Tuesday, September 24, 2013

စစ်မှန်သောငြိမ်းချမ်းရေးအတွက် သမ္မတကြီးက တပ်မတော်ကို လွှမ်းမိုးရမည်



စစ်မှန်သော ငြိမ်းချမ်းရေး အတွက် သမ္မတကြီး က တပ်မတော် ကို လွှမ်းမိုးရ မည်ဟု သျှမ်း၊ ကယား၊ မွန် သုံးပြည်နယ်  ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေး ပွဲ ၃ ရက် မြောက်နေ့၌ ညီလာ ခံဖြစ်မြောက်ရေးကော်မ တီ ၏ ပြောရေး ဆိုခွင့်ရှိသူ က ပြောလိုက်ပါ သည်။

“အပစ်အခတ် ရပ်စဲရေး တည်တံ့ ခိုင်မြဲဖို့ တိုက်ပွဲဖြစ်
ပွားမှု ပပျောက် ဖို့ဆိုတာက အဓိကအားဖြင့်အစိုးရမှာ
တာဝန်ရှိတယ်။ အစိုးရအနေနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲဖို့
လိုအပ်တယ်။ အဲဒီလိုအပစ် အခတ် ကြေငြာနိုင်ဖို့ သမ္မတကြီးက တပ်မတော်အပေါ်လွှမ်းမိုးနိုင်စွမ်းရှိ
ရမယ်။ တပ်မတော်အပေါ်လွှမ်းမိုးနိုင်စွမ်းရှိရမယ်။ တပ်မတော်ကိုလွှမ်းမိုး ဖို့ဖွဲ့ စည်းပုံကိုပြင်မှ ရမယ်” - ဟုပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။



တောင်တန်း နှင့် မြေပြန့်တို့ ပြိုကွဲနေသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ပင်လုံ
ညီလာခံ ကဲ့သို့ ညီလာခံမျိုးပြန်လည်ကျင်းပ နိုင်ဖို့ သျှမ်း၊ ကယား၊ မွန် ပြည်နယ် ‘ငြိမ်းချမ်းရေး
အတွက် ယုံကြည် မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ’ ကျင်းပနေချိန် သျှမ်းပြည်မြောက်ပိုင်း နမ္မတူ
မြို့နယ်အတွင်းတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် ကိစ္စအား အထူးရှုံ့ချကြောင်း ဆွေးနွေးပွဲ
ကျင်းပရေးကော်မတီ ဒုတိယ ခေါင်းဆောင် ဗိုလ်မှူးစောလွင် က  ၃ ပြည်နယ်ညီလာခံ အပိတ်
မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

သုံးပြည်နယ်အဆင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲအားစက်တင်
ဘာ၂၁ - ၂၃  ရက် (၂၀၁၃ ခု)အထိ သျှမ်းပြည်နယ်မြို့တော် တောင်ကြီး၌သုံးရက် ကြာကျင်းပခဲ့
သည်။  ဆွေး နွေးပွဲသို့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊နိုင်ငံရေးပါတီ ၂၁ ခု၊ အရပ်ဘက်လူ့
အဖွဲ့အစည်း ၃ ခု၊ လေ့လာသူအဖွဲ့အစည်း ၃၁ ဖွဲ့၊ စုစုပေါင်း တက်ရောက်သူကိုယ်စားလှယ်
များ ၃၃၁ ဦး ရှိပါသည်။

ထိုဆွေးနွေးပွဲမှ - တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ မတရား ဥပဒေအပါအဝင် ဒီမိုကရေစီနှင့်
ညီညွတ်မှုမရှိသည့် ဥပဒေသများ ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ဒီမို
ကရေစီစနစ်ကျင်းသုံးသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပင်လုံစိတ်ဓါတ်ကို
အခြေခံသောညီလာခံကြီးတရပ်ကျင်းပရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေပြင်ဆင်ရေး သို့မဟုတ်
အသစ်ပြန်လည်ရေးဆွဲရေး စသည်တို့ပါဝင်သည့်  သဘောထားကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါ
သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။