Thursday, March 12, 2015

အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ ကော့ကရိတ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွား

(KIC)

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) နှင့် မြန်မာအစိုးရ စစ်တပ် တို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၄)မိုင် ခန့်အကွာရှိ ရွာသစ်ကျေးရွာ အပြင်ဘက်၌ ယနေ့မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြောင်လျှာကုန်းရွာနှင့် ရွာသစ်ရွာတို့တွင် တပ်စွဲထားသည့် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁)တပ်ရင်းနှင့် DKBA ကလို့ထူးဝါးကွပ်ကဲရေး လက်အောက်ရှိ (၉၀၇)တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု DKBA ဘက်က ပြောသည်။