Thursday, May 29, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး SNLD ထောက်ခံ

(VOA)

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးနဲ့ ပတ်သက် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD ရဲ့ နယ်လှည့် စည်းရုံး လှုံ့ဆော်မှုတွေ မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း က ပူးပေါင်းဆောင် ရွက်နေသလို၊ အခုအခါ မှာတော့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က လည်း NLD ပါတီနဲ့ ပူးပေါင်း လာပြီ ဖြစ်ပါတယ်။

 NLD နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းမကျတဲ့ အရေးပါတဲ့ အချက်တချို့ကို ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်နိုင်ရေး လူထုထောက်ခံမှုရအောင် ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။
 

Tuesday, May 27, 2014

ငြိမ်းချမ်းရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရရင်လည်း လက်နက်ကိုင်ပြီးဖြေရှင်းဖို့ ဘဲလိုတယ်

(သျှမ်းသံတော်ဆင့်)

“ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ဖြေရှင်း လို့မရရင် လည်း လက်နက် ကိုင်ပြီးဖြေရှင်းဖို့ ဘဲလို တယ်လေ။ ဆွေး နွေး လို့မရရင် လည်း ပစ်ခတ်ဖို့ဘဲ ရှိတော့ တယ်ပေါ့။ ရွေးစရာလမ်း မရှိတော့ ဘူးလေ။ သူတို့ ဘက်က ဘယ်လိုဖြေရှင်း မလဲ ကျနော် တို့စောင့်ကြည့်ရ မယ်။ နောက်တခု က တပြည်လုံး အပစ်ရပ်ရေး ကို စောင့်ကြည့်ရ မယ်။ သူတို့ တကယ်လုပ် နိုင်မလားဆိုတာ။ တကယ်တမ်း ကျတော့ တပြည်လုံး အပစ်ရပ် လက်မှတ်ထိုး ဖို့ဆိုတာ အရမ်းလွယ်တာပေါ့။ မြန်မာ စစ်တပ်က မခက်ခက်အောင် လုပ်နေတာ ဘဲလေ။ ပြီးရင် တိုင်းရင်း သားတွေ NCCT တွေကို လိုက်ပြီးလက်ညှိုး ထိုး အပြစ်တင်။

ဒီအချိန်မှာ ဘယ် SSA တပ်မှ အစိုးရကိုတော်လှန်ပုန်ကန်နေတာမရှိဘူး

(သျှမ်းသံတော်ဆင့်)

အခု သူတို့စွပ်စွဲထားတဲ့ ပုဒ်မ ၁၇-၁ ဆိုတာ SSA တောတွင်း လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ် တယ် ပေါ့နော်။ ဒီအချိန်မှာ ဘယ် SSA တပ်မှ အစိုးရကိုတော် လှန်ပုန်ကန်နေ တာမရှိဘူး။ အားလုံးက အပစ်အခတ် ရပ်စဲထား တယ်။ ငြိမ်းချမ်းရေး ရယူထားတယ်။ ဆိုတော့ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ကို သူတို့က သောင်းကျန်းသူ အဖြစ်

နာမည်ကြီး ကရင်အမျိုးသမီးအဆိုတော် ကဗျာဘွဲ့မှူး (ခ) နော်စေးမူဖောနှင့် ကရင်သတင်းဌာန တွေ့ဆုံမေးမြန်းခြင်း

(KIC)

မေလ ၂၃ရက်နေ့တွင် ကျရောက်သည့် ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို) ၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို ကရင် ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ လော်ခီးလာတွင် ကျင်းပခဲ့ရာတွင် နာမည်ကြီး ကရင်အဆိုတော်များ ကဗျာဘွဲ့မှူး (ခ) နော်စေးမူဖော၊ ညီမ မီးမီးခဲနှင့် စမောလယ်နှင့် အခြားကရင်အဆိုတော်များ လာရောက်ဖျော်ဖြေခဲ့ကြသည့်အနက် ကဗျာဘွဲ့ မှူးကို တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

ကေအိုင်စီ – အခုလို ကေ၀ိုင်အိုနေ့မှာ လာရောက်ဖျော်ဖြေတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။
 

ကဗျာ – အရမ်းပျော်ပါတယ်။ 

Monday, May 26, 2014

မွန်ပြည်သစ်ပါတီ နဲ့ မြန်မာပြည် ငြိမ်းချမ်းရေး

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေး ရာ ဆွေးနွေးခန်း အစီအစဉ် မှာ မြန်မာနိုင်ငံမှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေး အတွက် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ဆွေးနွေး မှုတွေ ပြေ လည်နိုင်ဖို့ အချိန် အများကြီး လိုသေး တယ်လို့ မွန်ပြည်သစ် ပါတီ စည်းရုံးရေးဌာနရဲ့  ဒုတိယ တာဝန်ခံ ဦးနိုင်ယက္ခ က ပြောဆိုပါ တယ်။ ဆွေးနွေးကြ တဲ့နေရာမှာ အစိုးရ ဖက်က အပေါ်စီး ယူ ထားတဲ့အချက်တွေ ကို တိုင်းရင်းသားတွေ ကို အတင်း လက်ခံခိုင်းနေမယ် ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင် ဘူးလို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့  ဌာနေ တိုင်းရင်းသားများ အရေး ဆွေးနွေးပွဲကို လာရောက်တက်ရင် အမေရိကန်ပြည်ထောင်စု ကို ရောက်လာစဉ်မှာ ဦးနိုင်ယက္ခ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဦးနိုင်ယက္ခအပါအဝင် မွန်ကိုယ်စားလှယ် (၆) ယောက် တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအရေး တင်သွင်းခဲ့တဲ့ စာတမ်းအပါအဝင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

အဖမ်းခံနေရတဲ့ SNLD အဖွဲ့ဝင်အမှု ပြေလည်ဖို့ မျှော်လင့်

(VOA)

မတရား အသင်း နဲ့ဆက်သွယ် မှုကြောင့် ဖမ်းဆီး တရားစွဲ ဆိုခံထားရ တဲ့ SNLD ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးရဲ့အမှု ကို သမ္မတ ကိုယ်တိုင်က အရေးတယူ ကူညီဆောင်ရွက်ပေးနေ တဲ့အကြောင်း စနေနေ့မှာ အကြောင်းကြား လာတယ်လို့ SNLD ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ တရားစွဲဆိုခံထားရသူဘက်က လိုက်ပါ ဆောင်ရွက်ပေးမယ့် ဥပဒေအကျိုးဆောင်တွေကတော့ အာဏာပိုင်တွေဘက်က တင်သွင်းတဲ့ သက်သေ ဖြောင့်ချက်တွေဟာ တရားနည်းလမ်း ကျမကျ စစ်ဆေး ဖော်ထုတ်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ တရားစွဲဆို ခံထားရသူ SNLD ပါတီဝင်အနေနဲ့ အာဏာပိုင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဆေးကုသခွင့် တောင်းခံထားပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

Saturday, May 24, 2014

တွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး အဖြေမထွက်ပါက လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးမည်ဟု RCSS/SSA ထုတ်ပြန်

(Mizzima)

ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးမှုဖြင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပါက အခြားရွေးချယ်စရာလမ်းမရှိတော့သည့်အတွက် တော်လှန်ရေးလမ်းစဉ်သုံးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မေလ ၂၁ ရက်က ကျရောက်သည့် (၅၆) နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ကြေညာချက်ထုတ်ပြန်လိုက်သည်။

Thursday, May 22, 2014

ဆက်ဆံရေးရုံးကို ၀င်စီးနင်းမှု ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု ရှမ်းပြည်တပ်မတော်ပြော

(DVB)

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ် မတော်တောင်ပိုင်း အဖွဲ့ရဲ့ ဆက်ဆံရေး ရုံး ကို စရဖ နဲ့ ရဲတပ်ဖွဲ့တွေ က ကြိုတင် အကြောင်းကြားခြင်း မရှိ ဘဲ ဒီလဆန်း ပိုင်းက ၀င်ရောက် စီးနင်း ရှာဖွေတာ ဟာ ရှမ်း တပ်မတော်နဲ့ အစိုး ရကြား ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက် မှုကို လျော့နည်း သွားစေတယ်လို့ ရှမ်းပြည် တပ်မတော် က ပြောပါ တယ်။

မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၅၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

SSA တဖွဲ့တည်းဖြစ်ကြောင်း RCSS ထံ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာပို့

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်း တွင် ကျင်းပသော  ၅၆ နှစ်မြောက် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမခွဲခြားဘဲ SSA တဖွဲ့တည်းဖြစ်ကြောင်း သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ခွင့်ပြုချက်မရဘဲ မြေလွှတ်မြေရိုင်းများတွင် ဖော်ထုတ်အသုံးပြုခြင်းမပြုရန် သျှမ်းပြည်နယ်အစိုးရ အမိန့်ထုတ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်နယ်အတွင်း မြေလွတ်မြေရိုင်းများအား ခွင့်ပြုချက်မရဘဲ ဖော်ထုတ်အသုံးပြုခြင်း မပြုရန် သျှမ်းပြည် နယ်အစိုးရက ကြေငြာချက်ထုတ်ပြန်လိုက်သည်။
ခရိုင်၊ မြို့နယ်၊ ကျေးရွာမည်သည့်ဒေသတွင်မဆို လယ်မြေ၊ ယာမြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များနှင့် သစ်တောမြေများပေါ်တွင် အစိုးရထံမှ ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ မိမိတို့သဘောဆန္ဒ အလျောက် လယ်ယာ မြေအဖြစ်အသုံးပြုခြင်း၊ လူနေအိမ်ကွက်များ ဖော်ထုတ်ရောင်းချခြင်းမပြု ရန် တားမြစ်ထားခြင်းဖြစ်သည်။

Wednesday, May 21, 2014

RCSS/SSA နှင့် ဆက်သွယ်၍ ဖမ်းဆီးခံရသူ ဦးအိုက်ကျိမ်းကို ရုံးထုတ်စစ်ဆေးတော့မည်

(Mizzima)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသူ ဦးအိုက်ကျိမ်းကို မေလ ၂၂ရက်တွင် ကျိုင်းတုံမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်စစ်ဆေးတော့မည်ဟု ရှမ်းအမျိုးသား ဒီမိုကရက်ရေစီအဖွဲ့ချုပ် (SNLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်က SNLDပါတီ၏ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာ၏ တာဝန်ခံ ဦးအိုက်ကျိမ်းကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်တွင် ကျိုင်းတုံရဲစခန်းသို့ လွဲပြောင်းပေးအပ်ကာ အမှုဖွင့် ရမန်ယူခဲ့သည်။

တပ်မ ၇၇ လှုပ်ရှားရာ ဒေသအတွင်း စစ်မှု ထမ်းဟောင်း တဦး သတ်ဖြတ်ခံရ

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း တပ်မ ၇၇ မှ လာရောက် လှုပ်ရှားစဉ် တပ်ထွက် ရဲဘော် ဟောင်းတဦး    ဖမ်းဆီး သတ်ဖြတ် ခံရကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ရဲဘော်ဟောင်း ဦးကိုရဲသည် မေ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေအိမ်မှပျောက် သွားကြောင်း၊ အဆိုပါနေ့ရက် နံနက် ၁၁ နာရီခန့်တွင် ရွာအနီး သေနတ်ဖေါက်သံ နှစ်ချက် ကြားရာမှ ဦးကိုရဲ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တဦးက ဤကဲ့သို့ ပြောပြသည်။

Monday, May 19, 2014

အခြေခံဥပဒေနှင့် တပ်မတော် အပြန်အလှန်ကာကွယ်နေမှု အလားအလာမကောင်းဟု NCCT အဖွဲ့ ခေါင်းဆောင်ပြော

မဇ္ဈိမသတင်းဌာန 
 
တပ်မတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချင်းချင်း အပြန်အလှန်ကာကွယ်နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ကာကွယ်နေခြင်းသည် အလားအလာမကောင်းဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောသည်။

လက်ရှိ အနေအထားအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို အာဏာပေးထားပြီး တပ်မတော်ကလည်း ဖွဲ့စည်းပုံကို ကာကွယ်နေသည်ဟု ဦးနိုင်ဟံသာက မေ ၁၃ ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။

Friday, May 16, 2014

‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူးပြောင်းခြင်း’ အစီရင်ခံစာ KHRG ထုတ်ပြန်

(KIC)

၂၀၁၂ခုနှစ်၊ အပစ်ခတ် ရပ်စဲပြီးနောက် ပိုင်း ပြောင်းလဲလာ သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များနှင့် ဒေသခံတို့၏တုံ့ပြန်မှုများ ပါဝင်သည့် ‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင် ကူးပြောင်းခြင်း”ဟူသော အစီရင်ခံစာ တစ်စောင်ကို ကရင်လူ့ အခွင့်အရေးအဖွဲ့ (Karen Human Rights Group-KHRG)က မေ ၁၃ရက်နေ့ တွင် ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန် လိုက်သည်။

ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရ တို့အကြား ပဏာမ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီး နောက် မြန်မာပြည်အရှေ့တောင်ဘက်ခြမ်းတွင် ဆက်လက် ဖြစ်ပွား လျှက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် ဒေသ ခံများ ၏ ခံစားရမှုများကို အများသိ ရှိစေလို၍ ထုတ်ပြန် လိုက်ခြင်းဖြစ်သည်ဟု KHRG က ဆိုသည်။

Thursday, May 15, 2014

နားလည် စေချင်သော တိုင်းရင်းသား နိုင်ငံရေး မည်သည့် Ethno-Politic

(ရွှေဟင်္သာသတင်းဌာန)



တိုင်းရင်း သား နိုင်ငံရေးဟု ဆိုသော ထို “Ethno-Politic” ဝေါဟာ ရအား အမေရိ ကန် ပြည်ထောင်စု ငြိမ်းချမ်ရေး အင်စတီ ကျု့စ် (USIP) မှ ပြီးခဲ့သည့် ၂၀၁၄ မတ်လ ဆန်း၌ ထုတ်ဝေ ခဲ့သော “Media and conflict in Myanmar” ဟူသည့် အစီရင် ခံစာ၌ “Ethno-Politic” ဟု စတင် သုံးနှုန်း ခဲ့သည်ကို ဖတ်ရှူ့ ခဲ့ရသည်။

မြန်မာ နိုင်ငံ တွင်းရှိ “တိုင်းရင်းသား အရေးသည်” နိုင်ငံရေး ပြသနာ တစ်ရပ် ဖြစ်သည်ဟူသော တိုင်းရင်းသား ခေါင်းဆောင် အစဉ် အဆက်၏ ထောက်ပြ ချက်ကိုကား ယနေ့ အထိ အစိုးရမှ တိတိ ပပ လက်ခံသည် လက်မခံသည် ဟူသော ပြောကြား ချက်မျိုး မရှိသေးပေ။

ဘာသာခြားများ ချစ်ခင်ရင်းနှီးရန် သင်တန်းဖွင့်

(Mizzima)

ကိုးကွယ်ရာဘာသာမတူသည့် လူငယ်များ အချင်းချင်း ရင်းနှီးချစ်ခင်မှုရရှိစေရန် ဘာသာကြီးလေးခုကို သင်ကြားပေးသော သင်တန်းအား စတင်ဖွင့်လှစ်ထားပြီဟု အဆိုပါ သင်တန်းကျောင်းတွင် ခရစ်ယာန်ဘာသာကို သင်ကြားပေးသည့် ဦးစောလှိုင်ဘွားက ပြောသည်။

အဆိုပါသင်တန်းကို အင်းစိန်မြို့နယ်ရှိ ယုဒဿန် သုတေသနဌာန၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်တွင် ဖွင့်လှစ်ထားပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများကို သင်ကြားကာ စကားပြောစွမ်းရည် မြှင့်တင်နိုင်စေရန် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။

နယ်ခြားစောင့်တပ်များ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးဟု KHRG ထုတ်ပြန်

(ဧရာဝတီ)

မြန် မာပြည် အရှေ့တောင် ပိုင်းရှိ ပြည်တွင်း စစ် ဖြစ်ပွား ခဲ့သည့် နယ်မြေများ တွင် လူ့အခွင့် အရေး ဆိုင်ရာ သုတေ သနများ ပြုလုပ်ခဲ့ရာ တွင် ဒေသခံများ ထံမှ အများဆုံး ရရှိသော အချက် အလက်များအရ နယ်ခြားစောင့် တပ်ဖွဲ့ များ (BGFs) ၏ လူ့အခွင့် အရေး ချိုးဖောက် မှု ပြဿနာသည် အများ ဆုံး ဖြစ်ကြောင်း သိရသည်။

“BGFs တွေ ဟာ အပစ် အခတ် ရပ်စဲရေး မတိုင်ခင် ကာလ အတိုင်း ချိုးဖောက် မှုတွေ ရှိနေဆဲ ဆို တာ တွေ့ရပါတယ်”ဟု ကွင်းဆင်း လေ့ လာရေး လုပ်ငန်း အစီအစဉ်များ ၏ ညွှန်ကြားရေးမှူး စောအဲလ်ဘတ်က ဆိုသည်။

ချင်း နိုင်ငံရေးသမိုင်း (၁)

ခိုနူမ်းထုန် သတင်းဌာန 
 
လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများ သည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး  ( Tibeto-Chinese Family/  Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု  (Tibeto-Burman Sub-Family ) အနက်  Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ်စုဝင်များဖြစ်ကြပါသည်။

Tuesday, May 13, 2014

SNLD ပါတီဝင်အား ၁၇/၁ ဖြင့် အရေးမည့်ကိစ္စ ရပ်တန့်ပေးဖို့ သမ္မတထံတောင်းဆို

(သျှမ်းသံတော်ဆင့်)

SNLD ၏ ကျိုင်းတုံမြို့နယ် ကျေးရွာပါတီ ရုံးခွဲ ဥက္ကဌ အား အစိုးရတပ်မတော်မှ ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ပြီး ပုဒ်မ ၁၇/၁ ဖြင့် အရေးယူမည့်ကိစ္စ ရပ်တန်းကရပ်ကာ ကျိုင်းတုံမြို့၌ ဖြစ်ပွားခဲ့ သောပြဿနာအား နိုင်ငံတော်သမ္မတကိုယ်တိုင်ဖြေရှင်းပေးဖို့ SNLD က တောင်းဆို လိုက်သည်။
သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့်လည်း ပုဒ်မ ၁၇/၁ ဖြင့် SNLD ပါတီဝင် တဦးအား မတရားအသင်းအဖွဲ့ဆက်သွယ်မှုဖြင့် တရားစွဲမည့်လုပ် ရပ်အား ရပ်တန်း ကရပ်ရန်၊ ဖြစ်ပွားခဲ့သောပြဿနာများအား သမ္မတကြီးကိုယ်တိုင် အမြန်ဆုံး အရေးယူဆောင် ရွက်ပေးရန် တောင်းဆိုလိုက်သည်။

Saturday, May 10, 2014

“တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်”

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် မကြာခဏ ဆိုသလို တွေ့ဆုံခွင့်ရရှိခဲ့သော ကရင် အမျိုး သား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖော သည် ဧပြီလ ၂၆ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ တွင် ‘၀’  ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေ သ ၄ ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေး ကော်မတီ (NDAA) အပါအ၀င် တိုင်းရင်း သား အဖွဲ့အစည်းများ ကို တွေ့ဆုံခဲ့ သည်။ ယင်းနောက် မေလ တွင် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် သည် ဧရာဝတီ တိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းနှင့် ရန်ကုန်မြို့တို့သို့ ရောက်ရှိ လာပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၊ လူမှုရေးအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် တချို့၊ ကရင် ပြည်သူ လူထုနှင့်တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။  ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြား နိုင်သည်ဟု တိုင်းရင်းသား များက ပြောဆိုနေချိန် KNU ခေါင်းဆောင်များ၏ ခရီးစဉ်များကြောင့် အနာဂတ် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍတွင် KNU မည်သို့ မည်ပုံ ဆက်လက်ပါဝင်လာမည်ကို  တိုင်းရင်းသားများနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်း က စိတ်ဝင်တစား စောင့်ကြည့် နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က  KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ရန်ကုန် ရောက်ရှိ နေချိန် သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။

RCSS/SSA ရုံးစစ်ဆေးခံရမှု အစိုးရ စစ်တပ်မှ လက်တုန့် ပြန်ခြင်း ဟုဆို

သျှမ်းသံတော်ဆင့်သတင်း 
 
အစိုးရတပ်သည် သျှမ်းပြည် အရှေ့ပိုင်းမိုင်းတုံ မြို့နယ် ဖိုင်ခယ် ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်မှ ပျောက်ဆုံးသွားခြင်းကို RCSS/SSA ၏ လက်ချက်ဟု  ပြောဆို စွပ်စွဲကာ လက်တုန့် ပြန်သည့် အနေဖြင့် SNLD ၏ ကျေးရွာ (ရုံးခွဲ) ဥက္ကဌအား ဖမ်းဆီး ရိုက်နှက်ခြင်း၊ RCSS/SSA ဆက်ဆံရေး ရုံးအား ရှောင်တခင် စစ်ဆေး ရခြင်း ဖြစ်သည်ဟု စစ် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောပါသည်။

၂၀၁၄ မေလ ၄ ရက်က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းတုံ - ပုံပါကျင် လမ်းမ ပေါ်ရှိ ဖိုင်ခယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်  နေအိမ်မှ ပျောက်ဆုံးသွားခြင်းသည် သျှမ်းပြည်တပ်မတော် လက်ချက်ဖြစ် သည်ဟုဆိုကာ UPWC မှ ဦးအောင်မင်းတို့အပါအဝင် စစ်ထောက်လှမ်းရေးများက သျှမ်းပြည်တပ်မတော် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

ဖမ်းဆီး ထားသည့် SNLD ပါတီဝင် ကျိုင်းတုံ တရားရုံး၌ ရမန်ယူ

သျှမ်းသံတော်ဆင့်  
 
သျှမ်းပြည် တပ်မတော်အား ဆက်သွယ် ထောက်ပံ့ သည်ဟု စွပ်စွဲကာ အစိုးရတပ် ခလရ ၂၄၅ မှ ဖမ်းဆီး ထားသည့် ကျိုင်းတုံ မြို့နယ် ပိန်းတောဝ့် ကျေးရွာအုပ်စု နမ့်လင်းမိုင် ရွာနေ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဝင် စိုင်းအိုက်ဂျဲန်ကို မေလ ၉ ရက်နေ့ ကျိုင်းတုံ တရားရုံး၌ ရမန် ယူရကြောင်း ကြားသိ ရပါသည်။

Friday, May 9, 2014

RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက် ပေးရန် အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို

သျှမ်းသံတော်ဆင့် 
 
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှိ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ် ဆက်ဆံရေး ရုံးအား  တြိဂံ စစ်တိုင်းရုံးမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှု အား ဖြေရှင်းချက် ပေးရန် သျှမ်းပြည်တပ် မတော် ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆို လိုက်ပါသည်။

၂၀၁၄ မေ ၆ ရက်နေ့က ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံအား စရဖ ရုံး၌ ၂ နာရီ ကျော် ကြာ ထိန်းသိမ်းထားပြီး ကိုယ်စားလှယ်ရုံးအားလည်း စဖရမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ၂၀ ကျော်က ရှောင်တခင် ဝိုင်းရံစစ်ဆေးမှု ပြုရသည့်အကြောင်းရင်း ဖြေရှင်းချက်ပေးရန် ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးဖေါ်ဆောင် ရေးကော်မတီထံ RCSS/SSA ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က  မေလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုး တောင်းဆိုခြင်းဖြစ်သည်။

Thursday, May 8, 2014

‘ဝ’ ဒေသ ခရိုင်းမီးယားလို ဖြစ်မလာနိုင်ကြောင်း UWSP ပြော

(Irrawaddy)

ယူကရိန်းနိုင်ငံထဲက ခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းသွားတဲ့ ခရိုင်းမီးယားဒေသလို အဖြစ်မျိုး မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ‘ဝ’ ဒေသမှာ ဖြစ်လာစရာ အကြောင်းမရှိကြောင်း ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေးပါတီ (UWSP) ရဲ့ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ခရိုင်းမီးယားဒေသ ရုရားနိုင်ငံနဲ့ ပူးပေါင်းသွားပြီးတဲ့နောက် မြန်မာနိုင်ငံထဲမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် တည်ထောင်ရေး တောင်းဆိုနေတဲ့ ‘ဝ’ ဒေသဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အဆင်မပြေဖြစ်ရင် ခရိုင်းမီးယား ပုံစံမျိုး တရုတ်နိုင်ငံနဲ့ ပူးပေါင်းသွားနိုင်ဖွယ် ရှိမလားလို့ ဝေဖန် ပြောဆိုနေကြတာကို UWSP ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့်က တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွါး


၇ ရက် ဧပြီလ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကွမ်းလုံမြို့နယ်၊ လားရှိုး-သိန္နီ- ကွမ်းလုံ ကားလမ်းမပေါ် အေးရှားဝေါ ဂိတ်အနီး ကွမ်းလုံမြို့နှင့် (၁၇)မိုင်အကွာယနေ့ ဧပြီ ၇ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် တပ်ရင်း(၃၃၅) နှင့် မြန်မာ့ တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်း တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့ တပ်မတော်ဘက်မှ အနည်းဆုံး (၃)ဦး ကျဆုံးပြီး ဒဏ်ရာ အများ အပြားရရှိခဲ့သည်။

Wednesday, May 7, 2014

တိုင်းရင်းသားများလိုအပ်ချက် SNLD နှင့် KNU ​တွေ့ဆုံဆွေးနွေး

(သျှမ်းသံတော်ဆင့်)

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ရန်ကုန်မြို့၌ အလွှတ် သဘောတွေ့ဆုံကြကာ တိုင်းရင်းသားအရေးရှေ့ဆက်  လက်တွဲ ဆောင်ရွက်သွား မည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။  

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်သော တွဲဖက်အတွင်း ရေးမှူးအပါအဝင် ဗဟိုကော်မတီဝင် ၁၁ ဦးသည်  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်အား ၂၀၁၄ မေလ ၆ ရက် နံနက် ၁၀ နာရီက ၁၁ နာရီခွဲအထိ  ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ SNLD ဗဟိုဌာနချုပ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။


ဦးအောင်မင်းနှင့် KNU ဒု-ဥက္ကဋ္ဌတို့ တွေ့ဆုံ

(Mizzima)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းတို့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် မေလ ၆ရက် ညနေက တွေ့ဆုံခဲ့သည်။

Tuesday, May 6, 2014

ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှု တိုင်းရင်းသားတွေ ဘာကြောင့် ချန်ခဲ့သလဲ

(Irrawaddy)

မြန်မာ့နိုင်ငံရေး မှာ သြဇာ အင်အားကြီးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့ က အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ဗဟိုကော်မတီ တရပ်ကို ဖွဲ့စည်း လိုက်ပြီး လွှတ်တော် ပြင်ပ လူထု လှုပ်ရှားမှုတွေ စတင် လုပ်ဆောင်နေပြီဖြစ်ပေ မယ့် တိုင်းရင်း သား နိုင်ငံရေး အင်အား စု တွေ၊ ပြည်တွင်းနိုင်ငံရေး ပါတီတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို လှုပ်ရှားမှာ ပါဝင် ဖို့ တရားဝင် ကမ်း လှမ်း ဖိတ်ကြား တာမျိုး မရှိသေးတဲ့ အတွက် ဝေဖန်မှုတွေ ထွက်ပေါ် လာပါတယ်။

Saturday, May 3, 2014

RCSS/SSA တပ်မှ ပစ်ခတ်၍ “ဝ” တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခြင်းမှာ အောက်ခြေ ပြဿနာဟု “ဝ” သဘောထား

(Mizzima)

“ဝ” တပ်ဖွဲ့မှ စစ်သည်တစ်ဦး သေဆုံးသည်အထိ ရှမ်းပြည်တောင်ပိုင်း တပ်မတော်(RCSS/SSA)မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို အောက်ခြေအဆင့် ပြဿနာဟုသာ သထောထားသည်ဟု  “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ဒါကတော့ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ကိစ္စ၊ အောက်ခြေအဆင့် ပြသနာပါ၊ ဒီကိစ္စ ဆက်ပြီး မကြီးထွားသွားအောင် မပြန့်ပွား သွားအောင် နှစ်ဖက်လည်း ကိုယ့်တပ်၊ ကိုယ့်အဖွဲ့ကို ထိန်းချုပ်နိုင်အောင် လုပ်ဖို့လိုတယ်၊ ဘာပဲပြောပြော တိုင်းရင်းသား ညီအစ်ကို အဖွဲ့အစည်းတွေပဲ” ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

စည်းလုံးရေးအတွက် ယုံကြည်မှုက အဓိက - သျှမ်းခေါင်းဆောင်များဆို

(သျှမ်းသံတော်ဆင့်)

တဖွဲ့နှင့်တဖွဲ့ စည်းလုံးညီညွတ်ရေးတည်ဆောက်ရာတွင် ယုံကြည်မှုသည် အဓိကဖြစ်ကြောင်း သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ၏ ၆ လပတ်အစည်းအဝေး၌ သျှမ်းခေါင်းဆောင်များက ပြောဆိုကြသည်။
သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့၊ လူမှုအသင်းအဖွဲ့များနှင့် ဖွဲ့စည်းထူထောင်ထား သည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ Committee for Shan State Unity (CSSU)၏ ၆ လ ပတ် အစည်းအဝေးကို မေလ ၁ ရက်နှင့် ၂ ရက်တို့တွင် ထိုင်း−မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ  ၇၀ ကျော် တက်ရောက်ခဲ့သည်။


Thursday, May 1, 2014

ပဋိပက္ခများ ငြိမ်းချမ်းစွာ ဖြေရှင်းရေး “ဝ”နဲ့ KNU ဆွေးနွေး

(ဧရာဝတီ)
ဝ ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) နဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) တို့ ဧပြီ ၂၆ ရက် က ပန်ဆန်းမြို့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားများ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခများကို နိုင်ငံရေးနည်းနဲ့ အပြန် အလှန်ဆွေးနွေးခြင်း၊ တန်းတူညီတူ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားကြဖို့ သဘော တူညီခဲ့ကြတယ်လို့ သိရပါတယ်။