Friday, May 17, 2013

OIC နှင့် ပတ်သက်ခြင်းမရှိဟု RCSS ပြော



OIC မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအား ထောက်ပံ့နေသည်ဟူသော သတင်းနှင့်ပတ်သက်၍ RCSS နှင့် OIC လုံးဝ ပတ်သက်မှုမရှိကြောင်း ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။

“ OIC နဲ့ကျနော်တို့နဲ့လုံးဝ မပတ်သက်ရပါဘူး။ အဲဒါ သတင်းအမှား၊ သတင်းအတု တွေဘဲ ။ လုပ်ကြံထားတဲ့သတင်းတွေ ဘဲဖြစ်တယ်။ OIC နဲ့ပတ်သက်ပြီး စဝ်ဟန်ယောင်ဟွေကလဲ ကျနော်တို့ကိုတခါမှ မမိတ်ဆက်ပေးဖူးဘူး။ ကျနော်တို့နဲ့ OIC နဲ့ လဲ တခါမှ မတွေ့ရပါဘူး။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး  RCSS က သဘောထားကြေငြာချက် ထုတ်ပြန်ထားပါတယ် ” ဟု ဗိုလ်မှူးလောင်ဝ်ဆိုင် ကပြော သည်။


မေလ ၁၃ ရက်နေ့က http://hlaoo1980.blogspot.com/ တွင်ဖော်ပြထားသော “ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်အား OIC 'Organization of Islamic Countries' မှ ငွေကြေးထောက်ပံ့မှုပေးသည် ” ဟူသောသတင်းမှာ လုပ်ကြံမှုသတင်းသာဖြစ် ကြောင်း RCSS ကဆိုပါသည်။

“ အစိုးရဟာ ကျနော်တို့ကို အဖက်ဖက်က အနိုင်ယူချင်တာလေ။ မီဒီယာနဲ့ သတင်းနဲ့ ကျနော်တို့ကို တိုက်ခိုက်နေတာ။ သူတို့လဲ စစ်အစိုးရ ကနေဘဲလာတာလေ။ မဟာဗျူဟာအမျိုးမျိုးနဲ့ စစ်ရေးအရအနိုင်ရဖို့ လုပ်နေတာဖြစ်တယ်။ ကျနော်တို့ ကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အဖွဲ့အစည်းကိုမှ မရွေးပါဘူး။ သျှမ်းပြည်လူထုအတွက်နဲ့ ပြည်ထောင်စုကြီး အတွက် အကျိုးရှိမယ့် အလုပ်ဆိုရင် လက်တွဲအလုပ်လုပ်သွားမှာပါ” - ဟု ဗိုလ်မှူးလောင်ဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

၎င်းသတင်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်အား အချိန်မရွေးတွေ့ဆုံမေးမြန်းနိုင်ကြောင်းလည်း ၎င်းက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။