Tuesday, November 25, 2014

KNU/KNLA က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အကြောင်းပြ၍ ဒေသခံများထံ ငွေတောင်းခံမှုများရှိ

(ဧရာဝတီ)

ကရင်ပြည် နယ်၊ သံတောင်မြို့နယ် အခြေ စိုက် ကရင် လွတ်မြောက်ရေး တပ်မတော်မှ (KNU/ KNLA) တပ်မဟာ ၂ တပ်ဖွဲ့က အစိုး ရနှင့် အပစ် အခတ် ရပ်စဲထားစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်ဟုဆို ကာ ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

Thursday, November 20, 2014

သျှမ်းကျေးလက်နှစ်ဦးအား နောင်ချိုအခြေစိုက် အစိုးရတပ်မှ လည်ဖြတ်သတ်

(သျှမ်းသံတော်ဆင့်)

နိုဝင်ဘာ ဒုတိယပတ် နှင့် တတိယပတ် အတွင်းမှာ အွန်လိုင်းပေါ်ပျံ့နှံ့နေ သည့်- `မြန်မာ့ တပ်မတော် စစ်ကြောင်း တကြောင်း က သျှမ်းကျေး လက် ရွာသားနှစ်ဦး အားသတ်ဖြတ်´ သည့်ပုံသည် သျှမ်းပြည်အလယ်ပိုင်း ကျေးသီး မြို့နယ် ပန်စယ်ရွာသားများဖြစ်ကြပြီး သတ်ဖြစ်နေသည့်တပ်ဖွဲ့သည် နောင်ချို အခြေစိုက် အမှတ် ၁၁၄ ခြေမြန် တပ်ရင်းမှ သတ်ဖြတ်သည့် ဓါတ်ပုံဖြစ်သည်ဟု အချက်အလက်ရှာဖွေကောက်ယူသည့် နိုင်ငံရေး ပါတီဝင်တဦး ကပြောသည်။

ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ၌ တွေ့ဆုံမှုကို ထိုင်းတပ်မတော် စတင်ကန့်သတ်

မဇ္ဈိမသတင်းဌာန 
 
မြန်မာအစိုးရ၏ တောင်းဆိုမှုကို အကောင်အထည်ဖော်ခြင်းဖြစ်ဟု ထိုင်းဒုဗိုလ်မှူးကြီးပြော

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သည့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစည်း အဝေးများ ပြုလုပ်မည် ဆိုပါက ထိုင်းစစ်တပ်သို့ ဦးစွာ အကြောင်းကြား ရမည် ဖြစ်ကာ နှစ်ဖက် ညှိနှိုင်းပြီးမှ ဆွေးနွေး၊ တွေ့ဆုံပွဲများကို ဆက်လက် လုပ်ဆောင် ရမည်ဟု ထိုင်းအမှတ် (၃) စစ်ဒေသမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ အကြောင်းကြားထားသည်ဟု UNFC တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို နိုဝင်ဘာလ ၂၀ ရက်က ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပွဲ ထိုင်းစစ်တပ် ခွင့်ပြုချက် ရရန်လိုလာ

(ဧရာဝတီ)

ထိုင်းနိုင်ငံ အတွင်း တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့တွေရဲ့ အစည်း အဝေးတွေ ပြုလုပ်မယ် ဆိုပါက ထိုင်းစစ်တပ် ကို အကြောင်းကြား ခွင့်ပြုချက် ရယူရ မယ်ဆိုပြီး အကြောင်းကြား လာတယ်လို့ တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်တွေ က ပြောပါတယ်။

“အစည်းအဝေးလုပ်မယ် ဆိုရင် နေရာ၊ ပါဝင်မယ့် ပုဂ္ဂိုလ်၊ ဆွေးနွေးမယ့် ခေါင်းစဉ် စတာတွေကို စာနဲ့ရေးပြီး တင်၊ ခွင့်ပြုချက်ရမှ လုပ်ပါဆိုတဲ့ အကြောင်းကို ထိုင်းထောက်လှမ်းရေး အဖွဲ့တွေက တဆင့် အကြောင်းကြား လာပါတယ်” လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ အပြီး လက်နက် ဖြုတ်သိမ်းမည့် ကိစ္စအား UNFC ဒုဥက္ကဌ ငြင်းဆို

နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်း သွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ တဆင့် စကားကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ နိုင်ဟံသာ ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့ တွေ့ဆုံ ပွှဲ၌ ပြောဆို ခဲ့သည်ဟု သတင်း ဖေါ်ပြ ချက်သည် မှားယွင်းမှု ဖြစ်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက အောက်တိုဘာလ (၁၈) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

“သတင်းမီဒီယာ တွေက အဓိပ္ပါယ်ကောက် လွှဲမှား ရေးလိုက်တယ် လို့ပဲ ကျွန်တော် မြင်တယ်။ ဦးအောင်မင်း တို့နဲ့ တွေ့တုန်းက နိုင်ငံရေး အရ ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ လက်နက် စွန့်ရမယ်လို့ သမ္မတလဲ မပြော ပါဘူး။ ဦးအောင်မင်းလဲ မပြောပါဘူး”ဟု နိုင်ငံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။

Tuesday, November 18, 2014

UNA အဖွဲ့သို့ ဝင်ရောက်ရန် ကရင်အမျိုးသားပါတီ ဆုံးဖြတ်

(KIC)


ကရင်အမျိုးသား ပါတီ (KNP) အနေဖြင့် စည်းလုံး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA)သို့ ဝင် ရောက်ရန် နိုဝင် ဘာ ၁၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မရမ်းရွာရှိ၊ ပါတီဒုဥက္ကဌ အိမ်၌ ပြုလုပ်သည့် ပါတီဗဟိုကော်မတီ အစည်းအဝေး တွင် ဆုံးဖြတ်လိုက်ကြောင်း ပါတီ အထွေထွေ အတွင်း ရေးမှူး မန်းကျော်ငြိမ်း က ကေအိုင်စီသို့ ပြောသည်။

Monday, November 17, 2014

အိုဘားမား နေပြည်တော်ရောက်ရှိစဉ် သျှမ်းပြည်မြောက်ပိုင်း၌ ဗုံးများဆက်တိုက်ပေါက်ကွဲ

(သျှမ်းသံတော်ဆင့်)

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံရောက်ရှိစဉ် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း နိုဝင်ဘာ ၁၃ ရက် ညဦးပိုင်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြသည်ဟု ဒေသခံများကပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းတွင် အစိုးရ တပ်မတော် စစ်ကြောင်း စစ်ကားကြီး ၈ စီး စစ်သည်အင်အား ၃၀၀ ကျော် က မူစယ်၊ နမ့်ခမ်းမြို့နယ်အတွင်း သွားလာလှုပ်ရှားကြောင်း၊ ညနေပိုင်းတွင်မူ နမ့်ခမ်းမြို့အထွက် ဟိုနမ့်အသွားလမ်းတွင် ည ၈ နာရီ ခွဲလောက်တစ်ကြိမ်၊ ည ၉ နာရီကျော်အချိန်တွင် ကတ်မိန်းခမ်း အနီးတို့တွင် ဗုံးများပေါက်ခဲ့သည်ဟု ရပ်မိရပ်ဖ လုံးစိုင်းညွှန့်က ပြောသည်။

အမှန်တကယ် ငြိမ်းချမ်းရေးမရသေးကြောင်း တိုင်းရင်းလူမှုအဖွဲ့များ ရှင်းလင်းပြောဆို

(KIC)

ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလတွင် တိုင်းရင်းသားဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ပွဲများ ရှိနေဆဲဖြစ် သည့်အတွက် အမှန်တကယ် ငြိမ်းချမ်းရေးမရရှိသေးတဲ့အကြောင်းကို နိုင်ငံတကာသို့ သိစေလို၍ ကချင်၊ ကရင်၊ ရှမ်း တိုင်းရင်း သားများ ကိုယ်စားပြု လူမှုအဖွဲ့အစည်း ၃ဖွဲ့က နိုဝင်ဘာလ ၁၂ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၌ သွား ရောက်ရှင်းပြခဲ့သည်။

ခရစ်ယာန် ကရင်ဘုန်းတော်ကြီးတစ်ပါး လူမှုအဖွဲ့အစည်းများနှင့် မပတ်သက်ရန် သတိပေးခံရ

(KIC)

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင်တစ်ဦးဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဦးကျော်ရင်လမ်းရှိ၊ ခရစ်ယာန် ရိုမန်ကက်သလစ်ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော်(ဖာသာ) ဂျိုးဇက်သိန်းခင်ကို လူမှုအ ဖွဲ့အစည်းများနှင့် မပတ်သက်ရန် နိုဝင်ဘာ ၁၂ရက်နေ့တွင် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ခံဝန်လက်မှတ်ရေးထိုးခိုင်းကာ သတိပေးခဲ့ကြောင်း သိရသည်။

Tuesday, November 11, 2014

ဦးအောင်မင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့ နေပြည်တော်၌ တွေ့ဆုံ

(ဧရာဝတီ)

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရ ၀န်ကြီး ၄ ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ နေပြည်တော်တွင် ယနေ့ အလွတ်သဘော တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

Monday, November 10, 2014

ကရင့်အမျိုးသားညီလာခံ ကျင်းပရန် ကေအင်န်ယူ ဗဟိုကော်မတီ အစည်းအဝေး လုပ်မည်

(Mizzima)

သုံးလအတွင်း ကရင့်အမျိုးသားညီလာခံ ခေါ်ရန်အတွက် နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံး (KIO) က တောင်းဆို ထားသည့်အတိုင်း KNU ၏ ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ တတိယ အပတ်အတွင်း ပြုလုပ်သွားရန်ရှိသည်ဟု KNU ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် စောသမန်ထွန်းက မဇ္ဈိမကိုပြောသည်။

Friday, November 7, 2014

SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲ များတွင် ပြည်သူ့စစ် အင်အား တထောင်ကျော် ပါဝင်

(သျှမ်းသံတော်ဆင့်)


အောက် တိုဘာ လ အတွင်း သျှမ်းပြည် တပ်မတော် SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲများ တွင် အစိုးရ တပ်မတော် သည် သျှမ်းပြည်တောင် ပိုင်း/မြောက်ပိုင်း မှ ဌာနေပြည်သူ့ စစ်အင်အား ၁၀၀၀ ထက် မနည်း အသုံးပြု သည်ဟု ဆိုသည်။

လွယ်လင်ခရိုင်အတွင်း မိုင်းပွန်ဒေသခံ မိုင်းနင်းမိ တဦးသေဆုံးတဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လွယ်လင် ခရိုင် မိုင်းပွန် တိုက်နယ် အရှေ့ဘက် တွင် ထောင်မိုင်း တလုံးပေါက်ကွဲ ရာ ၂ ဦးဒဏ်ရာရရှိရာ ဒဏ်ရာပြင်း ထန်သည့် တဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ သို့အတွင်း လူနာ ဖြင့် ပို့ဆောင် ကုသစဉ်  နိုဝင်ဘာ ၂ ရက်နေ့က သေဆုံး သွားသည်ဟု ဒေသခံများကပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်းရေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

(KIC)

ဖက်ဒရယ်ပြည်ထောင် စုဖြစ်မှ ပြည် တွင်းငြိမ်းချမ်းရေး ရမည်ဖြစ်ကာ တိုင်းရင်းသား အားလုံး လက်ခံနိုင်မည်ဖြစ် ကြောင်း အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်း တွင်၊ ရန်ကုန် တိုင်း ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံ တိုင်းလမ်းမပေါ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Thursday, November 6, 2014

PNLO နှင့် အစိုးရတို့ နှစ်နှစ်ကျော် သဘောတူ ထားသည့် ဘိန်း ပပျောက်ရေး စီမံကိန်း အကောင်အထည် မဖော်နိုင်သေး

(ရွှေဟင်္သာသတင်းဌာန)



အစိုးရနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ နှစ်ဖက် အပစ်အခတ် ရပ်စဲစဉ် သဘော တူညီ ထားခဲ့သည့် မူးယစ် ဆေးဝါး တိုက်ဖျက်မှု လုပ်ငန်းစဉ် များအား အပစ်ရပ်ရေး လက်မှတ် ရေးထိုးပြီး နှစ်နှစ်ကျော် ကြာခဲ့ သည့်တိုင် အကောင်အထည် မဖော်နိုင် သေးကြောင်း PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ ၅ ရက်နေ့၌ ပြောကြားသည်။

Wednesday, November 5, 2014

ရှမ်းလက်နက်ကိုင်အင်အားစုများ အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေး

(DVB)

အစိုးရ တာဝန်ရှိသူတွေဟာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေနဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ အဖွဲ့တို့ကို အပစ်ခတ်ရပ်ရေးကိစ္စတွေနဲ့ ပတ် သက်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်နဲ့ ထိုင်းနိုင်ငံမှာ သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။

အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးစင်တာက ဦး လှမောင်ရွှေ ဦးဆောင်တဲ့ အဖွဲ့နဲ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံခဲ့တယ်လို့  အာစီအက်စ်အက်စ်  ပြောခွင့်ရ  ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

အပစ်ရပ် ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ရေး MPC တင်ပြထား

သျှမ်းသံတော်ဆင့်သတင်း 
 
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)မှ တာဝန်ရှိသူတို့ ပြုလုပ်သည့် လုပ်ငန်း အကြို ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ် ဆွေးနွေးပွဲကို ယခုလ အတွင်း ကျင်းပ နိုင်ရေး MPC ဘက်မှ တင်ပြ ထားသည်ဟု သတင်းရရှိသည်။

သို့သော်လည်း ယခုလအတွင်း ကျင်းပနိုင်ရေးကိုမူ် NCCT ဘက်မှ ယခုလ ၁၀ ရက်နေ့နောက်ပိုင်းမှ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြောသည်။

Tuesday, November 4, 2014

“ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်မှုပေးလို့ ရမလဲ”

(ဧရာဝတီ)

မွန်ပြည် နယ် ကျိုက်မရော မြို့နယ် ထဲမှာ ပြီးခဲ့တဲ့ လပိုင်း ကပဲ ဒီမိုကရေ စီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နဲ့ အစိုးရ စစ်တပ်တို့ အကြား တိုက် ပွဲဖြစ်ပွား ခဲ့သလို ကရင်ပြည်နယ် မြ၀တီမြို့ပေါ်မှာလည်း စစ်ရေး တင်းမာ မှုတွေဖြစ်ခဲ့ တာကြောင့် ဒေသခံတွေ အနေနဲ့ တိုက် ပွဲတွေကြောင့် စိုးရိမ် မှုတွေ ကြီးထွား ခဲ့ကြရပါ တယ်။

နောက်ဆက်တွဲအနေနဲ့လည်း ကျိုက်မရောမြို့က DKBA ကလို့ထူးဘော လက်နက်ကိုင် တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူး ဆန်းအောင်ကို ထုတ်ပယ်မှု ဖြစ်ပွားခဲ့ပါတယ်။

Monday, November 3, 2014

UPWC နှင့် SSPP တို့ နေပြည်တော်တွင်တွေ့ဆုံ ဆုံးဖြတ်ချက်မချရသေး

(သျှမ်းသံတော်ဆင့်)

အစိုးရနှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ ပူးတွဲ ဖွဲ့စည်းမည့် နယ်မြေ တည်ငြိမ် အေး ချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်မှု အဖွဲ့တွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် လူရိုသေ ရှင် ရိုသေရှိသည့် ပုဂ္ဂိုလ်များပါဝင် နိုင်ရန် SSPP/SSA က တင်ပြ ဆွေးနွေး ခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ကပြောသည်။