Friday, May 8, 2015

သျှမ်းပြည်နယ်ကနေ ၀ တကယ်ခွဲထွက်တော့မှာလား

(သျှမ်းသံတော်ဆင့်)

မေ ၁ - ၆ ရက်နေ့ အထိ ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ကမကထပြု၊ ကချင်လွတ်လပ် ရေး တပ်မတော်နဲ့ မိုင်းလားတပ်မတော်တို့ ကူညီ ပံ့ပိုးမှု နဲ့ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်း မြို့မှာ တိုင်း ရင်းသားလက်နက် ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ စုံညီတဲ့ ညီလာခံ တရပ် ကျင်းပ ကြပါတယ်။ အိမ်ရှင် ၀ တပ်ဖွဲ့က ကိုယ်ပိုင် ပြည်နယ် ထူထောင်နိုင် ရေးအတွက် ထောက်ခံ မှုရဖို့ ညီလာခံလက်ခံကျင်းပ ရခြင်းရဲ့ ရည်ရွယ်ချက် များ ထဲက အဓိကထဲက တခုပါဝင်ပါတယ်။

ညီလာခံ ပထမ နေ့ အဖွင့်မိန့်ခွန်းမှာဘဲ ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းက ၂၀၀၈ ဖွဲ့စည်း ပုံအရ ရှမ်းပြည် အရှေ့ပိုင်း ဟိုပန်ခရိုင်အတွင်း ၃ မြို့နယ်၊ မက်မန်းခရိုင်အတွင်း သုံးမြို့နယ် ကို စုစည်းပြီး ၀ ကိုယ်ပိုင် အုပ်ချုပ်ရတိုင်းအဖြစ် သတ်မှတ်ပေးထားတဲ့အဆင့် ကို တက်ပြီး ပြည်နယ် အဆင့် သတ်မှတ်ပေးဖို့ နေပြည်တော်အစိုးရထံ ၀ တပ်ဖွဲ့ တင်ပြ တောင်းဆိုရင် ထောက်ခံ အသိ အမှတ်ပြုပေးဖို့ ပန်ဆန်းရောက် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ ရဲ့ ကိုယ်စား လှယ် တွေထံ ၀ ခေါင်းဆောင် ပေါက်ယူချန်းက တောင်း ဆိုလိုက်ပါတယ်။

NCCT နှင့် UPWC တို့၏ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမူကြမ်း ၀ တပ်ဖွဲ့လက်မခံ

(သျှမ်းသံတော်ဆင့်)

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ် ပန်ဆန်းမြို့တွင် ၅ ရက်ကြာ ကျင်းပ သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံ၌ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမူကြမ်းကို လက်မခံနိုင်ကြောင်း ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက ပြောဆို လိုက်ပါသည်။

မေလ ၁ ရက်နေ့ မှ  ၆ ရက်နေ့ အထိ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၅ ရက် အစည်း အဝေးတွင် ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက မိန့်ခွန်းပြောကြားရာ၌ ထိုသို့ပြောဆို လိုက်ခြင်းဖြစ်ပါသည်။

Tuesday, May 5, 2015

ကေအင်န်ယူ နယ်မြေတွင်း ဗုံးကြဲခံရမှု ကေအင်န်ယူ စုံစမ်းစစ်ဆေးနေပြီ

(Mizzima)

 တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၂ ဌာနချုပ်မှ ရှစ်မိုင် အကွာတွင် တပ်မတော် လေတပ်က ဧပြီ ၂၉၊ ၃၀ရက်များတွင် ဗုံး သုံးလုံးကြဲခဲ့သည့်အတွက် KNU ဘက်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု KNU တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက မဇ္ဈိမကို ပြောသည်။
အစိုးရ စစ်တပ်က ဗုံးကြဲမှုနှင့် ပတ်သက်၍ KNU ကို တရားဝင် အကြောင်းပြန်ကြားခြင်း မရှိသည့်ပြင် ဗုံးကြဲသည်မှာ မဟုတ်ဟု သတင်းဌာနအချို့ကို ဖြေကြားထားသည်များ ရှိနေ၍ KNUက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပဒိုစောသောသီဘွဲက မဇ္ဈိမကို ပြောသည်။