Thursday, March 7, 2013

မြို့ပိုင်း၌အနည်းအကျဉ်းလုပ်ခွင့်ပေး တောပိုင်း၌ ဦးသူပစ်


သျှမ်းသံတော်ဆင့်
 
အစိုးရ နှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် များ သည် လက်နက်မပါဘဲ မြို့ပိုင်း၌လွတ်လွတ် လပ် လပ်သွားလာ နိုင်သော် လည်း တောတွင်းပိုင်း၌မူ  ဦးသူပစ်ခတ်တိုက်ခိုက်မှုစနစ်မှာ အပစ်မရပ် ခင်ကာလ ကဲ့သို့ ရှိနေသေးကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါ သည်။

“အပစ်ရပ်တာ တနှစ်ကျော်ရှိပြီဖြစ်ပေမယ့် သဘောတူညီချက်အတိုင်း ဘာမှ အကောင်အထည်မဖေါ်နိုင်သေးဘူး၊ မြို့ပေါ် ကိုယ် စား လှယ် ရုံးစိုက်ခွင့်၊ စီးပွားရေးအနည်းအကျဉ်းလုပ်ခွင့်က လွဲလို့ သဘော တူညီချက်ကို ဘာမှ အကောင်အထည် မဖေါ် နိုင် သေးဘူး။ တောပိုင်းမှာ တွေ့ရင်လဲ ဦးသူပစ်ပဲ” - ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။



အပစ်ရပ်စဉ် အစိုးရ နှင့် RCSS တို့ သဘောတူညီချက်အရ သံလွင် အရှေ့ခြမ်းဟိုမိန်းမြို့နယ်ခွဲ နှင့် မိုင်းထားမြို့နယ်ခွဲ၌ ဌာနချုပ် အခြေစိုက် ခွင့်ပေးထားသော်လည်း ပြီးခဲ့သည့်လပိုင်းက အဆိုပါမြို့နယ်အတွင်း တပ်စခန်းများ ရုပ်သိမ်းပေး ရန် ဆိုင်ရာစစ်တိုင်းမှူးများက ညွှန်ကြား ထားသည်ဟု ဗိုလ်မှူးလောဝ်ဆိုင်က ယခုကဲ့သို့ ဆက်လက်ပြောပြပါ သည်။

“ဖေဖေါ်ဝါရီနောက်ဆုံးထားပြီး မိုင်းထားမြို့နယ်ခွဲ လွယ်မွတ့်နန်းလျဲန်း  တပ်စခန်းတွေထွက်ပေးဖို့ တြိဂံတိုင်းမှူးက ပြောလာတယ်။ ဟိုမိန်းမြို့ နယ်ခွဲမှာလဲ တပ်စခန်းနှစ်ခု ဆုတ်ပေးဖို့ ရလခ (အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်) က ပြောလာတယ်။ ကျနော်တို့ ဆုတ်မပေးပါဘူး။ လကုန်ပိုင်းကနေ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီ ဘာမှ ထပ်မပြောလာဘူး ” ဟု ဆို၏။

RCSS ပိုင် တိုင်းဖှရီးတမ်း ဝဲပ်ဆိုဒ်က - ယခုလဆန်းပိုင်းမှစ၍ အဆိုပါ ဌာနချုပ်အခြေစိုက်ခွင့်ပေးထားသော ဒေသများအတွင်းသို့ အစိုးရတပ် အင်အားနှစ်ဆတိုးလာကြောင်း၊ လူအားအပြင် ၁၀၅ မမ၊ ၁၂၀ မမ စသည့်လက်နက်ကြီးများလည်း အများအပြားပို့ဆောင်ထားကြောင်း၊ တောင်ပိုင်း ဝ တပ်ဖွဲ့အား လည်း ထိုးစစ်လုပ်လာနိုင်ကြောင်း ရေး သားထားပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။