သျှမ်းပြည်မြောက်ပိုင်း
နမ္မတူမြို့နယ်အတွင် မြန်မာစစ်တပ် အားဖြည့်လှုပ်ရှားရာတွင် လယ်တော တွင်း ရှိ
ဒေသခံများ ကိုပါဖမ်းဆီး သဖြင့် မြန်မာ စစ်ကြောင်း သတင်းရပါက လယ်သမား များမှာ
လယ်တောမှ တိမ်းရှောင် နေကြရကြောင်း ယာသမား များကပြောပါသည်။
“မြန်မာစစ်တပ်က ပုံမှန်လှုပ်ရှားနေတဲ့ သီပေါ ကျောက်မဲတပ်တင်ဘဲမက တော့ဘူး။ နေပြည်တော်က အင်အား ၁၀၀ ထပ်ပို့လာတယ်ကြားတယ်။ ခုတလော ဖာဆွမ်အုပ်စုဘက် လာပြီးလှုပ်ရှားနေတဲ့ တပ် တွေက မျက်နှာ စိမ်းတွေ။အဲလိုဖြစ်လာတာ ဒီလ ထဲမှာပေါ့။ မြန်မာအစိုးရစစ်ကြောင်းတွေလဲ နေရာ တိုင်းလိုလိုမှာ တွေ့ရတယ် ” ဟု ဆိုက်ခေါင်အုပ်စုမှ ယာသမား စိုင်းရွက်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။
မြန်မာစစ်ကြောင်းသည် ရွာသားများ၏ လယ်တဲသို့ရောက်ရှိပါက လယ်တဲကိုဖျက်ဆီးပြီး တဲအတွင်းရှိ ပစ္စည်းများ ကြက်ဝက်များကိုပါ ယူဆောင်သွားကြောင်း ယာခင်းတွင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုပါ ခူးယူသွားကြောင်း ခြံသမားပြောပြချက်ကိုကိုးကား၍ စိုင်းရွက်က ပြောပြသည်။
“ သူတို့လာတဲ့သတင်းကြားရင် ကျနော်တို့ ယာသမားတွေတော့ ယာထဲမှာမနေရဲတော့ဘဲ ဆိုက်ခေါင်ရွာဘုန်းကြီးကျောင်းတွေမှာ ဟိုးဘက် ကုန်းဆာရွာက အသိမိတ်ဆွေတွေဆီမှာ သွားသွားခိုရတာ။ လူတွေ့ရင်ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရမှာကြောက်တယ်။ ကျနော်တို့လဲ သူတို့ကို မတွေ့ချင်ဘူးပေါ့။ အလုပ်တွေတော့ ပျက်တာပေါ့ဗျာ။ အနည်းဆုံး ၂ ရက် ၃ ရက် ကြာတတ်တာကိုး” ဟု နမ္မတူဒေသခံ စိုင်းနုက ပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားတပ်ပေါင်းစုနှင့် အစိုးရစစ်တပ်တို့ မကြာခဏ တိုက်ပွဲများဖြစ် ပွါး၏။ ယခုတပတ် အတွင်းတွင်လည်း နမ္မတူမြို့နယ်၌ မြန်မာအစိုးရစစ်တပ်နှင့် သျှမ်းပြည်တပ်မ တော်တို့ ၂ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထိုသို့ မြန်မာစစ်တပ်က အင်အားတိုးဖြည့် တောနင်းတိုက်ခိုက် နေခြင်းဖြစ်ကြောင်း ရှေ့တန်းရောက်သျှမ်းတပ်မှူးများကပြောပါသည်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။