Friday, February 22, 2013

စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေး ရေးကို တံခါး ဖွင့်ထားဟု ပလောင် (တအာင်း) အဖွဲ့ ပြောကြား


ရွှေဟင်္သာ သတင်းဌာန ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ။

မြန်မာ အစိုးရ ဘက်မှ လေးနက် စစ်မှန်သော ယုံကြည် မှုဖြင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် ဖိတ်ခေါ် ဆွေးနွေး မှုများ ပြုလုပ် လာမည် ဆိုပါကာ တံခါးဖွင့် ထားကာ လက်ခံ ကြိုဆို သွားရန် အသင့် ရှိကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးမှ ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

ဗမာ အစိုးရ ဘက်က တစ်ကယ် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆန္ဒ ရှိတယ် လုပ်မယ် ဆိုရင်တော့ ကျွှန်တော်တို့ ဘက်က ကျွှန်တော်တို့ သဘော ထားကို အမြဲတမ်း ကြေငြာ ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမြဲတမ်း လက်ကမ်း ကြိုဆို ပါတယ်ဟု ပြောခွင့် ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။


ဖေဖော်ဝါရီ လဆန်း၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ဆီသို့ လိပ်မူကာ ဦးအိုက်မုန်း ခေါင်းဆောင်သည့် ပလောင် တိုင်းရင်းသား (ငြိမ်းချမ်းရေး) အဖွဲ့မှ ပေးပို့ လာသည့် စာအပေါ် တုန့်ပြန်၍ သဘောထား မှတ်ချက် ပေးခဲ့ ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ရှမ်းပြည်နယ် တွင်းရှိ ပလောင် ဒေသ အပါအဝင် အခြားဒေ များသို့ အစိုးရ တပ်ဘက်မှ စစ်ရေး အင်အားများ တိုးချဲ့ ချထား လာနေကာ လှုပ်ရှား စစ်ကြောင်း များနှင့် ဒေသ အခြေစိုက် လက်နက်ကိုင် တပ်များ ဖြစ်သည့် ရှမ်း၊ ပလောင် တပ်ဖွဲ့ များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွား နေကြသည့် အနေ အထား၌ ရှိနေ ဆဲပင် ဖြစ်သည်။

 “ကျွှန်တော်တို့ အပြန်အလှန် ညှိနှိုင်း ကြမယ် ဆွေးနွေး ကြမယ်၊ ညှိနှိုင်း ကြမယ် ၊ ရိုးရိုး သားသားနဲ့ ဆွေးနွေး ကြမယ် ဆိုရင် ဒါမျိုး တွေ လုပ်စရာ မလို ဘူးလို့ ကျွှန်တော် ပြောချင်တယ်၊ အခု ကချင် ဘက်ကိုရော ကျွှန်တော်တို့ ရှမ်း၊ တအာင်း/ ပလောင် ဘက်ကိုရော စစ်အင် အားတွေ တအား တိုးချဲ့ လာနေ တာက ဒါက ငြိမ်းချမ်းရေး အတွက်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ကျွှန်တော် ပြောချင်တယ်ဟု ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။

နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၀) ရက်နေ့၌ အစိုးရ စစ်ကြောင်းနှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး လက်အောက်ခံ လက်နက် ကိုင်တပ် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့များနှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် (၂) နာရီကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်။

၎င်းနောက်မှ ဖေဖော် ဝါရီ (၁၁) ရက်နေ့တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ၄င်း လက်အောက်ခံ တပ်ဖွဲ့ များအား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဦးအောင်မင်းတို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ် များနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးရန် ရှိနေသဖြင့် တိုက်ပွဲများ မဖော် ဆောင်ရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပါသည်။

ထို့ပြင် ဝန်ကြီး ဦးအောင်မင်း တို့မှ ပြောဆို နေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက် ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားမည့် အပေါ် များစွာ သံသယ ဖြစ်မိ နေကြောင်းလည်း ဆိုပါသည်။

အဲဒါ ကြောင့်မို့လို့ ကျွှန်တော်တို့ ဘက်က မေးစရာ ဖြစ်လာ တာက အခု ဦးအောင်မင်း တို့က ငြိမ်းချမ်းရေးကို တစ်ကယ် တည်ဆောက် မယ်လို့ ပြောတဲ့ အချိန်မှာ ငြိမ်းချမ်း ရေးကို တစ်ကယ် တည်ဆောက် ချင်တာလား၊ သက်သက် ဖိအားနဲ့ လုပ်တဲ့ ဖိအားပဲ လိုချင်တာလား ဆိုပြီး မေးစရာတွေ အများကြီး ဖြစ်လာတယ်ဟု ဗိုလ်မှူးမှ ဆက်ပြောသည်။

ဦးအိုက်မုန်းတို့ ပေးပို့ခဲ့သည့် စာတွင် ဖော်ပြ ထားချက်အရ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံ ပြည်သူများ များစွာ ထိခိုက် နစ်နာ ရကာ ပြည်သူ လူထုများက ငြိမ်းချမ်းရေး ရရှိရန် လိုလား တောင့်တလျက် ရှိကြောင်း ပါရှိပါသည်။ ထို့ကြောင့် အခြား ငြိမ်းချမ်းရေး ရယူပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နည်းတူ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်ကို နှစ်ဖက် အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုကြ နိုင်ရန်လည်း တိုက်တွန်း ရေးသား ထားပါသည်။

ထို့ပြင် ရှမ်းမြောက် ဒေသရှိ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA နှင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ များနှင့် ယနေ့ နံနက်ပိုင်းမှ နေ့လည်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေဆဲပင် ဖြစ်ပြီး နှစ်ဖက် တပ်များ အကြား စစ်ရေး အခြေ အနေ တင်းမာလျက် ရှိနေကာ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်မည့် အနေ အထားများ ရှိနေ သည်ဟုလည်း သုံးသပ် မှုများ ထွက်ပေါ်လျက် ရှိဆဲပင် ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။