Tuesday, May 27, 2014

ငြိမ်းချမ်းရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရရင်လည်း လက်နက်ကိုင်ပြီးဖြေရှင်းဖို့ ဘဲလိုတယ်

(သျှမ်းသံတော်ဆင့်)

“ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ဖြေရှင်း လို့မရရင် လည်း လက်နက် ကိုင်ပြီးဖြေရှင်းဖို့ ဘဲလို တယ်လေ။ ဆွေး နွေး လို့မရရင် လည်း ပစ်ခတ်ဖို့ဘဲ ရှိတော့ တယ်ပေါ့။ ရွေးစရာလမ်း မရှိတော့ ဘူးလေ။ သူတို့ ဘက်က ဘယ်လိုဖြေရှင်း မလဲ ကျနော် တို့စောင့်ကြည့်ရ မယ်။ နောက်တခု က တပြည်လုံး အပစ်ရပ်ရေး ကို စောင့်ကြည့်ရ မယ်။ သူတို့ တကယ်လုပ် နိုင်မလားဆိုတာ။ တကယ်တမ်း ကျတော့ တပြည်လုံး အပစ်ရပ် လက်မှတ်ထိုး ဖို့ဆိုတာ အရမ်းလွယ်တာပေါ့။ မြန်မာ စစ်တပ်က မခက်ခက်အောင် လုပ်နေတာ ဘဲလေ။ ပြီးရင် တိုင်းရင်း သားတွေ NCCT တွေကို လိုက်ပြီးလက်ညှိုး ထိုး အပြစ်တင်။
 တကယ်ဆို အမှား က သူတို့ဆီ မှာဘဲ ရှိတယ်။   တကယ်တော့ ကျနော်တို့ က အစိုးရ ဆီမှာ  အပစ်ရပ်လက်မှတ်ရေး ထိုး သဘော တူညီပြီးပြီဘဲ။ ကျနော် တို့ စုပေါင်းပြီးဆွေးနွေးကြ မယ်ဆိုရင် နိုင်ငံရေးဆွေးနွေး ပွဲတောင် လုပ်ပြီး နေရောပေါ့။ ကျနော်တို့အခု ဒါကိုစောင့်ကြည့်နေ တာပါ။ သူတို့ဖြေရှင်း ချက်လည်းမပေး အပစ်ရပ် လက်မှတ်ရေး ထိုးပွဲလည်း မလုပ်ဘူးဆိုရင် ဘာထူးမလဲ။ ကျနော်တို့ လုပ်ခဲ့သမျှ ကို ပြန်ရုပ်သိမ်းမယ်။ လက်နက် ကိုင်ပြီး ပြန်တိုက်ဖို့ ဘဲလိုတော့တယ်လေ။ တိုက်မယ် ဆိုရင်လည်း အဆုံးအထိ တိုက်ကြမယ်။   ကျနော် တို့ကို အမြစ်ပြတ်ချေ မှုန်းလိုက်။ ကျနော်တို့ လည်း သူတို့ကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်ကြမယ်။ ဒါဘဲရှိတော့ တယ်လေ”
ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  သျှမ်းပြည်တပ်မတော်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။