Wednesday, July 31, 2013

နိုင်ငံရေးအရ ဆွေးနွေးရန် လိုကြောင်း PSLF နှင့် အစိုးရတို့ သဘောတူ

(ရွှေဟင်္သာသတင်းဌာန)

ပလောင် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ အဖွဲ့တို့သည် နိုင်ငံရေး ဆွေးနွေးပွဲများပေါ်ပေါက် လာရေး အတွက်  နှစ်ဖက် ထပ်မ ဆွေးနွေးညှိနှိုင်းကြရန် လိုသေးသည်ဟု သဘောတူ ခဲ့ကြကြောင်းရှမ်းပြည်နယ်မူဆယ်မြို့၌ကျင်းပသည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့်  ပလောင် ဒုတိယ ပြန်ကြားရေးအရာရှိ မိုင်းအောင်နိုင်မှဆိုပါသည်။ 

ကျနော်တို့ဖက်က အချက် (၄)ချက် တင်ပြပါတယ်။ အစိုးရဖက်ကတော့ သူတို့ရဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေး မူ (၅) ချက်ကို တင်ပြတယ်။ သဘောတူလိုက်တာက (၃)ချက်ပေါ့။ ဆွေးနွေးပွဲ အောင်မြင်ကြောင်းနဲ့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ဖို့ ထပ်မံညှိနှိုင်းသွားရေးကို သဘောတူ ခဲ့တာဖြစ်ပါတယ်” ဟု ဆိုပါသည်။ 

ဆွေးနွေးရန် ညီလာခံတက်ရောက်ခြင်းမဟုတ် လေ့လာရန်သာဖြစ် - ဝ ကိုယ်စားလှယ်ပြော

သျှမ်းသံတော်ဆင့် 

တိုင်းရင်းသားညီလာခံသို့ တက်ရောက်လာသည့် ၀ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အထက်ခေါင်းဆောင်များအားပြန် လည်တင်ပြရန်အတွက် လာရောက်လေ့လာခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။ 

“ကျနော်တို့ လာနားထောင်တာပါ။ လာပြောဖို့မဟုတ်ပါဘူး” ဟု ဝ တပ်ဖွဲ့ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးသျှောင်းဆမ် ခွန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြောင်းသော်လည်း တိုင်းရင်းသားအရေးပြောင်းလဲမည်မဟုတ်- အမတ်များပြော

သျှမ်းသံတော်ဆင့် 

အမျိုးသားလွှတ်တော် ဥက္ကဌ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌတို့  ပြည်ထောင်စုလွှတ်တော်နာယက ရာထူးလွှဲပြောင်းကြ သော်လည်း တိုင်းရင်းသားအရေး ဦးစားပေးမှု မရှိနိုင်သေးဘူးဟု  တိုင်းရင်းသားလွှတ်တော်အမတ်များက ဝေဖန်ပြော ဆိုကြသည်။ 

“ ဦးခင်အောင်မြင့်က တာဝန်ကျေပွန်တဲ့သူ၊ တိကျတဲ့သူဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ လုပ်သွားတယ်။  တိုင်းရင်းသားအရေးလဲ ဒီတိုင်းဘဲ။ ဦးစားပေးတာ သူ့မှာ မရှိခဲ့ဘူး။ သူက ယဉ်ကျေးမှု ဝန်ကြီးလုပ်ခဲ့ဖူးတယ်လေ။ အဲဒီတုန်းက ညောင်ရွှေဟော်နန်းကို ယဉ်ကျေးမှုပြတိုက် လုပ်လိုက်တာ သူပေါ့” - ဟု ကျားဖြူပါတီအမတ်မင်းတဦးက ပြောပါသည်။

SSPP/SSA နှင့် ဝ နယ်မြေအကြား အစိုးရတပ်အင်အားထပ်ဖြည့်

 

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ တောင် ဘက်ခြမ်း၊ သံလွင်အနောက်ခြမ်း ဝ ထိန်းချုပ်နယ်မြေ နှင့် သျှမ်းပြည် တပ်မ တော် SSPP/SSA နယ်မြေအကြားသို့ အစိုးရတပ် အင်အားဖြည့်နေကြောင်း ဒေသခံများက ပြောသည်။

“တပတ်လောက်ရှိပြီ ဝင်လာတာ။ မိုင်းရယ်ဘက်မှာတော့ တပ်ချိန်းတယ်လို့ ပြောတယ်။ ကျနော်တို့ ဘက် ဝင်လာတဲ့ စစ်ကား တွေတော့ အပြောင်းအလဲလုပ်တာမဟုတ်ဘူး။ ထပ်ဖြည့်တာ။  အခုလဲ ထပ်လာတယ်။ ကားကြီး ၆ စီး စစ်သားတွေ အပြည့်ဘဲ” - ဟု တန့်ယန်းရောက် လွယ်စေး ဒေသခံ အိုက်ဆိုက် က ပြောပါသည်။

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း၏ အထူး အစည်းအဝေး ကျင်းပရန်ရှိ

(ရွှေဟင်္သာသတင်းဌာန)

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ အထူး အစည်းအဝေးကို လာမည့် သြဂုတ်လ (၃) ရက်နေ့တွင် ရန်ကုန် ရုံးတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယမာန်နေ့ကျင်းပသော NBF အတွင်းရေးမှူး အဖွဲ့က အစည်းအဝေးက ဆုံးဖြတ် ခဲ့ခြင်းကြောင်း ပြောရေး ဆိုခွင့်ရှိသူ ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်း ရေးမှူး ဆလိုင်း ကျဲဘွခ်ထောင် က ဆိုပါသည်။

ဖက်ဒရယ် ယူနီယပါတီ FUP ရဲ့ မူဝါဒနဲ့ပေါ်လစီ၊FUP မှာ ပါဝင် ရမည့် ကော်မတီ၊ဖွဲ့စည်းပုံ၊ FUP မှတ်ပုံတင် ကိစ္စမှာ ရွေးကောက်ပွဲ ကော်မရှင်မှာ ဘယ်လို တင်ရမလဲ ဆိုတာတွေ ဆွေးနွေး ကြပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးကို ပြီးစီးအောင် မလုပ်နိုင် သေးပါဘူး။ ဆက်ပြီး ဆောင်ရွက်ဖို့ ရှိသေးတယ်။ သြဂုတ် (၃) ရက်နေ့နဲ့ (၄) ရက်နေ့ အစည်း အဝေး အတွက် အကြမ်းဖျင်း အစီအစဉ်တွေ ရေးဆွဲ ကြပါတယ်” ဟု ဆိုပါသည်။

တပြည်လုံး အတိုင်းအတာ အဆင့်ရှိသော တိုင်းရင်း ညီလာခံကို ပြည်ပတွင် ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

ဤညီလာခံသို့ မျှော်လင့် မထားသည့် တိုင်းရင်း ပညာရှင်များ၊  ဆက်ဆံရေး ကြဲနေသည့် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု (PDF) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၁၉၉၀ ရွေးကောက်ပွဲ နှင့်၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တက်ရောက် ခဲ့ကြသဖြင့် ၀မ်းသာ အားရမိ ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ခွန်ဥက္ကာက ဆိုပါသည်။ 

“ ခါတိုင်းဆိုရင် အစည်းအဝေး တခု လုပ်တော့မယ် ဆိုရင် လမ်းစရိတ်ပေးပြီး ဖိတ်ကြရပါတယ်။ အခုတော့ အဲဒီလို မဟုတ်ဘူး။ မျှော်လင့်မထားတဲ့ တိုင်းရင်း ပညာရှင်တွေ ကိုယ့်စရိတ်နဲ့ ကိုယ်လာကြတယ်။ ပြီးတော့ ဖိတ်တော့ ဖိတ်တယ်။ လာပါ့ မလား ထင်ရတဲ့ PDF အဖွဲ့တွေ၊ ပြည်တွင်းက တိုင်းရင်း အဖွဲ့တွေဆိုရင် အင်နဲ့အားနဲ့ကို တက်ရောက် လာတယ် ဆိုတော့ အတော်လေးကို အာရုံစိုက် လာကြတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုပွဲမျိုး တခါမှ မပြည့်စုံ ခဲ့ပါဘူး” ဟု ဆိုပါသည်။ 

ABSDF နှင့် MPC ကိုယ်စားလှယ် တို့ ဘားအံ၌ တွေ့မည်

(ရွှေဟင်္သာသတင်းဌာန)

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည့် လာမည့် သြဂုတ်လ (၄) ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံ ဆွေးနွေး မည်ဟု ယနေ့၌ ABSDF မှ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။ 

၎င်းဆွေးနွေး ပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ် ရေးကို ရှေူးရှု ကြောင်းလည်း ဥက္ကဋ္ဌ ဖြစ်သူ ရဲဘော် သံခဲမှ ဆိုပါသည်။

တရားဝင်မှတ်ပုံတင်ဖို့ ကားစာရင်း ပေးပို့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့အား တိုင်းမှူးညွှန်ကြား

 

ဝ ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ပိုင် ကားစာရင်းပေးပို့ရန်  အစိုးရက ညွှန်ကြားထားသော် လည်း တောင်ပိုင်း ဝ တပ်ဖွဲ့က တစုံတရာ တုန့်ပြန်မှု မပြုသေးကြောင်း သိရှိရပါသည်။

“SW, NW တံဆိပ်ပါ တောင်ပိုင်း ဝ တပ်ဖွဲ့ရဲ့ကားစာရင်းအားလုံး ပို့ပေးဖို့ ပြောလာတယ်။ ဥပဒေနဲ့ အညီ လိုင်စင်လုပ်ဖို့၊ အခွန်ပေးဆောင်ဖို့ပေါ့။ ဒါမှလွတ်လွတ်လပ်လပ်သွားလာနိုင်မှာလေ။ ဒါပေမဲ့ ဝ တပ်ဖွဲ့က ပို့ပေးမှာလား မပို့ပေးဘူးလားဆိုတာ ဘာမှအကြောင်းမပြန်သေးဘူး” ဟု မိုင်းဆတ် ဒေသခံတစ်ဦးက ပြောပါသည်။

Tuesday, July 30, 2013

ငြိမ်းချမ်းရေး ဆွေးနွေးမည့် ပလောင်တပ်ဦးကို လူထုကြိုဆို

(Mizzima)

အစိုးရနှင့် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာသော ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) ကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ် နမ့်ခမ်း၊ မူဆယ်မြို့နယ်တို့မှ လမ်းတလျှောက်
ရှိ ပလောင် ပြည်သူလူထုထောင်ချီ၍ ကြိုဆို နှုတ်ဆက်ခဲ့သည်ဟု PSLF နှင့် မြို့မိမြိုဖတို့က ပြောသည်။

ဒုတိယ ပင်လုံဖြင့်သာ ပြဿနာများ ဖြေရှင်းနိုင်မည်ဟု ဦးအောင်မင်းနှင့် ဆွေးနွေးမည့် ရဲဘော်သံခဲ ပြော

(Mizzima)

ဒုတိယ ပင်လုံ ညီလာခံသည် လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာရပ်များအား ဖြေရှင်းနိုင်မည့်
သော့ချက်ဖြစ်ကြောင်း သြဂုတ်လ ၄ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်းတို့နှင့် တွေ့ဆုံဆွေးနွေးမည့်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ က ယနေ့ မဇ္ဈိမကို ထုတ်ဖော် ပြောကြားလိုက်သည်။

Monday, July 29, 2013

(၇) နာရီကျော် ဖြစ်ခဲ့သော တိုက်ပွဲအပေါ် RCSS တို့သဘောထား

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် (၂၀၁၁) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ထို့အပြင် RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ၂၀၁၃ ခု နှစ်ဇွန်လ(၁၀) ရက်နေ့ တွင် နေပြည်တော်သို့ သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် သွားရောက် တွေ့ဆုံ နှုတ်ဆက် ခဲ့ပါသည်။ 

ဤကဲ့သို့ အပစ်အခတ် ရပ်စဲထားပြီး ဆက်ဆံရေး ကောင်းမွန် နေသည့် RCSS အပေါ်တွင် အစိုးရ တပ်များ၏ အကြိမ်ပေါင်း (၁၀၀) ခန့် တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။ RCSS သည် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို လိုလားသဖြင့် ငြိမ်းချမ်းရေး ဖြစ်စေသော လုပ်ရပ် မှန်သမျှ လိုက်လျှောသည့် အနေဖြင့် အစိုးရဖက်မှ မည်သို့ပင် တိုက်ခိုက်စေကာမူ အလျှော့ပေးပြီး အနစ်နာခံ ဆက်ဆံ လာခဲ့သည်ချည်း ဖြစ်သည်ဟု ဆိုပါသည်။

ဒေသတွင်း တိုက်ပွဲ တွေက TNLA နှင့် အစိုးရတို့၏ ဆွေးနွေးပွဲကို လွှမ်းမိုးနိုင်

(ရွှေဟင်္သာသတင်းဌာန)



ယခု လကုန်၌ ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိသည့် တအာင်း (ပလောင်) အဖွဲ့နှင့် အစိုးရ တို့၏ ဆွေးနွေး ပွဲကို လက်ရှိ ဖြစ်နေသော နှစ်ဖက် တိုက်ပွဲ များက ဆွေးနွေး ပွဲ၏ အောင်မြင်မှု အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ယနေ့၌ ရွှေဟသာင်္ သတင်းဌာနသို့ သုံးသပ် ပြောကြား ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ မှာလည်း တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်မယ့် အဆင့် လောက်ပဲ ရှိနိုင်မယ်၊ ဆွေးနွေးပွဲ မဖြစ်ခင် တုန်းကလည်း စစ်တပ် တွေက ကျွှန်တော်တို့ တောင်ပေါ် ဒေသကို ရောက်လာတယ်၊ ကျွှန်တော်တို့ တပ်နဲ့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားတယ်၊ ဒါတွေက ဒီဆွေးနွေး ပွဲကို သက်ရောက်မှု ရှိနိုင်တယ်ဟု တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး ပြန်ကြားရေး ဒု-တာဝန်ခံ မိုင်းအောင်နိုင်က ပြောသည်။

အစိုးရ စစ်တပ်ကို တိုင်းရင်းသားများ ဆန္ဒပြ

(ဧရာဝတီ)

မြန်မာ့ တပ်မတော် အနေဖြင့် ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရောက် မွန်နှင့် အခြားတိုင်းရင်းသား ၁၅၀ ခန့်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ နံနက်ပိုင်းက ဆန္ဒပြ တောင်းဆိုကြသည်။

မြန်မာ့ တပ်မတော် က တိုင်းရင်းသား ဒေသများ၌ လူနေကျေးရွာများ မီးရှို့ခြင်း၊ ဒေသခံ တိုင်းရင်းသားများကို ဖိနှိပ်ခြင်း၊ တိုင်းရင်း သား အလံများကို ဖျက်ဆီးခြင်း၊ ဒေသခံများကို ဥပဒေမဲ့ ဖမ်းဆီးခြင်းများ ရှိနေဆဲဖြစ်၍ ယင်းလုပ်ရပ်များကိုလည်း ချက်ချင်း ရပ် တန့်ပေးရန် ဆန္ဒပြတိုင်းရင်းသားများက တောင်းဆိုကြသည်။

တိုင်းရင်းသား ညီလာခံကြီးကို PDF အဖွဲ့ဝင်များ တက်ရောက်



ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဦးစီးကျင်းပသည့် တိုင်းရင်း သား ညီလာခံကြီးကို အပစ်ရပ်အဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ် ပေါင်းစု (PDF) အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရှိရပါသည်။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု (PDF)ကို ပန်ဆန်းအခြေစိုက် ၀ ပြည်သွေးစည်းညီညွှတ်ရေး ပါတီ/တပ်မတော် UWSP/UWSA ၊ မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု-သျှမ်း ပြည်အရှေ့ပိုင်း NDAA-ESS ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့နှင့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDAK) တို့က ၁၉၈၉ ခုနှစ်၌ ပူးပေါင်းဖွဲ့စည်းခဲ့သည်။

မည်သည့်ရာထူးမှ မမျှော်လင့် သျှမ်း/တောင် ရုံးခွဲဖွင့်ပွဲများ၌ SNLD ဥက္ကဌပြော



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သျှမ်းပြည်တောင်ပိုင်း ရုံးခွဲဖွင့်ပွဲအခမ်းအနားကို ယခု တပတ်အတွင်း ကျင်းပခဲ့ ရာ ပါတီဥက္ကဌ က “ မည်သည့် ရာထူးဌာနကိုမှမမျှော်လင့်။ ဒေသခံများကောင်းရာကောင်းကြောင်းကိုသာ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း” ရုံးဖွင့်ပွဲ မိန့်ခွန်းတွင် ပြောဆိုခဲ့ပါသည်။

“ကျနော်တို့ပါတီအတွက် လူထုဆီက ဘာမှ မမျှော်လင့်ဘူး။ သမ္မတ ကြီးရာထူးကိုလဲမမျှော်လင့်ဘူး။ ဝန်ကြီးချုပ်ရာထူး လဲမလိုချင်ဘူး။ လူထုကောင်းရာ ကောင်းကြောင်းအတွက်လုပ်သွားမယ်။ ပြည်ထောင်စုတိုင်းရင်းသား အားလုံး ရပိုင်ခွင့်တွေ မဆုံးရှုံးရအောင် ကြိုးစားဆောင် ရွက်ပေးမယ် - လို့ ဥက္ကဌကြီးက ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားပါတယ် ” ဟု  ရုံးဖွင့်ပွဲ အခမ်းအနားသို့လိုက်ပါရသည့် SNLD ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံစိုင်းဆမ်ဖွန်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြပါသည်။ 

တိုင်းရင်းသား ညီလာခံ ပထမရက် ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းရေးပါအချက်များ ဆွေးနွေး



ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ကျင်းပနေသည့် တိုင်းရင်းသား ညီလာခံကြီး ပထမရက်၌ ပြည်ထောင်စု စစ်တပ် ဖွဲ့စည်းရေးအချက်ပါ ထည့်သွင်းဆွေးနွေးကြကြောင်း သိရှိရပါသည်။


“ပထမရက်မှာ ဆွေးနွေးတာတော့ အများကြီးဘဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးကိစ္စ၊ ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းရေးကိစ္စ၊ roadmap လမ်းပြမြေပုံနဲ့ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာမူဘောင်တွေကို အဓိကထား ဆွေးနွေးတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ပြောပါ သည်။

“ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ကို အမြဲ တံခါးပေါက် ဖွင့်ထားပါတယ် …”

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ မကြာခဏ တိုက်ပွဲ ဖြစ်နေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော်(TNLA) နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း တို့ ဒီလ ၃၁ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါတော့မယ်။

TNLA ရဲ့ စစ်ဘက်ဆိုင်ရာ ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုပေမယ့် သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခုမှာ အစိုးရ စစ်တပ် တပ်ရင်းပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ အတွက် ပွင့်လင်းရာသီ ရောက်လာရင် စစ်ထိုးတော့မယ့် အရိပ်လက္ခဏာတွေ တွေ့မြင်နေရတယ်လို့ TNLA တပ်မတော် ဘက်က ပြောပါတယ်။

အစိုးရမှ မွန်ပြည်သစ်ပါတီအား တိုက်ခိုက် ခဲ့မှုကို ရှူတ်ချသည့် ဆန္ဒပြပွဲပြုလုပ်

(ရွှေဟင်္သာသတင်းဌာန)



မြိတ်ခရိုင်၌ ဖြစ်ပွား ခဲ့သည့် မွန်ပြည်သစ် ပါတီ တပ်ဖွဲ့အား အစိုးရ တပ်မှ ဝင်ရောက် တိုက်ခိုက် ခြင်းကို ရှူတ်ချသည့် ဆန္ဒပြပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မြန်မာ သံရုံး ရှေ့၌ ယနေ့ ဇူလိုင်လ (၂၉) ရက်နေ့ နံနက် (၉) နာရီခွဲမှ စတင်ကာ (၁၁) နာရီ အထိ ပြုလုပ် ခဲ့ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မီတီမှ ပြောသည်။

အပစ်ရပ် ထားပြီးတော့ ကျွန်တော်တို့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA တပ်ဖွဲ့ကို လာရောက် တိုက်ခိုက် လိုက်တဲ့ အပေါ်မှာ မွန်ပြည်သစ် ဘက်က တင်ပြ တောင်းဆို ခဲ့ပေ မယ့်လဲ အစိုးရဘက်က ဘာမှ အကြောင်းပြန် တာတို့အရေးယူ ပေးတာတို့ မတွေ့ ရသေးဘူး၊ ကျဆုံး သွားတဲ့ မွန်ရဲဘော်နဲ့ မွန်အလံတော် မီးရှို့ လိုက်တဲ့ ကိစ္စကို ကျွှန်တော်တို့ ဘယ်လိုမှ လက်မခံ နိုင်ပါဘူး၊ ဒါကြောင့် ဒီဆန္ဒ ပြပွဲကို ပြုလုပ် ရတာ ဖြစ်ပါတယ်ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌ နဲာလယီထောမှ ပြောသည်။

Saturday, July 27, 2013

TNLA အား ခလရ ၁၄၅ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ဆက်လက်တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် တပ်ဖွဲ့ တို့သည်၊ ယနေ့ နံက် (၁၀) နာရီ အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၁၁၂) တပ်ဖွဲ့အား ဆက်လက် တိုက်ခိုက် ခဲ့သည်ဟု ပြောခွင့်ရသူ TNLA  (၁၁၂) တပ်ရင်းမှူး တာဝိန်မာန်က ဆိုပါသည်။ 

“ ၂၅ ရက်နေ့ည (၆) နာရီ ကလည်း ဖြစ်တယ်။ ဒီနေ့ မနက်မှာလည်း ထပ်ဖြစ်တယ် အဲဒီ တပ်ပါဘဲ။ အင်အား (၉၀) ခန့်ရှိ လိမ့်မယ်။ နေရာကတော့ အဲဒီ ကွတ်ခိုင် မြို့နယ်က ကန်ပါဖို ကျေးရွာနားမှာဘဲ ဖြစ်တယ်။ ဟိုနေ့တုန်းက ဖြစ်တာ နည်းနည်းနာ သွားပုံရတယ်။ အဲဒါ ပြန်လာပြီးတော့ မကြေပွဲ ပြန်တိုက်တယ်လို့ ထင်ရပါတယ်။ သူတို့ စစ်တပ် ထုံးစံက အထိနာရင် အရင်းပြန်လိုက်ရတဲ့ စရိုက် ရှိနေလို့ပါ” ဟု ဆိုပါသည်။ 

DKBA ၏ ဖွံ့ဖြိုးမှု နောက်ဆုံး အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ် ရပ်စဲခဲ့ ပါသည်။ အပစ်အခတ် ရပ်စဲရေးအတွက် သဘော တူညီချက် (၆)ချက်ဖြင့် ကရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆို ခဲ့ခြင်းဖြစ်ပါသည်။

သဘောတူညီချက်များမှာ-

၁။၂၀၁၁ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေးမှု တည်ဆောက်ရေး အဖွဲ့နှင့် ကလိုထူးဘော တပ်ဖွဲ့  
(ယခင် DKBA) မှ ငြိမ်းချမ်းရေး တည်ဆောက်ရေး  အဖွဲ့တို့ လက်မှတ် ရေးထိုး ခဲ့ကြသော ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏမ သဘော တူညီချက်ကို  အတည်ပြုရန် သဘော တူသည်။

၂။ ကရင် ပြည်နယ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ က ရင်ပြည်နယ်ကို ပြည်ထောင်စု အတွင်မှာ မည်သည့်ဟာမှ ခွဲမထွက်ရန် သဘောတူသည်။

KNPP ၏ အပစ်အခတ် ရပ်စဲရေး နောက်ဆုံးအခြေအနေ

(ရွှေဟင်္သာသတင်းဌာန)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ အစိုးရ ပြည်နယ် အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် နှစ် ကြိမ်တိုင် တရားဝင် ဆွေးနွေး ခဲ့ပါသည်။ 

သဘော တူညီချက်များမှာ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲတွင် မူလက သဘော တူထားသော အချက် (၁၄) ချက်ကို  (၈) ချက် ချုပ်ပြီး ထပ်မံ သဘော တူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအထဲတွင် တပ်နေရာ ချထားရေး ကိုလည်း ယနေ့ အထိ သဘော တူညီချက် မရသေးဟု ဆိုပါသည်။  

Friday, July 26, 2013

အစိုးရတပ်နဲ့ SSA တပ်တွေ တိုက်ပွဲပြန်လည်ဖြစ်ပွား

(RFA)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အနီးမှာ အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေဟာ ၇ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

အစိုးရနှင့် ပလောင်တပ်ဦး ပထမဆုံးအကြိမ် ဆွေးနွေးတော့မည်

(Mizzima)

ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်း ကော်မတီတို့ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လကုန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ တွေ့ဆုံ
ဆွေးနွေးမည် ဖြစ်ကြောင်း PSLF က အတည်ပြု ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မတီဘက်မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် PSLF ဘက်မှ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် ဦးဆောင်သည့် နိုင်ငံရေးနှင့် စစ်ရေး ဦးဆောင်အဖွဲ့မှ ကိုယ်စားလှယ် ၉ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လကုန် တအာင်း (ပလောင်) နှင့် အစိုးရ ကိုယ်စားလှယ်တို့ မူဆယ်၌ တွေ့မည်

(ရွှေဟင်္သာသတင်းဌာန)



လာမည့် ဇူလိုင်လ (၃၁) ရက်နေ့၌ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ တအာင်းပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံ ဆွေးနွေး တစ်ရပ်ကို ကျင်းပရန် ရှိကြောင်း PSLF အတွင်း ရေးမှူးက ပြောသည်။

ဒီနေ့ နေ့လည် ပိုင်းလောက် နှစ်ဖက် ညှိနှိုင်းပြီးတော့ ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံ ဆွေးနွေး ကြဖို့ နှစ်ဖက် သဘော တူညီချက် ရခဲ့တယ်၊ ပြည်နယ် အဆင့် ဆွေးနွေးဖို့ ဆိုပေမယ့်လို့ အစိုးရရဲ့ ပြည်နယ် အဆင့် လမ်းညွှန်မူ (၅) ချက်ကို လက်ခံ ဆွေးနွေးတာ မဟုတ်ဘူးဟု အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

နေပြည်တော်ခရီးစဉ်နောက်ပိုင်း RCSS နှင့်အစိုးရစစ်တပ် တတိယအကြိမ်တိုက်ပွဲဖြစ်ပွါး



နေပြည်တော်သို့ ငြိမ်းချမ်းရေးခရီးစဉ်မှအပြန် တတိယ အကြိမ်မြောက် မြန်မာစစ်တပ်နှင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီကြား တိုက်ပွဲကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွါးခဲ့ပါသည်။

“အသေအပျောက်ရှိတယ်။ မြန်မာဘက်က ၁၀ ယောက်သေတယ်။ ၁၇ ယောက်ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်က ၁ ယောက်ဒဏ်ရာရတယ်” ကျောက်မဲဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း ဒေါ်စုဝင်လာပါက KNU လက်ခံဖွယ်မရှိ

(ကေအိုင်စီ)

လက်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်စုကြည်သည် တည်ဆဲဥပဒေဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ကာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်အတွင်း ဝင်လာပါက ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း KNU ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဗဒိုမန်းငြိမ်းမောင်က ယနေ့ ပြောကြားလိုက်သည်။

KNU ၏ မြေယာပေါ်လစီ ကိစ္စ မြန်မာအစိုးရကို တင်ပြဆွေးနွေးသွားမည်

(ကေအိုင်စီ)

ကရင်အမျိုးသား အစည်း အရုံး (KNU) ထိန်းချုပ် နယ်မြေအတွင်း ကရင် လူထုမှ ပိုင်ဆိုင် ခွင့်ရှိသည့် လယ်ယာမြေများ ကို ကာကွယ်ရန် ၎င်းတို့ ချမှတ် ထားသော မြေယာပေါ်လစီ ကို ပိုမိုပြည့်စုံ ခိုင်မာမှု ရှိအောင် ပြုလုပ်ပြီး အစိုးရထံသို့ တင်ပြဆွေးနွေး သွားမည်ဟု KNU က ပြောကြားလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဇူလိုင်လ ၂၃ မှ ၂၅ ရက်နေ့အထိ ကျင်းပသော KNU ၏ မြေယာပေါ်လ စီနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်တွင် KNU လယ်ယာစိုက်ပျိုးရေး ဌာနတာဝန်ခံ ပဒို စောဒေါ လေးမူက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူ့စစ်ခေါင်းဆောင်တဦးအား ထိုင်းအစိုးရမှ ဖမ်းဝရမ်းဆုငွေ ၅ သန်းအထိတိုးမြှင့်



မြန်မာနိုင်ငံသား တာချီလိတ်မြို့နေ နမ့်ပုံ  ပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေးအား မူးယစ်ဆေး ဝါးမှုဖြင့်
ထိုင်းအစိုးရက ဖမ်းဝရမ်း ဆုငွေ ထိုင်းဘတ် ၂ သန်းမှ ဘတ် ၅ သန်းသို့ တိုးမြှင့်လိုက်ကြောင်း ထိုင်းမူးယစ်
ရဲအဖွဲ့က ပြောကြားလိုက်ပါသည်။


ပြီးခဲ့သည့် ဂျွန်လနှောင်းပိုင်းက ထိုင်းနိုင်ငံ အယုဒ္ဓယ မြို့၌  ယာဘဆေးပြားပေါင်း ၅ သိန်း  ဖမ်းဆီး မိပြီး
နောက်ပိုင်း ဦးယီ့ဆေးအား ယခုလ ၇ ရက်နေ့က ဖမ်းဝရမ်းဆုငွေ တိုးမြှင့် လိုက်ခြင်းဖြစ်သည်။

လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ

(ဧရာဝတီ)

၂၀၁၂ ခု အောက်တိုဘာလ က ဖမ်းဆီးခံရသည့် ထိုင်းရဲအရာရှိ (ယာစွန်) က ဦးယင်ဆေး (ပုံသေး) ထံမှ စိတ်ကြွ ဆေးပြားများ ရရှိသည်ဟု ထွက်ဆိုခဲ့သည် (ဓာတ်ပုံ – Khaosod)
မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း အခြေစိုက် လားဟူ ပြည်သူ့စစ်ခေါင်းဆောင် ဦးယင်ဆေးအား ဖမ်းမိရေး အတွက် ထိုင်း အစိုးရက ဘတ် ငွေ ၅ သန်း ဆုငွေ ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုများတွင် အဆိုပါ လားဟူ ပြည်သူ့စစ်ခေါင်း ဆောင် ဦးယင်ဆေးအား ထိုကဲ့သို့ ဆုငွေ ထုတ်၍ ဖမ်းဆီးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထိုင်း ရဲချုပ် ဗိုလ်ချုပ်ကြီး ဖွန် ဆာ ဖတ် ကို ကိုးကားပြီး ထိုင်းအခြေစိုက် ပို့စ်တူဒေး သတင်းတပုဒ်က ဆိုသည်။

သျှမ်း/မြောက် နမ္မတူဘက်က အစိုးရနှင့် SSPP တိုက်ပွဲထပ်ဖြစ် ရွာသားများတိမ်းရှောင်နေရ



SSPP/SSA တပ်သားများ
ပြီးခဲ့သည့် အင်္ဂါနေ့က  သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်း သျှမ်းပြည် တပ်မတော် နှင့်မြန်မာ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးရာ ထိုဒေသ တ ဝိုက်မှဒေသခံ များ တခြား သို့ထွက်ပြေး တိမ်းရှောင်ကြရကြောင်း စုံစမ်းသိရှိရပါသည်။

“နမ္မတူမြို့နယ် မိုင်းယင်အုပ်စု ဝမ့်ကန်း ပလောင်ရွာအသွားလမ်းခွဲမှာဖြစ်တာ။ တိုက်ပွဲက ညနေ ၅ နာရီ ကနေ ၅ နာရီခွဲလောက်အထိ နာရီဝက်လောက်ကြာတယ်။ ဗမာစစ်သား ၂ ယောက်သေတယ်။ ၆ ယောက် ဒဏ်ရာရတယ်။

စစ်ရေး ဖိအားဖြင့် တပြည်လုံး အပစ်ရပ်ရေး လက်မှတ်ထိုးပွဲကို ရယူမလား SSPP မေးခွန်းထုတ်

(ရွှေဟင်္သာသတင်းဌာန)

စစ်ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ် စကခ (၂) ခုမှ အင်အား (၁၀၀၀) ခန့် ရှိသော အစိုးရ တပ်များသည် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဗဟို ဌာနချုပ် ဖြစ်သော ၀မ်ဟိုင်း ဒေသအား အင်အား တိုးချဲ့ပြီး တပ်ချင်း ထပ်မံ ဆိုင်ထား ပြန်သည်ဟု SSPP ၏ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး နောလိဗ်မှ ဆိုပါသည်။ 

 ထပ်မံ ဆိုင်ထားတဲ့ တပ်တွေက စကခ ၁၇ နဲ့ စကခ ၂ လက်အောက်ခံ အင်အားတွေ ဖြစ်တယ်။ အရင်က ဆိုင်ထား ကတည်းက ရှိပြီးသားပါ။  ဒီလိုပဲ တပ်အင်အား တွေနဲ့ ထိပ်တိုက် ဆိုင်ထားမယ် ဆိုရင်တော့ ယုံကြည်မှု တည်ဆောက်ဖို့ အခက်အခဲ ဖြစ်နေပါပြီးဦးသိန်းဇော် လာပြောတာ တမျိုး၊ ဖြစ်နေတာက တဖုံ၊ ဒီလိုနည်းနဲ့ ဖိအား ပေးပြီးမှ တပြည်လုံး လက်မှတ် ထိုးဖို့ ခိုင်းမယ် ဆိုရင်တော့ မဖြစ်နိုင်ပါဘူးဟု ဆိုပါသည်။

တွေ့ဆုံဆွေးနွေးပွဲ နှင့် ရင်ဆိုင် တိုက်ပွဲများ အားပြိုင်နေသော TNLA အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် တွေ့ဆုံဆွေးရေး အတွက် ပြင်ဆင်နေ သည့်အချိန်တွင် အစိုးရတပ်ဖွဲ့ နှင့် ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့တို့သည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ တပ်ဖွဲ့အား ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။ 

“ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွား နားမှာပါ။ အချိန်ကတော့ မနေ့ညနေ (၅)နာရီခွဲ ကနေ (၆)နာရီခွဲအထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ တပ်ဖွဲ့က ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကို လိုက်လံ ဟောပြောနေချိန်မှာ သူတို့က ၀င်လာတော့ လုံခြုံရေးယူထားတဲ့ ကျနော်တို့တပ်ဖွဲ့ နဲ့ထိပ်တိုက်တိုးတာပါဘဲ” ဟုဆိုပါသည်။ 

T.N.L.A တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ရင်တိုက်ပွဲဖြစ်

၂၆-ဇူလိုင်လ-၂၀၁၃ ခုနှစ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည် သူ့စစ်အဖွဲ့တို့ ဇူလိုင်လ၂၅ ရက် ညနေပိုင် ၅နာရီခွဲမှ ၆ နာရီခွဲအထိ  ရင်ဆိုင်တိုက်ပွဲဖြစ် ပွားကြောင်း သတင်းရရှိ ပါသည်။

TNLA တပ်ရင်း ၁၁၂ တပ်ရင်းမှ ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ ထဲတွင် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဘိန်းတိုက်ဖျက်ရေးစီမံကိန်း လိုက်လံဟောပြောပွဲ ပြုလုပ်နေသည့်အချိန်တွင် ပန်ဆေးပြည်သူ့စစ် အဖွဲ့နှင့် တစ်နာရီကျော် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါ သည်။

ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးမှူး ဖြုတ်ချမှု ဒေသခံ ၁၅၀ခန့် ရှမ်းပြည်အစိုးရရုံးရှေ့ စုရုံး မေးခွန်းထုတ်

(Mizzima)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဆီဆိုင်မြို့နယ်၊ ပုန်းအင်းကျေးရွာ အုပ်စုရှိ
ဒေသခံကျေးရွာသား ၁၅၀ ကျော်ခန့်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပုန်းအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ရာထူးက ဖြုတ်ချလိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၄ ရက် ညနေ၂း၃၀မိနစ်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက်စုဝေး မေးမြန်းခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းတွင် ကျပ်သိန်း ၈၇၀ တန်ဖိုးရှိ ဘိန်းချက်ပစ္စည်များ ဖမ်းမိ

(Mizzima)

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု သိန်းတောင်တိန်ကျေးရွာတွင် ဘိန်းချက်စခန်း
တစ်ခုတွင် ဘိန်းချက်လုပ်သူဟု ယူဆရသူ ငါးဦးနှင့် ဘိန်းနှင့် ဆက်စပ်ပစ္စည်း ကာလတန်ဖိုး သိန်း ၈၇ ခန့် ဇူလိုင်လ ၂၂ ရက်တွင် ဖမ်းဆီးရမိသည်ဟု တောင်ကြီး မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်အောင်စိုးကြိုင် က ပြောသည်။

“ကွင်းဆက် သတင်းရရင်ရသလို ဖမ်းဆီးနေပါတယ်။ ရှမ်းတောင်မှာလည်း ယခု ဇူလိုင်လအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်အမှု စုစုပေါင်း ၁၀ မှုခန့် ရှိပါတယ်”ဟု ရဲအုပ်အောင်စိုးကြိုင်က ပြောသည်။

တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကော်မတီ အလုပ်အဖွဲ့ စတင်ဖွဲ့စည်း

(RFA)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီတစ်ခုဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးက်ာမတီဟာ ပြည်နယ်တွေမှာ အောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို စတင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုပိုမိုရှိစေရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပိုမိုနားလည်သိရှိစေရေးအတွက် ပြည်နယ်တွေမှာ ဖွဲ့စည်းတော့မှာလို့ ဗဟိုတိုင်းရင်းသားရေး ဆက်ဆံရေးကော်မတီအဖွဲ့င် ဦးထွန်းထွန်းဟိန် က RFAကိုပြောပါတယ်။

Thursday, July 25, 2013

မြေမြုပ်မိုင်း အန္တရာယ် DKBA နှင့် BGF စုပေါင်းဖြေရှင်း

(ရွှေဟင်္သာသတင်းဌာန)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ မြိုင်ကြီးငူ ဒေသမှ ကျေးရွာ (၆) ရွာနှင့် ပတ်ဝန်းကျင် ဒေသများရှိ မြေမြုပ်မိုင်း အန္တရာယ်ကို  ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့က စုပေါင်း ဖြေရှင်း ခဲ့ကြောင်း၊ DKBA ကလို့ထူးဝါးမှ တပ်မဟာ ထောက်လှန်းရေးမှူး ဗိုလ်ကြီး သရီးတူးက ဆိုပါသည်။ 

“ ကျနော်တို့ နှစ်ဖွဲ့ ပေါင်းပြီးတော့ ဇူလိုင် ၁၉ ရက်နေ့မှာ လူထု ရှင်းလင်းပွဲ လုပ်တယ်။ အဲဒီနေ့က စပြီး မြေမြုပ်မိုင်းကို ကနေ့ အချိန်ထိ ပူးပေါင်း ရှင်းလင်းနေတယ်။ ခက်ခဲတာ ကတော့ နှစ်ပေါင်းများစွာ ထောင်ထားပြီး အမည်မသိတဲ့ အဖွဲ့ စုံက ထောင်ထားတဲ့ မိုင်းကိုတော့  စွန့်လွတ်မိုင်း အနေနဲ့ဘဲ ထားခဲ့ရမှာဘဲ။ အဲဒါ ဖော်ထုတ်ဖို့ တော်တော် ခက်ပါတယ်” ဟု ဆိုပါသည်။

ဒေါ်စုအား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီဝင် သတ်မှတ် ပေးသင့်ဟု RCSS ဆို

(ရွှေဟင်္သာသတင်းဌာန)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွင်းသို့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာသည်ကို ကြိုဆိုကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ ပြောခွင့် ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် ကို ကျနော်တို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရဘက်က တရားဝင် ခန့်အပ် ပေးသင့်တယ်ဟု ဆိုပါသည်။

မွန်ပြည်သစ် တပ်ဖွဲ့အား တိုက်ခိုက် သည့်အပေါ် ထိုင်းရောက် မွန်များ ဆန္ဒပြမည်

(ရွှေဟင်္သာသတင်းဌာန)



တနင်္သာရီတိုင်း မြိတ်ခရိုင် အခြေစိုက် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ သုမင်္ဂလံ တပ်စခန်းနှင့် ကျေးရွာကို အစိုးရ တပ်ဖွဲ့ တို့က လာရောက် တိုက်ခိုက် မီးရှို့ လိုက်သည့် အပေါ် ထိုင်းနိုင်ငံရောက် မွန်အမျိုးသား များက လာမည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဘန်ကောက် မြို့ရှိ မြန်မာ သံရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆိုပွဲ ကျင်းပ သွားရန် ရှိကြောင်း သတင်း ရရှိ ပါသည်။

ဖမ်းဆီး ထားသော ဒေသခံ များကို လွှတ်ပေးရန်၊ မွန်အလံကို မီးရှို့ ဖျက်ဆီးမှု အရေးယူ ပေးရန်၊ယခုကဲ့သို့ ကျူးကျော် ပစ်ခတ်မှုမျိုး မဖြစ်ပွား စေရေး အစိုးရမှ တာဝန် ယူပေးရန်စသည့် အချက် များအား တောင်းဆို သွားရန် ရှိကြောင်း ပွဲစီစဉ် သူများ ထံမှ သိရှိ ရသည်။

နိုင်ငံရေးမူ တစ်ခုတည်းအောက်၌ အမျိုးသားရေးဆောင်ရွက် သွားရန် ကရင်လက်နက်ကိုင် အဖွဲ့များ သဘောတူ

(KIC)

နိုင်ငံရေးမူ တစ်ခုတည်းအောက်၌ အမျိုးသားရေးကို ဆောင်ရွက်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ လက်နက်ကိုင် ၃ ဖွဲ့တို့က သဘောတူခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။



ကရင်ပြည်နယ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၂၃ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော် မတီမှ ကြီးမှူးကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် ကရင်လက်နက်အဖွဲ့များအနေဖြင့် တစ်ခုတည်းသော နိုင်ငံရေးမူချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။

Wednesday, July 24, 2013

Network နှင့် ကရင်လူငယ်လှုပ်ရှားမှု

(ရွှေဟင်္သာသတင်းဌာန)

ကရင် တမျိုးသားလုံးနှင့် သက်ဆိုင်သော လူငယ် ကွန်ယက် တခုကို ဖွဲ့စည်းရန် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်() ပြည်သူ့ဆေးရုံကြီး အနီသုမေဓာရာမတောရ ကျောင်းတွင် ကျင်းပရန် ရှိသည်ဟု ကရင် လူငယ် ကွန်ယက် အဖွဲ့ဝင် (KYO) ကရင် လူငယ် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး () စောဂျက်ပစီက ဆိုပါသည်။ 

“ ကျင်းပမယ့် ရက်ကတော့ ဇူလိုင် (၂၇-၂၈) ရက်နေ့ ပါဘဲ။ ပြီးတော့ ကရင် လူငယ် ကွန်ယက် ဆိုတော့ ပြည်တွင်းပြည်ပ ကရင် အမျိုးသား လူငယ် ကွန်ယက် မှန်သမျှ အကုန်လုံး ပါမယ် ။ လူငယ် အားလုံ ဒီကွန်ယက် ကနေ တဆင့် ချိတ်ဆက် ကြမယ်။ 
 ဒီတစ်ခေါက် ဆုံးဖြတ်ချက် ချနိုင်မယ်အတည်ပြု ပြီးသွား ရင်တော့ နောက်တဆင့် ဖြစ်တဲ့ ကိုယ့်အမျိုးသားရေး လုပ်ငန်းနှင့် တခြား လုပ်ငန်း တူများကိုလည်း ချိတ်ဆက်ပြီး တွဲလုပ်ကြဖို့ရည်ရွယ်ချက်တွေ ရှိနေပါတယ်ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့၏ နယ်မြေ ရှင်းလင်းရေး ပေါ်လစီ နှင့် မွန်ပြည်သစ်ပါတီ

(ရွှေဟင်္သာသတင်းဌာန)


မွန်ပြည်သစ်ပါတီ (NMSP)၏ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တပ်ဖွဲ့ကို ၀င်တိုက် ခဲ့သော အစိုးရ၏ အမှတ်(၂၀) စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်များသည် ဇူလိုင်(၁၆)ရက်နေ့တွင် NMSP စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီး (၆) ရက်ကြာ နယ်မြေ ရှင်းလင်းပြီးနောက် ဇူလိုင်(၂၂)ရက်နေ့အပြန်ခရီးတွင် သုမင်္ဂလံ ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း NMSP ၏ နယ်မြေခံ တပ်မှူးတမော့ချမ်းက ဆိုပါသည်။  

“ ဇူလိုင် (၁၆)ရက်နေ့မှာ သူတို့က စခန်းကို တက်သိမ်းတယ်။ မှားပြီး တိုက်မိတာဖြစ်တယ်လို့ ဆိုတယ်။ ကျနော်တို့က အဖြစ်မှန် ဖေါ်ထုတ်ပေးဖို့ သက်ဆိုင်ရာကို အဆင့်ဆင့် တင်ပြတယ်။ ဒါတောင် ဇူလိုင်(၂၂) ရက်နေ့အထိ နေပြီးတော့ ပြန်ခါနီးမှာ သုမင်္ဂလံကျေးရွာကို မီးရှို့ပြီးမှ (၂၃) ရက်နေ့မနက်မှာ ဆုတ်သွားကြတယ်လေ” ဟု ဆိုပါသည်။ 

သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသူ တောခိုကျောင်းသား၊ SSA တပ်ကြပ်ကြီး ဟိန်းဇော်

(Mizzima)

၈၈ အရေးတော်ပုံ ကာလတွင် ၁၀ တန်းအောင်ပြီးစ ကျောင်းသားအဖြစ် ကိုဟိန်းဇော် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် KIO (ကချင်လွတ်မြောက်ရေးအဖွဲ့)
နယ်မြေရှိ ABSDF- Northern Burma (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း) သို့ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်လာခဲ့သည်။

တောခိုစဉ်က ဓါတုဗေဒ ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ဦးယွက်စွပ် ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းသို့
ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သည်။

တိုင်းရင်းသား ညီလာခံတရပ် ထိုင်းနိုင်ငံတွင် ကျင်းပဦးမည်

(Mizzima)

တိုင်းရင်းသားများ ညီလာခံတခုကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လာမည့် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသွားမည်
ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပဒို ဒေးဗစ်သာကဘော က ပြောဆိုလိုက်သည်။

ပြည်တွင်း ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများအား ဖိတ်ကြားထားကာ အဓိကအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု
အရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စများအပြင် အချက် ၈ ချက်ခန့် ဆွေးနွေးသွားရန် ရှိသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လွှတ်ငြိမ်းချမ်းသာခွင့် ၇၀ ကျော်အနက် RCSS/SSA ၏ တပ်ဖွဲ့ဝင် ၃၀ ကျော်ပါဝင်

 

သမ္မတ၏ လွှတ်ငြိမ်းချမ်း သာခွင့်ဖြင့် ယမန်နေ့က လွတ်မြောက် လာသည့် အကျဉ်း သား ၇၀ ကျော်တွင် သျှမ်းပြည် တပ်မ တော်သား ၃၀ ကျော် ပါဝင်သော် လည်း RCSS/SSA ၏ တပ်မဟာ မှူး ဒု-ဗိုလ်မှူးကြီး ခွန်ကျော် မပါဝင်သေး ဟု သျှမ်းသံ တော် ဆင့်မှ စုံစမ်းသိရှိရသည်။

“ အခုလွှတ်ငြိမ်းချမ်းသာခွင့်မှာ ကျနော်တို့လူ ၃၀ ကျော်ပါဝင်ပါတယ်။  အစိုးရက လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ ကောင်း မွန်သော အလားအလာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အချင်းချင်းကြား ယုံကြည်မှု ပိုမိုခိုင်မြဲလာတယ်။ ရှေ့ဆက်လျှောက် လှမ်း ဖို့အတွက်လဲ ခြေလှမ်း ခိုင်မာလာပါတယ်။ သို့ပေမယ့် ကျနော်တို့ ရဲ့ တပ်မဟာမှူး ဒု-ဗိုလ်မှူးကြီး ခွန်ကျော်တော့မပါသေးပါဘူး။ သမ္မတကြီးကနေ ဆက်လက်လွှတ်ပေးဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု  RCSS ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

Tuesday, July 23, 2013

တိုင်းရင်းသားကိစ္စ အရေးကြီးကြောင်း PSDP နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ဒု-အတွင်းဝန်ပြောဆို

(ကေအိုင်စီ)

မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်း လဲမှုတွင် တိုင်းရင်းသား အရေးကိစ္စ သည် အရေးကြီး သည့် ကဏ္ဍတွင် ပါဝင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် ဒုတိယ အတွင်းဝန် ဂျိုးဇက်ဖစ်ရှား (ခေါ်) ကိုနေထူး က ဖလုံ- စဝေါ်ဒီမိုကရက် တစ်ပါတီ(PSDP)နှင့် တွေ့ဆုံရာ တွင် ပြောကြား လိုက်သည်။

ယခု ဇူလိုင် လ ၂၁ရက်နေ့ က ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ တောင် ကလေးဘုန်းတော်ကြီးကျောင်းတွင် PSDP ဗဟိုကော်မတီ အဖွဲ့ဝင်များ အား လာရောက်တွေ့ဆုံခဲ့စဉ် ဂျိုးဇက်ဖစ်ရှား က နိုင်ငံတကာ ၌ မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်း လဲမှု၌ တိုင်းရင်း သား အရေး ကိစ္စနှင့် ပတ်သက် ၍ သိရှိမှုအားနည်းခဲ့သော်လည်း ယခုအချိန်တွင် မည်မျှအရေးကြီးသည်ကို သိရှိလာကြပြီဖြစ်ကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင့် အမျိုးသား တပ်မတော် တခုထဲ ဖြစ်ရေး သုံးပွင့်ဆိုင် ဆွေးနွေး

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် ကရင် ငြိမ်းချမ်း ရေး ကောင် စီ (KNLA) (၃) ဖွဲ့တို့သည် တခုတည်းသော ကရင် အမျိုးသား တပ်မတော် ဖြစ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် သဘော တူခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက် ခဲ့သော KNU မှ ပဒိုဖေါဒို့က ဆိုပါသည်။ 

“ ဒီနေ့ (၁၂) နာရီလောက်မှာ မြ၀တီမှာ ဆွေးနွေးကြပါတယ်။ ကရင် လူမျိုးအတွက် အဓိက အရေးကြီးတဲ့ သဘောတူညီ ချက် (၂) ချက် ရသွားကြပါပြီး။ ဒီအဖွဲ့တွေဟာ တချိန်တုန်းက မိခင် ပါတီ ဖြစ်တဲ့ KNU အဖွဲ့က ချည်းပါဘဲ။ ဒီအချိန်မှာ သွေးစည်း ညီညွတ်ဖို့ အချိန်တန်ပြီး။ ဒါမှ မဟုတ်ရင် သူများနဲ့ ရင်ဘောင် တန်းဖို့ နောက်ကျ နေပါလိမ့်မယ်” ဟုဆိုပါသည်။ 

လော်စစ်ဟန်နှင့် သူ့ကကွက်များ

(Mizzima)

ဘိန်းဘုရင်ဟု နာမည်ကြီးခဲ့သော ကိုးကန့်လော်စစ်ဟန် ဇူလိုင် ၆ ရက်က ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

ဤသတင်း ထွက်ပေါ်လာသောအခါ ရန်ကုန်မီဒီယာလောက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ ရှေ့မီနောက် မီ လူကြီးပိုင်း
က လော်စစ်ဟန်ကို သိသူများ၍ စိတ်ဝင်တစား ပြောကြ ဆိုကြသည်။ နောက်ပေါက်များက မသိကြ၍ မေးကြမြန်းကြ
သည်။ မသိတသိ အသက် ၅၀ အောက်ရှိသူများက ဘိန်းဘုရင်ကို ခွန်ဆာဟုသာ အသိများကြသည်။

Monday, July 22, 2013

Geneva Call စာချုပ်ကို မည်သို့ အကောင်အထည် ဖေါ်ကြမည်နည်း?

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့က နာရီတွင် ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့ဝင် ဦးနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့သည်၊ မွန်းလွဲ နာရီတွင် တွေ့ဆုံပြီး စာချုပ် လက်မှတ် ရေးထိုး ကြပါသည်။ ၄င်းစားချုပ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သက်ရောက်မှု ခံစားရသော ကလေး သူငယ်များအား ၊ ကာကွယ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ အပါအ၀င် လိင်မှုဆိုင်ရာ အကြမ်းဖက်မှု များကို ပိတ်ပင် တားမြစ်ခြင်းနှင့် လိင်ကွဲပြားမှု အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံမှုများ အဆုံး သတ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ပါသည်။ 

စာချုပ်ပါ အချက် များကို မည်သို့ အကောင်အထည်ဖေါ် သွားကြမည် ဆိုသည်ကို သိရှိနိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

နိုင်ငံတကာ အဖွဲ့များ စိတ်ဝင်စားသော KNU နှင့် Geneva Call စာချုပ်ချုပ်ပွဲ

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU)နှင့် Geneva Call တို့၏ ဇူလိုင်လ (၂၁) ရက်နေ့ စာချုပ် ချုပ်ဆိုပွဲသို့ ဗြိတိသျှ လူမှုရေး အဖွဲ့ အပါအ၀င် ကုလသမဂလက်အောက်ခံ အဖွဲ့အစည်းများပါ တက်ရောက် ခဲ့သည်ဟု KNU အထွေအထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။ 

ကျနော်တို့ လက်မှတ် ထိုးပြီးတာနဲ့ တခြား အဖွဲ့တွေကို လိုက်တွေ့ပါတယ်။ ILO ကိုယ်စားလှယ်၊ ဗြိတိသျှ လူမှု အဖွဲ့ တွေယူနီဆက် ကိုယ်စားလှယ်တွေ UNHCR ကိုယ်စားလှယ်တွေသူတို့တွေနဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ကလည်း တခြား အကြောင်းအရာတွေထက် အခု သဘောတူ လက်မှတ် ထိုးထားတဲ့ အချက်ချက်ပေါ်မှာပဲ လေးနက်မှု ထားပြီးတော့ အဓိကထား ပြောဖြစ်ကြပါတယ်” ဟု ဆိုပါသည်။