Tuesday, February 12, 2013

ဖက်ဒရယ်မူ၊ ရှစ်ပြည်နယ် ၂၀၀၈ ဖွဲ့စည်းပုံများနှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း


ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ပြည်ထောင်စု ပေါင်းစည်းရေး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ ၆၆ နှစ် တိုင်ခဲ့ပါပြီ။ ပင်လုံစာချုပ် လက်မှတ်ေ ရးထိုးပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့သော်လည်း တိုင်းရင်းသား နယ်မြေများတွင် သေနတ်သံများ မစဲသေးပါ။ ငြိမ်းချမ်း သာယာဝပြော စည်ပင်သည့် ပြည်ထောင်စုကြီး မတည်ဆောက်နိုင်သေးပါ။ ကမ်္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးကို ဆက်လက် ဆင်နွှဲနေသည့် မြန်မာနိုင်ငံ၏ အနေအထား၊ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ ရနံ့သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်ကို အောက်တွင် ဖော်ပြ အပ်ပါသည်။


မေး။ ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၆၀ ကျော် လာခဲ့ပါပြီ။ ဘာကြောင့် ငြိမ်းချမ်းရေး မရနိုင်တာလဲ။
ဖြေ။ ။ အရင်အစိုးရ အဆက်ဆက်တွေကတော့ ထားပါတော့ဗျာ။ အခုလက်ရှိ အစိုးရလက်ထက်မှာ အလွယ်ဆုံးနဲ့ အရှင်းဆုံး ဖြေရရင် တော့ သူတို့ငြိမ်းချမ်းရေးမရချင်လို့ ပြည်တွင်းစစ်မရပ်တာပေါ့။ အစိုးရ အဖွဲ့၊ လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရထားတဲ့ ပြည်ခိုင်ဖြိုးပါတီ တပ်မတော် အားလုံးတစ်ဖွဲ့တည်းပဲလေ။ အဲဒီတော့ ကျွန်တော်လည်း ဖြေရတာမောလှပါပြီ။ သမ္မတကြီးနဲ့ တွေ့ပြော၊ ၀န်ကြီး နဲ့ တွေ့ပြော၊ တိုင်းရင်းသားတွေ ဘာရချင်တယ်၊ ဘာလိုချင်တယ် ပြောရတာလည်း အာပေါက်နေပါပြီ။ အဲဒီတော့ အခုလက်တွေ့မှာ တော့ ပြည်တွင်းစစ်ကို မရပ်ချင်ဘူးဆိုတာအပြင် ပိုပို ပိုပို ဆိုးလာပါ တယ်။ ငြိမ်းချမ်းရေးမရချင်လို့ မရပ်တာပေါ့ဗျာ ရှင်းနေတာပဲ။

မေး။ ။ အခု ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ နော်ဝေလို နိုင်ငံကတောင် ပါဝင် ဆောင်ရွက် ပေးနေပါတယ်။ နော်ဝေ peace plan ဆိုပြီးတော့တောင် ...
ဖြေ။ ။အဲဒါ ပိုဆိုးတာပေါ့။ နော်ဝေ peace plan ဆိုတာကို သီရီလင်္ကာမှာ လုပ်ခဲ့ဖူးတယ်လေ။ တမီလ်သူပုန်တွေအားလုံး အဖမ်း ခံရတယ်။ အသတ်ခံရတယ်။ တမီလ် လှုပ်ရှားမှုတွေအားလုံး ရပ်တန့် သွားတယ်။ သီရီလင်္ကာမှာ သူတို့လုပ်သွားတာ နယ်မြေခွဲပေးတာမျိုး၊ စီးပွားရေးခွဲပေးတာမျိုးလည်း ရှိပါတယ်။ နိုင်ငံရေးအရ ညှိနှိုင်းမှု မရှိ ခဲ့ပါဘူး။ နော်ဝေရဲ့ သီရီလင်္ကာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုထက် စာရင် ဖင်လန်နိုင်ငံက ဆူနာမီ နောက်ပိုင်းမှာ အင်ဒိုနီးရှား အာချေးမှာ လုပ် သွားတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုက

ပိုကောင်းတာပေါ့။ အဲဒီနမူနာ မျိုး လုပ်သင့်တာပေါ့။ ဖိလစ်ပိုင်မှာဆိုလည်း မူဆလင် သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်နေတာ တော်တော်လေး အောင်မြင်နေ ပြီ။ ဒီကတောင် သွားလေ့လာကြပြီလေ။ အဲဒါမျိုးတွေကို နမူနာယူ ပြီး ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ကို ရှင်းသင့်ပါတယ်။ အာဏာရှိအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့အားလုံးပေါင်းပြီး အတွေး အခေါ်မှန်တွေ ချမှတ်ဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ နီးနီးလေးပါ။ လွှတ်တော်မှာ ၈၀ ရာခိုင်နှုန်းကျော်ကလည်း သူတို့ပဲ လေ။ 

ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံးက တောင်းဆိုတာ ရိုးရိုးရှင်းရှင်းလေးပဲဗျ။ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ်္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ကိုယ့်စာပေ ဘာသာစကားကို ထိန်းသိမ်း စောင့်ရှောက်ခွင့်ရရှိရေး အဲဒါတွေပဲ။ ဒါပေမဲ့ လက်ရှိအခြေအနေ နဲ့ကတော့ ယုံကြည်မှုက နည်းသထက် နည်းသွားပြီ။ အဓိပ္ပာယ်ရှိရှိ ညှိနှိုင်းမှရတော့မယ်။

မေး။ ။ပင်လုံညီလာခံလို ညီလာခံကြီးတစ်ရပ် လုပ်ပြီးတော့ ဆွေးနွေး ညှိနှိုင်းကြရင်ရော...
ဖြေ။ ။ တတိယပင်လုံကိစ်္စကတော့ ဖြေစရာမလိုပါဘူး။ တိုင်းရင်း သားအားလုံးနီးပါး ငြိမ်းချမ်းရေးအဖွဲ့တွေရော၊ မငြိမ်းတဲ့အဖွဲ့တွေရော၊ တိုင်းရင်းသားပါတီတွေရော အားလုံးက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ ပါဘူး။ ၂၀၀၈ ကို လက်မခံဘဲနဲ့ အဲဒီ မူဘောင်အတွင်းမှာ ပင်လုံ ညီလာခံကြီးလိုမျိုးကျင်းပရင် ဖယ်ဒရယ်မူဆိုတာ ထွက်လာမှာမဟုတ် ပါဘူး။ ၂၀၀၈ ဖွဲ့စည်ပုံ မူဘောင်အတွင်းမှာ ကျင်းပရတဲ့ ပင်လုံ ညီလာခံမှာ စစ်မှန်တဲ့ ဖက်ဒရယ်မူအတွက် ညှိနှိုင်းဆွေးနွေးလို့ မရနိုင် ပါဘူး။ ၂၀၀၈ ကိုဖျက်ပြီး အသစ်ပြန်ရေးရပါမယ်။ ပင်လုံညီလာခံ လုပ်ဖို့ဆိုတာက စကားအနေနဲ့ပြောရတာတော့ လွယ်တာပေါ့ဗျာ။ လက်တွေ့မှာ ခက်ပါတယ်။ လက်ရှိမှာကို တိုက်ပွဲတွေက ဖြစ်နေတာ ကိုး။ ကျွန်တော်ပြောချင်တာက ရှိရင်းစွဲ ငြိမ်းချမ်းရေး အနေအထားကို ထိန်းသိမ်းပါ။ တိုက်ပွဲတွေကိုရပ်ပါ။ တစ်ခုမေးချင်ပါတယ်။ အပြုတ် တိုက်ပြီးတော့ ပြည်ထောင်စု တည်ဆောက်ကြမှာလား၊ တည်ဆောက် လို့ရသလား။ ပင်လုံမှာက ကျွန်တော်တို့ အားလုံး သိကြပါတယ်။ အင်္ဂလိပ်တွေ အမျိုးမျိုး ခြေထိုးတဲ့ကြားထဲက ဗိုလ်ချုပ်အောင်ဆန်းကို ယုံပြီး ပုံအပ်ခဲ့ကြတာပါ။ နောက်ပိုင်း ကိစ်္စတွေကတော့ ပြောရမယ် ဆိုရင် ပြောစရာတွေ အများကြီးရှိပါတယ်။

မေး။ ။၁၉၆၁ နဲ့ ၆၂ နှစ်ဦးပိုင်းတွေမှာ ရှမ်းခေါင်းဆောင် တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောကြဆို ကြတာတွေ ရှိပါတယ်။ သမ်္မတကြီး(ဟောင်း) စ၀်ရွှေသိုက်တို့ မဟာဒေ၀ီတို့ သီပေါစော်ဘွား တို့နဲ့ ပတ်သက်ပြီး ပြောကြတာတွေ ရှိပါတယ်။
ဖြေ။ ။ခင်ဗျားကို ကျွန်တော် အဖြစ်အပျက်တစ်ခု ပြောပြမယ်။ တစ်ရက်မှာ သီပေါစော်ဘွားက သမ္မတကြီး(ဟောင်း) စ၀်ရွှေသိုက် အိမ်မှာသွား အိပ်တယ်။ အခုပုလဲ ကွန်ဒိုနေရာက သမ္မတကြီး(ဟောင်း) စ၀်ရွှေသိုက်ရဲ့ အိမ်နေရာပေါ့။ နောက်နေ့မနက် စ၀်ရွှေသိုက် မနက်စာ စားနေတဲ့အချိန် သူ့အခန်းဝမှာ လူငယ်သုံးလေးယောက်က ပြူတစ်ပြူတစ်နဲ့ သွားချောင်းကြည့်လိုက် တီးတိုး ပြောလိုက်လုပ်နေကြ တယ်။ ဒီပြင့် လူငယ်တွေ မဟုတ်ပါဘူး။ ကျွန်တော် မှတ်မိသလောက် ယူဂျင်းသိုက်(စ၀်ရွှေသိုက်၏သား) ခွန်ကြာနု၊ (ဗိုလ်ချုပ်) ဆေထင်တို့ ပါတယ်။ အဲဒီမှာ စ၀်ရွှေသိုက်က တွေ့သွားတော့ လှမ်းမေးတယ်။ ““မင်းတို့ ဘာတွေ ပြူတစ်ပြူတစ် လုပ်နေကြတာလဲ””ဆိုပြီး၊ ပြီးတော့မှ ထမင်းစားခန်းထဲ လှမ်းခေါ်တယ်။ အဲဒါနဲ့ ယူဂျင်းသိုက်တို့လည်း ထမင်းစားခန်းထဲ ၀င်သွားပြီး သူတို့ တောခိုချင်တဲ့အကြောင်း အစိုးရ ကို ပြန်တိုက်ချင်တဲ့ အကြောင်း ပြောတယ်။ အဲဒီမှာ အဘိုးကြီးက တစ်ခွန်းတည်းပဲ ပြောလိုက်တယ်။ ““မင်းတို့မသိဘူးလား၊ ငါဟာ ပြည်ထောင်စုနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစား လိုက်နာပါ့မယ်လို့ ကျမ်းသစ်္စာ ကျိန်ဆိုထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဆိုတာ မင်းတို့ မသိကြဘူးလား”” လို့ ပြန်ပြောလိုက်တယ်။ ဒါဆိုရင် ခင်ဗျားတို့ သမ်္မတကြီး(ဟောင်း) စ၀်ရွှေသိုက် အစိုးရကို ပုန်ကန်တော် လှန်ဖို့ လှုပ်ရှားသလား မလှုပ်ရှားဘူးလားဆိုတာ ရှင်းနိုင်လောက်ပါပြီ။

မေး။ ။၂၀၀၈ ဖွဲ့စည်းပုံမှာ ဘယ်အချက်တွေကို ပြင်နိုင်မှ ဖက်ဒရယ်နိုင်ငံ ထူထောင်နိုင်မလဲ။
ဖြေ။ ။ပြင်ရုံနဲ့တော့ ဘာမှဖြစ်မလာပါဘူး။ စစ်မှန်တဲ့ ဖက်ဒရယ် နိုင်ငံထူထောင်ဖို့၊ သာယာဝပြောပြီး စည်းလုံးညီညွတ်တဲ့ ပြည်ထောင် စုမြန်မာနိုင်ငံတော် ထူထောင်ဖို့၊ မြန်မာအပါအ၀င် တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် နိုင်ဖို့အတွက်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ကတော့ ဘယ်လိုမှ မဖြစ်ပါ ဘူး။ အဲဒီဖွဲ့စည်းပုံကို လုံးဝဖျက်ရမယ်။ အသစ်ပြန်ဆွဲရမယ်။

 Yanantthit အင်တာနက်စာမျက်နှာသတင်းမှ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။