Saturday, January 24, 2015

မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ရဲ အား လုံခြုံရေးယူနေသော ရပ်ကွက်သားများဝိုင်းဝန်းဖမ်းဆီးရမိ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းဆာ ရပ်ကွက် ၌   ရပ်ကွက်လုံခြုံ ရေး အတွက်ကင်းလှည့်သောလူငယ် အဖွဲ့က ပြည်သူ့ရဲ တပ်သား တစ်ဦးနှင့် အပေါင်းပါတစ်ဦး တို့အား မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဂျန္နဝါရီ ၂၃ ရက် ယမန်နေ့ ၂၃း၃၀ နာရီခန့်တွင်   နမ့်ခမ်းမြို့ရဲတပ်ဖွဲ့မှ ရဲတပ်သား မောင်သိန်း ဌေးအောင် နှင့် ပေါက်နေရပ်ကွက်နေ စိုင်းထွန်းစံ(ခ)အိုက်တိန်းတို့အား ရပ်ကွက်လုံခြုံရေးလူငယ်များကဖမ်းဆီးလိုက်ခြင်းဖြစ် သည်။

တရုတ် ကုမ္မဏီမှ သိမ်းဆည်း ထားသော နမ္မတူ ဒေသခံ၏ လယ်မြေများ ပြသနာ သျှမ်းပြည်နယ် အစိုးရ မဖြေရှင်း ပေးနိုင်သေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်(မြောက်ပိုင်း)   နမ္မတူမြို့နယ် ၊ နားဆိုင်းကျေးရွာအုပ်စု တွင် တရုတ်လူမျိုးပိုင် (T&C) TOP CONQUER CO, Ltd မှ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နားဆိုင်းဒေသခံ တောင်သူလယ်သမားများ ထပ်မံတောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ တရပ်ကို တောင်ကြီးမြို့၊ Classic ခန်းမတွင် ဂျန္နဝါရီ ၂၄ ရက်နေ့က  ပြုလုပ်ခဲ့သည်။

တရုတ်လူမျိုးပိုင်  (စိုက်ပျိုးရေးနှင့် စက်မှုလက်မှုလုပ်ငန်း)  TOP CONQUER ကုမ္မဏီသည် ရာဘာစိုက် ပျိုးရေးစီမံ ကိန်းအတွက်၂၀၀၇ ခုနှစ်တွင် နားဆိုင်းကျေးရွာနှင့် ၂ မိုင်အကွာ မြေလွတ်မြေရိုင်းဧက(၁၅၀၀) တွင် လုပ်ကိုင်ခွင့်ရရှိခဲ့သညိဟုဆိုသော်လည်း ၄င်းကုမ္မဏီသည် အဆိုပါဒေသနှင့်တစ်ဆက်တည်းရှိ နားဆိုင်းဒေ သခံ များပိုင်ဆိုင်သော လယ်ယာမြေများပေါ် ကျူးကျော်ကာ ရာဘာစိုက်ပျိုး ခဲ့ကြောင်းသိရသည်။

Thursday, January 22, 2015

အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ပြန်စရန် စီစဉ်နေသော်လည်း ရက်အတိကျ မသတ်မှတ်နိုင်

(KIC)

တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ (UPWC)တို့အကြား (၇)ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြန်စနိုင်ရန် စီစဉ်နေသော် လည်း ရက်အတိအကျ သတ်မှတ်နိုင်ခြင်း မရှိခဲ့ဟု ဇန်န၀ါရီ ၂၁ နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ညှိနှိုင်းပွဲတွင် NCCT အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

Wednesday, January 21, 2015

သေနတ်မကိုင်ချင်တဲ့ ကရင်နီစစ်သား

(Irrawaddy)

သူ့နာမည်က ခူးရီဖဲ။ အသားညိုညို၊ ပိန်ပိန်ပါးပါးနှင့် စကားကို ခပ်တိုးတိုး ညင်ညင်သာသာ ပြောလေ့ရှိသည့် သူသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တယောက်လည်း ဖြစ်သည်။

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်းရှိ ဆောင်ဒူ ဆိုသည့် ရွာကလေးတွင် သူနှင့် ဆုံခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်၊ ဖရူဆိုမြို့၊ ထီးကလူဒေါ ကျေးရွာသည် သူ့ဇာတိ ချက်မြှုပ် ဖြစ်၏။ ထိုရွာ၌ မူလတန်းအောင်ကာ၊ ရွာနှင့် ၂ မိုင်ဝေးသော ဖရူဆိုမြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ သွား၍ တက်ရသည်။ 

Friday, January 16, 2015

လက်နက်ကြီးပစ်ခတ်မှု ကိစ္စ ဆွေးနွေးပြီးဖြစ်ကြောင်း ကယားဝန်ကြီးချုပ် ပြောကြား

(RFA)

ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာမှာ အမှတ် ၁၄ တန်းမြင့် သင်တန်းကျောင်းက လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေ တာကို စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်းဆွေးနွေးပြီးဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။


ဒီနေ့ ကျရောက်တဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာကျင်းပရာ ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီ့အခမ်းအနားမှာ ၀န်ကြီးချုပ်က လူထုအနေနဲ့ စိုးရိမ်မှုတွေမရှိကြဖို့ အခုလို ပြောဆိုခဲ့တာပါ။

Thursday, January 15, 2015

တိုင်းရင်းသားလူမျိုးတိုင်း စစ်ရေးအရ စုစည်းညီညွတ်မှုရှိရန် PSLF/TNLA တိုက်တွန်း

(KIC)

တိုင်းရင်းသားလူမျိုးတိုင်း၌ လက်နက်ကိုင်တပ်မတော် အင်အားရှိပြီး စစ်ရေးအရ စုစည်းညီညွတ်မှုရှိကြရန် ဇန်နဝါရီ ၁၂ရက်နေ့တွင် ကျရောက်သည့် ၅၂နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က သဘောထားထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။

Thursday, January 8, 2015

မူးယစ်ဆေးဝါးကြောင့် ပိတ်ထားသော ကုန်သွယ်ရေးစခန်း ‘၀’ တပ်ဖွဲ့ ပြန်လည် ဖွင့်လှစ်

(ဧရာဝတီ)

မူးယစ်ဆေးဝါး ကုန်သွယ် မှုနှင့် ဆက်စပ်နေ၍ မြန်မာအစိုးရက ပိတ်သိမ်းထား သည့် ပုံပါကျင် ကုန်သွယ်ရေး စခန်းကို ‘၀’ ပြည်သွေး စည်း ညီညွတ်ရေး တပ်မတော် (UWSA) က  ပြန်လည် ဖွင့်လှစ် လိုက်ပြီဟု ဒေသခံများက ပြောသည်။

ပုံပါကျင် ကုန်သွယ်ရေးစခန်းသည် မြန်မာ-ထိုင်း နယ်စပ်အနီး တာချီလိတ်မြို့၏ အရှေ့ မြောက်ဘက် ၄၄ မိုင်ခန့် အကွာ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် UWSA က ထိန်းချုပ်ထားသည်။ 

စိတ်မနှံ့ရွာသားပစ်သတ်ခံရမှု အစိုးရစစ်သားကို အရေးယူပေးရန် တောင်းဆို

(DVB)

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ၀မ်ထင်ကျေးရွာ မှာ  အစိုးရ တပ်ဖွဲ့ဝင်တွေ က စိတ်မနှံ့တဲ့ ရွာသားတဦး ကို မိဘတွေရှေ့မှာ ပစ်သတ်ခဲ့ တာနဲ့ ပတ်သက်ပြီး စစ်ဆေး အရေး ယူပေးဖို့ ရှမ်း လူ့အခွင့်အရေး အဖွဲ့က ဇန်န၀ါရီလ ၇ ရက်နေ့ နေ့စွဲ နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကို တောင်းဆို လိုက်ပါတယ်။

အသက် ၃၂ နှစ်ရွယ်ရှိ ၀မ်ထင်ရွာသား စိုင်းဆမ်တစ်ကို ခလရ ၅၇၁ လက်အောက်ခံ အစိုးရတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန် သူနေတဲ့အိမ်မှာ ပစ်သတ်ခဲ့ကြောင်း  မိဘတွေက ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကို  တိုင်ကြားထားပါတယ်။

ဇင်းမယ်မြို့က မြန်မာအမျိုးသား လိင်လုပ်သားများ

(ဧရာဝတီ)

ဇင်းမယ်မြို့ ထဲက လမ်းသွယ်လေး တခုထဲ ကို ဝင်လိုက် တယ် ဆိုရင်ပဲ မှိန်ဖျော့ဖျော့ ထွန်းထား တဲ့ နီကြင်ကြင် မီးရောင်တွေ အောက်က တံခါးဝရှေ့မှာ အနောက် တိုင်း ဝတ်စုံဝတ် ထား တဲ့ အာရှသား ဧည့်ကြို တယောက် က နှစ်လိုဖွယ် အပြုံးနဲ့ ဦးညွှတ်ပြီး အရိုအသေပေးပါတယ်။

ဧည့်ကြိုက ဝင်ပေါက်တံခါးကို တွန်းဖွင့်ပြီး အထဲကို ဝင်ဖို့ လက်ပြလမ်းညွှန် လိုက်ပါတယ်။ တံခါးအတွင်းကို ဝင်လိုက်တာနဲ့ အပေါ်ထပ်ကနေ လွင့်ပျံ့လာတဲ့ ဒစ္စကိုတီးလုံးသံတွေက ဝင်လာတဲ့ ဧည့်သည်တွေရဲ့ ရင်ဘတ်ကို ပဲ့တင်ရိုက်ခတ်မှုနဲ့ ကြိုဆိုနေပါတယ်။

ဒစ္စကိုတီးလုံးသံတွေ တဒိန်းဒိန်း လွင့်ပျံ့နေတဲ့ အခန်းကြီးထဲမှာတော့ မှိန်ပျပျ ရောင်စုံမီးလုံးတွေနဲ့ တဖျပ်ဖျပ်လက်နေ တဲ့ စပေါ့လိုက်မီးတွေ အောက်က စတိတ်စင်ကြီးပေါ်မှာ ခန္ဓာကိုယ်တခုလုံး အတွင်းခံ ဘောင်းဘီအဖြူ တထည်တည်းကိုသာ ဆင်တူဝတ် ဆင်ထားတဲ့ လူငယ် အယောက် ၂၀ လောက်ဟာ သံစဉ်တွေနဲ့အတူ တန်းစီပြီး စည်းချက်ညီညီ ကနေ ကြပါတယ်။

Wednesday, January 7, 2015

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးတွင် စိတ်ရောကိုယ်ပါဆောင်ရွက်ရန် မွန်ပြည်သစ်တိုက်တွန်း

လွတ်လပ်သော မွန်သတင်းအေဂျင်စီ 
 
မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားများနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးကို အလွန်လိုလားလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းများဖော်ဆောင်ရာတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ပါရန် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်က သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့မှ ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့ နံနက် (၉) နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-2) ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အခမ်းအနားတက်ရောက်သူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်ခေါင်းဆောင် နိုင်ဟံသာဗိန်ခိုင်းက IMNA သို့ ပြောသည်။

Tuesday, January 6, 2015

စစ်ရေးတင်းမာမှုဖြစ်ပွားရာ သျှမ်း/တောင် မိုင်းပန်တွင် ဒေသခံတဦးပျောက်ဆုံးနေ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ စစ်ရေးတင်းမာမှုဖြစ်ပွား လျှက်ရှိသော သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်မှ ဒေသခံတဦးပျောက်ဆုံးနေသည်မှာ ရက် ၂၀ ခန့်ရှိတော့မည်ဖြစ်သော်လည်း ရှာမတွေ့သေးကြောင်း  ဒေသခံများကပြောသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့ ဝိန်းမိုင်ရပ်ကွက်နေ စိုင်းလောဝ်ခမ်း (၃၃) နှစ်သည် ဒီဇင်ဘာ ၂၀ ရက် နေ့က  မိုင်းပန်မြို့မှ တောင်ဘက် ၁၆ မိုင်ခန့်ရှိ နောင်လုံ(မ်) ကျေးရွာဘက် စပါးကောက်၍ အပြန် လမ်းခုလတ်၌ ပျောက်ဆုံးသွားသည်မှာ ယနေ့တိုင် ရှာဖွေတွေ့ရှိခြင်းမရှိဟု မိသားစုဝင်တဦးက ဤကဲ့သို့ပြောသည်။