Wednesday, February 4, 2015

TNLA နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွားရာမှ မြန်မာတပ်မတော်မှ အထိနာသဖြင့် တိုက်ခိုက်ရေးလေယာဉ် (၃)စီး လာရောက် စစ်ကူပေး

ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၅ ခု ။

ယနေ့ မိုးကုတ်မြို့အနီး ပန်ထီလာရွာအနီးတွင် နံက် ၀၉း၄၅ မိနစ်ခန့်မှ စတင်ဖြစ်ပွား ခဲ့သော TNLA တအာင်း တပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲသည် ညနေ နေ၀င်မိုးချုပ် သည့်အထိ နှစ်ဘက် အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်နေလျက်ပြီး မြန်မာစစ်တပ်မှ အများအပြား ကျဆုံးသည့်အတွက် ညနေပိုင်း ၁၈း၀၀ နာရီခန့်တွင် တိုက်ခိုက်ရေး ဟယ်လီကော်ပတာလေယာဉ် (၃)စီးဖြင့် လာရောက် စစ်ကူပေးခဲ့သည်။

အဆိုပါ လေယာဉ် (၃)စီးအနက် (၂)စီးမှာ TNLA တပ်ရှိရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အခြားတစ်စီးမှာ ကုန်းဝိတ်လွယ်ဝိန်းရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တပြိုင်တည်းမှာပင် မိုးမိတ်လေယာဉ်ကွင်းသို့လည်း တိုက်ခိုက်ရေးဂျတ်လေယာဉ် (၃)စီး စစ်ကူပေးရန် လာရောက်ရပ်နားထားသည်။

ညနေ ၁၈း၀၀ နာရီမှ ၁၈း၃၀ အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညရီမှောင်လာသဖြင့် မိုးမိတ်မြို့သို့ သွားရောက်ရပ်နားခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားရာသို့ မိုးကုတ်အခြေစိုက်တပ်၊မိုးမိတ်အခြေစိုက်တပ်၊ မန္တလေးတောင်ခြေအခြေစိုက်တပ်များလည်း လာရောက် စစ်ကူပေးနေသည်။

ယခုသတင်းရေးသားတင်ပြသည့်အချိန်အထိ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။