Friday, February 1, 2013

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်


သျှမ်းသံတော်ဆင့်
 
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပန အခမ်းအနား အား မြို့တော်ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။

အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို ယနေ့ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည်ဟုဆိုပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ မူးယစ် ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစီမံကိန်းအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ နှင့်၂၉ ရက်နေ့  သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ဒုတိယ အကြိမ် တွေ့ ဆုံကြစဉ် Li Wen သည် အစည်းအဝေးနာယက အဖြစ် ဆောင်ရွက်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။