Wednesday, May 7, 2014

ဦးအောင်မင်းနှင့် KNU ဒု-ဥက္ကဋ္ဌတို့ တွေ့ဆုံ

(Mizzima)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းတို့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် မေလ ၆ရက် ညနေက တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် မြောက်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်းလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကို ညနေ ၅နာရီ ၂၀မိနစ်မှ စတင်ကာ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီး KNUဘက်မှ ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ကရင်အမျိုးသမီးအဖွဲ့မှ နော်စူစန်နာလှလှစိုး၊  နော်ဘလူးမင်းနိုက်ဇန်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့လည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။