Wednesday, March 20, 2013

SNLD ၏ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း


ရွှေဟင်္သာသတင်းဌာန

စစ်မှန်သော ငြိမ်းချမ်းမှု တည်ဆောက်ရေး အပေါ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မှီတင်း နေထိုင်ကြသော တိုင်းရင်း သားများ၏ သဘောထား အမြင်များ ရယူရန် ဒုတိယ အကြိမ် ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို ကရင်နီ တိုးတက်ရေး ပါတီ (KNPP) မှ တက်ရောကနိုင်ခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး () ဖြစ်သူ ခူးဦးရယ်က ဆိုပါသည်။

ဖိတ်ထားတာတော့ ရှိပါတယ်။ ဖိတ်စာထဲမှာက ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး အမြင်တွေ တင်ပြ ဖို့ ပြောထား ပါတယ်။ ဒါပေမဲ့ နားမလည်တာက ရှမ်းပြည်နယ် ကိစ္စလား၊ ကယားပြည်နယ် ကိစ္စလား ရောနေတော့ ဘာပြောရမှန်း မသိလို့ မတက်ဖြစ်တာပါ။ မတက်ချင်လို့တော့ မဟုတ်ပါဘူးဟု ဆိုပါသည်။

 
ဤအစည်းအဝေးကို ယနေ့ မနက် () နာရီတွင် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့ရှိ လားရှိုးုတယ်၌ စတင် ဖွင့်လှစ်ခဲ့ ပြီး () ရက်တာ ကျင်းပ မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုပါသည်။

ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ ပြည်နယ် အတွင်း ငြိမ်းချမ်းမှု ရရှိရေးနှင့် ၊ ဖွံ့ဖြိုးတိုးတက်စေရေး အပါဝင် တန်းတူ ညီမျှသည့် ပြည်ထောင်စုကြီး ဖွဲ့စည်းသည့် အခါတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ရှိသည့် နိုင်ငံရေး အင်အားစု များမှ မည်သို့သော ကမှ ပါဝင် သွားကြမည် ဆိုသည်ကို စုပေါင်း အဖြေရှာကြမည့် ဆွေးနွေးပွဲဖြစ်သည်ဟု ဦးစိုင်းညွန့် လွင်က ဆိုပါသည်။

ယနေ့ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ တိုင်းရင်းသား အဖွဲ့ပေါင်း (၁၉)ဖွဲ့ တက်ရောက်သည်ဟု ဆိုပါ သည်။ အထူးသဖြင့် ရှမ်း၊ လားဟူ၊ ပအို့ဝ်၊ မိုင်းလား၊ ပလောင်၊ ၀၊ ကယားနှင့် ကယန်း လူမျိုးများနှင့် ဆိုင်သော အဖွဲ့အ စည်းများ တက်ရောက် ကြပါသည်။ ၄င်းတို့မှာ  (DNDP , INDP , KDUP , KNG , KNLP , KNPD , KNPLF , KNSO , LNDP , NDAA , RCSS/ SSA , SNDP , SSKDP , SSNPLO , SSPP/SSA , TNP , UWSP/UWSA , WNUP , PNO အဖွဲ့တို့ဖြစ်ပါသည်။ ထို့အတူ အမျိုးသား လုံခြုံရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက် ခဲ့ပါသည်။ 

ဤဒုတိယ အကြိမ် အစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ SNLD က ဦးဆောင် ကမကထ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်မှ တိုင်းရင်းသား အဖွဲ့ပေါင်း (၂၅)ဖွဲ့အား ဖိတ်ကြားထားပါသည်။ ၄င်းတို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၃) ဖွဲ့နှင့် နိုင်ငံရေးပါတီ (၁၂) ဖွဲ့တို့ဖြစ်ပါသည်။ ပထမ အကြိမ် ဆွေးနွေးပွဲကိုမူ ၂၀၁၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်း ရန်ကုန်မြို့ရှိ အစိုးရ၏ ငိမ်းချမ်းရေး စင်တာတွင် ကျင်းပခဲ့ပြီး ရှမ်းမျိုးနွယ်စုများ အကြား ယုံကြည်မှု တည်ဆောက်ရေးကို ဆွေးနွေး ခဲ့ကြပါသည်။

ဤအစည်းအဝေးကို အစိုးရ ခွင့်ပြုမိန့်အရ လုပ်ဆောင်ခဲ့ရသဖြင့် ရလာဒ်များကိုလည်း အမျိုးသား လုံခြုံရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအောင်မင်းထံသို့ တင်ပြ ရမည်ဖြစ်သည်ဟု ဆိုပါသည်။

ဤသို့မဟုတ်ပါက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ
SNLD ဥက္ကဌ ခွန်ထွန်းဦးအား ၂၀၀၅ ခုနှစ်က စွပ်စွဲချက်မျိုး  ရှမ်းအတိုင်ပင်ခံ ကောင်စီကို တရားမ၀င် ဖွဲ့စည်း တည်ထောင်မှုဖြင့်  စွပ်စွဲခံရနိုင်ပါသည်။ ထိုစဉ်က စွပ်စွဲချက်သည် နိုင်ငံ တော်အား သစ္စာဖောက်မှုဖြစ်ပြီး ထောင်ဒါဏ် (၉၃)နှစ် ချမှတ်ကာ ခန္တီးထောင်တွင် အကျဉ်းချထားရာမှ ၂ဝ၁၂ ခုနှစ် အရောက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက် လာပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNLD သည် လူမျိုးပေါင်းစုံ နေထိုင်သော ရှမ်းပြည်နယ်ကြီးအား စည်းလုံးညီ ညွတ်ပြီး အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင် သွားနိုင်ရန် လိုလားနေပါသည်။ ဤရည်မှန်းချက် ရရှိရေးအတွက် ရှမ်းပြည်နယ်နှင့် ဆက်စပ်ဒေသများတွင် ရှိသော လူမျိုးစုများ၏ ဆန္ဒကို ဖေါ်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် ယနေ့ ကျင်းပသော အစည်းအဝေးကို ကမကထ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။