(တအာင်းမြေ)
ထွန်းမြတ်လေးဦးဆောင်သော
 ငွန်းဆိုင်းပြည်သူ့စစ်အဖွဲ့မှ အပစ်မဲ့ တအာင်း (ပလောင်)ရွာသားတစ်ဦးကို ၂၉ 
ရက်နေ့ မေလ ညနေ့ ၅ နာရီအချိန်တွင် အိမ်အတွင်းသို့ဝင်ရောက်ပြီ သေနတ်ဖြင့် 
ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 
နမ့်ဆန်မြို့နယ်
 ဇယန်းကြီးတွင် လုံးခြုံရေးယူထားသော ငွန်းဆိုင်းပြည်သူ့စစ် 
ထွန်းမြတ်လေးအဖွဲ့မှ ပန်းယမ်းရွေ ရွာအတွင်းရှိ ဦးဘအေး နေအိမ်အတွင်းသို့ ၂၉
 ရက်နေ့ ညနေ့ ၅ နာရီ အချိန်တွင် ၀င်ရောက်ပြီး ဦးဘအေးကို T.N.L.A 
နှင့်ဆက်စပ်သည့်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ 
ပြောပြချက်အရ သတင်း ရရှိပါသည်။
"ပြည်သူ့စစ်တွေက
 ဦးဘအေး အိမ်ပေါ်တက်ပြီ သူ့ကို ခနလေပဲ မေးမြန်ပြီးတော့ TNLAနှင့် 
ဆက်စပ်တယ်လို့ စွပ်စွဲပြီ ပစ်သတ်တာဖြစ်တယ်.. သေနတ်သံကြားတော့ 
သွားကြည့်လိုက်တဲ့ အချိန်မှာ ဦးဘအေးက မီးဖိုးဘေး မှာ သေနေတာ တွေ့ရတယ်"ဟု 
မျက်မြင်တစ်ဦးမှ ပြောပြသည်။
နောက်ဒေသခံတစ်ဦးမှပြောပြရာ
 ဦးဘအေးကို သေနတ်နဲ့ ပစ်ပြီးတဲ့နောက်မှာ ကလေးပိုးထားတဲ့ အမျိုးတစ်ဦး 
ဖြတ်သွားတော့ အဲဒီပြည်သူ့စစ်တွေက လှမ်းခေါ်တယ်…သူ့ကကြောက်ပြီ ထွက်ပြေတော့ 
ပြည့်သူစစ်နောက် တစ်ဦးမှ သေနတ်ဖြင့် ပစ်လိုက်တာ..ကလေးခြေထောက်နဲ့ 
ကလေးအမေရဲ့ ခါးကို ထိသွားသည့်ဟု အမျိုးသမီး တစ်ဦးမှ ပြောသည်။
ဦးဘအေးသည်
 လက်ဖက်လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုပြီ မည်သည့်လက်နက်ကိုင်နဲ့မှ
 ဆက်စပ်မှုမရှိပဲ ထွန်မြတ်လေးဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့မှ 
အပစ်မဲ့ရွာသာကို သတ်ပစ်အပေါ် ရွာသားများ မကျနပ်ကြကြောင်း သိရှိရပါသည်။ 
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။