Friday, May 31, 2013

ထွန်မြတ်လေး ဦးဆောင်သော ငွန်းဆိုင်းပြည်သူ့စစ်မှ တအာင်း(ပလောင်) ရွာသားတစ်ဦး ပစ်သတ်

(တအာင်းမြေ)

ထွန်းမြတ်လေးဦးဆောင်သော ငွန်းဆိုင်းပြည်သူ့စစ်အဖွဲ့မှ အပစ်မဲ့ တအာင်း (ပလောင်)ရွာသားတစ်ဦးကို ၂၉ ရက်နေ့ မေလ ညနေ့ ၅ နာရီအချိန်တွင် အိမ်အတွင်းသို့ဝင်ရောက်ပြီ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။

နမ့်ဆန်မြို့နယ် ဇယန်းကြီးတွင် လုံးခြုံရေးယူထားသော ငွန်းဆိုင်းပြည်သူ့စစ် ထွန်းမြတ်လေးအဖွဲ့မှ ပန်းယမ်းရွေ ရွာအတွင်းရှိ ဦးဘအေး နေအိမ်အတွင်းသို့ ၂၉ ရက်နေ့ ညနေ့ ၅ နာရီ အချိန်တွင် ၀င်ရောက်ပြီး ဦးဘအေးကို T.N.L.A နှင့်ဆက်စပ်သည့်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သတင်း ရရှိပါသည်။

မြန်မာစစ်သားများမှ ရှမ်းရိုးရာဝတ်စုံ ၀တ်ဆင်ပြီး အခွန်ကောက်ခံ

(တအာင်းမြေ)

နမ့်ခမ်းမြိုနယ် နောင်မ စခန်းထိုင် နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃ တပ်ရင်း စစ်သားများမှ ရှမ်းရိုးရာဝတ်စုံ ၀တ်ဆင်၍ မေလ ၂၈ ရက်နေ့မှ စပြီ ကားအခွန်အဆမတန် ကောက်ခံနေကြောင်း သတင်းရ ရှိပါသည်။ 

ခလရ တပ်ရင်း ၁၂၃ တပ်ရင်းမှူး အောင်ကျော်ထွန်း၏ တပည့်များမှ စစ်သား ၄ဦးနှင့် ပန်ဆေးပြည်သူ့စစ်အပါ အ၀င် နောင်တွန့်နှင့် မာန်ဟောင် ကတိုးဆိပ်များတွင် ၎င်းတို့မှ ရှမ်းရိုးရာ အ၀တ်အစာ ၀တ်ဆင်ပြီ မီသွေး ကားတစ်စီးလျှင် ကျပ်ငွေ ၅၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ အခွန်ကောက်ခံနေကြောင်း သိရှိရပါသည်။ 

RCSS ဝတ်စုံဖြင့် အစိုးရတပ်မှ သျှမ်း/မြောက်ရှိလက်နက်ကိုင်တပ်ဖွဲ့များအားတိုက် ခိုက်နေ



မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ဝတ်စုံဝတ်ဆင်ကာ သျှမ်းပြည်မြောက်ပိုင်း ရှိ လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

 “အစိုးရစစ်ကြောင်းက လူသူလက်နက်အင်အား သုံးရာကျော်မယ်။ တချို့တဝက်က ကျနော်တို့ သျှမ်းပြည်တပ်မတော် ဝတ်စုံ အရင်က ဘက်က ကျားခေါင်းတံဆိပ်၊ အခုက ကျား ခုန်ပျံနေတဲ့ ဘက်တံဆိပ်။ နှစ်ခု စလုံး ပါတယ်။ ပြည်သူ့စစ်ပြောင်းသွား တဲ့ သျှမ်း/မြောက်တပ်မတော်ဆီက တောင်းယူလာတယ်ထင်တယ်” - ဟု  အမှတ် ၇၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီးစွမ်မိဏ်းက ပြောသည်။

သျှမ်းပြည်နယ်နေ့က အဓမ္မမှုကျူးလွန်သည့် တပ်သား ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်  ဖေဖော်ဝါရီလ (သျှမ်းပြည်နယ်နေ့) က သားသည်မိခင်တဦး အား ဓါးပြတိုက် မုဒိန်းကျင့်သည့် အစိုးရတပ်ပြေးအားယနေ့  လူထုတရားရုံး၌ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရကြောင်း ဒေသခံ များကပြောသည်။

“ အစက သူ့ကို အထူးစစ်ခုံရုံးဖွဲ့ပြီးစစ်ဆေးမယ်လုပ်သေးတယ်။ ဒါပေမယ့် နောက်တော့ စစ်တပ်က  တာဝန်ဝတ္တရား လစ် ဟင်းမှု ၊ မူးယစ်မှုဘဲ ကိုင်တယ်။ ဆိုတော့ မြို့နယ်တရားရုံးကနေ သူ့ကို မုဒိန်းကျင့်မှု ထောင်ဒဏ် ၆ နှစ်၊ ညအချိန်ပုန်း လျှိုး ကျော်နင်းမှု ထောင်ဒဏ် ၂ နှစ် နဲ့ စစ်တပ်ကပေးတာအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း သူ့ကို ထောင်ဒဏ် ၉ နှစ်ချမှတ် ပေးတယ်” ကျေးသီးမြို့ခံ ပါ့အေးနန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

လားရှိုးပဋိပက္ခလျော့ပါး - ဒုက္ခသည်တထောင်ခန့်ရှိနေဆဲ



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ၃ ရက်တာ ဖြစ်ပွါးခဲ့သော ဘာသာရေးဆိုင်ရာ ပဋိပက္ခမှာ ယနေ့တွင်လျော့ပါး သွားပြီဖြစ်သော်လည်း မန်ဆူ ဘုန်းကြီးကျောင်းတွင် ဒုက္ခသည် တထောင်ခန့်ရှိနေကြောင်း လားရှိုးမြို့သတင်း ရပ်ကွက်က ဆိုပါသည်။

“ ဒီနေ့တော့ မြို့ထဲမှာ ဈေးဆိုင်တချို့ပြန်ဖွင့်နေပြီ ။ လမ်းမပေါ်မှာ လူသွားလူလာလဲနဲနဲကျဲကျဲ တွေ့နေရတယ်။ ရိုက်မှု နှက်မှုတော့ ထပ်မကြားရသေးဘူး။ အိမ်တိုင်းလိုလိုမှာ ရွှေတိဂုံဘုရားပုံတော်တွေ မဟာမြတ်မုနိဘုရားပုံတော် တွေကိုအိမ် ရှေ့မှာ ထင်ထင်ရှားရှားကပ်ထားတယ်။ သျှမ်းအိမ်တွေဆိုရင်တော့ သျှမ်းအလံ ထူထားတယ်” ဟု လားရှိုးမြို့ခံ စိုင်းဆိုင် က ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံရန် စီစဉ်ပေးမည်ဟု ဦးအောင်မင်း ပြော

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌနှင့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက အလွတ်သဘော ပြောဆိုသည်ဟု သိရသည်။

မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် SSA တောင်ပိုင်းမှ ကိုယ်စားလှယ်တချို့က အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များကို သွားရောက်တွေ့ဆုံ ဆွေးနွေးရာတွင် ဦးအောင်မင်းက ထို့ကဲ့သို့ ပြောကြားခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

ပဋိပက္ခအလွန် လားရှိုး

(ဧရာဝတီ)

တညလုံး မိုးရွာထားလို့ မေလ ၃၀ ရက်နေ့ လားရှိုးမြို့ မြင်ကွင်းဟာ စိမ်းစို လတ်ဆတ်နေပါတယ်။ ကုန်ထမ်းသူကထမ်း၊ သုံးဘီးမောင်းသူက မောင်း၊ မြို့ထဲမှာလည်း ဥဒဟို သွားလာနေကြတာ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။ ဒါပေမယ့် ဈေးဆိုင် အများစုကတော့ ပိတ်ထားကြဆဲ ဖြစ်ပါတယ်။

“အခုက မနက်ပိုင်းမို့လို့ ငြိမ်နေတာ။ နေ့လယ် ထမင်းစားချိန်ကျော်တာနဲ့ ရုတ်ရုတ် ရုတ်ရုတ် ထဖြစ်တာပဲ။ ကျနော်တို့တောင် မနက်ပိုင်း မို့လို့ သုံးဘီးထွက် မောင်းရဲတာ” လို့ သုံးဘီးသမားက ဆေးပေါ့လိပ်ကို ပါးစောင်ဘက် ပို့ရင်းပြောတယ်။ သူ့ မျက်နှာမှာလည်း ထိတ်လန့်မှုကို အထင်းသား တွေ့မြင်ရပါတယ်။ လားရှိုးမှာ သူနေခဲ့တဲ့ သက်တမ်း တလျှောက် ဒီလို အဖြစ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ သူက ဆိုပြန်တယ်။

ကရင်အမျိုးသားသဟာယ အသင်း တရားဝင် မှတ်ပုံ တင်မည်

(KIC)

ကရင်အမျိုးသားတစ်ရပ်လုံးကို စုစည်းလမ်းညွှန်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းလုံးရှိ နယ်ပယ်အသီးသီးမှ ထင်ရှား သည့် ကရင်ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းထားသည့် ကရင်အမျိုးသားသဟာယအသင်းကို တရားဝင် မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း အသင်းဝင်တစ်ဦးဖြစ်သူ စောစေးဝါး (ဒုတိယဥက္ကဌ ကရင်ပြည်သူ့ပါတီ) က ပြောကြားသည်။

“အသင်းကို ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားအကျိုးကို လုပ်ဆောင်ဖို့ ဦးဆောင်အဖွဲ့အနေနဲ့ ရည်ရွယ်ပြီး ဖွဲ့ထားတာပါ။ ပါတီအနေနဲ့က သိတဲ့အတိုင်းပဲ။ လုပ်ရကိုင်ရတာ အကန့် အသတ်ရှိတယ်လေ။ အသင်း အနေနဲ့ ကျတော့ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် လုပ်လို့ ရတာပေါ့။ အသင်းမှာ ပါတီက လူတွေနည်းနည်းပဲပါမယ်။ တခြား ကရင်အမျိုးသားတွေ အလုပ်အမှုဆောင်အဖွဲ့ မှာ ပိုပါမှာပါ”ဟု စေားစေးဝါးက ကေအိုင်စီသို့ ပြောဆိုသည်။

အစိုးရတပ်များ ရှမ်းတပ် ဝတ်စုံဖြင့် ပလောင်တပ်ကို တိုက်ခိုက်ဟု PSLF စွပ်စွဲလိုက်

(Mizzima)

ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် (TNLA) နှင့် အစိုးရတပ်တို့ မေလ ၂၈ ရက်နေ့မှ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၉ ရက်နေ့တွင် အစိုးရတပ်က ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှာ ပြောဆိုလိုက်သည်။

တော်လှန်ရေး အဖွဲ့တခု၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ မိမိတို့ တပ်အား တိုက်ခိုက်သော အစိုးရတပ်၏ လုပ်ရပ်သည် တော်လှန်ရေး အင်အားစုများကြား အထင်အမြင် လွဲမှားအောင် ဖန်းတီးခြင်း ဖြစ်ကြောင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) က မဇ္ဈိမကို ပြောသည်။

Thursday, May 30, 2013

မန်တုံနှင့် နမ့်ခမ်းမြို့အနီးတွင် T.N.L.A နှင့် အစိုးရ တပ်များ တိုက်ပွဲ ပြင်းထန်နေ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ နှင့် မန်တုံမြို့နယ် အခြေစိုက် အစိုးရ ခမရ ၃၆၇ တို့ သည် ယနေ့ ၃၀ ရက် ညနေ ၁၈း၄၅ မှ ည () နာရီ အချိန်ထိနမ့်ခမ်း-မန်တုံ မြို့နယ် အစပ် နားအော်ကြီးနှင့် ထာတ်ကျဲတ် ဘုရားတောင် အကြား တောင်တန်း စခန်းများတွင် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား နေဆဲဟု TNLA ပြောခွင့်ရသူက ဆိုပါသည်။

အစိုးရ တပ်အင်အားက (၃၀၀)လောက် ရှိမယ်။သူတို့က RCSS ယူနီဖေါင်း ၀တ်တွေလည်း ပါတယ်။ ကျနော်တို့ ပျောက်ကြား စခန်းတွေကိုချဉ်းကပ် လာလို့ တိုက်ပွဲဖြစ်တာပါ။ စစ်ကြောင်း၂ ကြောင်းလောက် ရှိမယ်။ သူတို့ ခပ်စိပ်စိပ် စစ်ဆင်လာပုံ ထောက်ရင် TNLA ကို တဖက်သတ် စစ်ဆင်လာတဲ့ သဘောဘဲဟု ဆိုပါသည်။

သမ္မတနှင့် တွေ့ဆုံရန် RCSS မှ တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် အကောင်အထည် မဖေါ်နိုင်သေးသော သဘော တူညီချက်များကို တင်ပြနိုင်ရန် သမ္မတနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆို ထားသည်ဟု ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။  

“ ပြီးခဲ့တဲ့ မေလ (၁၃) ရက်နေ့က ဦးအောင်မင်းတို့နဲ့ MPC မှာ တွေ့တုန်း တောင်းဆိုခဲ့တာပါ။ သူကတော့ ဒုသမ္မတနဲ့ တွေ့ဖို့ပြောပါတယ်။ လာမယ့် ဇွန်လပေါ့နော်။ ကျနော်တို့ ကတော့ ဒီကိစ္စကို လာမယ့် ဇွန်လ ဗဟို ကော်မီတီ အစည်းအဝေးကို အရင် တင်ပြပြီးမှ တွေ့ကြမယ့် အချိန်ကို ထပ်ချိန်းမယ်လို့ ပြောထားခဲ့တယ်။ဟုဆိုပါသည်။

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

(ရွှေဟင်္သာသတင်းဌာန)

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့်  ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် () ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး () က ဆိုပါသည်။ 

အခု အဲဒီရဲ () ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့တယ်လို့ ပြောတယ်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး () ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

ပိန်းခမ်းတောင်မှ TNLA တိုက်ပွဲများနှင့် အစိုးရ စစ်ဆင်မှုများ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သည် အစိုးရ ခလရ (၁၄၄) တပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မိုင်းဝီး ကျေးရွာအုပ်စု ပိန်းခမ်းရွာ အလွန် စေတီကုန်း အနီးတွင် ယနေ့ မနက်ပိုင်း တစ်နာရီ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။ 

တိုက်ပွဲက မနက် () နာရီနီးပါး အထိ ဖြစ်တယ်။ သူတို့က ကင်းပုန်း ၀တ်တယ်။ လွယ်ဟွမ်ရွာဘက် လမ်းအထွက် ဘုရားကုန်း အနီးမှာလေ။ သူတို့နဲ့ TNLA တပ်ရင်း (၄၇၈) က တပ်ခွဲ () အဖွဲ့နဲ့ ဖြစ်ခဲ့တယ်။ ကြားတာက အစိုးရဖက်က အနည်းဆုံး ၃ ဦး ဒါဏ်ရာ ရတယ်လို့ မျက်မြင်တွေက ပြောတယ်ဗျဟု ဆိုပါသည်။ 

T.N.L.A နှင့် အစိုးရ တပ်များသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွား လာနေပါသည်။ ယမာန်နေ့ မေလ (၂၉) ရက်နေ့ ကလည်း TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့နှင့် အစိုးရ ခလရ ၄၅ တပ်ဖွဲ့ အပါအ၀င် ခလရ ၁၂၃ တပ်ဖွဲ့ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်တို့နှင့်ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် လူမ်ကမ်ရွာ အကြား (လားရှိုး-မူဆယ် ကားလမ်း အနီး)တွင်တိုက်ပွဲဖြစ်ခဲ့ပါသည်။
တိုက်ပွဲသည်နံနက် ၃ နာရီခွဲမှ ၅ နာရီခွဲ နာရီ အထိ ဖြစ်ပွားခဲ့ပြီးအစိုးရဖက်မှ အနည်းဆုံး ၅ ဦး ထိခိုက် ကျဆုံး ခဲ့သည်ဟု ဆိုပါသည်။


လားရှိုးပဋိပက္ခ ဝင်မပါရန် သျှမ်းတိုင်းရင်းသားများအားလုံးအား SNLD သတိပေး ကြေငြာချက်ထုတ်ပြန်



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင်ဖြစ်ပွါးနေသော ဘာသာရေးပဋိပက္ခနှင့်ပတ်သက်၍ သျှမ်း တိုင်းရင်းသား များအားလုံး ဤပဋိပက္ခတွင်ပါဝင်ခြင်းမပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လားရှိုးမြို့က ကြေငြာ ချက်ထုတ်ပြန်လိုက်ပါသည်။

ယမန်နေ့က တွေ့မြင်ရသော လားရှိုးမြို့ ပဋိပက္ခမြင်ကွင်း

မေလ ၃၀ ရက် ၂၀၁၃ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် ၃ ချက်ပါဝင်ပါသည်။

လူထုအားကိုးသည့်ချောင်းရေအား တရုတ်ရာဘာခြံအတွက် ဝ တပ်ဖွဲ့ဖြတ်သုံး



သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်းရှိ လယ်သမားများ အားကိုးရသည့် ချောင်းရေ အား ချောင်းဦးပိုင်းမှ ဖြတ်ယူပြီး တရုတ်ရာဘာခြံအတွက် အသုံးပြုမည်ဟု တောင်ပိုင်း ၀ တပ်ဖွဲ့က အာဏာ သုံးပြီး ပြောဆိုလာသည်ဟု ဒေသခံများက ပြောပါသည်။

“ကျနော်တို့ ပုံပါကျင်မှာ နမ့်ဟူးချောင်းမှ ထဲ စီးဝင်တဲ့ ချောင်းလက်တက်ငယ် သုံးခု ရှိတယ်။ နမ့်ခဲမ် ချောင်း တခုဘဲ လယ်သမားတွေအတွက် အသုံးဝင်တာ။ တခြားချောင်းတွေက အဲဒီလောက်အသုံးမဝင်ဘူး။ ဘာဖြစ် လို့ အဲဒီနမ့်ခဲမ်ချောင်းကိုမှ လာလုယူတာလဲ။ နမ့်ထလန်းချောင်း နမ့်ယုံးချောင်းမှာ သွားသွယ်ယူပါလား” - ဟု လယ်သမား တဦးက ပြောပါသည်။

နိုင်ငံရေး ဖြစ်စဉ်များမှ သိသာမြင်သာသည့် တိုးတက်မှု ရရှိရေး အဖြေရှာရန် DKBA ဆွေးနွေးပွဲ ပြုလုပ်မည်

(Eleven Media Group)

နိုင်ငံရေး ဖြစ်စဉ်များမှ သိသာမြင်သာသည့် တိုးတက်မှု ရရှိရေး အဖြေရှာရန် ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တိုးတက်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့မှ ဗိုလ်ကြီးညီညီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဇွန် ၁၅ ရက်တွင် ကရင်ပြည်နယ် ဆုံစည်းမြိုင်ကျေးရွာတွင် ကျင်းပမည်ဖြစ်ပြီး ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်မည်ဖြစ်ကာ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ အစိုးရ၀န်ထမ်း အဖွဲ့အစည်းများ မည်သူမဆို ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ကြောင်း သိရသည်။

T.N.L.A တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲဖြစ်စဉ်အကျဉ်း

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


၂၉ ရက်၊ မေလ၊ ၂၀၁၃။
 

 တိုက်ပွဲ # ၁ - T.N.L.A တပ်ရင်း ၁၁၂ Vs မြန်မာတပ် ၄၅ နှင့် ၁၂၃ နှင့် ရဲတပ်ဖွဲ့+ ပြည်သူ့စစ်
နေရာ - ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် လူမ်ကမ်ရွာအကြား (လားရှိုး-မူဆယ်ကားလမ်းအနီး) အချိန် - နံနက် ၃း၃၀ နာရီ...ခန့်မှ ၅း၃၀ နာရီထိ
ရန်သူကျဆုံးမှု - မြန်မာတပ်ဖွဲ့ အနဲဆုံး ၅ ဦးထိခိုက်ကျဆုံး

Wednesday, May 29, 2013

လားရှိုးပဋိပက္ခတွင် သတင်းထောက်တဦး အတိုက်ခံမှုအပေါ် ရှုတ်ချကြောင်း အသိပေးကြေညာချက်

လားရှို့မြို့တွင် အကြမ်းဖက် ပဋိပက္ခသတင်း ရယူနေသော နယ်ခံ အလွတ်သတင်းထောက် ကိုခွန်ဇော်ဦးကို အကြမ်းဖက်သမားများက ရိုက်နှက်ကြသည့်အပြင် ကင်မရာကိုပါ ဖျက်ဆီးခဲ့မှုအပေါ် သတင်း လွတ်လပ်ခွင့် ကော်မတီ အနေဖြင့် လုံးဝ ရှုတ်ချပါသည်။

လားရှို့မြို့တွင် ရောက်ရှိနေသော သတင်းထောက်များ၏အဆိုအရ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များသည် သတင်းထောက်များ၏ လုံခြုံရေးကို အာမခံခြင်းမရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု မရှိမှုဟု ကြားသိရပါသည်။

လားရှိုးသတင်းယူနေသည့် ရုပ်သံသတင်းသမား ၂ ဦး တိုက်ခိုက်ခံရ

(DVB)

လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း  လိုက်လံသတင်း ရိုက်ယူနေတဲ့ အိုင်စီဂျေ ရုပ်သံ အလွတ် သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့ အတွက်  ဦးခေါင်းနဲ့နောက်ကျော ဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့  (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

မူစယ်မြို့ အကြမ်းဖက်မှု အချိန်မီ တားဆီးနိုင်ခဲ့



ယမန်နေ့ညပိုင်း ၉ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုကိုးကွယ် နေ သည့် နေအိမ် နှစ်လုံးကို လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးရန် ကြိုးပမ်းစဉ် အာဏာပိုင်များက အချိန်မီ ကြိုတင် တားဆီး နိုင်ခဲ့ ကြောင်း အာဏာ ပိုင်သတင်းရပ်ကွက်က ပြောသည် ။

ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင်ဆိုသူ အမျိုးသား တစ်ဦး က ဓါတ်ဆီလောင်းမီးရှို့ခဲ့သည့်ဖြစ်စဉ်အပြီး မူစယ်မြို့၌လည်း လူများစုဝေးလာကာ အစ္စလာမ်ဘာသာဝင်များဝတ်ပြုနေ သည့် နေအိမ်များအား ဖျက်ဆီးရန် ကြိုးပမ်းမှုရှိခဲ့ရာ အချိန်မီ လူစုခွဲ တားဆီးနိုင်ခဲ့ကြောင်း မူစယ်မြို့ အာဏာပိုင် နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။

လားရှိုးပဋိပက္ခ မူဆယ်သို့ကူးစက်မည်ကို ဒေသခံများ စိုးရိမ်နေ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ညက ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ နယ်စပ်ဒေသ မူဆယ်မြို့သို့ ကူးစက် လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ပဋိပက္ခ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နယ်စပ်ဒေသ မူဆယ် – ကျယ်ဂေါင် အ၀င်ဂိတ်များနှင့် ခိုးပေါက် ဂိတ်များ အားလုံးကို တရုတ် ကွန်မန်ဒို တပ်များ ချထားပြီး မူဆယ်မြို့ထဲတွင် အစ္စလမ် ဘာသာဝင်များ၏ ဆိုင်ခန်းများအား ပိတ်ခိုင်းထားကြောင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်နေ စိုင်းအိုက်စံက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

မြေသိမ်းမှု၊ လက်နက် ကိုင်ဆောင်မှုများ အတွက် အစိုးရတပ်က ကရင်တပ်ဖွဲ့များကို သတိပေး

(ဧရာဝတီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် အတွင်း အခြေစိုက်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ – ပြည်တော်မြင့် / ဧရာဝတီ)

ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်သည့် ကိစ္စများနှင့် ပတ်သက်၍ အစိုးရ တပ်မတော်မှ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ခေါ်ယူသတိပေးကြောင်း သိရသည်။

TNLA ဒေသ၌ အစိုးရ စစ်ဆင်ရေး တိုးမြင့်လာခြင်း

(ရွှေဟင်္သာသတင်းဌာန)

ကျောက်မဲ ခရိုင် မိုင်းငေါ့ မြို့နယ်ခွဲ ခူန်ခါ ဒေသ အခြေစိုက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (T.N.L.A) တပ်ရင်း ၇၁၇ နှင့် အစိုးရ ခမရ ၅၀၁ တို့သည် ယနေ့ နံနက် ၃ နာရီ ၀န်းကျင်မှ () နာရီ နီးပါး အထိ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။  

တိုက်ပွဲ ကတော့ ခူန်ခါရွာ အနားမှာ ဖြစ်တာပါ၊ တဖြည်းဖြည်းနဲ့ အရှိန်ပြင်း လာပြီးတော့  နံနက် ၅ နာရီလောက်မှာ ခူန်ခါ ရွာထဲ အထိ ကူးစက်သွားတယ်။ ရွားသားနှစ်ဦး အနည်းငယ် ဒါဏ်ရာ ရရုံမှ တပါး ဘာမှ မဖြစ်ပါဘူး။ အစိုးရ ဖက်ကတော့ (၂) ဦးသေ () ဦး ဒါဏ်ရာ ရတယ်လို့ မျက်မြင် ရွာသားတွေက ပြောကြတယ်ဟု T.N.L.A တပ်မှ ၇၁၇ တပ်ရင်းမှူး ကဆို ပါသည်။ 

သမ္မတဦးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည်

(The Voice Weekly)

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ကြောင့် RCSS/SSA ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဇွန်လ ပထမပတ်အတွင်း တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း RCSS/SSA မှ ဗိုလ်မှူးကြီး သိုက်ဦးက The Voice သို့ ပြောကြားသည်။

T.N.L.A တပ်ရင်း ၇၁၇ နှင့်ဖြစ်ပွားသည့် ခူန်ခါတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၅ ဦးထိခိုက်ကျဆုံး

၂၉ ရက်၊ မေလ၊ ၂၀၁၃။

ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခူန်ခါဒေသ အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(T.N.L.A) တပ်ရင်း ၇၁၇ နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ယနေ့နံနက် ၃ နာရီခန့်မှ မိုးလင်းလုနီးပါးအထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ ၂ ဦးကျဆုံးပြီး အနဲဆုံး ၃ ဦးထိခိုက် ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။

တပ်ရင်း ၁၇၁ တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည် လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ စစ်ကြောင်းနှင့် ရင်ဆိုင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခူန်ခါရွာနှင့် အလွန်နီးကပ်သဖြင့် တိုက်ပွဲအရှိန် မြှင့်လာသည့်နောက်ပိုင်း နံက် ၅ နာရီ ခန့်တွင် ခူန်ခါရွာတွင်းအထိ တိုက်ပွဲ ကူးစက် သွားခဲ့သည်ဟု T.N.L.A တပ်ရင်း ၇၁၇ တပ်ရင်းမှူး ပြောပြချက်အရ သိရှိရပါသည်။

တိုက်ပွဲကြောင့် အပြစ်မဲ့တအာင်းအမျိုးသမီးငယ်တစ်ဦးပွဲချင်းပြီးသေဆုံး

(တအာင်းမြေ)

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ () ရှိရာသို့ အစိုးရ ခလရ ၄၅ တပ်ဖွဲ့နှင့် ပန်းဆေး ပြည်သူ့စစ် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရာ အပစ်မဲ့ဒေသခံ အမျိုးသမီးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ် မေလ(၂၈)ရက်နေ့လည်တွင် အသက်၁၈နှစ်ရှိ လွေးအေကျမ်ငင်းနှင့် သူမမိခင် ဒေါ်ယေကြာ(ယာမာသိန်း) တို့ မိုင်းယုလေးမှ ဂျုံနောရွာအသွား တုံ့ပန်းအရောက်တွင် တိုက်ပွဲဖြစ်ပွားရာမှ သူမ၏နာခေါင်း (ဦးခေါင်း) ကျဉ်ဆံမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ 

တအာင်းမျိုးဆက်သစ် အနာဂတ်လုံခြုံရေး

(http://www.palaungland.org)

(၁) နမ့်ဖတ်ကာ… မန္တလေး-လားရှိုး-မူဆယ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ မြို့လည်းမကျ ရွာအဆင့်ထက်လည်းမကတဲ့ ခရီးသွားပြည်သူတထောက်နားကြတဲ့ ရွာကြီး။ တအာင်းရွာကြီးတရွာ။
စီးပွားရေးလုပ်ကိုင်စားသောက်လို့ကောင်းလမ်းပမ်းဆက်သွယ်ရေးလည်းအချက်အချာကျတော့ တအာင်း၊ ရှမ်း၊ ကချင်၊ ဗမာ၊ တရုတ် လူမျိုးစုံစုပေါင်းနေထိုင်ကြတာပါ။

ခရီးတထောက်နားရာဆိုတော့ ထမင်းဆိုင်တွေကခပ်များများ။ အဆင့်မီမီဗူဖေဲးလ်စတိုင် စားချင်လည်းရတယ်။ ၁၅၀၀-၂၀၀၀ ကျပ်ပဲ။ ကျပ်ငွေ ၅၀၀ နဲ့တခါပြင် ၀မ်းဝရုံစားချင်လည်းရတယ်။ ဒါကြောင့် ခရီးသွားပြည်သူနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကားဆရာတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ ဆုံဆည်းရာခေတ္တနားခိုရာ။

KNU အတွက် ကရင်အဖွဲ့များရဲ့ တိုက်တွန်းချက်

(ဧရာဝတီ)

မြန်မာအစိုးရနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်ရာတွင်   ကရင်အမျိုးသားများ၏ ကံကြမ္မာအတွက် အဓိကထား ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံရေးအရအမြတ်ထုတ် အသုံးချခြင်း မခံရအောင် အထူးသတိပြုဆောင်ရွက်ရန်  ကရင်အမျိုးသားအရေးဆောင် ရွက်နေကြသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၄၀ကျော်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တိုက်တွန်းလိုက်ကြသည်။

ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ KNU ၏ လေးဝါးစခန်းတွင် တနင်္လာနေ့မှ စတင်ပြီး   ၅ ရက်ကြာကျင်းပနေသည့် ၉ ကြိမ်မြောက် ကရင်အမျိုးသား အားလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် ထိုသို့ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။

ဦးရဲထွဋ် ပြောတဲ့ လားရှိုး အကြမ်းဖက်မှု အကျဉ်းချုပ်

(ဧရာဝတီ)

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဖြစ်စဉ် အကျဉ်းချုပ်ကို အခုလို သူ့ဖေ့စ်ဘုတ်မှာ ရေးသား အသိပေးထားပါတယ်။ 


ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းခြင်း

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော ကရင် ငြိမ်းချမ်းရေး အဖွဲ့များသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရည်စူးပြီး ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ တရပ်ကို ယမာန်နေ့က ဖွဲ့စည်း ခဲ့သည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှအရာရှိ တစ်ဦးက ဆိုပါသည်။ 

ကျင်းပတဲ့ နေရာကKNLA ရဲ့ကော့ကရိတ်မြို့နယ်မှာ ရှိတဲ့ ထို့ကော်ကိုး စခန်းမှာပေါ့နော်။ အဖွဲ့က () ဖွဲ့ တက်ပါတယ်။ အဓိက ကတော့ ကရင်ငြိမ်းချမ်းရေး အဖွဲ့တွေ အားလုံးပါတယ်။ ကရင် ညီညွတ်ရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြသနာ ဖြေရှင်းဖို့ရယ် ပြီးတော့ တစ်ဖွဲ့ထဲ ပြန်လည် ပေါင်းစည်းရေး အထိ တဖြည်းဖြည်း ဆွေးနွေး သွားဖို့ ရည်ရွယ် ထားပါတယ်။ဟုDKBA မှ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့ ယနေ့ နံနက် မြင်ကွင်း (ဓါတ်ပုံများ)

(Thithtoolwin)

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှုများကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန်

(Eleven Media Group)

ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်
29 May 2013,
 
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက်အအုံ နှစ်လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းတွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
 

လက်နက်ကိုင်အဖွဲ့ မြေနေရာ တွင် အဖွဲ့အစည်းအလံ များ ဖြုတ်ရန် တပ်မမှူး ညွှန်ကြား

(KIC)

မြ၀တီခရိုင်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အ စည်းနှင့် ပတ်သက်သည့် မြေနေရာများတွင် အလံတိုင်များ စိုက်ထူထားခြင်းကို မေလ ၂၉ရက်နေ့မှစ၍ ဖြုတ်ပစ်ရန် ယနေ့ပြုလုပ်သည့် အပတ်စဉ် အစည်းအဝေးတွင် အစိုးရတပ် တပ်မ(၂၂)မှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ပြောဆို လိုက်သည်။


မြ၀တီမြို့ အေးချမ်းဖြိုးရိပ်သာလမ်းရှိ ရှေ့တန်းရုံးတွင် ယနေ့မနက် ၉နာရီမှ ၁၁နာရီအထိ ပြုလုပ်သော ဌာနဆိုင်ရာ သတင်းညှိ နှိုင်း အစည်းအဝေး၌ တပ်မမှူးက ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူ ကေအဲန်ယူ ဆက်ဆံရေးရုံး ဒုတာဝန်ခံက ကေအိုင်စီသို့ ပြောသည်။

Tuesday, May 28, 2013

ကယားပြည်နယ် (ကရင်နီ) ကျောင်းသားများ သမဂ္ဂ (KSSU) ထူထောင်မည်

(Mizzima)

ပြည်နယ် ကိုယ်စားပြု ကျောင်းသား သမဂ္ဂ ဖြစ်ပေါ်လာရေးအတွက် ပြည်တွင်းနှင့်
ပြည်ပရှိ ကယား/ကရင်နီ ကျောင်းသားများ သမဂ္ဂ နှစ်ခုမှ ကိုယ်စားလှယ်များ မြို့တော် လွိုင်ကော်တွင်
ဆွေးနွေးကြပြီးနောက် အမည်သစ်တခုဖြင့် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

ပြည်တွင်းရှိ ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂ (KSSU) ကိုယ်စားလှယ် ၇ ဦးနှင့် ပြည်ပရှိ ကရင်နီ
ကျောင်းသား သမဂ္ဂ (KSU) ကိုယ်စားလှယ် ၄ ဦးတို့ မေလ ၂၅ ရက်နေ့တွင် ဆွေးနွေးကြရာမှ ကယားပြည်နယ်
(ကရင်နီ) ကျောင်းသားများ သမဂ္ဂ (KSSU) အမည်ဖြင့် ပြန်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၄၅ ရင်ဆိုင် တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ (၂) ရှိရာသို့ အစိုးရ ခလရ ၄၅ တပ်ဖွဲ့နှင့်ပန်းဆေး ပြည်သူ့စစ် အချို့တို့က ထိုးစစ်ဆင် လာသဖြင့် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။  

ဖြစ်တဲ့ နေရာ ကတော့ ကွတ်ခိုင်မြို့နယ် ဂျုံနော်ရွာနှင့် သာပန်ကုန်း ကျေးရွာ အကြား တောတွင်း တစ်နေရာမှာပေါ့။ ဖြစ်တာက ဒီနေ့ နေ့လည်တစ် နာရီကနေ နှစ်နာရီအထိ ဖြစ်ခဲ့ပါတယ်။ ထိခိုက်မှုတော့ မပြောတတ်သေးဘူး။ သူတို့ပြော နေတာ ကတော့ နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားနေတာပါလို့ ပြောနေခဲ့တာပါဘဲ။ဟု ဆိုပါသည်။ 

နေရပ်ပြန်တန့်ယန်းစစ်ပြေးဒုက္ခသည်တချို့ မြို့ပေါ်ပြန်ရောက်- စားဝတ်နေရေးအခက်တွေ့



နေရပ်ပြန် တန့်ယန်းမြို့မှစစ်ပြေးဒုက္ခသည် တစ်ရာကျော်အနက် တချို့တဝက်မှာမြို့ပေါ်သို့ ပြန် ရောက်လာကြကြောင်း ဒုက္ခသည်ကူညီရေးအဖွဲ့ကပြောပါသည်။

“ သူတို့ပြန်သွားတယ်ဆိုတာက ၁၀၀ ကျော်ဘဲဗျ။ ရွာအထိရောက်အောင်မပြန်ရဲကြဘူး။ လွယ်စေး အုပ် စုထဲက ဝမ့်လွယ် ဈေးထဲမှာဘဲ သွားပြီးခိုလှုံကြတယ်။ အဲဒီဘက်ကို မြန်မာစစစ်တပ်က မရပ်မနား တပ် အင်အားဖြည့်တယ် ဆိုတော့ အိမ်မရောက်သေးတဲ့ ဒုက္ခသည်တွေ မြို့ထဲပြန်လာနေကြတယ်” ဟု ဒုက္ခသည်များ အား ကူညီကယ်ဆယ်ရေးလုပ်ပေးနေသည့် စိုင်းခေးကပြောသည်။

သိန်းနီမြို့နယ်တွင် လက်နက်များ သိမ်းဆည်းရမိမှု စုံစမ်းစစ်ဆေးဆဲ

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့နယ် နားဆော့ကျေးရွာတွင် လက်နက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ နယ်မြေခံ ရဲနှင့် အစိုးရတပ်မတော် ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက်၂ နာရီခွဲ အချိန်ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ မတ်တူး အဖြူရောင်ယာဉ်အား လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝေါလ် တိုးဂိတ်တွင် သတင်းအရ တာဝန်ရှိသူများက ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်မှာ အစစ်ဆေးမခံဘဲ တရကြမ်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိန်းနီရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး

(ရွှေဟင်္သာသတင်းဌာန)

ယင်းနှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၃ ခုနှစ် မေလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ထိ ရခိုင်ပြည်နယ် အမ်းမြို့တွင် ကျင်းပ ခဲ့ပါသည်။ မြို့နယ် (၁၈) ခုမှ ကိုယ်စားလှယ်ပေါင်း (၁၂၀) ခန့် တက်ရောက်ခဲ့ပြီး သဘာပတိ အဖြစ် ဥက္ကဌ ဒေါက်တာ အေးမောင်က ဦးဆောင် ကျင်းပခဲ့ပြီး အလှည့်ကျ သဘာပတိ စနစ်ဖြင့် ကျင်းပ သွားမည်ဖြစ်ပါသည်။

ဤအစည်းအဝေးသည် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ပထမ အကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် အခမ်းအနားမှူး အဖြစ် ဦးခိုင်ပြည်စိုး၊ သာထွန်းလှတို့မှ ပြုလုပ်ခဲ့ပြီးလှည့်ကျ သဘာပတိ အဖြစ် ဒေါက်တာ တင်အောင်၊ ဦးသာလှအောင်၊ အောင်ထွန်းသာတို့က ဦးဆောင် သွားမည်ဖြစ် ပါသည်။

ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ပြန်လည်များပြားလာ

(Eleven Media Group)

ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန် ထောက်ပံ့ပေးမှုများ မရှိသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ပြန်လည် များပြားလာကြောင်း မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်မွန်က မေ၂၇ ရက်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မီဒီယာတွေ့ဆုံပွဲတွင် Eleven Media Group မှ ''အခု မန်ပန်ပြည်သူ့စစ်အဖွဲ့ အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေတွေမှာ ဘိန်းမစိုက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်။ အဲလို ဆောင်ရွက်နေတဲ့ ကာလမှာ ဘိန်းစိုက်ပျိုးမှုက ဘယ်လောက်ပမာဏ ပပျောက်သွားပြီလဲဆိုတာ သိချင်ပါတယ်'' ဟု မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

Monday, May 27, 2013

KNLA စစ်ဦးစီးချုပ် ငြိမ်းချမ်းရေးကောင် စီနှင့် သွားရောက်တွေ့ဆုံ

(KIC)

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီနှင့် အဖွဲ့သည် KNU/KNLA ငြိမ်းချမ်းရေးကောင် စီနှင့် သွားရောက်တွေ့ဆုံ ရန် ကော့ကရိတ် မြို့နယ်၊ ထို့ကော်ကိုးဒေသသို့ မေလ ၂၇ရက်နေ့မနက်က ထွက်ခွာသွားပြီဖြစ်သည်။

ထိုခရီးစဉ်နှင့် ပတ်သက်၍ KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ခွဲထွက် ကရင်အစုအဖွဲ့တွေ တစည်းတလုံး တည်းရှိဖို့ အပြန်အလှန် စည်းလုံးမှု တည်ဆောက်နိုင်ဖို့ သွားရောက်ဆွေးနွေးတာ ဖြစ်တယ်။ KNU ကနေ ခွဲထွက်သွားတဲ့ အဖွဲ့ တွေ တစ်စုမက ရှိပေမဲ့ အမျိုးသား ပြန်လည်ညီညွှတ်ရေးအတွက် တဖွဲ့ချင်းအလိုက်ကော၊ စုပေါင်းပြီးတော့ပါ တဆင့်ချင်း လုပ် သွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ရှမ်းမြောက် တန့်ယန်း ဒုက္ခသည်စခန်း ပိတ်သိမ်းလိုက်ပြီဖြစ်

(Mizzima)

အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ ဖြစ်ပွားသည့် စစ်ပွဲများကြောင့် တန့်ယန်းမြို့သို့ တိမ်းရှောင်လာသည့် ဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသည့် ယာယီ ဒုက္ခသည် စခန်းကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီက ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် SSPP ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ခေးတိုင်း ဦးဆောင်သည့် အဖွဲ့တို့ မေလ ၁၁ ရက်နေ့တွင် တန့်ယန်းမြို့၌ တွေ့ဆုံကြပြီး
နောက်ပိုင်း ပိတ်လိုက်ခြင်း ဖြစ်သည်။

အစိုးရက KNU ကို ပေးတဲ့ ကားလိုင်စင် လက်ဆောင်

(ဧရာဝတီ)

အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပြင် အစိုးရဘက်က ကရင်ခေါင်းဆောင်တွေကို ကားလိုင်စင် လက်ဆောင်ပေးပြီး ဆွဲဆောင်စည်းရုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနှစ် နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပါ ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင်လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အထူး အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တစ်ဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။

သျှမ်း/မြောက်စစ်ဘေးသင့်ကျေးရွာများအား ကျားဖြူကျားခေါင်း ပူးပေါင်း ကူညီထောက်ပံ့



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တဘက်ကမ်းရှိ စစ်ဘေးသင့်သောကျေးရွာ တို့အား ကျားခေါင်း ပါတီ(SNLD) နှင့် ကျားဖြူပါတီ(SNDP) တို့ ဦးဆောင်အလှူငွေကောက်ခံပြီး ကူညီထောက်ပံ့ပေးနေကြောင်းသတင်း ရရှိသည်။

နမ့်ခမ်းစစ်ပြေးဒုက္ခသည်များအား အရပ်ရပ်မှစေတနာရှင်များက လာရောက်လှူဒါန်းစဉ်

(၉) ကြိမ်မြောက် ကရင့်သွေးစည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း

(ရွှေဟင်္သာသတင်းဌာန)

(၉) ကြိမ်မြောက် ကရင် သွေးစည်း ညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကို ထိုင်းမြန်မာ-နယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) ဒေသ လေးဝါး စခန်း၌ ယနေ့ ကျင်းပ ခဲ့ကြောင်း နှီးနှော ဖလှယ်ပွဲကို တက်ရောက် ခဲ့သော ကိုယ်စားလှယ် တစ်ဦးက ဆိုပါသည်။
“ ဒီနှီးနှော ဖလှယ်ပွဲကို ကရင် အဖွဲ့အစည်းတိုင်း၊ ကရင်မျိုးချစ် ပုဂ္ဂိုလ်တိုင်း တက်ရောက်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီပွဲကို KNU ကဘဲ ဦးဆောင်ပါတယ်။ ကိုယ်စားလှယ်ပေါင်း တရာကျော် တက်ရောက်ပါတယ်။ အဓိကဆွေးနွေး ကြမှာက လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်ပြီး ကရင့် အကျိုးအတွက် ဘယ်လို လုပ်ရမလဲ ဆိုတာပါဘဲ” ဟု ဆိုပါ သည်။
နှီးနှော ဖလှယ်ပွဲသို့ ကရင် အခြေခံ လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပရှိ ကရင် ခေါင်းဆောင်များ၊ ကမ္ဘာ တစ်လွှားမှ KNU ခေါင်းဆောင်များ၊ ကရင် ဘာသာရေး အုပ်စုမှ ကိုယ်စားလှယ်များနှင့် တသီး ပုဂ္ဂလ မျိုးချစ် ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ နှီးနှော ဖလှယ်ပွဲကို မေလ (၂၇) ရက်နေ့မှ (၃၁) ရက်နေ့ အထိ (၅) ရက်တာ ကျင်းပသွား မည်ဟု ဆိုပါသည်။

Sunday, May 26, 2013

တိုင်းရင်းသားဒေသ ဂျပန်ကူညီနေသည်ကို အစိုးရ ကန့်ကွက်

(The Hot news weekly)

တိုင်းရင်းသားဒေသ ကို အထောက်ပံ့ ပေးနေသည် ဂျပန် နိပွန်ဖောင်ဒေရှင်း အကူအညီများကို အစိုးရအဖွဲ့မှ တားဆီးပိတ်ပင် လိုက်ပြီး ဖြစ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှုးကြီး ဖိန်ဖ က ယနေ့တွင် ပြောသည်။ - See more at: http://www.dawnmanhon.com/2013/05/blog-post_2365.html#sthash.YV9zfR50.dpuf
 တိုင်းရင်းသားဒေသ ကို အထောက်ပံ့ ပေးနေသည် ဂျပန် နိပွန်ဖောင်ဒေရှင်း အကူအညီများကို အစိုးရအဖွဲ့မှ တားဆီးပိတ်ပင် လိုက်ပြီး ဖြစ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှုးကြီး ဖိန်ဖ က ယနေ့တွင် ပြောသည်။

“အခု တလောမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိန်းချုပ် နယ်မြေအတွင်း ရှိ စစ်ပြေးဒုက္ခသည် တွေ အတွက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ လာရောက် အကူအညီ ပေးတာကို မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ပိတ်လိုက်တယ်။” ဟု ဆိုပါသည်။

တန့်ယန်းမြို့နယ် စစ်ပြေး ဒုက္ခသည်များ လာရင်းနေရပ် ပြန်လည်ရွှေ့ပြောင်း

(RFA)

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-North) တပ်တွေကြား စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့နယ် အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်အားလုံး သူတို့နေရပ်ကို ပြန်လည်ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲ့ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးစိုင်းလှရွှေက RFAကို အခုလို ပြောပါတယ်။

Saturday, May 25, 2013

DKBA စစ်ဒေသ၌ BGF နှင့် အစိုးရ တပ်များ စစ်ပြင်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့်အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့ပဋိပက္ခ ဖြစ်ပွားခဲ့သာ ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသမှ မယ်တဝေါ စခန်း အနီးအနားသို့ BGF နှင့် အစိုးရ တပ်အင်အားများ တိုးချဲ့ ချထား နေသည်ဟု ကရင် ငြိမ်းချမ်းရေး ကောင်စီမှ စစ်ဗျူဟာမှူး တစ်ဦးက ဆိုပါသည်။  

အရင်က တပ်ရင်း () ရင်းဘဲ ရှိတယ်။ အခုတော့ အချိန်တို အတွင်းမှာဘဲ () ရင်း ဖြစ်သွားပြီး၊ တိုးလာတာက ပဋိပက္ခဖြစ်ပြီးမှ တိုးလာတာပါ။ ကျနော် တို့ စောင့်ကြည့်နေပါတယ်။ () ရက် () ရက်လောက်။ တိုးလာတဲ့ တပ်တွေထဲမှာ အစိုးရ တပ်လည်း ပါတယ်။ BGF တပ်လည်း ပါတယ်။ ကြည့်ရတာ ပြသနာကို ဖြေရှင်း ပေးမဲ့ပုံ မဟုတ်တော့ဘူး။ ပြသနာ ဖြစ်လာအောင် ဖန်တီးတယ်၊ ပြီးတော့ ဒီပြသနာကို အကြောင်းပြပြီး စစ်ဆင်လို့ ရအောင် လုပ်နေပုံ ပေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟပ်ကြီး ရေကာတာ လုံခြုံရေးအတွက် ဆိုပြီး ကျနော်တို့ကို ရှင်းပြီးရင် နေရာယူဖို့ ဖြစ်မယ်ဟု ဆိုပါသည်။ 

PNLO ၏ ပထမဆုံး အကြိမ် ညီလာခံ ပြီးဆုံး

(ရွှေဟင်္သာသတင်းဌာန)

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် ပအိုဝ်း တမျိုးသားလုံး ပါဝင်သော အမျိုးသား ညီလာခံ တရပ်  ကျင်းပရန် လိုအပ်သည်ဟု မကြာခင် ပြီးဆုံး သွားသည့် အဖွဲ့ချုပ် ညီလာခံမှ ဆုံးဖြတ် ခဲ့ကြောင်း PNLO ဂုဏ်ထူးဆောင် နာယက ခွန်ဥက္ကာက ဆိုပါသည်။  

အမျိုးသား ညီလာခံ ဖြစ်လာဖို့တော့  ပြည်တွင်းက ပအိုဝ်းနိုင်ငံရေး အဖွဲ့တွေနဲ့ ညှိနှိုင်း သွားရမှာ ဖြစ်သလို ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က ပအိုဝ်း အဖွဲ့တွေနဲ့လည်း နှီးနှော ဖလှယ်ပွဲတွေ ကျင်းပရာ ကနေ အမျိုးသား ညီလာခံ ထိ ကျင်းပနိုင်ဖို့ တဖြည်းဖြည်း ညှိနှိုင်း ယူရမှာပေါ့လေ။ဟု ဆိုပါသည်။

KNU ဗိုလ်မှူးကြီး နဒါးမြ သြစီပါလီမန်မှာ တိုင်းရင်းသားအရေး ပြောမယ်

(ဧရာဝတီ)

ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြရဲ့ သားတဦးဖြစ်သူ ဗိုလ်မှူးကြီး နဒါးမြဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့အတူ သြစတေးလျ ပါလီမန်ကို တက် ရောက်ကာ KNU ကိုယ်စား ဧည့်သည် တဦး အနေနဲ့ မေလ ၂၇ ရက်နေ့မှာ စကားပြောဖို့ ရှိတယ်လို့ သတင်းရပါတယ်။ 


ဗိုလ်မှူးကြီး နဒါးမြ ပြောမယ့် ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေး ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဒေသစံတော်ချိန် မနက်၈ နာရီကနေ ၉ နာရီထိ ၁ နာရီ ကြာဆွေးနွေး 
ပြောကြားမှာဖြစ်ပါတယ်။ 

ရှမ်းနှင့်ကယားရှိ မြေသိမ်းယူမှုတွင် စစ်တပ်က အများဆုံးဟုဆို

(DVB)

ပြီးခဲ့တဲ့ အနှစ် ၂၀ လောက်ကစပြီး ရှမ်းနဲ့ ကယားပြည်နယ် ဒေသခံတွေ မြေယာအသိမ်းခံရမှုမှာ မြန်မာ့တပ်မတော်က သိမ်းယူတဲ့မြေတွေ အများဆုံးပဲလို့ မြေသိမ်းမှု စစ်ဆေးရေးကော်မရှင်က ပြောပါတယ်။
 
ရှမ်းနဲ့ကယား လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က “ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပထမအကြိမ် စစ်ဆေးတဲ့အချိန် လယ်မြေဧကပေါင်း ၂၀၀၀ လောက် ရှိပါတယ်။ အများဆုံး သိမ်းတာက ကာကွယ်ရေးဝန်ကြီးဌာန တပ်ပိုင် စိုက်ပျိုးမြေတွေ သိမ်းတာ များတယ်။ တချို့ကျတော့ ပြည်ထဲရေး ၀န်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးတဲ့စာတွေ ရှိတယ်။ ကယားပြည်နယ်အတွင်း တပ်မတော်စစ်ရေးလေ့ကျင့်ရေးကျောင်းအတွက် ဧကပေါင်း ၃၀၀၀ လောက်သိမ်းထားတယ်။ အဲဒါလည်း ပြဿနာအကြီးအကျယ်ဖြစ်နေတယ်။”