Monday, September 30, 2013

တပြည်လုံး အပစ်ရပ်ကြေညာပေးရန် မွန်ကွန်ဖရင့် တောင်းဆို

(DVB)

တပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲရေးကို နိုင်ငံတော် အစိုးရက အတိအကျေကြ ညာပေးရမယ် လို့ မော်လမြိုင်မှာ ၃ ရက် တာ ကျင်းပ သွားတဲ့ မွန်အမျိုးသား ကွန်ဖရင့် က တောင်းဆို လိုက်ပါတယ်။

မွန်နိုင်ငံရေးပါတီ၊ မွန်လက်နက်ကိုင်အဖွဲ့နဲ့ လူထုလူတန်းစားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၃ ရက်တာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးလိုလားကြောင်း ဘုံသေဘာတူချက် ရရှိခဲ့တာဖြစ်ပါတယ်။

သျှမ်းတပ်နှစ်ခုနှင့် တိုက်ပွဲများကြောင့် အစိုးရ တပ် ဘက် ၈၀ ထက်မနည်းသေကြေဒဏ်ရာရ



၂၀၁၃ စက်တင်ဘာ လ လယ် အတွင်း မြန်မာအစိုးရ စစ်တပ် နှင့် သျှမ်းပြည် တပ်မတော် နှစ်ခု စလုံးနှင့် ဖြစ်ပွားခဲ့သော  တိုက်ပွဲ များကြောင့် အစိုးရတပ် ဘက် လူသူ ၈၀ ထက် မနည်း သေကြေ ဒဏ်ရာရရှိသည်ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား လိုက်သည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ သဘောထားကြောင့် TNLA တွေ့ဆုံရန်မရှိသေး

(ရွှေဟင်္သာသတင်းဌာန)

အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခြင်း မပြုပါက ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် နောက်ထပ် ပြန်လည် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ တဦးကပြန်ကြား ထားခဲ့သည်ဟု ပြောခွင့်ရ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ကဆိုပါသည်။ 

ဒီစကားကတော့ စက်တင်ဘာလ (၈) ရက်နေ့မှာ  UNFC နဲ့ ဦးအောင်မင်း တို့တွေ့တုန်းက MPC က ဦးလှမောင်ရွှေ ပြောလိုက်တဲ့ စကားပါ။  လက်မှတ် မထိုးဘူး ဆိုရင် ပြန်တွေ့ဖို့ မရှိဘူးလို့ ကျနော်တို့ရဲ့ UNFC ကိုယ်စားလှယ်တွေ ကို အဲဒီလို ပြောလိုက်တဟု ဆိုသည်။

Sunday, September 29, 2013

အစိုးရတပ်မှ ပြည်သူ့စစ်စခန်းတွင်းကျူးကျော်ကာစခန်းပိုင်ပစ္စည်းများ ဖျက်ဆီး

(by-တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး)


ရှမ်းပြည် နယ်မြောက် ပိုင်း ၊ကျောက်မဲ ခရိုင်၊ မန်တုံမြို့နယ် တွင် အခြေ စိုက်သော ခလရ (၁၃၀) မှ ဗိုလ်ကြီးကျော်စွာ တိုးဝင်၊ ဗိုလ်ကြီးကျော်ဇေယျ တို့ နှင့် တပ်သား (၂) ဦးစုစုပေါင်း (၄)ဦးတို့ သည် မန်တုံမြို့ပြည်သူ့ စစ်ကုန်း သို့ (၂၈.၉.၂၀၁၃) ည ၁၀နာရီ ခွဲ တွင် ၀င်ရောက်ခြိမ်းခြောက် ရန်ရှာခဲ့ယုံမျှမက တပ်စခန်း ရုံးခန်း အတွင်း ပစ္စည်း များကို ပါ ရိုက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရသည်၊၊

ပြည်သူ့စစ်ကုန်း တွင် ပြည်သူ့ စစ်အင်အား (၄၀) ခန့်  အခြေစိုက် လှုပ်ရှားလျက်ရှိပြီး တပ်စခန်း ရုံး အပြင်ဘက် တွင် စိုက်ထူထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ် အား အကြောင်းပြချက်ဖြင့် တပ်စခန်း အတွင်းရှိ တာဝန်ရှိသူများ ထံခွင့်မတောင်းဘဲ စာရွက်စာ တမ်းနံရံချိတ်များမှတ်တမ်ပုံများ၊ ပိုစတာများ ဖယ်ရှားပစ်ခဲ့သည့်အပြင် ရုံးသုံး ပစ္စည်းများပါရိုက်ခွဲဖျက်ဆီးခဲ့သည်၊၊

ကာ/ချုပ် နဲ့ KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံ

(Irrawaddy)

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်အမျိုးသား အစည်း အရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံကြတယ်လို့ သတင်းရပါတယ်။ 

အခုလို KNU ခေါင်းဆောင်တွေနဲ့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုဟာ ဒါဆို ၂ ကြိမ် မြောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြစဉ်က ညစာစားပွဲတခုမှာ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရင်းတနှီး တွေ့ဆုံခဲ့ဖူးကြပါသေးတယ်။

Saturday, September 28, 2013

မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီ အစည်းအဝေး၏ ရလာဒ်

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ်ပါတီ၏ပုံမှန်ဗဟိုကော်မီတီ အစည်းအဝေးကို စက်တင်ဘာလ (၁)ရက်နေ့မှာ စတင်ကျင်းပပြီး၊ (၃) ရက်နေ့မှာ ပြီးဆုံးသွားပါသည်။ ဤအစည်းအဝေးကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် ဖြစ်သည့် ရေးချောင်းဖျားဒေသ၌ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ 

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက်ပိုင်း ပထမအကြိမ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ယခု(၃)ရက်ကြာကျင်းပပြီးစီးသွားသည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မီတီ အစည်းအဝေးမှာ ဘာများဆုံးဖြတ်ခဲ့ပါသလဲ။ ကာယကံရှင် ဗဟိုကော်မီတီတချို့ နှင့် တွေ့ဆုံမေးမြန်းပြီးတင်ပြသွားမည်ဖြစ်ပါသည်။

Friday, September 27, 2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အခြေအနေ အပေါ် KNPP ပြန်သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူထားခြင်းသည် မရေမရာနှင့် အဆုံးသတ်ရန်ရှိပြီး အစိုးရ၏ အကျိုးစီးပွား အတွက်သာ ဖြစ်ကြောင်း တိုင်းရင်းသားများ အသုံးချခံ အခြေအနေ ဖြစ်နေရသည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ဆိုပါသည်။ 

တကယ်လို့နောက်ထပ် တကြိမ်တွေ့ဆုံခဲ့ကြမယ် ဆိုရင် တိကျပြီး ရေရာတဲ့အဖြေ တစ်ခု ရမှ သာလျှင် လက်မှတ် ထိုးဖို့ စဉ်းစားသင့်တယ်လို့ မြင်တယ်။ လက်မှတ် ထိုးပေမယ့် ရေရာတဲ့ အဖြေ မထွက်ခဲ့ရင် ခိုင်မာတဲ့ အာမခံချက် မရှိရင် လက်မှတ် ထိုးတာက အစိုးရ အတွက် ကမ္ဘာကို ပြသဖို့အတွက်လောက်ပဲ အကျိုးဖြစ်ထွန်း စေတယ် တိုင်းရင်းသားတွေ အတွက် ဘာမှ အကျိုး ဖြစ်ထွန်းမှု မရှိဘူးလို့အမြင်မျိုး သုံးသပ်ကြပါတယ်” ဆိုပါသည်။

Thursday, September 26, 2013

အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံရသည်ကို RCSS ပြန်လည်သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)

၅ ကြိမ်မျှ အပစ်ရပ်ရေး လက်မှတ် ထိုးထား ပါလျှက်နှင့် အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံခဲ့ ရသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)သည် ဒေသတွင်း တိုက်ပွဲလျှော့ချရေး အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်း ကဆိုပါသည်။ 

 “ကျနော်တို့ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့ မြို့နယ် တဝိုက်မှာ ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက် ပါဘဲ။ ဆိုတော့ နောက်ထပ် ဆက်ဆံရေးရုံးတွေ ထပ်ပြီး ဖွင့်လှစ်ရမဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ သက်ဆိုင်ရာ တပ်မှူးတွေ လှုပ်ရှားတဲ့ အခါမှာလည်း ဘယ်ဆက်ဆံရေးရုံးကို ဆက်သွယ် အကြောင်းကြား ထားရမယ်ဆိုတဲ့ ညှိနှိုင်းတဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၄) ဖွဲ့ဖြင့် အစိုးရ MPC အဖွဲ့ ဆွေးနွေးမည်

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့သည် အစိုးရ ငြိမ်းချမ်းရေး စင်တာ ဗဟို အဖွဲ့၏ ဖိတ်ကြားချက် အရ လာမည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင် မြို့တွင် ကျင်းပတော့မည် ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ရေး တာဝန်ခံ ရော်ကြာခင်က ဆိုပါသည်။

ကျနော် ကတော့ ဆေးစစ်ဖို့ ရှိတော့ မသွားဖြစ်ဘူး။ ကျနော်တို့ ဖက်ကတော့ အရေးကြီး ပုဂိုလ်တွေဘဲ တက်မယ်။ ကြားတာက (၄) ဖွဲ့ဖြစ်မယ်။ အဓိက ဆွေးနွေးမှာက နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖို့ အကြို လုပ်ငန်း စဉ်တွေကို ဆွေးနွေးဖို့ ဖြစ်မယ်။ အခု အစိုးရ ဖက်က ဖိတ်တာလေ” ဟုဆိုပါသည်။

မွန်- ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရ ဆွေးနွေးမည်

(DVB)

အစိုးရနဲ့  အပစ်ရပ်ရေး သဘောတူ ထားတဲ့ မွန်နဲ့ကရင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့   ဦးအောင်မင်းခေါင်းဆောင် တဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အခုရက်ပိုင်း အတွင်း တွေ့ဖို့ရှိပါတယ်။

လာမယ့်  စက်တင်ဘာလ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ မွန် အမျိုးသားနှီးနှောဖလှယ်ပွဲကို  တက်ရောက်ရင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တွေ့ဆုံကြမှာပါ။

Wednesday, September 25, 2013

အစိုးရတပ် နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ တဦးသေဆုံး

 


ယခုတပတ် အတွင်း သျှမ်းပြည်မြောက် ပိုင်းတွင် သျှမ်းပြည် တပ်မတော် SSPP/ SSA နှင့် အစိုးရ တပ်တို့ တိုက်ပွဲဖြစ် ပွား ပြီး နောက်ပိုင်းဒေ သခံလူထု လည်း စစ်ကြောင်းနှင့် အတူ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရရာ ယမန်နေ့က သေနတ်ဒဏ်ရာဖြင့် ရွာသားအလောင်းတလောင်းအားတွေ့ရှိကြောင်း ဒေသခံများ က ပြောပါသည်။

“သေဆုံးသူ ရဲ့ ကိုယ်မှာ ကျည်ဆံ ထိမှန်တဲ့ ဒဏ်ရာတွေ အများကြီးဘဲ။ စစ်ဆေးကြည့်လိုက်တော့ ဝမ့်ဆာလုံ ကျေးရွာ အုပ်စု ဝမ့်အိုင် ရွာသား လုံးစိုင်းလိတ် ဆိုသူ ဖြစ်နေတယ်။ သူတို့ရွာက တိုက်ပွဲ ဖြစ်ပွားတဲ့နေရာ နဲ့ သိပ်မဝေးဘူး” - ဟု ဒေသခံ စိုင်းလုံသောင်း က ပြောပါသည်။

လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်းရေးလုပ်ငန်း တိုက်ပွဲကြောင့် ရပ်နားထားရ

 

လယ်မြေ ဧကပေါင်း များစွာ ရေလွှမ်း မိုးမှုပြဿနာ၊ ရေ လွှဲမြောင်းပိတ် ဆို့မှု ပြဿ နာ အား ကျားဖြူပါတီ လွှတ်တော် အမတ် (ဒေါ်) နန်းခမ်းအေး ဦးဆောင် ကူညီဖြေရှင်းပေးနေ ချိန် အစိုးရတပ် နှင့် တိုင်းရင်း သား လက်နက် ကိုင်တပ် ဖွဲ့ကြားတိုက်ပွဲကြောင့် လုပ်ငန်းအားလုံး ရပ်နားထားရသည်ဟုဆိုသည်။

“ပြည်နယ်လွှတ်တော်အစည်းအဝေးပြီးတာနဲ့ ဒီဘက်ကိုကျမရောက်နေတယ်။ ရေလွှမ်းမိုးမှုကြောင့် မြေတွေ နှုန်းတွေ ပြည့်လျှံ နေတဲ့ ရေလွှဲမြောင်းကို ရွာသားတွေနဲ့ ကျမတို့ ဝိုင်းတူးဖေါ်နေချိန် တိုက်ပွဲက စဖြစ်တော့ တာဘဲ။ ၁၇ ရက်နေ့ တုန်းက ပေါ့။ အခုလဲ ထပ်ဖြစ်တော့ အလုပ်ပျက်တယ်။ ရွာသားတွေဘဲ ဒဏ်ခံရတာ လေ” - ဟု ကျားဖြူပါတီ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောပါသည်။

ယုံကြည်မှုမရှိလို့ မငြိမ်းချမ်းသေးတာပါ

 

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (သျှမ်းပြည်နယ်- ကယားပြည်နယ်နှင့် မွန်ပြည်နယ်) သုံးပြည်နယ် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သျှမ်းပြည်နယ် တောင်ကြီးမြို့၊ သျှမ်းစာပေယဉ်ကျေးမှု အသင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၂၀၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း ၃ ခု နဲ့ လေ့လာသူ  စုစုပေါင်း ၃၃၁ ဦး တက်ရောက်ခဲ့ပါတယ်။  ဆွေးနွေးပွဲကနေ  တိုင်းရင်း စည်းလုံးညီညွတ်မှု ဘယ်လောက်ရခဲ့ သလဲ။ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းတဲ့ပန်းတိုင်ဆီ လျှောက်လှမ်းဖို့ ကြာဦးမှာလား။ ဘယ်သူ့အပေါ်မူတည်နေသလဲဆိုတာ သိရအောင်လို့ ငြိမ်းချမ်းရေးအတွက် တဖက်တလှမ်းက အဓိ ကပါဝင်နေတဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပရန် စီစဉ်

(ရွှေဟင်္သာသတင်းဌာန)

၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ တနေရာတည်း စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြ၀တီ ခရိုင် ရွှေကုက္ကိုမြိုင် ယနေ့ အစည်းအဝေး ကျင်းပ သွားခဲ့ သည်ဟု ပြောခွင့်ရသူ အစိုးရ နယ်ခြား စောင့်တပ်မှ ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။ 

“ မြို့နယ် ငါးခုကို တနေရာထဲ စုပေါင်း ကျင်းပဖို့ ဆွေးနွေးနေကြတာ ဖြစ်တယ်။ အပြီးသတ် အစီအစဉ် ကိုတော့ လာမည့် အောက်တိုဘာ (၁၅)ရက်နေ့မှာ ထပ်မံ ဆွေးနွေးကြမှာ ဖြစ်တယ်။ လူပေါင်း သုံးရာလောက် တက်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။ 

တိုက်ပွဲများကြောင့် နိုင်ငံတ၀န်း အပစ်ရပ်ရေး ထိခိုက်နိုင်ဟု ရှမ်းတပ်ဖွဲ့ ပြော

(ဧရာဝတီ)

အစိုးရ တပ်မတော်နှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေသောကြောင့် အောက်တိုဘာလတွင် အစိုးရ ဦးဆောင်ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့များက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ၂၃ ရက်အထိ တိုက်ပွဲများဖြစ်ပွား

(Mizzima)

အစိုးရဘက်သို့ အကြောင်းကြားထားသော်လည်း အကြောင်းမထူးသေးဟု ဆို
ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာတွင် အစိုးရတပ်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPA/SSA) တပ်မဟာ (၁)တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၃ ရက်အထိ တိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း SSPA/SSA မှ ပြန်ကြားရေး တာဝန်ခံ စိုင်းဘုန်းဟန်က စက်တင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

Tuesday, September 24, 2013

ပင်လုံ ညီလာခံ ကျင်းပပေးရန် တောင်ကြီး ဆွေးနွေးပွဲ ကြေညာချက်ထုတ်ပြန်

(ဧရာဝတီ)

ရှမ်းပြည်နယ်၊ တောင်ကြီး မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း များ စုံညီစွာ တက်ရောက်ခဲ့သော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ က ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံ တရပ် ကျင်းပပေးရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

စစ်မှန်သောငြိမ်းချမ်းရေးအတွက် သမ္မတကြီးက တပ်မတော်ကို လွှမ်းမိုးရမည်



စစ်မှန်သော ငြိမ်းချမ်းရေး အတွက် သမ္မတကြီး က တပ်မတော် ကို လွှမ်းမိုးရ မည်ဟု သျှမ်း၊ ကယား၊ မွန် သုံးပြည်နယ်  ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေး ပွဲ ၃ ရက် မြောက်နေ့၌ ညီလာ ခံဖြစ်မြောက်ရေးကော်မ တီ ၏ ပြောရေး ဆိုခွင့်ရှိသူ က ပြောလိုက်ပါ သည်။

“အပစ်အခတ် ရပ်စဲရေး တည်တံ့ ခိုင်မြဲဖို့ တိုက်ပွဲဖြစ်
ပွားမှု ပပျောက် ဖို့ဆိုတာက အဓိကအားဖြင့်အစိုးရမှာ
တာဝန်ရှိတယ်။ အစိုးရအနေနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲဖို့
လိုအပ်တယ်။ အဲဒီလိုအပစ် အခတ် ကြေငြာနိုင်ဖို့ သမ္မတကြီးက တပ်မတော်အပေါ်လွှမ်းမိုးနိုင်စွမ်းရှိ
ရမယ်။ တပ်မတော်အပေါ်လွှမ်းမိုးနိုင်စွမ်းရှိရမယ်။ တပ်မတော်ကိုလွှမ်းမိုး ဖို့ဖွဲ့ စည်းပုံကိုပြင်မှ ရမယ်” - ဟုပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။

ကေအဲန်ယူ တပ်မဟာ(၅)တွင် မွမ်းမံစစ်သင်တန်း ဆင်းပွဲ ပြုလုပ်

(KIC)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ တပ်မဟာ (၅)တစ်နေရာတွင် စက်တင်ဘာလ ၁၇ရက်နေ့က မွမ်းမံစစ်သင်တန်း အခမ်းအနားတရပ် ပြုလုပ်ကျင်းပခဲ့သည်။

ကေအဲန်ယူ၏ တပ်မဟာ(၇)ခုရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(ကေအဲန်ဒီအို)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)လက်အောက်ခံ တပ်မှူး၊ တပ်ဗိုလ် ၇၀ခန့်ကို ၃လကြာ မွမ်းမံသင်တန်း ပြုလုပ်ပြီးနောက် ယခုလို သင်တန်းဆင်းပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု ယင်းသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သူ ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ ပြောသည်။

Monday, September 23, 2013

SSPP/SSA နှင့် အစိုးရတပ် ဒီကနေ့ တိုက်ပွဲအပြင်းအထန်ဖြစ်

 

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု ဒေသ အတွင်း သတင်းရပ်ကွက်က ပြောသည်။

“တိုက်ပွဲက ဒီမနက် ၅ နာရီက နေ အခုထိ (ဆက်သွယ်မေးမြန်းချိန် နံနက် ဆယ်နာရီခန့်) သေနတ်သံ လက်နက် ကြီးသံ ကြားနေတုန်းဘဲ။ ကျနော်တို့ သတင်းရတာက မနေ့က နှစ်ဘက်တပ် ဆက်သွယ် တယ်။ တဖက်ကမ်းမှာ သူတို့ရှိနေတဲ့ အကြောင်း၊ ကမ်းမကူးလာဖို့အကြောင်း မြန်မာစစ်တပ်ကို သျှမ်းတပ်ဘက်က အကြောင်းကြားတယ်ပြော တယ်။ သူတို့က ချောင်းကူးသွားတော့ သေနတ်သံ ကြားရတော့တာဘဲ” - ဟု မိုင်းယင် ဒေသ အတွင်း ရွာအုပ်ချုပ်ရေးမှူးတဦး က ပြောသည်။

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လူထုဆန္ဒအတိုင်းလုပ်ဆောင်ဖို့ ၃ ပြည်နယ်ဆွေးနွေးပွဲတွင် RCSS/SSA တင်ပြ

 

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်း-ကယား-မွန်)ဆွေးနွေးပွဲတွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ /သျှမ်းပြည်တပ်မတော်ဘက်မှ နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အချက် ၄ ချက်တင်ပြခဲ့ကြောင်း စုံစမ်းသိရှိ ရပါသည်။

“ ၁- နိုင်ငံရေးဆွေးနွေးပွဲမှာ စည်းလုံးညီညွတ်ခြင်းနဲ့ ယုံကြည်ခြင်းဟာ အရေးကြီးကြောင်း၊  ၂- အစိုးရဘက်က အိမ်ရှင်အဖြစ် ပြုလုပ်မှာဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည်ထားပေးဖို့၊   ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ခွင့်ပြုပေးဖို့ ၊ ၃- ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့အတွက် တိုင်းရင်းသားများအားလုံးပါဝင်တဲ့ အစိုးရတရပ်ဖြစ်ဖို့ ၊ တိုင်းရင်းသားရေးရာဝန်ကြီးထားရှိဖို့ နဲ့ ၄- တိုင်းရင်းသားအားလုံးပါဝင်တဲ့ တန်းတူအခွင့်အရေးရှိတဲ့ အုပ်ချုပ်ရေးပိုင်းကို ဝင်မစွက်ဖက်တဲ့  ပြည်ထောင်စုတပ် မတော် ဖြစ်အောင် ကြိုးပမ်းဖို့ အစရှိ အချက် ၄ ချက်ပါရှိပါတယ်” ဟု RCSS က ပြောဆိုပါသည်။

တာချီလိတ်မြို့ ကလေးများပျောက်ဆုံးမှု လူထုအစိုးရိမ်

 

တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက်အတွင်း ကလေးငယ် တဦးပျောက်ဆုံးရာမှာ တာချီလိတ်မြို့နေ ဒေသခံ ကလေးငယ်များ ဆက်တိုက်ပျောက် ဆုံးနေသည် ဆိုသည့် သတင်းများကြောင့် တာချီလိတ် လူထု အထူးစိုးရိမ် နေသည်ဟု ကြားသိရပါသည်။

“တခြား ရပ်ကွက်က ကလေး ငယ်တွေ ပျောက် ဆုံးတာတော့ တိုင်ကြားမှု မရပါဘူး။ ကျနော်တို့ ရပ်ကွက်က တော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက တယောက်ပျောက်တယ်။ အဲဒါ ရဲစခန်း၊ လူကုန်ကူး၊ နယ်စပ်လုံခြုံရေး စတဲ့ဌာန ဆိုင်ရာတွေဆီမှာ အကုန် တိုင်ကြားထားပြီးပြီ” - ဟု မယ် ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုင်းအွတ် က ပြောသည်။

ဖွဲ့စည်းပုံအသစ်ပြန်ရေးဖို့ ရဲရဲဝံ့ဝံ့တင်သွင်းဖို့ ၃ ပြည်နယ်ညီလာခံ၌ ဆွေးနွေး

 

တောင်ကြီးမြို့တွင် ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ်နှင့်မွန်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည် ဆောက်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ထက် အသစ်ပြင်ရေးခြင်းသာ ပိုကောင်း မည်ဟူသည့် ဆွေးနွေးတင်ပြမှုရှိခဲ့ကြောင်း သိရပါသည်။

“တရားလွှတ်တော်ရှေ့နေ  ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲဆိုတာကိုပြောသွား တော့ လူတွေ စိတ် ဝင်စားတယ်။ သူပြောသွားတာက ဖွဲ့စည်းပုံဥပဒေမှာ လူထုဆန္ဒ လုံးဝမပါဘူး။ လုပ် ပိုင်ခွင့်အာဏာ ပြည်သူလူထု လက်ထဲ မှာ မရှိဘူး။  ဒါကြောင့်ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဖို့က အကောင်းဆုံးဘဲ” ဟု ပြောဆိုသွားကြောင်း ဆွေးနွေးပွဲ  တက် ရောက်သည့် သျှမ်းသံတော်ဆင့်အယ်ဒီတာ ဦးခွန်စိုင်းကပြောပါသည်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းဖို့ ဗိုလ်မှူးချုပ် ပေါင်ခေး အကြံပြု

(Irrawaddy)

အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်ထောင် စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ် ကဲမှု အောက် မှာ ထားရှိဖို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) အကြီးအကဲ တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး က အကြံပြု ပြောဆို လိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့“ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” အခမ်း အနား ဒုတိယနေ့မှာ ဗိုလ်မှူးချုပ် ပေါင်ခေးက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Sunday, September 22, 2013

ကော့ကရိတ် မြ၀တီ လမ်းကြောင်း၌ မိုင်းနင်းမိ သေဆုံး

(ရွှေဟင်္သာသတင်းဌာန)

ကရင်ပြည်နယ် ကော့ ကရိတ်နှင့် မြ၀တီ လမ်းကြောင်း ရှိ ချောက် ကမ်းပါး အလှုခံ မာပ်၏ နေရာဘေး ရှိ ချောက် ကမ်းပါး လျှိုမြောင် လမ်းကြား ထဲ သို့ တောနင်း သွားသူ တဦး မိုင်းနင်း မိပြီး သေဆုံး ခဲ့ရသည် ဟု အစိုးရ လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ် သူဒေသခံ တဦးက ဆိုပါ သည်။ 

“ မိုင်းထိထိချင်း သူ့မိသားစုကို ဖုန်းဆက်တယ်။ သူပြောသွားတာက အဲဒီနေရာကို ၀ဥ သွားတူးတယ်လို့ ဆိုပါတယ်။ မိုင်း ထိချိန်က မနေ့တုန်းက နေ့လည် (၁၀) နာရီခွဲ မှာပေါ့။ နောက်တယောက် ထိတာက အဲဒီ မိုင်းထိ ခဲ့တဲ့ တရုတ် ဖိုးကို သွားရှာရင်း ညနေ (၃) နာရီမှာ ထပ်ထိတာ ဖြစ်တယ်။ သူက မသေဘူး အခု ကော့ကရိတ် ဆေးရုံမှာ” ဟု ဆိုပါသည်။ 

Friday, September 20, 2013

RCSS/SSA နှင့်အစိုးရတပ်တို့သျှမ်းပြည် တောင်ပိုင်း၌တိုက်ပွဲများဆက်တိုက်ဖြစ်ပွား



သျှမ်းပြည်တောင်ပိုင်း၌အစိုးရစစ်တပ်တို့ အင်အားဖြည့်လှုပ်ရှား ကာသျှမ်းပြည်တပ်မတော် RCSS/SSA နှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေ ကြောင်းဒေသခံများ ပြောပြချက်အရသိရှိရပါသည်။

သျှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့နယ်၊ နမ့်ဇန်မြို့နယ်၊မောက်မယ်မြို့နယ်၊ သျှမ်းပြည်အရှေ့ပိုင်းမိုင်းပြင်းမြို့နယ်အတွင်း၌သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်မြန်မာစစ်တပ်တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုသျှမ်းပြည်တပ်မတော်ဘက်ကပြောသည်။

စစ်ဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများကို အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုဖြစ်စဉ်များ အစီရင်ခံစာ ထုတ်မည်

(Mizzima)

မြန်မာနိုင်ငံအတွင်း စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် အမျိုးသမီးများအား အစိုးရစစ်သားများမှ အဓမ္မပြု ကျင့်မှုဖြစ်စဉ် များကို ရေးသားထားသော အစီရင်ခံစာတစ်ခုကို နိုဝင်ဘာလတွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က မဇ္ဈိမကို ပြောသည်။

အမျိုးသမီးများအပေါ် အဓ္ဓမပြုကျင့်မှုများသည် စစ်ပွဲဒေသများတွင် အမျိုးသမီးများ နေ့စဉ်ကြုံတွေ့နေရသော ပြဿနာ များ ဖြစ်နေပြီး၊ စာတမ်းပြုစုနိုင်ရန် ကချင်၊ ရှမ်း နှင့် ကရင်ပြည်နယ်တို့မှ ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသော အမျိုးသမီးများ အား တွေ့ဆုံမေးမြန်းပြီး စာရင်းကောက်ယူခြင်းနှင့် အချက်အလက်များ စုဆောင်းခြင်းတို့ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Thursday, September 19, 2013

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွား

(RFA)

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ခွဲမှာ မနေ့ညနေပိုင်းက အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မိုင်းရယ်မြို့နဲ့ နမ္မတူမြို့ကြားက ကုန်းကုလားကျေးရွာမှာလည်း ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယရုံးအဖွဲ့မှူး ဦးစိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။

Wednesday, September 18, 2013

မြန်မာစစ်တပ်နှင့်တိုင်းရင်းသားတပ်တိုက် တိုက်ပွဲများဆက်တိုက်ဖြစ် SSPP/SSA သုံးဦး ဒဏ်ရာအပြင်းအထန်ရ



သျှမ်းပြည်မြောက်ပိုင်းတွင်  တိုင်းရင်းသားတပ်ဖွဲ့ များနောက် မြန်မာစစ်တပ် က လိုက်လံသဖြင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခဲ့ကြောင်း သျှမ်းပြည်မြောက် ပိုင်းနေ ဒေသခံများကပြောပါသည်။

“စက်တင်ဘာ ၁၇ ရက် မနေ့က မွန်းလွဲပိုင်း ၂ နာရီ ကျော်ကျော် နမ္မတူမြို့ မိုင်းယင်အုပ်စုကောင်းကေးရွာဘက်မှာ မြန်မာ အစိုးရစစ်တပ် ခမရ ၅၀၄ နဲ့ သျှမ်းပြည် တိုးတက်ရေးပါတီ မြို့နယ် အမှတ် ၁၇  လုံခြုံရေးတပ်တို့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ၃ ယောက် ဒဏ်ရာရတယ်။ မြန်မာဘက်ကတော့ မသိရဘူး ”  ဟု အရာရှိငယ် စိုင်းနောင့်က ပြောသည်။

မြန်မာစစ်တပ်တောနင်းလှုပ်ရှားသဖြင့် ယာသမားများ အလုပ်ပျက်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင် မြန်မာစစ်တပ် အားဖြည့်လှုပ်ရှားရာတွင် လယ်တော တွင်း ရှိ ဒေသခံများ ကိုပါဖမ်းဆီး သဖြင့် မြန်မာ စစ်ကြောင်း သတင်းရပါက လယ်သမား များမှာ လယ်တောမှ  တိမ်းရှောင် နေကြရကြောင်း ယာသမား များကပြောပါသည်။

“မြန်မာစစ်တပ်က ပုံမှန်လှုပ်ရှားနေတဲ့ သီပေါ ကျောက်မဲတပ်တင်ဘဲမက တော့ဘူး။ နေပြည်တော်က အင်အား ၁၀၀ ထပ်ပို့လာတယ်ကြားတယ်။ ခုတလော ဖာဆွမ်အုပ်စုဘက် လာပြီးလှုပ်ရှားနေတဲ့ တပ် တွေက မျက်နှာ စိမ်းတွေ။အဲလိုဖြစ်လာတာ ဒီလ ထဲမှာပေါ့။ မြန်မာအစိုးရစစ်ကြောင်းတွေလဲ နေရာ တိုင်းလိုလိုမှာ တွေ့ရတယ် ” ဟု ဆိုက်ခေါင်အုပ်စုမှ ယာသမား စိုင်းရွက်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။

ကလေးမှစလူကြီးအဆုံးယာဘသုံးစွဲ၍တောင်ယာစိုက်ပျိုး



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု၌ အသက်၁၀နှစ်ကျော် ကလေးအရွယ်မှစ၍ ယာဘသုံးစွဲကာတောင်ယာစိုက်ပျိုးလု ပ် ကိုင်နေကြကြောင်းဒေသတွင်းသတင်းအရသိရှိရပါသည်။

“ယာဘကလူကိုတက်ကြွလန်းဆန်းစေတယ်၊အားရှိစေတယ်ဆိုတော့အရွယ်စုံ ယာဘသုံးပြီးအလုပ်လုပ်ကြတယ်။ကျောင်းမတက်နိုင်ဘဲတောင်ယာတွေမှာအလုပ်လု ပ်နေတဲ့ကလေးတွေလည်းယာဘသုံးကြတယ်။၁၀နှစ်ကျော်လေးတွေ။ အမျိုးသမီးအချို့လည်းသုံးကြတယ်” ဟုနမ္မတူဒေသခံခေတ်ပညာတတ်လူငယ်စိုင်းလောဝ်ကပြောပါသည်။

မိုင်းပြင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား သျှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် သမ္မတကြီးခန့်အပ်

 

သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးဦးတူးမောင် အစားမိုင်းပြင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းလှဝင်းအားစက်တင်ဘာ ၁၆ ရက် နေ့စွဲဖြင့် သမ္မတကြီးဦးသိန်းစိန် က ခန့်အပ်တာဝန်ပေးလိုက်သည်။

ဦးစိုင်းလှဝင်းသည် သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ဇာတိဖြစ်ပြီး ၁၉၄၆ ခုမေလ ၁၆ ရက်၌ မွေးဖွားခဲ့ သည်။ အခြေခံပညာကိုနမ့်ခမ်းမြို့၊ မိုင်းပြင်းမြို့နှင့် ကျိုင်းတုံမြို့တို့တွင် သင်ယူခဲ့သည်။ တောင်ကြီးကောလိပ်နှင့် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့၌ တက်ရောက်ခဲ့ပြီးB.Sc(Maths:) ဘွဲ့ရရှိခဲ့သည်။

သျှမ်း/အရှေ့ အထူးဒေသ ၄ ၌လူဦးရေ ၄ ပုံ ၁ ပုံသာ နိုင်ငံသားမှတ်ပုံတင်ရှိ



သျှမ်းပြည်အရှေ့ပိုင်း   အထူးဒေသ ၄   မိုင်းလားထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစီစစ်ရေးကတ် ပြား/မှတ်ပုံတင်ရှိသူ ၄ ပုံ ၁ ပုံခန့်သာ ရှိသေးကြောင်း ဒေသတွင်းရပ်မိရပ်ဖများက ပြောဆိုပါသည်။

“ကျနော်တို့ မိုင်းလားမှာ လူဦးရေ သိန်းကျော်တယ်။   အခုမှတ်ပုံတင်ရှိပြီးသား လူတွေက  ၄ ပုံ ၁ ပုံလောက်ဘဲရှိတယ်လေ။ မှတ်ပုံ တင်မှာလဲ ယာယီ ဖြစ်နေတုန်းဘဲ။ ယာယီဆိုတာကတော့ ဥပမာ သူများတွေက ၁၃/မယန (နိုင်) ဆိုရင် ကျနော်တို့က ၁၃/မယန (ယ) (နိုင်) ဆိုတာမျိုးပေါ့ ” ဟု  ရပ်မိ ရပ်ဖ ဦးဆာမ်ထွန်းက ပြောပါသည်။

Monday, September 16, 2013

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး အဓိကထားပြောကြား

(MIzzima)

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ထိုအခမ်းအနား၌ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ်သက်၍ တိုင်းရင်းသား ပါတီများက အများဆုံး အဆိုပြုတင်သွင်းခဲ့ကြသည်။

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် သဘင်ဆောင်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုင်းရင်းသားပါတီအများအပြားက စာတမ်းများဖတ်ကြားခဲ့ပြီး ၎င်းတို့၏ စာတန်းတို့တွင် ကိုယ်ပိုင် ပြဌာန်းခွင့်သည်သာ စစ်မှန်သော ဒီမိုကရေစီဖြစ်သည်ဟု ထည့်သွင်း ဖတ်ကြားခဲ့ကြခြင်းဖြစ်သည်။

သျှမ်း/မြောက်တွင် မြန်မာအစိုးရတပ်များ အားဖြည့်လှုပ်ရှား လူထုအား ယာဉ်တန်းပွိုင့်ထိုးခိုင်း



သျှမ်းပြည်မြောက်ပိုင်း မူစယ်နှင့်နမ့်ခမ်းမြို့ အတွင်း အစိုးရစစ်တပ်များ   အင်အားဖြည့်လှုပ်ရှားရာတွင် ခရီးသွား ပြည်သူ များကို စစ်ယာဉ်တန်းနှင့်အတူ ကြားညှပ်ခေါ်ဆောင် ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ဗမာစစ်ယာဉ်တန်း ခြောက်စီးပေါ့ဗျာ၊ မူစယ်ကနေ နမ့်ခမ်းဘက်ကို ၁၂ ရက်နေ့တုန်းက ဆင်းလာတာ နမ့်ခမ်းမြို့အဝင်  နောင်ခန် ကျေးရွာ နားမှာ မူစယ် ကနေ နမ့်ခမ်းဘက်ကို ပြန်လာတဲ့ကားတွေကိုရပ်ခိုင်းတယ်၊ ပြီးတော့  သူတို့ယာဉ်တန်း ရဲ့ရှေ့ဆုံးကနေ ပွိုင့်ထိုးခိုင်းတယ်၊ ယာဉ်တန်းကြားကိုလဲ တချို့ ညှပ်ပြီး ခေါ်တယ်။ မန့်ခမ်းရွာ  အထိပဲ” ဟု ကြားညှပ်ချောဆွဲခံရသော ကားသမားတစ်ဦးကပြောသည်။

ဥက္ကဌကြီး ကွယ်လွန်ပြီး ၂ နှစ်အကြာ WNO အစည်းအဝေးမှ CEC များပြန်လည်ဖွဲ့စည်း



သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်ရှိ  WNO ဝ တပ်ဖွဲ့၏ ၄ ရက်ကြာအစည်းအဝေးမှ ဗဟိုကော်မတီ ဝင်များအား ပြန်လည်ရွေးချယ်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးပါ ။ စစ်ဘက်ဆိုင်ရာ အရာရှိတွေအားလုံးတက်တယ်။ စီအီးစီ ပြန်ရွေးတယ်။ အရင်ကထက်ပိုပြီး ကြံ့ခိုင် ခိုင်မာအောင်ပေါ့နော် ” အတွင်းရေးမှူးဖြစ်သူ တာ့ အိုက်ညွန့်က ပြောပါသည်။

သျှမ်းပြည်ဝန်ကြီးချုပ် အချိန်မလေးစားဟု အမတ်မင်းများပြော



လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို တောင်ကြီးမြို့ မြို့တော်ခန်းမ ၌ ကျင်းပရာ အခမ်းအနား သို့   သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်က အချိန်နောက်ကျရောက် လာသောကြောင့် ရောက်ရှိစောင့်ကြို သူများ ဝန်ကြီးများ အမတ်မင်းများကမကျေမနပ်ဖြစ် နေကြဟု သိရပါသည်။

၂၀၁၃ စက်တင်္ဘာ ၁၃ ရက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အား သျှမ်းပြည်နယ်တောင်ကြီး၊ လားရှိုး၊ တာချီ လိတ် ကျိုင်းတုံမြို့ကြီးများ၌ အခမ်းအနားကျင်းပကြကြောင်း၊တောင်ကြီးမြို့ အခမ်းအနားအား နံနက်ကိုးနာရီ စတင်မည်ဟုဆိုသော်လည်း သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ၉ နာရီ ၁၅ မိနစ်မှ ရောက်ရှိသဖြင့် အချိန်နောက် ကျမှ ပွဲစ ရကြောင်း အမတ်မင်းတဦးက ပြောပါသည်။

ကရင်နိုင်ငံရေးပါတီ အားလုံး ပေါင်းရန် ငြိမ်းချမ်းရေး ရဖို့လိုအပ်

(RFA)

ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေအားလုံး တစ်ပါတီတည်းအဖြစ် ပေါင်းနိုင်ဖို့ဆိုရင် ကရင် အမျိုးသားအစည်းအရုံး(KNU)နဲ့ တခြား လက်နက်ကိုင် ကရင်တိုင်းရင်းသားအဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေးယူပြီး နိုင်ငံရေးပါတီတွေအဖြစ် ရောက်လာမှသာ ဖြစ်လာနိုင်မယ်လို့ ဘားအံမြို့မှာ ကျင်းပနေတဲ့ ကရင်နိုင်ငံရေးပါတီခေါင်းဆောင်များ စည်းဝေးပွဲက ပြောပါတယ်။

"ဝ" နယ်မြေ သန်းခေါင်စာရင်း ကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ

(RFA)

လာမယ့် ၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတခုဖြစ်တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ကောက်ယူမယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်းမစဉ်းစားဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်

(RFA)

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ပါဝင်တဲ့ ညီလာခံ တစ်ရပ်ကို လာမဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီညီလာခံ ပြုလုပ်ဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး   မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

Saturday, September 14, 2013

KNU နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ မှားယွင်းကြောင်း ၀န်ခံ

(ရွှေဟင်္သာသတင်းဌာန)

ကြိုတင် အကြောင်း ကြားခြင်း မရှိသည့် အတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မယ်သဝေါ ဒေသတွင် စက်တင် ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်း၌ တိုက်ပွဲ ဖြစ်ခဲ့ရ သည်ဟု အစိုးရ တပ်ဖွဲ့ ဖက်မှ ၀န်ခံကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။

“ ဖြစ်ဖြစ်ချင်း တပ်မ (၂၂) ဌာနချုပ်ကို ကျနော်တို့ အကြောင်း ကြားတယ်။ သူတို့က ၀န်ခံတယ်။ တောင်းပန် တယ်ပေါ့။ အကြောင်း မကြားဘဲ သွားမိလို့။ တိုက်ပွဲက ခန လေးပါ။ (၁၀) မိနစ်လောက် အများဆုံး ပါဘဲ” ဟုဆိုပါသည်။

KNU နှင့် မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွား

(KIC)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်း ချုပ်နယ်မြေ တပ်မဟာ(၇)ရှိ ထီးလေးကိုးထာ့နေရာ ၌ KNU လက်အောက်ခံ တပ်ဖွဲ့ဝင်နှင့် မြန်မာ အစိုးရစစ်တပ်တို့အကြား ယမန်နေ့ စက်တင် ဘာလ ၁၂ ရက်နေ့၊ နေ့လည် တစ်နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ ဖြစ်ပွားရာတွင် ၎င်းဒေသရှိ KNU တပ်မဟာ(၇)အထူးစစ်ကြောင်းမှ ကင်းစောင့်နေသော တပ်ဖွဲ့ဝင်နှစ်ဦး က KNU ကန့်သတ်နယ်မြေအတွင်း အသိမပေးဘဲ နယ်မြေကျော်လာသည့် မြန်မာစစ်တပ် တပ်မ(၂၂) လက် အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၂၀၂)တပ်ရင်းမှ တပ်ခွဲတစ်ခွဲကို ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

Friday, September 13, 2013

ငြိမ်းချမ်ရေးနေ့ လှုံဆော်ရေး မွန်ပြည်နယ်၌ ဖျော်ဖြေရေး လှုပ်ရှားမှုများ ပြုလုပ်မည်

(ရွှေဟင်္သာသတင်းဌာန)

လာမည့် စက်တင်ဘာလ (၂၁) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး နေ့၌ ပြည်သူ လူထုများ၏  ကိုယ်စီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအပေါ် ပူးပေါင်း ပါဝင် ဆောင်ရွှက်မှု မြင့်မား လာရေး အတွက် လှုံ့ဆော်မှု အဖြစ် မွန်ပြည်နယ်တွင် အခမ်းအနား ပြုလုပ်ကာ ထိုမတိုင်ခင် ငြိမ်းချမ်းရေး အတွက် လူထုများ ဖျော်ဖြေပွဲ အစီ အစဉ်များ ပြုလုပ် သွားရန် ရှိကြောင်း ပွဲစီစဉ်သူ များထံမှ သိရှိရသည်။ 

“ပန်းရဲ့လမ်း အဖွဲ့က လှည့်လည် ဖျော်ဖြေတာ ရှိမယ်၊ ငြိမ်းချမ်းရေး စတစ်ကာ၊ ပိုစတာတွေ ဝေဖို့ ရှိတယ်၊ လူတိုင်း လူတိုင်းက ငြိမ်းချမ်းရေး အပေါ် အသိ စိတ်ဓါတ် တစ်ခုခု ခံစားနိုင်မယ့် ဟာလေးတွေ ဖန်တီး ထားတယ်၊ ကျွှန်တော်တို့ တောင်းတဲ့ အဓိက သတင်း စကား ကတော့ Education For Peace ရယ် နောက်တစ်ခုက တစ်နိုင်ငံလုံး ပြန်လည် သင့်မြတ်ရေးပေါ့” ဟု ၄င်း ငြိမ်းချမ်းရေး အခမ်းအနား ဖြစ်မြောက်ရေး ပွဲစီစဉ်သူ တွဲဖက် တာဝန်ခံ ကိုကြည်ဇော်လွင်က ပြောသည်။

Thursday, September 12, 2013

WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး

(PNA)
နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး သွားသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။   
 
“ ဆွေးနွေးပွဲ ကတော့ အပြန်အလှန် တင်ပြကြတာပါဘဲ။ သူတို့ ဖက်တင်ပြတာက အထူးအဆန်း မရှိပါဘူး။ အချက် နှစ်ချက်ကို တင်ပြတယ်။ ကျနော်တို့က အချက် (၄)ချက်ကို တင်ပြ ပါတယ်။ ဒါတွေကို အထက် အဖွဲ့တွေကို အပြန်အလှန် တင်ပြပြီး နောက်လမှာ ထပ်မံ တွေ့ဆုံကြဖို့ အကြမ်းဖျဉ်း သဘော တူကြပါတယ်” ဟု ဆိုပါသည်။ 

မွန်ပြည်သစ်ပါတီဥက္ကဌ အဖွဲ့နှင့် ပြည်နယ်အစိုးရတွေ့ဆုံ

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ ဦးဆောင်သော အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့ နယ် ဒေသတချို့၏ နယ်မြေစိုးမိုးရေး အခြေအနေ အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း NMSP မော်လမြိုင်မြို့ ဆက်ဆံ ရေး ရုံး တာဝန်ခံ နိုင်ကြည်စန်း က ဆိုပါသည်။

အဓိက သွားရောက် တင်ပြလိုတာကတော့ ရေးတောင်ပိုင်းနဲ့ ရေဖြူမြို့နယ် နယ်မြေ စိုးမိုးရေး ကိစ္စနဲ့ ကျနော်တို့ တ နင်္သာရီတိုင်း မြိတ်ခရိုင် တပ်ဖွဲ့ဝင် ၂ ဦးကို လက်နက်တွေနဲ့အတူ အစိုးရတပ်ဖွဲ့က ဖမ်းထားတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ” ဟု ဆိုပါသည်။

သျှမ်း-ကယား-မွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရ UPWC အပါအဝင် အဖွဲ့အစည်း အများအပြားဖိတ်ကြား

 

ယခုလ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်ကြာ သျှမ်းပြည် မြို့တော် တောင်ကြီး၌ ကျင်းပ ရန် စီစဉ်ထား သည့် သျှမ်း- ကယား- မွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အပြင် ပါတီစုံ အဖွဲ့အစည်းစုံအား ဖိတ်ကြားထားကြောင်း ကမကထပြုကျင်းပသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါသည်။

Wednesday, September 11, 2013

စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ

(RFA)

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

သျှမ်း/အရှေ့ ဂိတ်များတွင် ခရီးသွားများထံမှ စ သုံးလုံးနှင့်ရဲများ ငွေတောင်းနေဆဲ



သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အထွက် မိုင်းဖုန်းအုပ်စုအသွားလမ်းရှိ ပါခုတ် ဂိတ်ရှိ စသံးလုံးနှင့် ရဲများသည် ဒေသတွင်းခရီးသွားလာနေသူများအား အတင်းအကျပ်စစ်ဆေးကာ ငွေတောင်းယူခြင်းများပြုလုပ်နေသည်ဟု တာချီလိတ်မြို့ခံများကဆိုပါသည်။

“ မိုင်းဖုန်းကို အလည်သက်သက် အသွား ကျနော်တို့ အဖွဲ့ ၅ ယောက် စစ်ဆေးခံရတယ်။ ၉ ရက်နေ့တုန်းကပေါ့ ။ အကျီအိပ်ကပ်ဘောင်းဘီအိပ်ကပ် အကုန်ရှာတယ်။ ခြေထောက်တွေ ပေါင်ကြားတွေမှာမချန်ဘူး။ ကျနော်တို့အဖွဲ့ ယောက်ကျားလေးတွေမို့လိုတော်သေးတယ်။ မိန်းခလေးတွေဆို ဘယ်လိုလုပ်မလဲ” ဟု တာချီလိတ်မြို့ခံ စိုင်းဆိုင်က ပြောသည်။

မြန်မာဘက်မှ မော်တော်ဆိုင်ကယ်များအား တရုတ်ယာဉ်ထိန်းရဲများက ဖမ်းဆီးငွေညှစ်



သျှမ်းမြောက်ပိုင်း  နမ့်ခမ်းမြို့ တဘက်ကမ်းရှိ (တရုတ်မြန်မာနယ်စပ်) ရွှေလီမြို့ အသွား ကားလမ်းမ တလျှောက်တွင် တရုတ်ယာဉ်ထိန်းရဲများက မော်တော်ဆိုင်ကယ်များ ဖမ်းဆီးပြီး ဒဏ်ငွေပေး ဆောင်ခိုင်း ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

“တရုတ်ယာဉ်ထိန်းရဲ တွေက ကျနော်တို့ဒီဘက်ခြမ်းက (မြန်မာဘက်က)ဆိုင်ကယ်တွေကို လိုင်စင်ရှိရှိ မရှိရှိ ဖမ်းတယ်။ ပြီးရင် မြန်မာငွေ ၈ သောင်းကျပ်နဲ့ညီတဲ့ တရုတ် (ယွမ် ၅၀၀)  ဒဏ်ငွေ  ပေးဆောင်ခိုင်း တယ် ဗျ၊ မပေးဆောင်ရင် ဆိုင်ကယ် သိမ်းပြီး သံရည်ကျို စက်ရုံကိုပို့တော့တာ” တရုတ်ပြည်ဘက်ခြမ်း က ရွှေလီဘက်ခြမ်းသို့ ဆိုင်ကယ်ဖြင့်ဈေးပတ် လာရောင်းသည့်  စိုင်းပီးက ပြော သည်။

WGEC ၏ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်ကို အစိုးရက မူအရ သဘောတူလက်ခံ



တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မ တီ WGEC က တင်ပြထား သည့် ‘နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်’ ကို အစိုးရက မူအရအကောင်းမြင် သဘောတူ လက်ခံကြောင်း သိရပါသည်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကစက်တင် ဘာလ ၆− ၇ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထိုအစည်းအဝေး တွင် ကရင်အမျိုးသား အ စည်းအရုံး KNUနှင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှဆွေးနွေးရေး အဖွဲ့များ သြဂတ်စ်လ ၂၃ရက် ရန်ကုန်၌ မြန်မာငြိမ်း ချမ်းရေး စင်တာ MPC ၏ဆွေးနွေးရေး အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ သည့်အကြောင်းအရာများ ကိုပြန်လည်ရှင်းလင်း တင်ပြခဲ့ကြ သည်။

ရွာသူကြီးတစ်ဦးကို BGF ဖမ်းဆီးထိန်းသိမ်းထား

(KIC)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့ကျေးရွာအုပ်စုရှိ တခေခိုကျေးရွာသူကြီးကို ပြီးခဲ့သည့် သြဂုတ်လ လယ်ပိုင်းက နယ်ခြားစောင့်တပ်(BGF) ၁၀၁၄ တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ယခု ရက်ပေါင်း ၂၀ကျော် အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ကရင်အမျိုးသား အစည်းရုံး(KNU)တပ်မဟာ(၅)က ပြောသည်။


၎င်းဒေသရှိ မယ်ပရီ အခြေစိုက် BGF တပ်ရင်း (၁၀၁၄)လက်အောက်ခံ တပ်ခွဲ(၂)မှ တပ်ခွဲမှူး ဖားသာ့ဘဲက တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး မောင်ချစ်၏ ညွှန်ကြားချက်ဖြင့် သြဂုတ်လ ၁၉ရက်နေ့တွင် တခေခိုရွာသူကြီး စောဖားကာလီဆိုသူအား KNU ၏ သူလျှိုလုပ်ပေးသူဟု စွပ်စွဲကာ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅)တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Tuesday, September 10, 2013

မူဟောင်းကို ပယ်ပြီး မူသစ်ဖြင့် ALP ကို ဦးအောင်မင်းတင်ပြ

(ရွှေဟင်္သာသတင်းဌာန)

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အနေဖြင့် တပြည်လုံးအတိုင်း အတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို တက်ရောက်ရန် အဓိက ဆုံးဖြတ် သင့်ကြောင်း သို့မဟုတ် ပါက ရှေ့ဆက် ဆွေးနွေးရန် အကြောင်း မရှိတော့ကြောင်း ယမာန်နေ့ တွေ့ဆုံ ပွဲတွင် ၀န်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့သည်ဟု ALP  ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်မှ ဆိုပါသည်။ 

အရင်ကငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီရဲ့ မူ ၂ ဆင့်ကို မပြော နဲ့တော့၊အခု အချိန်က စပြီး မူသစ် နဲ့ဘဲ ရှေ့ဆက် တော့မယ်တဲ့။ ပထမ အချက် ဖြစ်တဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို အရင် မလုပ်ဘဲ နဲ့တော့ နောက်ဆက်တွဲ အချက်တွေကို ဆက်မလုပ်တော့ဘူးလို့ ဦးအောင်မင်းက ပြောလိုက်တယ်” ဟု ဆိုပါသည်။ 

သျှမ်း၊မြောက် သီပေါတွင် အစိုးရတပ်မတော်နှင့် သျှမ်း ၂ ဖွဲ့ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်

 
 သျှမ်းပြည်မြောက် ပိုင်း သီပေါမြို့နယ် အတွင်း သျှမ်းပြည် တပ်မတော် ၂ ခု ပူးပေါင်း တပ် နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ် ပွါးရာ အစိုးရဘက်မှ ၅ ဦး ကျဆုံးကြောင်း ဒေသ တွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

“ မနေ့ကတည်းကဖြစ်တာ တိုက်ပွဲက။ မနေ့က ညနေပိုင်း တကြိမ်ဖြစ်တယ်။  သျှမ်းတပ်က ကိုယ်ယောင်ဖျောက်လိုက်တယ်။ ဗမာတပ်က လိုက်ရှာတယ်။ ဒီမနက် ၁၀ နာရီမှာ ပက်ပင်းပြန်တိုးတယ်။ တိုက်ပွဲ  ၁ နာရီကြာပြန်ဖြစ်တယ်။ တပ်မတော် ဘက်က ၅ ယောက်ကျတယ်။ အနည်းအကျဉ်းဒဏ်ရာရတယ်။ ဆေးရုံတော့မရောက်ကြဘူး” ကျောက်မဲမြို့နေ ပြည်သူ့စစ်တပ်ဖွဲ့ ဝင် တဦးကပြောသည်။

တိုင်းရင်းသားတို့၏ တပြည်လုံးအပစ်ရပ်ရေးမူကို အစိုးရ ကမူအရ သဘောတူလက်ခံ



တိုင်းရင်း သား ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ ရေးဆွဲ တင်ပြသော တပြည်လုံး အပစ်ရပ်ရေးမူကို အစိုးရဘက် က မူအရလက်ခံ ထားပြီး အစိုးရဘက်က လည်း အချက် ၄ ချက်  ချမှတ်ထားသည်ဟု သိရပါသည်။

ယခုလ ၆ ရက်နှင့် ၇ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ WGEC  အစည်းအဝေး ၌ ကရင်အမျိုးသားအစည်းအရုံး KNU  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  မှ နည်းပညာကိုယ်စားလှယ်အဖွဲ့က မြန်မာငြိမ်းချမ်းရေးစင်တာမှ နည်းပညာအဖွဲ့တို့နှင့် ရန်ကုန်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့မှုများကို ပြန်လည်တင်ပြခဲ့ပါသည်။
မြန်မာငြိမ်းချမ်းရေးစင်တာဘက်က ဩဂတ်စ်လ ၂၃ ရက်က WGEC မှ ရန် ကုန်မြို့၌ တင်ပြ သော တနိုင်ငံလုံး အပစ်ရပ်စဲ ရေးသဘောတူညီချက် မူကြမ်း ၁၄ ချက်ကို အစိုးရဘက်မှ လက်ခံ ကြောင်း တုန့်ပြန်ပြောဆိုလိုက် သည်ဟု ကိုယ်စားလှယ်တဦးကပြောပါသည်။ သို့သော် အဆိုပါ မူ ၁၄ ချက်တွင် စကားလုံးနှင့် အချက် အနည်းငယ် ပြင်ရမည်ဟုလည်းပြောဆို သွားသည်ဟု ဆိုပါသည်။

မှတ်ပုံတင် ရရှိရေးနှင့် လူဦးရေ အမှန် ရရှိရေး ကိစ္စ ကရင် နိုင်ငံရေး ပါတီများ ဆွေးနွေးမည်

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသားများ မှတ်ပုံတင် ရရှိရေးကို ရည်မှန်းပြီး ကရင် နိုင်ငံရေး ပါတီ (၄) ဖွဲ့သည် လာမည့် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌  တွေ့ဆုံဆွေးနွေး ကြရန် ရှိသည်ဟု  ဖလုံ-စဝေါ ဒီမို ကရက်တစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆိုပါသည်။

ခက်တာက မှတ်ပုံတင် မရှိတဲ့ ပြသနာပါ ဒါကြောင့် မှတ်ပုံတင် မရှိသေးတဲ့ ကရင် တွေကို ကိုယ့်လူမျိုး နာမည်နဲ့ မှတ်ပုံတင် ရရှိနိုင်ဖို့ အတွက် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့  အဖြေ ရှာတဲ့ ဆွေးနွေးပွဲ ပါဟု ဆိုပါသည်။

နယ်စပ် အခြေစိုက် လူမှုအဖွဲ့အစည်း များအား မွန်ပြည်သစ်ပါတီ တွေ့ဆုံ

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ် ပါတီ၏ တွဲဖက် အတွင်းရေးမှူး (၁) နိုင်အောင်မင်း ဦးဆောင်သည့် ဗဟို တွေ့ဆုံ ရှင်းလင်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် စက်တင်ဘာလ (၉) ရက်နေ့တွင် နယ်စပ် အခြေစိုက် အဖွဲ့အစည်း များအား စံခလပူရီ မြို့၌ တွေ့ဆုံ ခဲ့သည်။ 

လက်ရှိ မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ ရရှိ ထားသော အပစ်အခတ် ရပ်စဲရေး အခြေ အနေများ၊ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့ များနှင့် တွဲဖက်ကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင် နေသည့် အခြေ အနေများ၊ ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် သဘောတူ ထားသည့် အပေါ် လုပ်ဆောင် ချက်များ စသည် တို့ကို နယ်စပ် အခြေစိုက် လူမှု အဖွဲ့အစည်း များအား တွေ့ဆုံကာ ရှင်းလင်း တင်ပြ ခဲ့သည်။

ရှမ်းပြည် မြောက်ပိုင်း ဒေသခံများ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ် လှုပ်ရှားမှု စတင်

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာသဖြင့် ကျေးရွာများမှ ကိုယ်ထူကိုယ်ထ လိုက်လံ ဖမ်းဆီးကာ ဆေးဖြတ်သည့် နေရာသို့ ပို့ဆောင်ပေးနေခြင်းကို ယခုလမှ စတင်လှုပ်ရှားနေကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် မူယစ်ဆေးဝါးကြောင့် အရွယ်ရောက် လူငယ်များ ဘ၀ပျက်မှု များပြားလာကြောင်း၊ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါး များကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း မူးယစ်ဆေးဝါးသုံးစွဲသူများကို မူဆယ်မြို့ မန်ဟီးရိုး မြို့နယ်ခွဲ ဆိုင်တိုက် ကျေးရွာရှိ ဘိန်းဖြတ်စခန်းသို့ လိုက်လံပို့ဆောင် ပေးနေကြောင်း မူဆယ်မြို့နယ် တိန်လုံကျေးရွာမှ ဦးဆမ်အေးက ဧရာဝတီသို့ ပြောသည်။

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက် (၃)ရပ်

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ သည် ကရင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရန် ဆုံးဖြတ်ချက် (၃) ချက် ဆုံးဖြတ်နိုင် ခဲ့ကြောင်း ကရင် စည်းလုံးရေး နှင့် ငြိမ်းချမ်း ရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် စောမက်သယူအေးမှ ဆိုပါသည်။ 

ဆုံးဖြတ် ခဲ့တာက (၁) ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သွားတဲ့ နေရာမှာ အပစ်အခတ် ရပ်စဲရေး ပိုမို ခိုင်မာဖို့ အတွက် ကျနော်တို့ အဖွဲ့နဲ့ ကရင် ပညာရှင်များ၊ ကရင် လက်နက်ကိုင် အဖွဲ့များ ပါဝင်တဲ့ နည်းပညာရှင် အဖွဲ့ (Technical Team) ဖွဲ့စည်းဖို့ ကိစ္စ၊ (၂)  ကရင်တွေ ရှိတဲ့ နေရာ ဒေသ အလိုက် အစည်းအဝေး လုပ်သွားဖို့ ကိစ္စနဲ့(၃)  အပစ်အခတ် ရပ်စဲထားတဲ့ ကရင် လက်နက်ကိုင် အဖွဲ့စည်းတွေနဲ့ တွေ့ဆုံ သွားမယ့် ကိစ္စတွေ ဖြစ်တယ်ဟုဆိုပါသည်။

ကျားဖြူပါတီမှ အောက်လွှတ်တော်အမတ်ကို ဒုဝန်ကြီးခန့်အပ်

(Mizzima)

ဒုဝန်ကြီးနှစ်ဦး၊နေပြည်တော် ကောင်စီဝင်တစ်ဦးနှင့် သမ္မတအကြံပေးနှစ်ဦးတို့ ခန့်အပ်ခြင်းဖြစ်
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းထက် ၀က်ကျော်ကာလတွင် ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ နမ့်ခမ်းမဲဆန္ဒနယ် အောက်လွှတ်တော်အမတ် ဒေါက်တာစိုင်းကျော်အုန်းကို ဟိုတယ် /ခရီး ဒု-၀န်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

သမ္မတရုံးက စက်တင်ဘာ ၉ ရက်ညတွင် ထိုသို့ခန့်အပ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းနှင့်အတူ
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတွင် လစ်လပ်နေသော ဒုဝန်ကြီးနေရာအတွက် နေပြည်တော် ကောင်စီဝင် ဦးတင်ငွေကို ရာထူးပြောင်းလဲခန့်အပ်ခဲ့သည်။

အစိုးရနှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ လေးကြိမ်မြောက်ဆွေးနွေးမှု သဘော တူညီမှုမရ

(Mizzima)

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် စက်တင်ဘာ ၉ ရက်က လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီမှု တစ်စုံတရာ မရခဲ့ကြောင်း
နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ALP မှ ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအတွက် ၂၅ မိနစ်ခန့်ကြာ အကြိုဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

Monday, September 9, 2013

အပစ်ရပ် လက်နက်ကိုင် အဖွဲ့ချင်း ပဋိပက္ခ မဖြစ်ပွားရန် ဒု-ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း မှာကြား

(ရွှေဟင်္သာသတင်းဌာန)

နယ်စပ် ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် အပစ်ခတ် ရပ်စဲရေး ကြားကာလ၌ တဘက်နှင့် တဘက် လက်နက်ကိုင် ပိပက္ခ မဖြစ်ပွားကြရန် ထိန်းထိန်း သိမ်းသိမ်း နေသင့်ကြောင်း ကရင်ပြည်နယ် မြ၀တီမြို့ရှိ လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့အား ယမာန့်က ပြောကြား သွားခဲ့ သည်ဟု KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။ 

 အဓိကက သူ့စည်း ကိုယ့်စည်းမှာ ပြသနာ မဖြစ်အောင် နေကြဖို့ နဲ့ တစ်ဖွဲ့နဲ့ တဖွဲ့ ယုံကြည်မှု တည်ဆောက်ကြဖို့ နဲ့ စည်းကမ်းရှိဖို့ ဆော်သြသွားတာပါ” ဟုဆိုပါသည်။ 

သျှမ်းပြည်အရှေ့ပိုင်းတွင် ကျားဖြူပါတီ ရုံးခွဲများ ဆက်လက်ဖွင့်လှစ်



လူထု အခက်အခဲများ ကူညီဖြေရှင်း နိုင်အောင် ရည်ရွယ်ပြီး သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဆရာမ ဒေါ်နန်းငွေမြ ဦးဆောင် ကာ မြို့နယ် အသီးသီးတွင် ကျားဖြူပါတီရုံးများ ဖွင့်လှစ်ရာ ဒေသခံလူထုတို့ကြိုဆိုမှု ရရှိခဲ့ကြောင်း ကျားဖြူပါတီဝင်များ ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းမိုင်းဖြတ်မြို့နယ်၊ တာချီလိတ်မြို့နယ်မိုင်းဖုန်း(ခ) အုပ်စု ဟွေ့လင်လမ်ရွာ တို့တွင် ယခုလ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျားဖြူပါတီ ရုံးခွဲဖွင့်လှစ်ခဲ့ရာ တနေရာလျင် လူ ၈၀၀ ထက်မနည်း တက်ရောက်အားပေးခဲ့ကြောင်း ပါတီဝင်လူငယ် များကပြောပါသည်။