အကြောင်းအမျိုးမျိုးကြောင့်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့်
သျှမ်းလူမျိုး များမြန်မာနိုင်ငံ သန်းခေါင်း စာရင်း ပါဝင် နိုင်ရေး၊
နိုင်ငံသား စိစစ်ရေးကဒ်ပြားခေါ် အမျိုးသား မှတ်ပုံတင် လက်ဝယ် ရှိရေး အတွက်
သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/SSA က ကြိုးပမ်းနေ သည် ဟု သိရ သည်။
“ကျနော်နေ တဲ့ အိမ်မှာ ဘဲ ယာယီရုံးခန်းဖွင့် ထားပါတယ်။ လာမယ့် ဂျူလိုင် ၁၃ ရက်က စပြီး အမည်စာရင်း စတင် လက်ခံသွားမယ်။ မှတ်ပုံတင် မရှိတဲ့သူတွေ၊ သန်းခေါင်း စာရင်း မရှိတဲ့သူတွေကို စာရင်းကောက် ထားမလို့။ အစိုးရ ဘက် တာချီလိတ်မှာ လာလုပ်ပေးနိုင်အောင် လို့ပါ။ ကျနော် တို့ဘက်က လူဘယ်နှစ်ယောက်ရှိ ထားလဲ၊ ပြင်ဆင်ထား မလို့လေ။ အပြန်စရိတ်ငွေကြေး လဲ သက်သာအောင်လို့ပါ” - ဟု RCSS ဘက်မှ တာဝန်ခံထား သည့် စိုင်းဆိုင်ဝမ်းက ပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏နေပြည်တော် ခရီးစဉ်က ထိုင်းရောက်သျှမ်းများ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေး၊ မြန်မာနိုင်ငံသန်းခေါင် စာရင်းသွင်းနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန် ထံ တင်ပြခဲ့ဖူးသည်ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောသည်။
“ဟုတ်ပါတယ်။ ကျနော်တို့ ရုံးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ဘဲလုပ်တာပါ။ ကျနော်တို့နေပြည်တော် သွားကတည်းက ဒီကိစ္စတင်ပြတောင်းဆိုလာခဲ့တာ။ ကျနော်တို့ဘဲ လုပ်မှာမဟုတ်ဘူး။ ကျား ဖြူပါတီကိုပါအကူအညီတောင်း ထားတယ်။ အမတ်မင်းတချို့လဲလာကူမယ်” - ဟုပြော၏။
ပြည်ထဲရေးဝန်ကြီး ဦးခင်ရီကလည်း RCSS ၏ လူအတွက် သန်းခေါင်စာရင်း မှတ်ပုံတင် ကို မနားတမ်း လုပ်ဆောင်ပေးမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အား ပြောဆိုထားဖူးသည်ဟုဆိုသည်။
သျှမ်းပြည်သားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြသနာများကြောင့် ထိုင်းနိုင်ငံသို့ လူဦးရေ သိန်းချီထွက်ပြေးခိုလှုံနေသည်။ သျှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်း၏ ထုတ်ပြန်ကြေငြာချက်အရ ၁၉၉၆ - ၁၉၉၈ အတွင်း မြန်မာစစ်အစိုးရမှ အဓမ္မနေရပ်စွန့်စွာခိုင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်း ၁၁ မြို့နယ်မှ ကျေးရွာ ၁၅၀၀ နီးပါး လူဦးရေ သုံးသိန်းကျော် ထိုင်းသို့ရောက်ရှိခိုလှုံနေကြသည်ဟု ရေးသားသည်။ မဲပ်ဖေါင်ဒေးရှင်းကလည်း ချင်းမိုင်ခရိုင်တခုတည်းအတွင်း တရားဝင်အလုပ်သမားကဒ် မှတ်ပုံတင်ထားသူ လူဦးရေ ၆ သောင်းကျော် ရှိသည်ဟု ဆိုသည်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။