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်မှူးတာခူလန်း၊ဗိုလ်မှူးတာရော့ခြိုး၊ဗိုလ်မှူးတာအောင်မြတ်၊ဗိုလ်ကြီးတာဝိုင်ခြိုး၊ဗိုလ်ကြီးတာပလန်းထွဲ၊ဗိုလ်ကြီးတာစိုယမ်း၊ဗိုလ်ကြီးတာအောင်ကိုနှင့်ဗိုလ်တာလူမ်ကျော်မြပါဝင်သော ကိုယ်စားလှယ် () ဦးနှင့်ရုံးအဖွဲ့ဝင်များစုစုပေါင်း(၂၁) ဦးတက်ရောက်ခဲ့ကြပါသည်။

အစိုးရ ကိုယ်စားလှယ်များမှာငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့မှသမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်ပြီးဝန်ကြီးဦးမောင်မောင်ဆွေ၊ရှမ်းပြည်နယ်ဝန်ကြီး ဦးစဝ်အောင်မြတ်၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုး၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌဦးမောင်ကျော်အပါအဝင်စုစုပေါင်း၁၃ဦးတက်ရောက်ခဲ့ကြပြီး စုစုပေါင်း ကိုယ်စားလှယ်ပေါင်း (၆၀) ခန့် တက်ရောက် ခဲ့ပါသည်။

ထို့အပြင်ကချင်ပြည်လွတ်လပ်ရေးတပ်မတော်KIA မှကိုယ်စားလှယ်ဦး၊မွန်ပြည်သစ်ပါတီNMSP မှကိုယ်စား လှယ်ဦး၊ရှမ်းပြည်တိုးတက်ရေး ပါတီSSPP မှကိုယ်စားလှယ်ဦးတို့ကိုလည်းအသိသက်သေများ အဖြစ်တက်ရောက်ခဲ့ကြပါသည်။ဤအထဲတွင်ကရင်အမျိုးသားအစည်အရုံးKNU နှင့်ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSA တို့ကို ဖိတ်ကြား ထားလည်းတက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

ရှမ်းပြည်နယ် အစိုးရ၏ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူသည် PSLF ကိုယ်စားလှယ်များကို နမ်းခမ်းမြို့နယ် မိုင်းဝီကျေးရွာ ဒေသခံပြည်သူ၁၀၀၀ခန့်နှင့်အတူ ယမာန်နေ့တွင် လာရောက်ကြိုဆိုခဲ့ပါသည်။လမ်းခရီးတလျှောက်ရှိ မိုင်းမိုးကျေးရွာသို့ ရောက်ရှိလာသောအခါ တအာင်းလူထု (၂၀၀၀) ခန့်ကြိုဆိုခဲ့ပြီး၊  နမ့်ခမ်း မြို့သို့ရောက်ချိန်တွင် တအာင်းပြည်သူ၃၀၀၀ခန့်ကြိုဆိုခဲ့ကြသည်။

အလားတူ ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင်လည်း ဆွေးနွေးပွဲ ကျင်းပသည့် ရွှေလီရတနာခန်းမပြင်ပ၌မူဆယ်ပြည်သူ (၅၀၀၀)ခန့် ကြိုဆိုနှုတ် ဆက်ခဲ့ကြပြီး လက်နက်မချကြရန် ပန်ကြား သွားသည်ဟု PSLF ဆိုပါသည်။

 PSLF အဖွဲ့နှင့်အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ တို့သည်ပြီးခဲ့သည့်၂၀၁၂ခုနှစ်နိုဝင်ဘာလ (၁၀) ရက်နေ့တွင်လည်းထိုင်းနိုင်ငံဇင်းမယ်မြို့တွင်း၌အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။