(ရွှေဟင်္သာသတင်းဌာန)
ယမာန်နေ့
ညနေပိုင်း အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့ နယ်ရှိ ရှမ်းပြည်
တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ တပ်ဖွဲ့တို့သည်
လွယ်လန်း နှင့် လွယ်စေး တောင်ကြော တဝိုက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု
အဖွဲ့၏ ပြော ခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။
“မတ်လ ၂၃
ရက်နေ့ ကတည်းက အဲဒီတောင်ကုန်း၂ ခုကို သူတို့ တပ်ဖွဲ့တွေ တက်တိုက်နေတာ မတ်လ ၂၅
ရက်နေ့ကျမှ နယ်မြေ ရှင်းမယ် ဆိုတာ အကြောင်းကြားလာပြီး ၂၆ ရက်နေ့အထိ ဆက်တိုက် ပြန်တယ်။
(၂၇) ရက်နေ့မှာ တရက်နား ပြီးတော့ ၂၈ ရက်နေ့ (၂) နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန်
လာတိုက်ပြန်တယ်။” ဟု ဆိုပါ သည်။