Friday, March 15, 2013

UWSA တို့၏ မြို့တော်ကို ခြိမ်းခြောက် နိုင်ရန် ပြင်ဆင်နေပြီလော


ရွှေဟသာင်္သတင်း ဌာန

အစိုးရ တပ်များသည် SSPP/SSA ဒေသများအပေါ် လတ်တလော စစ်ဆင်နေမှုများသည်  ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ မြို့တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် အဓိက မဟာဗျူဟာ ကျသည့် တောင်ကုန်း များကို ရယူလိုကြောင်း ရှမ်းပြည် တိုးတက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီးဖိန်ဖမှ ဆိုပါသည်။

အစိုးရ စစ်ဆင်ရေးများမှာ ရှမ်းပြည် မြောက်ပိုင်းရှိ တန့်ယန်းမြို့နဲ့ မိုးကောင်း မြို့ကြား၌ရှိသော SSPP ၏ လွယ်စေး စခန်းအား မတ်လ၁၂ ရက်နေ့နေ့လည် ၁၂ နာရီတွင် တကြိမ်နှင့် ယမာန်နေ့ နံနက် () နာရီ ခွဲတွင် တကြိမ် တိုက်ခိုက် သွားခဲ့ပါသည်။ 

 
၎င်းစစ်ဆင်မှုတွင် လွယ်စေးတောင်တန်း ပေါ်ရှိ SSPP/SSA ၊ တပ်ရင်း ၁၉၂ တပ်ဖွဲ့အား လားရှိုး အခြေစိုက်တန့်ယန်းမိုင်း ရှုးကား လမ်းလုံခြုံ ရေး တာဝန် ယူထားသည့် ခလရ ၂၉၁ တပ်ဖွဲ့တို့က ၀င်ရောက် တိုက် ခိုက် လိုက်ခြင်းဖြစ်သည်။


ဤတိုက်ပွဲများသည် တိုက်ပွဲငယ်များဟု ဆိုသော်လည်း အစိုးရသည် လွယ်စေးတောင်တန်း စခန်းနေရာကို စခန်းချ လိုသည့် အနေအထားဖြစ် ကြောင်း ဗိုလ်မှူးကြီး ဖိန်ဖမှ ဆိုလိုက်ခြင်းဖြစ်ပါသည်။ အကြောင်းမှာ ဤဒေသ၌ မိုင်းရှူးမြို့နယ်နှင့် တန့်ယန်း မြို့နယ်ကြားတွင် လွယ်လန်း၊ လွယ်စေးနှင့် အခြားတောင်ကုန်း တစ်ခု ရှိပါသည်။ ဤတောင်ကုန်းများ သည် အကယ်၍ UWSA တပ်ဖွဲ့များကို စစ်ဆင်လိုပါက အရေးပါပြီး မဟာဗျူဟာ မြောက်သည့် နေရာလည်း ဖြစ်သည်ဟု ဆိုပါသည်။ 

ဤတိုက်ပွဲကြောင့် SSPP သည် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်သို့တိုင်ကြား ခဲ့သည်ဟု SSPP စစ်ရုံး ချုပ် အရာရှိကြီး တဦးက ပြောပါသည်။

 “တိုင်ကြား လိုတာက တိုက်ပွဲတွေ ဆက်မဖြစ်ပွားအောင်ပါ။ ဒီတော့  မနေ့က ကျနော်တို့ တပ်ဖွဲ့ကို တိုက်ပွဲတွေ ဆက်မ ဖြစ်ဖို့ ညွန်ကြား လိုက်တယ်။ အဲဒီလိုဘဲ အစိုးရဘက်ကလဲ ညွှန်ကြားထား တယ်လို့ပြောပါတယ်ဟုဆိုပါသည်။

သို့သော်လည်း အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးသည် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန် အတွက် SSPP တပ်များ အနေဖြင့် ကားလည်းနှင့် ခပ်လှမ်းလှမ်းသို့ဆုတ်ခွာပေးရန် လိုအပ်ကြောင်းလည်း ပြောခဲ့ပါသည်။ 

ယခု တိုက်ပွဲဖြစ်ပွား ခဲ့သော နေရာသည် SSPP ဖက်မှ အမှတ် ၁၉၂ တပ်ရင်း၏ လွယ်စေးစခန်း အနီးဖြစ်ပြီး ကားလမ်းပိုင်းတွင် တည်ရှိနေ သည့် တပ်စခန်း မဟုတ်ပဲ လွယ်စေးတောင်ကျော ပေါ်တွင် တပ်စွဲထား သည့် တပ်စခန်း တစ်ခုဖြစ်ပါသည်။

အစိုးရသည် ဤလွယ်လန်း တောင်တန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ပြင်းထန်စွာ တိုက်ခိုက် ခဲ့သည့်အ ပြင် ဖေဖော်ဝါရီ (၂၀) ရက်နေ့နှင့် (၂၂) ရက်နေ့တွင် လွယ်လန်းတောင်ပေါ်မှ SSPP တပ်စခန်းများ ဆုတ်ခွာပေးရန်နှစ် ကြိမ်တိုင် ရာဇသံ ပေးခဲ့ပါသည်။

လွယ်လန်းတောင်တန်းသည် SSPP နှင့် UWSA တို့အား စစ်ဆင်ရာတွင် အရေးပါ အရာရောက်သဖြင့် SSPP အား ဖိအား ပေး နေခြင်း ဖြစ်သည် ဟု SSPP ဖက်မှ ခံယူပါသည်။ ၄င်း တောင်ကုန်းများကို အစိုးရဖက်မှ သိမ်းပိုက် နိုင်ခဲ့ပါက သံလွင်မြစ် အရှေ့ဘက်ရှိ UWSA တပ်ဖွဲ့အား စစ်ရေးအရ ခြိမ်းခြောက် နိုင်တော့မည်ဖြစ်ပါသည်။

ဤသို့ကြောင့် SSPP သည် UWSA နှင့် စစ်ရေး မဟာမိတ် ဖြစ်သည်နှင့် အညီ၊ ၄င်းနေရာအားလည်း ပူးတွဲစောင့်ရှောက် သွားဖွယ်ရာ ဖြစ်လာ မည်ဟု စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။