Thursday, February 28, 2013

တိုင်းရင်းသားများ စုဖွဲ့မှုဖြင့် ဆက်လက်ဆွေးနွေးသွားရန် KNU လိုလား


ချင်းမိုင်(မဇ္စျိမ)။   ။ တိုင်းရင်းသားလူမျိုးများ စုပေါင်းခြင်းဖြင့် တူညီသော အခြေခံမူများနှင့်အညီ နိုင်ငံရေးဆွေးနွေး သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ဆိုသည်။

စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုဖြင့် တူညီသော အခြေခံမူများနှင့် အညီ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ပုံမှန် ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးအပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။

နယ်မြေ ရွှေ့ပြောင်းခိုင်း၍ SSA တောင်ပိုင်းနှင့် အစိုးရတပ်တို့ အခြေအနေ တင်းမာ

(ဧရာဝတီ)


ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းတပ်များ တပ်စွဲထားသည့် တောင်ကုန်း ၂ ခုကို အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်များက ယနေ့နောက်ဆုံး ထား၍ ရွှေ့ခိုင်းထားပြီး SSA တောင်ပိုင်းကလည်း ဖယ်မပေးနိုင်ခြင်းကြောင့် နှစ်ဘက် အခြေအနေ တင်းမာလျက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ရှိ လွိုင်လျန်းတောင်ကုန်းနှင့် မိုင်းထားမြို့နယ်ရှိ လွိုင်မို့နန်းလျန်း တောင်ကုန်းများပေါ်တွင် တပ်စွဲထားသော SSA တောင်ပိုင်း ရှေ့တန်းတပ်များကို ယင်းဒေသရှိ အစိုးရတပ်ဗျူဟာများက ယနေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် အကြောင်းကြားထားမှုကို ၎င်းတို့ဘက်က ငြင်းဆန်ထားခြင်းဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။

KNU လည်း ရာဇသံ အပေးခံ ရနိုင်ဖွယ်ရှိနေ


ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့သည် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးကို မပြုလုပ် နိုင်သရွေ့ အစိုးရ၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိနိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှုး ဗဒိုမန်းမန်းက ပြောပါသည်။

“ဘာမှ အတည်တကျ သဘော တူညီချက်တွေ မရရှိသေးတော့ တခြား တိုင်းရင်းသားတွေ ခံနေရသလို ကျနော်တို့ KNU အဖွဲ့ကလဲ အချိန်မရွေး အစိုးရရဲ့ ရာဇသံပေးခြင်းကို ခံရနိုင်ဖွယ် ရှိမှာဘဲ။ အဲတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ အောင် တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောနေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။

တိုက်ပွဲမှသိမ်းဆည်းရ အစိုးရတပ်လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော


သျှမ်းသံတော်ဆင့်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် မြန်မာအစိုးရ တပ်မ တော်အကြား ယခုအပတ်အတွင်းဖြစ်ပွါးခဲ့သောတိုက်ပွဲမှ သိမ်းဆည်း ရမိသော လက်နက်ပစ္စည်းများအား အစိုးရဘက်မှ ပြန်လိုချင်ပါက ပြန် လည်ပေးအပ်မည့်အစီအစဉ်ရှိကြောင်း သျှမ်းပြည်တပ်မတော်ကပြော ပါသည်။ 

“ ၂၄ ရက်နေ့က အစိုးရ ဗမာ့တပ်မတော်က ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ နယ်မြေထဲဝင်လာတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်တယ်။ သေ နတ် ၆ လက်နဲ့ ပစ္စတို ၂ လက် စကားပြောစက် ၁ လုံး ကျနော်တို့သိမ်း ဆည်း ရမိတယ်။ သူတို့ပြန်လို ချင်ရင် ပြန်ပေးအပ်ဖို့အစီအစဉ်ရှိပါတယ်။ သမ္မတကြီးဆီကိုလည်းတိုက်ပွဲဖြစ်ရတဲ့ အကြောင်းနဲ့ ပစ္စည်းရလိုရင် ပြန်လို ကြောင်း စာရေးထားပါတယ်” ဟု သျှမ်းပြည်တပ်မတော်မှ ပြော ခွင့်ရ စိုင်းဆိုင်မိဏ်း ကပြောပါသည်။

အစိုးရသစ်လက်ထက် သျှမ်း/အရှေ့ ဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ


သျှမ်းသံတော်ဆင့်
အစိုးရသစ်တက်လာသော်လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် အတွင်းဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေရဆဲဖြစ်သဖြင့် နိုင်ငံရေးပါတီ သို့မဟုတ် အပစ်ရပ်တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများ လာရောက်စိုက်ထားစေလိုကြောင်း ဒေသခံများကပြောပါသည်။

“ကျနော်တို့ဆီမှာအခုရင်ဆိုင်နေရတဲ့ပြဿနာက ၂ ခု ရှိတယ်။ ပထမတခုက ကျနော်တို့ရဲ့ အုပ်စုဥက္ကဌဟောင်းနဲ့ စစ်ဘက် ဆိုင်ရာ အာဏာပိုင်တွေပူးပေါင်းပြီး အကွက်ချ ရောင်းစားခဲ့တဲ့ ဒေသခံများရဲ့ လယ်ယာမြေတွေကို ပြန်လိုချင်တယ်။ နောက်တခုက ဒေသခံတွေ  ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စု သွားလာတာတောင်မှ ကြားမှာ အခွန် စောင့်ကောက်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိနေသေးတယ်။ ဒီပြဿနာ တွေကိုဖြေရှင်းပေးစေချင်လို့ သျှမ်းနိုင်ငံရေးပါတီတခုခု သို့မဟုတ် RCSS အပစ်ရပ်အဖွဲ့တွေကနေ ရုံးလာစိုက်စေချင်တာ” ဟု မိုင်းခတ်မြို့နယ်ခွဲ မိုင်းနုန်းအုပ်စုဒေသခံ လုံးစိုင်းက ပြောသည်။

Wednesday, February 27, 2013

SSPP/SSA နှင့် တိုက်ပွဲ အစိုးရတပ် ၃၀ ခန့်သေ


သျှမ်းသံတော်ဆင့်
 
 ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားရာမှာ အစိုးရတပ် ဘက် အယောက်သုံးဆယ် ထက်မနည်းသေဆုံးကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

“တိုက်ပွဲက ၂၂ ရက်နေ့တုန်းက တော်တော်ပြင်းထန်တယ်။ ၂၃ ရက်နေ့ တုန်းကတော့ ဒဏ်ရာရတဲ့လူတွေနဲ့ အလောင်းတွေကို  ပြန်ကောက်ကြ တယ်လေ။ ဗမာတပ်ဘက်က အယောက်သုံး ဆယ် ထက်မနည်းသေ တယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း ပြည်သူ့စစ်ခေါင်း ဆောင် တဦးက ပြောပါသည်။

Tuesday, February 26, 2013

RCSS/SSA အား ရာဇသံချိန်နှင့် တပြေးညီ တိုက်ခိုက်ခံရ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ (RCSS/SSA)အား ၄င်းတို့ တပ်စခန်း ၂ ခုမှ ဆုတ်ခွာသွားရန် အစိုးရ တပ်ဖွဲ့တို့က ဖိ အားပေး တိုက်ခိုက် နေသည်ဟု အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလောင်စိုင်းက ပြောပါသည်။

“ရှမ်းပြည် တောင်ပိုင်း မိုင်းတုံမြို့နယ်မှာ ရှိတဲ့ အရှေ့ အလယ်ပိုင်းတိုင်းရဲ့ အခြေချ စစ်ဗျူဟာ တခုနားပေါ့ဗျာ၊ အဲဒီနားမှာ ရှိတဲ့ မိုင်းထားမြို့နယ်ခွဲမှာ တနေရာ၊ ပြီးတော့ ဟိုမိန်မြို့နယ်ခွဲမှာ တနေရာ အဲဒီက ကျနော်တို့ စခန်း၂ခုကို ရုပ်သိမ်းပေးဖို့ မိုင်းထား ဗျူဟာမှူးက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မှာ စာဖြင့် အကြောင်းကြား ထားတယ်။ နှုတ်ဖြင့်နဲ့လဲ ပြောလာတယ်။ ပြော ပြီးတာနဲ့ နောက်နေ့ ဖေေါ်ဝါရီလ ၂၅ ရက်နေ့မှာ တပ်အင်အားနဲ့ လာပြီး စတင် တိုက်ခိုက်တော့တာပါဘဲ။” ဟု ဆိုပါသည်။

သမ္မတထံစာပို့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေဟု ရှမ်းတပ်ပြော


 (Democratic Voice of Burma)

အစိုး ရတပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေကြောင်း သမ္မတကို ဒုတိယအကြိမ် စာပို့ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ၁၉ ရက်နေ့က အစိုးရက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ထံ ဖေဖော်ဝရီ ၂၀ ရက်နေ့က တင်ပြခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်တာကြောင့် ၂၂ ရက်နေ့နေမှာ သမ္မတထံ ထပ်မံတင်ပြခဲ့ပြီးနောက်ပိုင်း တိုက်ပွဲရပ်စဲသွားတယ်လို့ ဆိုပါတယ်။

အစိုးရစစ်တပ်နှင့် SSPP/SSA တိုက်ပွဲများ ရပ်တန့်နေ



မြန်မာအစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မ တော် SSPP/SSA တို့အကြား ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ တိုက်ပွဲများ ရပ်တန့်နေကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ်မှ ၀င်ရောက်တိုက် ခိုက်နေမှုများအား ရပ်စဲပေးရန် SSPP/ SSA မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်း ဇော်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၂ ရက်နေ့များက တရားဝင် အကြောင်းကြားစာများ ပေးပို့ ပြောဆိုခဲ့ သည်။

Monday, February 25, 2013

တိုက်ပွဲရပ်ရန် သမ္မတ ညွှန်ကြားသော်လည်း SSPP/SSA နယ်မြေ၌ တိုက်ပွဲဆက်ဖြစ်နေဆဲ


သျှမ်းသံတော်ဆင့်

ယခင်အပတ်က စတင်ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီနှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက် ပွဲများရပ်တန့်ရန် စနေနေ့ကသမ္မတ ထပ်ညွှန်ကြားသော်လည်း တိုက်ပွဲ ကြိုကြားဖြစ်နေ သေးကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်ကဆိုပါသည်။

ဖေဖော်ဝါရီလ ၂၃ ရက် သမ္မတကြီးထံ SSPP/SSA မှ အချက် ၆ ချက်ပါ စာတစောင်ပေးပို့လိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရ ၏ စစ်တပ်များ တပ် ဆုတ်မည့်ဟန်ဖြင့် လှုပ်ရှားနေသော်လည်း တကယ်တပ်ဆုတ်မည့်ဟန် မဟုတ်ဘဲ စစ်ရေးဗျူဟာအရ မျက်လှည့်နေခြင်းဖြစ်နိုင်ကြောင်း သျှမ်း ပြည်တိုးတက်ရေးပါတီမှ အကြီးအကဲတဦးကပြောသည်။

ဆွေးနွေးပွဲများတွင် အကြီးတန်း စစ်ဘက် အရာရှိများ စေလွှတ်ပေးရန် KNU တောင်းဆို

(Mizzima)


ကရင်အမျိုးသား အစည်းအရုံး (KNU)က အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ် ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် KNU နှင့် အစိုးရအကြား အစည်းအဝေး တခု ကျင်းပခဲ့ပြီး KNU ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ အစိုးရဘက်မှ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။

Friday, February 22, 2013

(၅) ကြိမ်မြောက် ရာဇသံ နှင့် အတူ SSPP/SSA ဒေသ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ


အဲာပိုန် ဖေဖော်ဝါရီလ ၂၂ ၊ ရွှေဟသာင်္ သတင်းဌာန

စစ်ရာဇသံ (၄) ကြိမ် ပေး ခံရပြီး ယခု (၅) ကြိမ် မြောက် အဖြစ် SSPP/SSA ၏ လွယ်လန်းရှိ တပ်ရင်း (၁၉၂) အား ဖယ်ရှား ပေးရန် ယမာန် နေ့က အရှေ့မြောက် ပိုင်းတိုင်းမှ ဗိုလ်မှူးကြီး ကိုယ်တိုင် ထပ်မံ ရာဇသံ ပေးလာ ခြင်းနှင့် အတူ ယနေ့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ပြောသည်။

မနေ့ည (၈) နာရီ အချိန်မှာ ရမခ တိုင်းက ကာနယ်ကြီး ကျနော်တို့ လာရှိုး မြို့ပေါ်မှာ ရှိတဲ့ ဆက်ဆံ ရေးရုံး တာဝန် ခံကို လာရောက်ပြီး တပ်စခန်း ဖယ်ပေးဖို့ ရာဇသံ ပေးသွား ခဲ့တယ်၊ ဒီနေ့ မနက် (၆) နာရီခွဲမှာ အဲဒီ လွယ်လန်း ကျွှန်တော်တို့ တပ်စခန်းကို အစိုးရ တပ်ဖွဲ့က လာရောက် တိုက်ခိုက် နေတယ်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။

စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေး ရေးကို တံခါး ဖွင့်ထားဟု ပလောင် (တအာင်း) အဖွဲ့ ပြောကြား


ရွှေဟင်္သာ သတင်းဌာန ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ။

မြန်မာ အစိုးရ ဘက်မှ လေးနက် စစ်မှန်သော ယုံကြည် မှုဖြင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် ဖိတ်ခေါ် ဆွေးနွေး မှုများ ပြုလုပ် လာမည် ဆိုပါကာ တံခါးဖွင့် ထားကာ လက်ခံ ကြိုဆို သွားရန် အသင့် ရှိကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးမှ ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

ဗမာ အစိုးရ ဘက်က တစ်ကယ် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆန္ဒ ရှိတယ် လုပ်မယ် ဆိုရင်တော့ ကျွှန်တော်တို့ ဘက်က ကျွှန်တော်တို့ သဘော ထားကို အမြဲတမ်း ကြေငြာ ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမြဲတမ်း လက်ကမ်း ကြိုဆို ပါတယ်ဟု ပြောခွင့် ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။

SSPP/SSA နှင့်အစိုးရစစ်တပ်ကြား ယနေ့ တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်


သျှမ်းသံတော်ဆင့်
 
 ယနေ့မနက်ပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း SSPP/SSA နှင့်အစိုးရစစ်တပ်ကြား တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွါးနေပြီး ရလခ တိုင်းဘက်မ စစ်ယာဉ်တန်းများလည်း မိုင်းရှူးဘက်သို့ ထပ်တက်သွားသည်ကို တွေ့ရကြောင်း သျှမ်းပြည်တပ်မတော် SSPP/ SSA ကပြောပါသည်။

“ဒီနေ့မနက်ပိုင်း ၆ နာရီခွဲလောက်ကစပြီး ပစ်ခတ်တိုက်ခိုက်နေကြတယ်။ လွယ်လန်းထဲမှာဘဲ။ ခု မွန်းလွဲ ၂ နာရီအထိ ဖြစ်နေတယ်။ မရပ်သေးဘူး။ မနေ့ကတော့ ညနေပိုင်း ထပ်မံပစ်ခတ်တာ မရှိဘူး။ မြန်မာဘက်က အလောင်းတွေ လာသယ် ထုတ်နေတာ တွေ့တယ်။ ခန့်မှန်းထားတာ ထက် ပိုများမယ်လို့တော့ ထင်တာဘဲ။ ဘယ်လောက်ကျတယ်တော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲ” ဟု သျှမ်းပြည်တိုးတက်ရေး ပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။

SSPP/SSA တပ်ရုပ်ပေးခြင်းမရှိက ထပ်တိုက်မည်ဟု အစိုးရတပ်ညွှန်ကြား



နှစ်ရက်အတွင်း အစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA  တို့အကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး သည့် နောက် တပ်စခန်းမဖယ်ပေးပါက ထပ်တိုက်မည်ဟု အစိုးရ တပ်မှ ထပ်မံ ညွှန်ကြားလာကြောင်း ရှေ့တန်း ရောက် SSPP/SSA တပ်မှူးတဦးကပြောပါသည်။

“အခု တိုက်ဖို့ နှစ်ဘက်စလုံးအဆင်သင့်ဘဲ။ သူတို့လဲတက်မလာဘူး။ ကျနော်တို့လဲ ဖယ်မပေးနိုင်ဘူးလေ။ ဒါကျနော်တို့နယ်မြေပဲ။ ကျနော်တို့ဘက်က ဖယ်ပေးရတဲ့ပုံစံမျိုး အတင်းဘဲ ထပ်ပြောလာတယ်။ ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မရှိဘူး။ ဒါပေမယ့် မဖယ်ပေးရင်တိုက်ယူမယ်ဆိုပဲ။ ထပ်တက်လာရင်လဲ ထပ်ပစ်ဖို့ဘဲရှိတယ်။ ဖယ်ဖို့ အစီအစဉ် တော့မရှိဘူး” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

Wednesday, February 20, 2013

အပစ်ရပ် သဘော တူညီမှု မပျက်ပြယ်ရေး RCSS/SSA နှင့် ဦးအောင်မင်းတို့ ဆွေးနွေးခဲ့


ရွှေဟသာင်္ သတင်းဌာန။


ရယူ ထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက်ကို မပျက်စီး စေရန် နှစ်ဖက် စလုံး ထိန်းသိမ်း လုပ်ဆောင် ကြရန် အတွက် ရှမ်းပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ RCSS နှင့် ဦးအောင်မင်းတို့ ယမာန်နေ့ (ဖေဖော်ဝါရီ ၁၉) ရက်နေ့၌ ထိုင်းနိုင်ငံ၊ ဇင်းမယ် မြို့တွင် အလွတ် သဘော တွေ့ဆုံ ခဲ့ကြစဉ် ဦးအောင်မင်းက ပြောကြား သွားသည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

“နှစ်ဖက် ရယူ ထားတဲ့ အပစ် အခတ် ရပ်စဲရေး သဘော တူညီ ချက်ကို မဖျက် လိုက်ဖို့ ပြောတယ်။ နောက်ထပ် တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်း နေကြဖို့ သူ (ဦးအောင်မင်း) က ပြောတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်မှ ပြောသည်။

အစိုးရတပ်အင်အားဖြည့်တိုက်ခိုက်မှု ငြိမ်းချမ်းရေးထိခိုက်နိုင်ဟု SSPP/SSA ဆို


သျှမ်းသံတော်ဆင့်
 
ယခုတပတ်အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းဘက်သို့ အစိုးရတပ် များ ဦးတည်နေပြီး နောက်ပိုင်း ယမန်နေ့ နှင့် ယနေ့အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးထိခိုက် လာ နိုင်သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်း လ ကပြောပါသည်။

“တန့်ယန်း- မိုင်ကောင်ဝ်ကြားက ကျနော်တို့လှုပ်ရှားတဲ့ဘက်ကို မြန်မာ အစိုးရစစ်ကြောင်းတွေ ဝင်လာပြီး ကျနော်တို့ကို ပစ်ခတ်တယ်။ မနေ့ည နေ ၃ နာရီကနေ ၅ နာရီအထိ မိုင်းကောင်ဝ်အရှေ့ဘက် ၆ မိုင်အကွာမှာ တကြိမ်၊ ဒီနေ့မနက် ၁၀ နာရီ ခွဲကနေ နေ့ခင်းထမင်းစားချိန်အထိ လွယ် လန်းမှာ ပစ်ခတ်နေတုန်းဘဲ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။

SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ နှစ်ရက်ဆက်တိုက် ပြန်လည်ဖြစ်ပွား

(Mizzima)


ရှမ်းပြည် တပ်မတော် မြောက်ပိုင်းဟု လူသိ များသည့် SSPP/SSA တပ်နှင့် အစိုးရ တပ်တို့အကြား ဖေဖော်ဝါရီ (၁၉) နှင့် (၂၀) ရက်နေ့ နှစ်ရက် ဆက်တိုက်ပင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရ သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။

 “ ခရမ ၃၂၂ က လောက်ကိုင် ကိုးကန့်ဘက်က တပ်လေ ၊ ဒီဂွင် မှာတော့ ကျွန်တော်တို့ တပ်ဖွဲ့ အပြင် အစိုးရရဲ့ အမြဲတမ်း တပ်ရော ဒေသ တပ်ရော လှုပ်ရှားတာ မရှိ ဘူးလေ၊ စစ်ရေး အင်အားကြီး ပြီးတော့ ထင်တိုင်း လုပ်နေတဲ့ သဘော သက်ရောက် နေတယ်၊ တိုက်ပွဲ ဘာ ကြောင့် ဖြစ်တာလဲ ဆိုတဲ့ အဓိက အချက်ကိုတော့ ကျွန်တော်တို့ ဘက်က ပြန်လည် သုံးသပ် နေတယ်၊” ဟု ဗိုလ်မှူး စိုင်းလမှ မဇ္ဈိမအား ပြောကြားခဲ့သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်ပေါ်တဲ့ ဆွေးနွေးမှုမှန် သမျှကိုထောက်ခံကြောင်း - SNLD ပြော (SNLD ပြောခွင့်ရ ပုဂ္ဂိုလ်နှင့် ဆက်သွယ်မေး မြန်းခန်း)


သျှမ်းသံတော်ဆင့်

ညီညွှတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ဟာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ်  ဖို့ အကြိုဆွေးနွေး ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ လုပ်မယ်လို့ UNFC အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီဝင်တွေကပြောကြောင်း သတင်းတွေ ထွက် ပေါ်နေပါတယ်။  ဒီကြားထဲမှာ ဒီအခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်နေ တယ်လို့လဲ သတင်းတွေထွက်ပေါ်နေပါတယ်။ SNLD ရဲ့သဘောထား အစစ်အမှန်သိ ရအောင်လို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို   သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။    ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကြားသိရပါ တယ်။ SNLD အနေနဲ့ ဘယ်လိုသုံးသပ်ပြော ဆိုလို ပါသလဲ။

ဖြေ။    ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကျနော်တို့လည်း ကြားသိရပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ် သက်ပြီး ကျနော်တို့ အနေနဲ့ အရေးတယူနဲ့ ဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးခဲ့တာမျိုး တစုံ တရာမရှိခဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန်သမျှကို ကျနော်တို့ ကြိုဆို ထောက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။ ဒါပေမယ့် အဲလိုတွေ့ဆုံ ဆွေးနွေးခွင့်ဟာ နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝ ပြီးတော့ မှ ပွင့်လင်းမြင်သာမှု ရှိဖို့ ဘဲလိုအပ်ပါတယ်။

SSPP/SSA ဌာနချုပ်ဘက်သို့ ရလခတိုင်းမှ စစ်အင်အား ပို့ဆောင်နေ


သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း ရလခတိုင်းမှ စကခ ၂ နှင့် သျှမ်းပြည်တောင်ပိုင်း စကခ ၁၇ လက်အောက်ခံတပ်ရင်းများမှ စစ်ယာဉ် တန်းများ သျှမ်းပြည် တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဘက်သို့ တက်သွားကြောင်း ဒေသခံ ရွာသားများပြောပြချက်အရသိရသည်။
“တမြန်နေ့က လင်းခေးအခြေစိုက် ခမရ ၅၂၅ က စစ်ယာဉ်တန်း မိုင်းနောင် ဘက်တက်သွားတယ်။ မိုင်းနောင်အလွန်မှာယာဉ် တန်းရပ်ပြီး ဝမ့်ဟိုင်းဘက်ခြေကျင်နဲ့တက်သွားကြတယ်လို့ မိုင်းနောင်က လူတွေ ပြောတယ်။ ယာဉ်တန်းတချို့ မိုင်းအောတ် ဘက်ဆက်တက်သွားတယ် ပြောတယ်။ မနေ့ကမနက်ဘဲ ယာဉ်တန်း ၄-၅ စီးမိုင်းနောင်ကနေ ပြန် ထွက်လာတာ တွေ့ရတယ် ” ဟု မျက်မြင်ဒေသခံ စိုင်းဆမ်က သျှမ်း သံတော်ဆင့် အား ပြောပြသည်။

ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံတပ်ရင်းများမှလည်း စစ်ယာဉ်တန်း ၈ စီး ဆင်းလာရာ  ခိုင်းဆင်မ် တွင် ခေတ္တနားခဲ့သေး ကြောင်း၊ တစီးလျင် အင်အား ၃၀ ထက်မနည်းတင်ဆောင်လာကြောင်း သီပေါဒေသခံများကပြောသည်။

အစိုးရတပ်နဲ့ အပစ်ရပ် SSA မြောက်ပိုင်း တိုက်ပွဲဖြစ်


19.02.2013 (VOA)
အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရ စစ်တပ်အကြား ဒီကနေ့ ညနေပိုင်း ၃နာရီကျော်က တိုက်ပွဲတွေ ပြန်လည် စတင် ဖြစ်ပွားနေပြီး၊ ညနေ ၅ နာရီခွဲလောက်အထိ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ SSA မြောက်ပိုင်း ရဲ့ ပြောရေး ဆို ခွင့်ရှိ သူက ပြောပါတယ်။

လတ်တလော ပြန်လည် စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိုင်းရှုးမြို့နယ် အတွင်းက ကျေးရွာ ၁၀ ရွာလောက်ဟာ မိုင်းကောင်မြို့ကို တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

Tuesday, February 19, 2013

တိုက်ပွဲ မဖော်ရန် တအာင်းတပ် ညွန်ကြားထား ၊ ရှမ်းပြည်၌ စစ်ရေး ဖြည့်တင်းမှု များနေ


ရွှေဟသာင်္ သတင်းဌာန

နက်ဖြန် (ဖေဖော်ဝါရီ ၂၀) ရက်နေ့၌ UNFC ငြိမ်းချမ်းရေး အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲ ရှိသဖြင့် ယခု ရက်ပိုင်း များအတွင်း တိုက်ပွဲများ မဖော်ဆောင် ကြရန် တပ်စခန်း အသီးသီး များသို့ အမိန့်ပေး ထားပြီ ဖြစ်ကြောင်း အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော်က ဆိုပါသည်။

 “ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ကတည်းက အမိန့် ထုတ်ပြန် ထားပြီး ဖြစ်တယ်။ ကျနော်တို့ ဘက်က တွေ့ဆုံ ဆွေးနွေးမှု ရှိတဲ့ အချိန်မှာ တိုက်ပွဲ မဖော် ဖို့တော့ ညွှန်ကြား ထားတယ်၊ ဒါပေမယ့်လည်း စိုးရိမ် နေတာက အစိုးရ ဘက်က ကွတ်ခိုင် မြို့ဘက်မှာ တပ်အင်အား စစ်ကား စီး (၃၀) နဲ့ ထပ်ရောက် လာပြီး အင်အား ဖြည့်တင်း မှုတွေ ရှိနေတော့ အခြေ အနေတွေ တစ်မျိုး ဖြစ်မှာ စိုးရိမ် နေတယ်ဟု တာဘုန်းကျော်မှ ဆိုပါသည်။

Monday, February 18, 2013

ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ် (အင်တာဗျူး)


(နိရဉ္စရာ)



၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြှောက် ပြည်ထောင်စုနေ့ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေက ရန်ကုန်မြို့ တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။ တိုင်ရင်းသားတွေ ဘာကြောင့် ပြည်ထောင်စုနေ့ကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာက ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။

ဦးလှစော- ဟုတ်ပါတယ်။ အဲဒီနေ့က ရန်ကုန်မှာ အခမ်းအနားတွေ များနေတဲ့အတွက် ကျွန်တော်တို့အတွက်သင့်တော်တဲ့ နေရာ တစ်ခုကိုရဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ခေါင်းဆောင်တချို့က နေပြည်တော်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်နေကြတယ်ဆိုတော့ အးလုံး ခေါင်းဆောင်တွေ ပါဝင် တက်ရောက်နိုင်အောင် ကျွန်တော်တို့က နောက်ဆုတ်လိုက်တာပါ။ အဓိက အကြောင်းတွေကတော့ ဒါတွေကြောင့်ပါဘဲ။ တခြားနိုင်ငံရေး ပြဿနာ အထွေအထူးမရှိပါ။

Thursday, February 14, 2013

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် တပ်ရင်း တရင်း နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား နယ်မြေစိုးမိုးရေး ကိစ္စကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း ဒေသအတွင်း သတင်းက ဆိုသည်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ် နမ့်လောဝ်းကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် တပ်ရင်း ၁၉၂ ထိန်း ချုပ်နယ်မြေအတွင်း အစိုးရတပ် ခလရ ၃၃ မှ လူအင်အား ၆၀ ခန့်ရှိ စစ်ကြောင်း တကြောင်းက ဝင်ရောက်လှုပ်ရှားရန်အတွက် အကြောင်း ကြားလာကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်မှ ခွင့်မပြုနိုင်သေးဟု ပြန်လည်ဖြေကြားကြောင်း၊ သို့သော် အစိုးရတပ်က ဂရုမစိုက်ဘဲ ဝင် ရောက်လှုပ်ရှားရာ  သျှမ်းပြည်တပ်မတော်၏ လုံခြုံရေးအရထောင်ထား သော မိုင်းဗုံးနှင့် ဝင်တိုးမိသောကြောင့် သေကြေဒဏ်ရာ ရသူ ၄ ယောက် ထက်မနည်းရှိခဲ့ကြောင်း - နီးစပ်သူများကပြောပါသည်။

မတူကွဲပြားမှု နဲ့ စည်းလုံးညီညွတ်ရေး


13.02.2013 (VOA)
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မတူကွဲပြားမှုကို အခြေခံသော စည်းလုံးညီညွတ်ရေး Unity in Diversity ဆိုတဲ့ ပင်လုံရဲ့အခြေခံသဘောတရားကို ဘယ်လောက်အထိ ဖော်ဆောင်နိုင်ကြပြီလဲဆိုတာကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးလှထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်တို့ နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က လွတ်လပ်ရေးယူပြီးတော့ မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းကြမယ်ဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွတ်လပ်ရေးခေါင်းဆောင်တွေ အဓိကထား စဉ်းစားခဲ့ကြ ရယူခဲ့ကြတဲ့ မူဝါဒသဘောတရားကတော့ Unity in Diversity ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေအထဲမှာ စည်းလုံးညီညွတ်ရေး ဆိုတဲ့စကား ဖြစ်ပါတယ်။

Wednesday, February 13, 2013

အပစ်ရပ်ပြီးနောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်ဆောက်မှု များပြားလာ


ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
 ကရင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား အပစ်ခပ်ရပ်စဲရေး လက်မှတ်ရေးထိုး ကြပြီးနောက် ပိုင်း ပြည်နယ်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတား တည်ဆောက်မှုကို ပိုမိုလုပ်ဆောင် လာ ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်ကို ကေအိုင်စီမှ ယမန်နေ့က ဆက် သွယ်မေးမြန်းရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ(PSO) စောခေါင်ဖါထော့က “ဘားအံ – လှိုင်းဘွဲလမ်းမှာ တံတား (၄)စင်း၊ လှိုင်းဘွဲ – ပိုင်ကျုံမြို့နယ်ခွဲသွားတဲ့လမ်းမှာ တံတား (၄)စင်း၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှာရှိနေတဲ့ ၀ဘိုးတော – ကမမောင်းသွားတဲ့ လမ်းမှာ တံတား(၇)စင်းကို လက်ရှိ ဆောက်လုပ်နေပါတယ်။”ဟု ပြောသည်။

ဘိန်း တိုက်ဖျက်ရေး အစီစဉ်ကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့


ရွှေဟသာင်္သတင်းဌာန ဖေဖော်ဝါရီလ (၁၂) ရက်နေ့

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း (ပလောင်) ပြည်လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ က ယမာန်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှုးတာဘုန်းကျော်က ဆိုပါသည်။

“မနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့ ပန်းဆေးကျော်မြင့်ကုန်း အောက်မှာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျနော် တို့တပ်ဖွဲ့က ဘိန်းခင်းတွေ လိုက်ဖျက်နေတာ နမ့်ခမ်းမြို့အတက်မှာ အစိုးရ တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။” ဟု ဆို ပါသည်။

Tuesday, February 12, 2013

ဖက်ဒရယ်မူ၊ ရှစ်ပြည်နယ် ၂၀၀၈ ဖွဲ့စည်းပုံများနှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း


ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ပြည်ထောင်စု ပေါင်းစည်းရေး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ ၆၆ နှစ် တိုင်ခဲ့ပါပြီ။ ပင်လုံစာချုပ် လက်မှတ်ေ ရးထိုးပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့သော်လည်း တိုင်းရင်းသား နယ်မြေများတွင် သေနတ်သံများ မစဲသေးပါ။ ငြိမ်းချမ်း သာယာဝပြော စည်ပင်သည့် ပြည်ထောင်စုကြီး မတည်ဆောက်နိုင်သေးပါ။ ကမ်္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးကို ဆက်လက် ဆင်နွှဲနေသည့် မြန်မာနိုင်ငံ၏ အနေအထား၊ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ ရနံ့သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်ကို အောက်တွင် ဖော်ပြ အပ်ပါသည်။

Monday, February 11, 2013

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အမြင်များ


ဧရာဝတီ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံစာချုပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာကို အလေးအမြတ် ပြုပြီး ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်လာခဲ့တာ ယခုဆိုရင် ၆၆ နှစ်တိုင်ခဲ့ ပါပြီ။ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ ယခုနှစ် ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး နယ်ပယ် အသီးသီးက ဆက်သွယ်မေးမြန်းလို့ရသမျှ တိုင်း ရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားပြုသူများရဲ့ အမြင်ကို ဧရာဝတီ သတင်း ထောက် လင်းသန့်က စုစည်းထားပါတယ်။

ဒေါက်တာ တူးဂျာ
(တသီးပုဂ္ဂလ ကချင်နိုင်ငံရေးသမား)

“ပြည်ထောင်စု စစ်စစ် မတည်ဆောက်နိုင်သေးတဲ့ အချိန်ကာလတွေမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် လုပ်ပေမယ့် သူ့ရဲ့ အနှစ်သာရ အပြည့် အ၀ကို ပြည်သူတွေအနေနဲ့ မခံစားရဘူး။ ပြည်တွင်းစစ် ယမ်းငွေ့အနံ့တွေ က ထောင်းထောင်းထ ပျံ့လွင့်နေတဲ့ အချိန်ကာလမှာ မြို့ပေါ်က လူတွေ လောက်ပဲ ပြည်ထောင်စုနေ့ ကျင်းပတဲ့ နေရာတွေကို တက်နိုင်ပြီး ပါဝင် ဆင်နွှဲနိုင်တာ။ စစ်ဖြစ်ပွားနေတဲ့ တောဒေသတွေက လူတွေက ပြည် ထောင် စုနေ့တောင် ပါဝင်ဆင်နွှဲခွင့် မရဘူး။

KNU ခေါင်းဆောင်များနှင့် ဧရာဝတီတိုင်း ကရင်လူထု တွေ့ဆုံ

(ဧရာဝတီ)


ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် ဧရာဝတီ တိုင်းရှိ ကရင်လူထုတို့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်း ပန်းတနော်မြို့ အားကစားကွင်းတွင် တွေ့ဆုံကြကြောင်း သတင်းရရှိသည်။

ပန်းတနော်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကျင်းပသည့် အစိုးရနှင့် KNU အကြား ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ထောက်ခံ ပွဲတွင် တွေ့ဆုံခြင်းဖြစ်ပြီး၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ၊ ၀ါးခယ်မ၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များမှ ကရင်လူထု ၁ သောင်းနီးပါး တက် ရောက်သကဲ့သို့ KNU ဗဟိုကော်မတီမှလည်း ဖဒိုမန်းငြိမ်းမောင်၊ ဦးမန်း မန်း၊ ဖဒို သမိန်ထွန်းတို့ တက် ရောက်ကြသည်ဟု သိရသည်။

ဖဒိုမန်းငြိမ်းမောင်က “ကျနော်က ပန်းတနော်သားတယောက်ပါ။ ပထမ ဆုံးအကြိမ် ဧရာဝတီတိုင်းက ကိုယ့်အမျိုးတွေ၊ ညီအစ်ကို မောင်နှမတွေ ပြန်တွေ့ကြတဲ့ပွဲလေ။ ငြိမ်းချမ်းရေးကို ထောက်ခံကြတာတွေ့တော့ အရမ်းဝမ်းသာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော


သျှမ်းသံတော်ဆင့်

ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောပါသည်။
“ ၁၉၄၇ ပထမပင်လုံညီလာခံကြောင့် သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ရပိုင်ခွင့်တချို့ ဆုံးရှုံးရတယ်ဆိုပေမယ့် ကျနော် ကတော့  ပထမပင်လုံကို ဘဲ ဆက်လက်စွဲကိုင်ပြီးကြိုးစားသွားမယ်။ ဒုတိယပင်လုံ ညီလာခံဆိုတာ အခန့်မသင့်ရင် ကျန်တဲ့ရပိုင်ခွင့်တွေတောင်ထပ်မံဆုံးရှုံးသွားနိုင်ပါတယ် ” ဟု မကြာသေးခင်က ကျင်းပသော အစည်းအဝေး   တခု၌ပြောကြား ကြောင်း ဆိုပါသည်။

ယခင်က မလေးရှားနိုင်ငံအား Federated Malay States  ဟုခေါ်ဆိုသ ကဲ့ သို့ ထိုစဉ်က သျှမ်းပြည်နယ်ကိုလည်း Federated  Shan States ဟု အမည်တွင်ခဲ့သည်။  ထို့ကြောင့် မလေးရှားနိုင်ငံကဲ့သို့ အင်္ဂလိပ်လက် အောက်ဆက်လက်နေ သွားပါက ယခုပင်လျင် လွတ်လပ်သော နိုင်ငံတခု ဖြစ်နေပြီဟူသည်မှာ သျှမ်းခေါင်းဆောင်အချို့၏ယုံကြည်ချက်ဖြစ်သည်။

Friday, February 8, 2013

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

(ဧရာဝတီ)


သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံးကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

အစိုးရက လက်နက်ကိုင် အဖွဲ့အစည်းတိုင်းနှင့် ပါတီတိုင်းအား နိုင်ငံရေး ဆွေးနွေးရန် ကြိုဆို ကမ်းလှမ်းလာပြီ ဖြစ်သဖြင့် နိုင်ငံရေး ပြဿနာများအား ဝိုင်းဝန်းဖြေရှင်းကာ တိုင်းပြည်တိုးတက်ရေးအတွက် စည်းလုံးညီညွှတ်စွာဖြင့် လုပ်ဆောင်ကြရန် အချိန်အခါကောင်းဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် (SSA) တောင်းပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

သျှမ်းအမျိုးသားနေ့၌ ကျေးလက်အမျိုးသမီးတဦးအား မြန်မာစစ်သား မုဒိန်းကျင့်


သျှမ်းသံတော်ဆင့်

၆၆ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အခါသမယ၌ သျှမ်းပြည်အလယ်ပိုင်း  ကျေးသီးမြို့နယ် ကျေးလက် အမျိုးသမီး တဦးအား  မြန်မာစစ်သားတဦး  ဓါးပြတိုက် မုဒိန်းကျင့်ကြောင်း စုံစမ်းသိရှိရသည်။
“ မနေ့က ည သန်းခေါင်လောက်မှာ ကျေးသီးအခြေစိုက် ခလရ ၁၃၁ က တပ်သား မောင်ဦး။ ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုမ်းရွာက အမျိုးသမီးတယောက်ရဲ့ အိမ်ထဲကိုဝင်သွားပြီး ဓါးပြတိုက် တယ်။ ဒါတွင်မကဘဲ ဓါးနဲ့ထောက်ပြီး မုဒိန်းကျင့်တယ်။ အမျိုးသမီးက ကလေး ၂ ယောက်မိခင်” ဟု ကျေးသီးမြို့ သျှမ်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ခဲ့သည့် မိုင်းနောင်ဒေသခံ စိုင်းလ ကပြောသည်။

ဖေဖော်ဝါရီ ၇ ရက်ညသန်းခေါင်အချိန်တွင် ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ မှ တပ်သားမောင်ဦး (အသက် ၃၀ ခန့် ) က မိုင်းနင်အုပ်စု နောင်ယုမ်းရွာ နေ အမည်မဖော်လိုသူ သျှမ်းအမျိုးသမီးတဦး (အသက် ၂၆ ) အိမ်အား တံခါးခေါက်အကူအညီတောင်းရာ အဆိုပါအမျိုးသမီးက

SSA ဌာနချုပ်တွင် ရှမ်းပြည်အမျိုးသားနေ့ စည်ကားစွာ ကျင်းပ

(ဧရာဝတီ)


ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်မှာ ဖေဖော်ဝါရီလ ၇ က ကျင်းပတဲ့ (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနားဟာ အရင်နှစ်တွေက လုပ်ခဲ့တဲ့ပွဲတွေထက်စာရင် အစည်ကားဆုံးဖြစ်တယ်လို့ ရှမ်းတပ်မှူးတွေနဲ့ တက်ရောက်လာတယ် ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒေသအရပ်ရပ်ကလာတဲ့ လူထု ဧည့်ပရိသတ်တွေလည်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြသလို ဌာနချုပ်ကလည်း စစ်ရေးပြ အခမ်းအနားတွေကို အရင်နှစ်တွေကထက် အဆပေါင်းများစွာတိုးပြီး အင်အား ၅ ထောင်ကျော်အထိ အသုံးပြုခဲ့တဲ့အတွက် ဌာနချုပ်ရဲ့ စစ်ရေးပြကွင်းကြီးတခုလုံး ကြက်ပျံမကျ စည်းကားနေပါတယ်။

Thursday, February 7, 2013

“ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အနှစ် ၂၀ ကျော်အတွင်း တရားဝင် ကျင်းပခွင့်ရရှိ

(ဧရာဝတီ)


ယနေ့ကျရောက်သည့် ၆၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို မြန်မာပြည်အနှံ့ တရားဝင် ကျင်းပခွင့် ပြုလိုက်သည်ဟု သိရသည်။

ယခင်က “ရှမ်းပြည်နယ်နေ့ အခမ်းအနား” ဟု သုံးစွဲခွင့် မပြုခဲ့ဘဲ “ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ပဒေသာကပွဲ အခမ်းအနားနှင့် အစားအစာ ဈေးရောင်းပွဲတော်နေ့” ဟူ၍သာ ရန်ကုန်ရှိ ၉ မိုင် ရှမ်းကျောင်းတွင် ကျင်းပခဲ့ရကြောင်း၊ အနှစ် ၂၀ တွင် ပထမဆုံး အဖြစ် ယခုနှစ်တွင် တရားဝင် ကျင်းပခွင့် ပြုခြင်းဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

နမ့်ဆန်မြို့နယ်တွင် ကားလမ်း တိုးချဲ့ဖောက်လုပ်မှုကြောင့် ပလောင်လူထုနေအိမ်များ ဖျက်ဆီးခံရ


ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေးအတွက် အောင်ဇမ္မူ သီဟ ကုမ္ပဏီနှင့် ရွှေဖူးကြော် ကုမ္ပဏီတို့မှ နွေရာသီ ကားလမ်းတိုးချဲ့မွမ်းမံမှုကြောင့် ပလောင် (တအာင်း) ဒေသခံ လူထုများ၏ အိမ်နှင့် စိုက်ပျိုးခင်းအချို့ ဖျက်ဆီးခံ ရမှုများရှိသည်ဟု သိရှိရသည်။

နမ့်ဆန်ဒေသဖွံ့ဖြိုးရေးဟူ၍ မြန်မာအစိုးရမှ ၎င်းဒေသရှိ တအာင်းအမျိုး သားပါတီအား ဇန်န၀ါရီလ အတွင်းက ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁ထောင် ချပေးကာ ထိုမှတဆင့် တအာင်းအမျိုးသားပါတီသည် နွေရာသီ ကားလမ်းတိုးချဲ့ ဖောက်လုပ်ပေးရန် အောင်ဇမ္မူသီဟကုပဏီနှင့် ရွှေဖူး ကြော်ကုပဏီတို့ကို ကျပ်ငွေ သိန်း ၉၅၀ ပေးကာ လုပ်ငန်းစတင်ပြီး နောက် နေအိမ်များ ထိုသို့ ဖျက်ဆီးခံရခြင်းဖြစ်သည်။

Wednesday, February 6, 2013

UWSA ဆောက်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းနိုင်ငံစိုးရိမ်မှုရှိ


သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း  မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကုတ်ကျောက်မီးသွေးတူးဖော်ရေးနှင့် တောင်ပိုင်း ဝ ဌာနချုပ် ဝမ့်ဟုန့်အနီး လွယ်ပုံတောင်း တွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ရေကာတာ တည်ဆောက်မည့်အပေါ် ထိုင်းလူမှုအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုရှိနေကြောင်း ဆိုပါသည်။


“ ရေကာတာကြီးဆောက်လိုက်မယ်ဆိုရင် နမ့်ကုတ်ချောင်းဟာ မကြာခင် မဲခေါင်မြစ်လိုမျိုးဖြစ်သွား မှာကို မြင်ယောင် နေမိတယ်။ နွေဆိုရင်လဲ လှေအသွားအလာ မရလောက်အောင် ရေခန်းတယ်။ တရုတ်နိုင်ငံဘက်က ရေကာတာ ဆောက်ပြီး ကတည်းက ဒီနေ့အထိ အဲဒီမြစ်တလျှောက်နေထိုင်တဲ့လူထုက အခက်အခဲတွေကြုံနေရတာလေ” ရွှေတြိဂံ ဒေသနေ ထိုင်းကုန်သည်တဦးကပြောသည်။

Friday, February 1, 2013

သျှမ်းမြောက် နမ့်ခမ်းဘက်မှ သစ်များ တရုတ်နိုင်ငံက နေ့စဉ်လာရောက်သယ်ယူနေ


သျှမ်းသံတော်ဆင့်

မြန်မာပြည်ဘက် သျှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ သစ်များကို တရုတ်နိုင်ငံမှ သစ်ကုန်သည် များက နေ့စဉ် ကားဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိသည်။

“တရုတ်သစ်တင်ကားတွေက နေ့တိုင်း ညသန်းခေါင်အချိန်တွေမှာ   တရုတ်ပြည် ဂျယ်ကောင် ဘက် ကနေ နမ့်ခမ်းမြို့ဖြတ်ပြီး မန့်ဝိန်းဘက်ဆင်းသွားတာ တနေ့ အစီး ၃၀လောက်ရှိတယ်၊ ကားတွေက ၁၂ ဘီး ကား တွေ ချည်းပဲ၊ သစ်တင်ပြီးရင်တော့ ကချင် မန့်ဝိန်းကြီးဘက်ကနေ နောင်တောင်းမြို့မှာရှိတဲ့ သစ်ဂိုဒေါင်မှာ သွားစုထားတာတွေ့ရတယ်  ” ဟု နမ့်ခမ်းဒေသခံ ဈေးပတ် လိုက်ရောင်းနေသော ဈေးသည် တစ်ဦး ပြော သည်။

အစိုးရဝန်ထမ်းများ အခွန်ကောက်ခံမှုဖြင့် ခရီးသွားလာမှုကို ဟန့်တားနေ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆို


သျှမ်းသံတော်ဆင့်
 
မြို့အဝင်အထွက်ဂိတ်၊ လမ်းတံတားဂိတ်များ၌ အစိုးရဝန်ထမ်းများက အခွန်များ ပိုမိုကောက်ခံနေမှုဖြင့် ပြည်သူများ၏ ခရီးသွားလာမှုကို တားဆီးဟန့်တားနေသကဲ့သို့ဖြစ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ဆိုပါသည်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲလာသည်ဟုဆိုကာ ပြည်သူများ ခရီးသွားလာမှု ယခင်က ထက်ပိုမို များပြားလာသည်နှင့်အမျှ အစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းများ လည်း အခွင့်ကောင်းယူကာ အခွန်စောင့်ကြပ်ကောက်ခံလာကြောင်း၊ စောင့်ကြပ်ကောက်ခံ မှုမှာလည်း ၂၀၁၂ အတွင်း ပိုမိုများပြားလာကြောင်း ဂျန္နဝါရီလ ၃၀ ရက်နေ့ထုတ် SHRF ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင်ရှိ BP1 နှင့် ပုံပါကျင် နယ်စပ် ဂိတ်၌ ယခင်နှစ်များက ခရီးသွား တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ခံရာမှ ၂၀၁၂ အောက်တိုဘာလမှစ၍ ဘတ် ၅၀၀ တိုးမြှင့်ကောက်ခံ လာ ကြောင်း၊ လင်းခေးမြို့

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်


သျှမ်းသံတော်ဆင့်
 
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပန အခမ်းအနား အား မြို့တော်ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။

အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို ယနေ့ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည်ဟုဆိုပါသည်။