Friday, March 22, 2013

သျှမ်း-ကယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ၀ ပြည်နယ်ရရှိရေး UWSP/UWSA တောင်းဆို


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လားရှိုးမိုတယ်၌ ယမန်နေ့က စတင် ကျင်းပသော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ ၀ တပ်ဖွဲ့ UWSP/UWSA က သီးခြား ၀ ပြည်နယ်ထူထောင်နိုင်ရန် တောင်းဆိုကြောင်း သိရှိရပါ သည်။

“ဆွေးနွေးပွဲမှာ ၀ ဖက်က သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ် ပေါ့။ ၁၉၉၃ ကတည်းက တောင်းဆိုလာတာပေါ့။ ၀ ပြည် မထူထောင်နိုင် သရွေ့ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ၀တပ်ဖွဲ့ ကိုယ်စားလှယ် အဖြစ် တက်ရောက်တဲ့ သျှောင်းဆမ်ခွန်း က ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝင်ဆွေးနွေးတဲ့သူတော့ မရှိဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တစ်ဦး က ပြောပါသည်။


သီးခြား ၀ ပြည် ထူထောင်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ သျှမ်းသံ တော်ဆင့် အယ်ဒီတာ ဦးခွန်စိုင်း က အိန္ဒိယကို ဂန္ဒီမှ ဦးဆောင်စဉ် မူဆလင်ဘာသာဝင်များက အိန္ဒိယမှ ခွဲထွက်ရန် တောင်းဆိုရာ ဂန္ဒီက မူဆလင်ဘာသာဝင်များအား အိန္ဒိယနိုင်ငံကို အုပ်ချုပ်စေကြောင်း၊ သို့သော် ဟိန္ဒူဘာသာဝင်များက သဘောမတူကြောင်း  ဥပမာပေး သုံးသပ်ပြောဆိုပါသည်။

“မူဆလင်တွေ အိန္ဒိယကို အုပ်ချုပ်ခွင့် ပေးနိုင်ပေမဲ့ ဟိန္ဒူတွေ မူဆလင်ကို ဆန့်ကျင်တာ သူ မတားနိုင် ဘူးလို့ ဂန္ဒီက ပြောတယ်။ အခုလည်းဘဲ ၀ ပြည်ထူထောင်ဖို့ တောင်းဆိုလာတာလည်း ဒါသူတို့ရဲ့အခွင့် အရေးဘဲ။  ဒီလိုတောင်းဆိုလာတာ  ဆန့်ကျင်တဲ့သူတွေရှိရင်လဲ ကျနော်တို့ သွား တားလို့ မရဘူး။ ဒါကြောင့် သွေးချင်း ဝ တွေက သျှမ်းပြည်ကနေ မခွဲ ထွက်ဘဲ အတူတကွ ပူးပေါင်းနေနိုင်ဖို့ ဘယ်လိုလုပ် ရမယ်ဆိုတာလည်း ဆွေးနွေးရမယ်”  ဟုဆိုပါသည်။

ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ပရူနိုင်းနိုင်ငံတို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည်ဟု သိရှိရပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။