Sunday, June 30, 2013

မြန်မာတပ်အချင်းချင်းမှားယွင်းတိုက်ခိုက်မှုကြောင့် ၉ ဦးထက်မနည်းသေ

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း မြန်မာအစိုးရတပ်အချင်းချင်း မှားယွင်း ပစ်ခတ် သည့် တိုက်ပွဲကြောင့် ၉ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရှိသည်ဟု ဆိုသည်။

“ရန်သူက ဘုန်းကြီးကျောင်းထဲမှာရှိတယ်အထင်နဲ့ ကျောင်းနားရောက်တာနဲ့ ချတော့တာဘဲ။  
လားရှိုးလက်အောက်ခံ တပ်က တိုက်ဖို့ အမိန့် ရထားတာကိုး။ တကယ်တော့ ရန်သူက ကျောင်းထဲမှာ မရှိတော့ ဘူး။  ဗမာစစ်တပ်ကဘဲ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတာ ။အလူးအလဲခံလိုက်ရတာက စကခ ၁၇ လက် အောက်ခံ တပ်ရင်းကလို့  သိရတယ်။   ဒီမှားယွင်းတိုက်ပွဲက နှစ်ဘက်စလုံး ၉ ယောက်သေတယ်။ ရမခ လက်အောက်ခံဘဲ ၁၀ ယောက်ကျော်တယ် ဒဏ်ရာရတာ” - ဟု အစိုးရတပ် နှင့် နီးစပ်သည့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ် အရာရှိတဦးက ပြောပါတယ်။

ထိုင်းနယ်စပ်ရှိ ၀တပ်စခန်းများ စာရင်းပေးရန် မြန်မာတပ်မှူး ညွှန်ကြား

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာမှူးက ၄င်းလက်အောက်ခံ နယ်မြေအတွင်း ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် တပ်စခန်းကြီး စခန်းငယ်စာရင်းများ အားလုံးပေးအပ်ရန် ညွှန်ကြားထားသည်ဟု နီးစပ်သည့်သတင်းရပ်ကွက်ကပြောသည်။

“ကြာသပတေးနေ့က ပုံကျင်အခြေစိုက် ဗမာတပ်ဗျူဟာမှူးက ၀တပ်ကိုယ်စားလှယ်ကိုခေါ်ပြီး ညွှန် ကြား လိုက်တယ်။ အဓိက ကတော့ သူ့လက်အောက်ခံနယ်မြေအတွင်းရှိတဲ့ ၀ တပ်စခန်း တွေ ပေါ့။ ဘယ် တပ် စခန်းက လူသူလက်နက်အင်အားဘယ်လောက် အဲဒီ့အထိ ကို ပေးဖို့ တောင်းထားတာ။ ၀ တပ် က အေးဆေးဘဲ။ ပေးမဲ့ပုံမပေါ်ဘူး” - ဟု ၀ တပ်မှူးကြီး တဦး နှင့် နီးစပ်သူ တဦးကပြောသည်။

Saturday, June 29, 2013

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ

(ဧရာဝတီ)

လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။
အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခြေချ ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေ တိုက်ဖျက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
TNLA ရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ၊ တိုက်ဖျက်တဲ့အခါ အခြေအနေအခက်အခဲ၊ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့နေမှု၊ ထိခိုက်ဆုံးရှုံးမှုနဲ့ တိုက်ဖျက်နေတဲ့ အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ သတင်းထောက် မုံရာတို့က TNLA စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး တာဟိုပလန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Friday, June 28, 2013

အစဉ်အလာ ကြီးမြင့်သော တိုင်းရင်းသား ခေါင်းဆောင်များ၏ ဂါရ၀ပွဲ

(ရွှေဟင်္သာသတင်းဌာန)

အစဉ်အလာ ကြီးမားသော အထင်ကရ တိုင်းရင်းသား လူမျိုးပေါင်းစုံ ခေါင်းဆောင် များကို သမိုင်း တင်စေမည့် သက်ကြီး ပူဇော်ပွဲ တရပ်ကို လာမည့် ဇူလိုင်လ တတိယ အပတ်တွင် ကျင်းပရန် ရှိသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မီတီဝင် တဦးက ဆိုပါသည်။

“ ဒီပွဲ ကတော့ တိုင်းရင်းသား ပေါင်းစုံက ခေါင်းဆောင်တွေ တွေ့ကြတဲ့ ပွဲဗျ။ ဒီပွဲမျိုးကို (၁၉၆၁) ခုနှစ်မှာ တကြိမ် တောင်ကြီး ညီလာခံလို့ ခေါ်တဲ့ ဖက်ဒရယ် ဆွေးနွေး ပွဲတုန်းက တကြိမ် ကျင်းပ ခဲ့ပါတယ်။ သဘော ကတော့ လူကြီးနဲ့ လူငယ်ကြား ချိတ်ဆက်တဲ့ ပွဲလည်း ဖြစ်သလို ညီညွတ် ရေးကို ပြန်လည် တည်ဆောက်တဲ့ ပွဲလည်း ဖြစ်တယ်။ ခေါင်းဆောင် ကြီးများကို ဂါရ၀ ပြုတဲ့ အနေနဲ့ လည်း ခေါင်းဆောင် တချို့ရဲ့ အထ္ထုပ္ပတိ များကို ဖြန့်ချီ သွားမယ်လို့ ရည်ရွယ် ထားပါတယ်” ဟုဆို ပါသည်။ 

တိုက်ပွဲများကြောင့် ထောင်ချီ တအာင်းကျောင်းသားများ စာသင့်ခွင့် မဲ့သွား

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်) ဒေသတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရ ကြား တိုက်ပွဲ ပြင်းထန် လာနေသဖြင့် ကျောင်းသားပေါင်း ထောင်ချီပြီး စာသင်ခွင့်မဲ့နေပြီး ဖြစ်ကြောင်း တအာင်း အမျိုးသမီး အစည်းအရုံးမှ လွေးနွေးနှောင်းက ဆိုပါသည်။ 

တအာင်း ဒေသမှာခဏခဏ တိုက်ပွဲ ဖြစ်နေတဲ့ အတွက် ဆရာ၊ ဆရာမတွေလည်းမလာရဲကြတော့ဘူး။  တအာင်း ဒေသမှာပရဟိတ ကျောင်းတွေရှိပေမယ့်ကျေးရွာပေါင်း (၂၀) ကျော်က ကလေးတွေ အားလုံးကို သွားထားရမယ်ဆို တော့ မဖြစ်သေးဘူးလေ အခက်ခဲတွေလည်း အများကြီး ရှိတယ် ဒါကြောင့် ဆရာ၊ ဆရာမတွေအမြန်ပြန်လာဖို့နဲ့ သူတို့ရဲ့ လုံခြုံရေးကိုရွာလူကြီး၊အစိုးရ အာဏာပိုင်၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA  တို့ အားလုံးမှာ တာန်ရှိပါတယ်။ ခက်တာက အစိုးရတပ်တွေနဲ့ ညှိလို့မရဘူး” ဟု ဆိုသည်။

SSA မြောက်ပိုင်း စခန်းတခုကို အစိုးရတပ် သိမ်း

(ဧရာဝတီ)

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ တာဖာဆောင်ကျေးရွာရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ စခန်းတခုကို အစိုးရတပ်က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရတပ်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် စတင် ဝန်းရံလာကာ ဇွန်လ ၂၄ ရက်နေ့တွင် စတင်တိုက်ခိုက်ကြောင်း၊ ထို့နောက် ဇွန်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း၊ တာ့ဆမ်းပူး ကူးတို့ ဆိပ်ကမ်းကိုလည်း ဖယ်ခိုင်းနေကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။

အထင်ကရတိုင်းရင်းသားခေါင်းဆောင်များအား ဂါရ၀ပြုပွဲကျင်းပရန် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များစီစဉ်



ခေတ်အဆက်ဆက် လူမျိုးစုတိုင်းရင်းသားအရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော တိုင်းရင်း သားတော်လှန်ရေး နိုင်ငံရေးခေါင်းဆောင်များအား ဂါရ၀ပြုအခမ်းအနား တရပ်ကို လာမည့် ဂျူလိုင် လအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဂျူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ  မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ မှကမကထပြုကာ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း နိုင်ငံခြားရေးဝန်ကြီးဌာနဟောင်းအနီး မင်းကွန်း ပိဋကတ်ကျောင်းတွင် အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Thursday, June 27, 2013

စစ်ရေးလေ့ကျင့်ရေးကျောင်း ပြသနာ KNPP နှင့် အစိုးရတို့ သဘောတူညီမှု မရသေး

(ရွှေဟင်္သာသတင်းဌာန)

ကယားပြည်နယ် ဖရူဆို မြို့နယ် တွင်ရှိသော အစိုးရ၏ အမှတ်(၁၄) စစ်ရေး လေ့ကျင့်ရေး ကျောင်း သစ်အား အခြားနေရာသို့ ရွှေ့ပြောင်းပေးရန် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP ၏  တောင်းဆိုချက် အပေါ် အစိုးရမှ ပြန်ကြားခြင်း မရှိ သေးကြောင်း ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ဆိုပါသည်။ 

ခက်တာက သိမ်းဆည်းမြေဗျ။ အစိုးရကတော့ မြေလွတ်မြေရိုင်းလို့ ဆိုတယ်။ ရွာသားတွေကတော့ လုပ်စားစရာကို မကျန်တော့တာ။ ဒါကြောင့်ရွေ့ပေးပါလို့ တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက် ကတော့အဆောက်အဦးတွေက ဆောက်လုပ်ထားပြီး ဖြစ်လို့ ဘတ်ဂျက် တွေက ကုန်ခဲ့ပြီ ဖြစ်လို့ရွှေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ တော့ပြောပါတယ်ဟု ဆိုပါသည်။

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

(ဧရာဝတီ)

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ လူဝတ်လဲပြီး ဦးဆောင်နေတဲ့ လွှတ်တော်ကြီးထဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တောင်တန်း တွေပေါ်က ဘိန်းရာဇာတွေလို့ နာမည်ကြီးနေတဲ့ လွှတ်တော်အမတ် ၂ ဦး ပါဝင်နေတဲ့ အကြောင်း ဒေသခံ တိုင်းရင်းသား တွေနဲ့ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို စောင့်ကြည့်သူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။

သူတို့ နှစ်ဦးကတော့ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးတီခွန်မြတ်နဲ့ ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး ဦးကျော်မြင့် (ခေါ်) လီယောင်ကျန်း တို့ဖြစ်ကြပြီး သူတို့ဟာ အစိုးရ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်တွေလည်း ဖြစ်ကြတယ်၊ ရှမ်းပြည် မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ် သူတွေလို့လည်း သူတို့ကို လူသိများကြပါတယ်။

The Voice Weekly ဂျာနယ်သိစေရန် SSPP အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)

ဇွန်လ (၂၆) ရက်နေ့ထုတ် The Voice Weekly ဂျာနယ်သည် ရှမ်းပြည် အလယ်ပိုင်း ကျေးသီးမြို့နယ်ရှိ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ၏ တာဖာဆောင် တပ်စခန်းကို အစိုးရ တပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက် လိုက်သည်ဟု ရေးသား ထားသည့် သတင်းသည် မဟုတ်မှန်ကြောင်း SSPP ဝမ့်ဟိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးခန္တီက ဆိုပါသည်။ 

တိုက်ပွဲဖြစ်တာက ကျေးသီးမြို့နယ် မမ့်ဝပ် ဘုန်းကြီးကျောင်းမှာပါ။ တာဖာဆောင်တံတားဟာ မမ့်ဝပ်ဘုန်းကြီး ကျောင်းနဲ့က ၁ မိုင်လောက်ဝေးပါတယ်။ တာဖာဆောင်မှာ လုံခြုံရေး စောင့်ချထားတဲ့ ကျနော်တို့ တပ်ဖွဲ့ကို အစိုးရ တပ်တွေ လာတိုက်တာ မရှိခဲ့ပါဘူး။ ဘာကြောင့် အဲဒီလိုရေးရတာလဲဗျာ။ အချင်းချင်း မှားပစ်တာကို ဖုန်းကွယ်ချင်တာများ လား” ဟု ဆိုပါသည်။

ကိုယ်ထူကိုယ်ထမူးယစ်ဆေးတိုက်ဖျက်ရန် သျှမ်း/တောင်လူငယ် ၅ မြို့နယ်တွေ့ဆုံ

 
 
မိုးနဲမြို့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ်ထ အခမ်းအနား (ဓါတ်ပုံ- https://www.facebook.com/photo.php?fbid=379751245462529&set=pcb.379751885462465&type=1&theater ) 

သျှမ်းပြည်တောင်ပိုင်း၌ မူးယစ်ဆေးဝါးအန္တရာယ်စိန်ခေါ်မှုအတွင်း  အလယ်တန်းကျောင်းသားလူငယ်များပါ ကျရောက် ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ဒေသတွင်းရဲရင့်လူငယ်များမှ ကိုယ်ထူကိုယ်ထ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင် သွားမည်ဟု ယမန်နေ့က ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က တွေ့ဆုံဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း  စုံစမ်းသိရှိရပါသည်။

ထင်တိုင်းကြဲ လုပ်တိုင်းရ ကြံတိုင်းအောင် အာဏာရ ပြည်သူ့စစ်ခေါင်းဆောင် “ ပန်းဆေးဦးကျော်မြင့်ကို ဘယ်အချိန်ထိ လွတ်လွတ်လပ်လပ် ဆက်လက်ခွင့်ပြုထားအုံးမှာလဲ ”



သို့- သျှမ်းသံတော်ဆင့်မှတဆင့် ….. သမ္မတကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌကြီးအား ပန်းဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့် နှင့် ပတ်သက်၍သိစေချင်ပါသည်။

နမ့်ခမ်းမြို့နယ်၊ပန်းဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့် (ခ) လီယောင်ကျန်းသည် ပြည်ခိုင်ဖြိုးပါတီ အရေခြုံထားပြီး ပါတီ၏အရှိန်အဝါဖြင့်  သျှမ်းပြည်နယ် လွတ်တော်အမတ်တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။၎င်းသည် တရုတ်သွေးစပ်သော ခိုလုံလီရှောလူမျိုးဖြစ်သည်။

Wednesday, June 26, 2013

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ (နဲာရဿ) ၏ ကိုယ်ရေးရာဇဝင် အကျဉ်း

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ရွာနေ ဖခင် နိုင်မောင်မောင်၊ မိခင် မိဖွားစိန်တို့မှ ကောဇာ သက္ကရာဇ် (၁၃၀၈) ခု တန်ဆောင်မုန်း လဆန်း (၈) ရက် (1.11.46) သောကြာနေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း (၅) ဦး အနက် စတုတ္ထမြောက် သားဖြစ်သည်။ ငယ်နာမည်မှာ မင်းဆွေယဉ် ဖြစ်ပြီး တော်လှန်ရေး နယ်မြေသို့ ရောက်လာသော အခါ နိုင်ရော့စ (နဲာရဿ) ဟု နာမည်ပြောင်း ခဲ့သည်။

နမ့်ခမ်းတွင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ

(ဧရာဝတီ)

နမ့်ခမ်းချောင်းနဘေးရှိ ဘိန်းဈေးတန်းမြင်ကွင်း (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ဇွန် ၂၅ ရက် ညနေ ၆ နာရီခန့်က မူးယစ်တိုက်ဖျက်ရေး အဖွဲ့ ဗုံးခွဲ တိုက်ခိုက် ခံရကြောင်း သိရသည်။

Time မဂ္ဂဇင်းပါဆောင်းပါအား SNLD ကန့်ကွက်



ဂျူလိုင်လ ၁ ရက်နေ့ ၂၀၁၃ ရက်စွဲပါ Time မဂ္ဂဇင်းမျက်နှာဖုံးနှင့်ပတ်သက်၍ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်ကန့်ကွက်သည့် ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည်။

ကြေငြာချက်ကို ၂၀၁၃ ဂျွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဓိက အချက် ၄ ချက်ပါရှိ ပါသည်။

ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟု အဓိပ္ပါယ်ရသော မဂ္ဂဇင်းစာအုပ်မျက်နှာဖုံးပါ (The Face of Buddhist Terror) ဟူ၍ စွပ်စွဲဖော်ပြထားခြင်းမှာ  ဗုဒ္ဓဘာသာယုံကြည်ကိုကွယ်သူများ အများဆုံးနေထိုင် သည့် မြန်မာနိုင်ငံအား အကြမ်းဖက်မှုနှင့်ယှဉ်တွဲ၍ ကမ္ဘာ့ပြည်သူများက ထင်မြင်သွားစေနိုင်သဖြင့် ထိုသို့ဖော်ပြမှုအား ပြင်းထန်စွာကန့်ကွက်လိုက်ကြောင်းပါရှိပါသည်။ 


နမ့်ခမ်း - မုံးဝီးလမ်း လုံခြုံရေးရဲကင်းအနီး ဗုံးကွဲ ၊ ရဲ ၃ ဦး ဒဏ်ရာရ



သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နှင့် မုံးဝီးရွာအကြားရှိ လုံခြုံရေးရဲကင်းအနီးတွင် ယမန်နေ့ ၆ နာရီ ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၃ ဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း သိရသည် ။

အဆိုပါလမ်းကြောင်းပေါ်ရှိ နမ့်တီးရွာနှင့် လွယ်လင်ကန်ရွာအကြား တောင်အတက်နေရာအနီး ရဲကင်း တစ်ခုတွင် ဗုံးပေါက် ကွဲခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရ ရဲတပ်သား ၃ ဦးကို နမ့်ခမ်းမြို့ဆေးရုံသို့ သယ်ဆောင် လာကြောင်း မျက်မြင်နမ့်ခမ်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

နမ့်ခမ်းမြို့အမှတ် ၂ စည်ပင်ဈေး သစ်ဆောက်လုပ်မည့် အစီအစဉ်အား ဒေသခံလူထု အလိုမရှိ

 

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက်ရှိ ဈေးဆိုင်တန်းများကို အမှတ်(၂)စည်ပင်သာယာ ဈေး အဖြစ် အကောင်အထည်ဖေါ်နေမှုအား နမ့်ခမ်းမြို့ဒေသခံလူထုက အလိုမရှိကြောင်းပြောသည်။

“ ဦးဇော်မင်းနဲ့ ဌာနဆိုင်ရာတွေ  ဇွန်လ(၂၁)ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးမှာဆွေးနွေးခဲ့ကြပြီး အောင် မေတ္တာရပ်ကွက်က ဈေးဆိုင်ခန်းအသစ်တွေကို စည်ပင်သာယာဈေးအဖြစ် အကောင်အထည်ဖော်ဖို့ လုပ်လာတယ်။ဆိုတော့ ဒေသခံတွေ ဝယ်ထားတဲ့ဆိုင်ခန်းတွေမှာ ဈေးလာရောင်းကြပါ။ မရောင်းတဲ့ဆိုင်ခန်းကို သိမ်းမယ်ဆိုတော့ မြို့မဈေးမှာ ဆိုင်ခန်းတွေက အလွှတ်တွေအများကြီးရှိနေတယ်။ ဆိုတော့ ဒေသခံတွေက ဝယ်ထားမိတာမှားပြီလားဆိုပြီး စိတ်ညစ် နေကြတယ်” ဟု နမ့်ခမ်းမြို့ခံ စိုင်းအိုက်ပီးကပြောသည်။

အစိုးရနှင့်တိုက်ပွဲကြောင့် ဂျပန်ထောက်ပံ့သည့် ဆန်အိပ် ၂၀၀၀ ဝမ့်ဟိုင်းသို့မရောက်သေး



သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တပ်မတော် SSPP/SSA အား ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ် ၂၀၀၀  ထောက်ပံ့ လှူဒါန်းသော်လည်း တိုက်ပွဲများကြောင့် ဝမ့်ဟိုင်းဌာနချုပ်သို့ မသယ်နိုင်သေးဟု SSPP သတင်းရပ်ကွက် ကဆိုပါ သည်။

“တိုက်ပွဲအေးသွားရင် လားရှိုး နတလရုံးမှာရှိနေတဲ့  ဆန်အိတ် ၂၀၀၀ ဝမ့်ဟိုင်းဌာနချုပ် အထိ ပို့ပေးမယ်လို့ နတလက တာဝန်ယူထားတယ်။ တိုက်ပွဲက ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာထဲမှာပါ။ မြန်မာစစ်တပ် က တပ်တွေဆုတ်ပေးဖို့ နှစ်ဦး သဘောတူထားလျက်နဲ့ မလိုက်နာလို့ အခုတိုက်ပွဲဖြစ်ရတာ။ အခုရွာထဲမှာ လူတွေမရှိတော့ ဘူး။ ဘုန်းကြီးကျောင်းမှာ လဲဘုန်းကြီး တပါးမှမရှိတော့ဘူး။ ဗမာစစ်တပ်က ဘုန်းကြီးကျောင်းကို စခန်းချပြီး နေနေတယ် အခု ” ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကပြောသည်။

မှန်ကန်သောရွေးချယ်မှု (The Right Choice)

(ရွှေဟင်္သာသတင်းဌာန)

ယျေဘူယျ အားဖြင့် ကျနော့် အတွေ့အကြုံအရ အချိုးကျ ရွေးကောက် တင်မြှောက်ခြင်း စံနစ်ဟာ သင့်သင့်လျောက်ပတ်သော တိုင်းရင်းသား လူမျိုးစုများနှင့် အခြားသော လူနည်းစု ကိုယ်စားလှယ်များ ပါဝင်လာစေရေး အတွက် ကောင်းမွန်တဲ့ နည်းစံနစ် တခုဖြစ်တယ်လို့ယုံကြည်ပါတယ်။ 

သို့သော် အဲဒီလောက်မရိုးရှင်းလှပါ၊ အဘယ့်ကြောင့် ဆိုသော် အောက်ပါ စဉ်းစားတွေးတော စရာများ ပေါ်ပေါက်လာ သောကြောင့်ပင်၊

ဒါပေမယ့် အဆိုပါ အချိုးကျ ရွေးကောက်တင်မြှောက်ခြင်းစံနစ်ဟာ ပါလီမန်အတွင်း ၀င်ဘို့ တံခါးပေါက် တခုဖြစ်သည့် အားလျော်စွာ အရေးတကြီးသည့် မေးခွန်းကတော့အဆိုပါ ၀င်ပေါက် မည်မျှ ကျယ်ဝန်းပါသနည်း၊ သို့မဟုတ် ကျယ်ဝန်းသင့်ပါသနည်း။ 

အစိုးရ တပ်များ အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားဟု ရှမ်းမြောက်ဆို

(Mizzima)

ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် (SSPP/SSA) အား စစ်ဆင်ရန် သွားရောက် သည့် အစိုးရတပ်များ ကျေးသီးမြို့နယ်နှင့် မိုင်းရယ်မြို့နယ် ကြားရှိ မိုင့်ဝပ်ရွာတွင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း (SSPP/SSA) အရာရှိများက ဆိုသည်။

“လက်နက် ကြီးရော လက်နက်ငယ်တွေနဲ့ရော ပစ်တယ်။ ကျနော်တို့က ပထမ သံသယ ဖြစ်တယ်။ ကျနော်တို့ လူတွေနဲ့ ဖြစ်လားဆိုတော့။ ကျနော်တို့ လူတွေလည်း အကုန် ထွက်ထားပြီးပြီဆိုတော့ ကျနော်တို့နဲ့ ဖြစ်တာ မဟုတ်ဘဲ သူတို့ အချင်းချင်း မှားပစ်ကြရော” ဟု SSPP/SSA ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူး နော်လစ် က မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းမှာ တိုးတက်မှုရှိတယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က သုံးသပ်

(Ktimes)

ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အခြေအနေမှာ တိုးတက်မှုရှိကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးပွဲအပြီး ယခုလို သုံးသပ် ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရရှိပြီးသည့် နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းရင်းသားလက်နုက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရတို့ ပြည်တွင်းစစ်များ ဖြစ်ပွားနေကြလျက်ရှိရာ ယခုအချိန်မှသာလျှင် ကျေးရွာအတွင်းလွတ်လပ်စွာ သွားလာပြောဆိုပိုင်ခွင့်များ ရရှိလာခဲ့တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးစဲရယ်လှဖေက ပြောသွားပါတယ်။  

Tuesday, June 25, 2013

မဲခေါင်မြစ်ဝှမ်း မူးယစ်ချုပ်ကိုင်နိုင် တရုတ်ပြော- ဗမာလက်မခံ



မေလ ၂၉ ရက် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနမှ  ဧပြီလ ၁၉ ရက်ကစပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ လောဝ် ၄ နိုင်ငံ လက်တွဲပြီး မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ဆေးဝါးရှင်းလင်းခဲ့ရာမှာ မူးယစ်ကုန်သည် တစ်ထောင့်တစ်ရာကျော်နဲ့ မူးယစ်ဆေးဝါးတန်ချိန် ၂.၉၇ တန်ဖမ်းဆီးရမိတယ်။ ဒါကြောင့် အခုဆို ရင်ကုန်သည်အချို့ တပ်ဆုတ်ပြန်ကုန်ပြီ။ မဲခေါင်မြစ်ဝှမ်းတလျှောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို ချုပ်ကိုင်နိုင်ပြီလို့ တရုတ်နိုင်ငံပိုင် ရှင်းဟွာ သတင်းဌာန  မှတဆင့်ကြေငြာခဲ့ပါတယ်။

တကယ်တော့ မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ရာဇာလို့အမည်ရနေတဲ့ စိုင်းနော်ခမ်း သေဆုံးသွားပြီး နောက်ပိုင်း မူး ယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုပိုများလာတာတွေ့ရပါတယ်။


ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ရွာအနီးတွင် မြေယာဧက ၁၀၀ ကျော် BGF သိမ်းယူနေ

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီခရိုင် ကရင်အမျိုးသား အစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ကျေးရွာအနီးရှိ ဒေသခံပိုင် မြေယာ အပါအ၀င် မြေယာဧက ၁၀၀ကျော်ကို နယ်ခြားစောင့်တပ်(BGF)က စခန်း တည်ဆောက်ရန်နေရာအဖြစ် သိမ်းယူထားလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့ မြေယာအသိမ်းခံရသူ မဲ့ကနဲကျေးရွာသူရွာသားများမှာ စောညိုလှ၊ စောကြီးတဲနဲ၊ နော်ဝေဖော၊ စောဘဲ တဲ၊ စောဖားကော်ကေ၊ စောတူဖော၊ စောဖားအဲ့ထီး၊ နော်သူးစေး၊ စောမြရွှေ၊ စောမီးဘဲ့၊ စောစူးဖော၊ နော်ဖော ကဘလာ့ဝါး၊ စောဟဲထူး၊ စောခို့ဘို့နှင့် စောဆာကပရူ တို့ဖြစ်ကြပြီး ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလက သိမ်းယူခဲ့ခြင်း ဖြစ်သည်။

နယ်စပ် ဒုက္ခသည် စခန်းများတွင် ရိက္ခာ အခက်အခဲဖြင့် ရပ်တည် နေရဆဲ

(ရွှေဟင်္သာသတင်းဌာန)

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင်းရှိ ဒုက္ခသည် အများစုမှာ ရိက္ခာ မလောက်ငှသည့် အခြေအနေများဖြင့် ရပ်တည်လျက် ရှိနေကြောင်း ဒုက္ခသည်များနှင့် စခန်း တာဝန်ခံများက ဆိုပါသည်။ 
 
ကျမတို့က ဆန် ၁၂ ကီလိုနဲ့ မလောက်ပါဘူး။ ၀င်ငွေကလည်း မရှိတော့ တခါတလေ နေ့စား အလုပ်ထွက်လုပ်နေရတာ၊ ကလေးတွေကိုလည်း ကျောင်းသွားရင် မုန့်အစား ထမင်းပဲ ၀အောင် ကျွှေးရတယ်၊ အလုပ်ကနေ ပြန်လာရင် ပင်ပန်းတော့ စားစရာ တခြားမရှိဘူး။ တစ်ရက်မှာ ရေသောက် ထမင်းကို သုံးခါလောက် စားနေရတယ်မယ်လ ဒုက္ခသည် စခန်းနေ ကရင် အမျိုးသမီး တစ်ဦးမှ ပြောသည်။

မြန်မာစစ်တပ်အချင်းချင်း နှစ်နာရီကြာမှားယွင်းတိုက်ခိုက်

 

မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်များကြား တိုက်ပွဲများမကြာခဏ ပြန်လည်ဖြစ် ပွားနေချိန် မြန်မာစစ်တပ်အချင်းချင်း စစ်ကူတောင်းရာမှ ကျေးသီးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း၌ နှစ် နာရီကြာ အချင်းချင်း မှားယွင်း တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိပါသည်။

“ကျနော်တို့က ဝမ့်ဝပ်ကနေ ယမာန်နေ့ ညပိုင်းက ထွက်ခွါလိုက်တယ်။ ရလခ တိုင်းလက်အောက်ခံ ခမယ ၅၂၅ က ဝင်ရောက်အစားထိုးတယ်။ အထပ်ထပ် ဝိုင်းပတ်နေတဲ့ကြားက ရလခ က ရမခ ကို စစ်ကူတောင်း တယ်။ ရွာထဲမှာ ကျနော်တို့ မရှိတော့ဘူးဆိုတာ ရမခ မသိလိုက်လို့ထင်တယ်။ စစ်ကူအဖွဲ့နဲ့ ရွာထဲရှိနေတဲ့ ခမယ ၅၂၅ နဲ့ တိုက်တော့ တာပဲ” - ဟု ရှေ့တန်းရောက် SSPP/SSA တပ်မှူး တဦးက ပြောပါသည်။

တပ်မတော်နှင့် SSPP/SSA တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

(Eleven Media Group)

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်များ ရှိလာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ ၀မ့်ပိန်းအုပ်စုဟွေ့နား၊ ချီလင်း ဒေသတစ်ဝိုက်တွင် တပ်မတော်နှင့် (SSPP/SSA) တို့ကြား ဇွန် ၂၀ နှင့် ၂၁ ရက်များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၀မ့်ပိန်းဘုန်းတော်ကြီးကျောင်းတွင် နားပင်းရွာ၊ အင်လိုင်းရွာများမှ စစ်ရှောင်ဒုက္ခသည် ၁၀၁ ဦး ခိုလှုံနေကြောင်း သိရသည်။

Monday, June 24, 2013

စစ်ရေး ရာဇသံကို NGO ဆန်အကူအညီဖြင့် ချွှေးသိပ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ၏ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၏ တာဆန်ပူး(ကူတို့ဆိပ်) တပ်စခန်းအား ဖယ်ရှား ပေးရန် ရာဇသံ ပေးနေ ခြင်းမှာ ပေးထားသော ဂတိအား ဖျက်ဆီးရာ ရောက်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က စွပ်စွဲ ပြောဆို လိုက်ပါသည်။

မတိုက်တော့ ပါဘူး ဆိုတဲ့ သူတို့ဂတိပေးခဲ့တာ သိပ်မကြာ သေးဘူး။ဒါပေမဲ့ လားရှိုး မြို့နယ်မှာရှိတဲ့ ကျနော်တို့ စခန်း တစ်ခုကို ၀င်သိမ်းတယ်။ ပြီးတော့ အခု မိုင်းရှူး မြို့နယ်မှာ ရှိတဲ့ တာ့ဆမ်ပူး တပ်စခန်းကို ထပ်မံ ဖယ်ပေးဖို့ ရာဇသံ ပေး နေပြန်ပြီ ဆိုတော့ သူတို့ ပေးတဲ့ ဂတိ သူတို့ ပြန်ဖျက်ရာ မကျဘူးလား ဘယ်လို ယုံရမှာလဲဟု ဗိုလ်မှူးကြီး ဖိန်ဖ ကဆိုပါသည်။

ကယားလူမျိုးစုံ ဒီမိုကရေစီ ပါတီ (KUDP) သစ် မှတ်ပုံတင်ရန် ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)

ပြည်တွင်းနိုင်ငံရေး ပါတီသစ် ဖြစ်သည့် ကယား လူမျိုးစုံ ဒီမိုကရေစီ ပါတီ (Kayah Union Democracy Party) သစ်သည် လာမည့် ဇွန်လ (၂၇) ရက်နေ့ တွင် ရွေးကောက်ပွဲ ကော်မီရှင်ထံ တရားဝင် မှတ်ပုံတင်တော့မည် ဖြစ်သည်ဟု အတွင်းရေးမှူး ဖြစ်သူ ကိုစိုင်းနိုင်နိုင်ထွေးက ဆိုပါသည်။ 

“၂၆ ရက်နေ့ကျရင် နေပြည်တော် သွားပြီး မှတ်ပုံတင်မှာပါ။ အဓိကကတော့ ကယားပြည်နယ်မှာ ရှိတဲ့ အုပ်ချုပ်ရေး ယန္တရား ကွာဟမှုတွေ၊ လူထုလူတန်းစား အလွှာ အသီးသီးက လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ တန်းတူညီမျှမှု မရှိတာတွေ၊ တိုင်းရင်းသား ပြသနာ၊ လက်နက်ကိုင်နှင့် ငြိမ်းချမ်းရေးတို့ ပြသနာ၊ ဒေသမှာ ရှိတဲ့ တခြားသော အမျိုးသား ရင် ကြားစေ့ရေး ပြသနာ၊ အရေးကြီးဆုံးက ကိုယ်ပိုင် ပြဌာန်းခွင့်တွေ လယ်ယာမြေ လုပ်ကိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့် အခြေအနေတွေကို တဆင့်ချင်း လုပ်ဆောင်နိုင်ဖို့ အတွက် မှတ်ပုံတင် ရခြင်းဖြစ်တယ်” ဟု ဆိုပါသည်။

တန်းတူအခွင့်အရေးအတွက် ပြည်နယ်တိုင်း ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိဖို့လို- RCSS ခေါင်းဆောင်ပြော

 

တန်းတူအခွင့်အရေး အတွက် ကိုယ်ပိုင်ပြည်နယ်စစ်တပ် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသင့်သည်ဟု တာချီလိတ်ဒေသခံများနှင့်တွေ့ ဆုံစဉ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ကပြောဆိုခဲ့သည်ဟုသိရသည်။

ယမန်နေ့မနက်ပိုင်းက ဝမ့်ဟောင်ရပ်ကွက်သားတဦးအား ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က “  ကျနော်တို့ ငြိမ်းချမ်းရေးတည် ဆောက်မှုဟာ ၇ ဆင့်ရှိတဲ့ လှေကားထစ်ကို တက်နေတာနဲ့တူတယ်။ အခုကျနော်တို့လုပ်နေတာ ပထမအဆင့်ဘဲရှိ သေး တယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မိဘပြည်သူတွေနဲ့ လက်တွဲရမယ် အဖက်ဖက်က လက်တွဲရမယ်။ နိုင်ငံရေးဆွေးနွေး ဖို့ဟာ ထွက်လမ်းပါဘဲ။ ဘာဘဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရဖို့ တန်းတူညီမျှရှိဖို့ တိုင်းရင်းသားတွေ ပါဝင်တဲ့ မိမိပြည်နယ် အတွက် စစ်တပ်၊ ရဲတပ်ဖွဲ့ ရှိလိုတယ်” ဟုပြောဆိုခဲ့ ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်နားထောင်သူ စိုင်းပီးက ပြောဆို ပါသည်။

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးတင်းမာ

(RFA)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတစ်ခုကို အစိုးရတပ်က နောက်ဆုတ်ပေးဖို့ ဒီရက်ပိုင်းအတွင်း က တောင်းဆိုခဲ့ပေမယ့် SSPP/SSA အဖွဲ့က သဘောမတူဘူးလို့သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်အလယ်ပိုင်း ခိုလန်မြို့အခြေအစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကနေ မိုင်းရှုးမြို့နယ်အတွင်းက တာဆန်းပူး ဆိုတဲ့ SSPP/SSA စခန်းတခု ကို ဆုတ်ပေးဖို့ စစ်ဦးစီးပထမတန်း ဗိုလ်မှုးကြီး ကိုယ်တိုင် တယ်လီဖုန်းနဲ့ အကြောင်းကြားလာတာဖြစ်တယ်လို့ ရှမ်းသတင်းရပ်ကွက်အဆိုအရ သိရပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလောင်စိုင်းက -

Sunday, June 23, 2013

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က SSPP/SSA ခေါင်းဆောင်တွေဆီ ညွန်ကြားချက်ထုတ်

(BBC)

အစိုးရနဲ့ မနှစ်တုန်း အပစ်အခတ် ရပ်စဲထားပြီးဖြစ်တဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်စခန်းတခုကို ဖယ်ရှားပေးဖို့ အတွက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က SSPP/SSA ခေါင်းဆောင်တွေဆီကို ညွန်ကြားလိုက်တယ်။

ဒီညွန်ကြားချက်နဲ့ ပက်သက်လို့ SSA ဘက်က ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ကယန်း (ပဒေါင်) လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်

(မိုးမခ)

၂၀၁၃ခုနှစ် မတ်လ ၂၈ရက်မှ ၃ဝ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ဆာယာဝတ်မြို့၌ ကျင်းပပြုလုပ် ခဲ့သည့် အာဆီယံ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ “ကယန်းအလှ” ဇာတ်ကားဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ဇာတ်ကားပေါင်းများစွာထဲမှ Special Juror’s Award ဆုရရှိခဲ့သည်။ အဆိုပါဇာတ်ကားမှာ ကယန်းလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့စရိုက် ဘဝဖြတ်သန်းမှုပုံရိပ်နှင့် လူကုန်ကူးမှု၏သားကောင်ဖြစ်ကြရသည့် ကယန်းအမျိုးသမီး လေးများ၏ အကြောင်းကို အခြေခံ၍ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

Saturday, June 22, 2013

KNU နှင့် အစိုးရတို့၏ အလွတ်သဘော ဆွေးနွေးပွဲ၌ ရလာဒ်ကောင်းများ ရရှိပါသလား

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲစဉ် သဘောတူထားသည့် သဘော တူညီချက်  များကို အကောင်အထည် ဖေါ်ရာတွင် ကြံ့ကြာနေသည့် အတွက် အရေးကြီးနေသော စစ်ဖက်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် KNU ဖက်မှ အမြဲတမ်း တိုက်တွန်း နေခဲ့ရပါသည်။  

သို့သော် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်နေ့ အလွတ်သဘော တွေ့ဆုံပွဲ ပြီးဆုံးသည် အထိ အဖြေ အတိအကျ မရရှိခဲ့သေးပေ။ KNU နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးကို ဘားအံ မြို့တွင် လက်မှတ် ရေးထိုး ခဲ့ပါသည်။ ထို့အပြင် ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ထပ်မံ ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ၃ ရက်နှင့် ၄ ရက်တို့တွင် ဘားအံမြို့ရှိ ဇွဲကပင် ခန်းမတွင် နောက်ထပ် တကြိမ် ဆွေးနွေး ခဲ့ပြီးနောက်ပိုင်း ယခု အချိန်ထိ တရားဝင် ဆွေးနွေးပွဲများ ထပ်မံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။

အစိုးရ စစ်ဆင်ရေးကြောင့် တအာင်း လူထုများ ကျေးရွာစွန့်ခွာနေ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်များ တိုက်ပွဲများ ပြင်းထန် လာနေသဖြင့်  ဒေသခံ တအာင်းရွာသားများ ကျေးရွာကို စွန့်ခွာ ထွက်ပြေး နေကြရကြောင်း နမ့်ခမ်းမြို့ခံ တစ်ဦးက ဆိုပါသည်။ 

“ တိုက်ပွဲတွေကတော့ စိပ်လာတယ်။ အထူးသဖြင့် နမ့်ခမ်းရွာဖက်မှာလေ။ အခုဆို ရွာတချို့  ရွာလုံးကျွတ် နီးပါး ထွက်ပြေးနေပြီး၊ အဲဒီလို ထွက်ပြေးတော့ တချို့ရွာတွေမှာ အစိုးရ တပ်သားတွေ အိမ်တွေကို တက်ဖေါက်တယ်။ ရှိသမျှယူသွား ကြတယ်။ လိုင်စင်ရ ဓါးပြလိုပါဘဲ။ မြင်မကောင်းပါဘူး။ လူတွေကလည်း ပရားကုန်ပြီး” ဟု ဆိုပါသည်။

သေနတ်လုထွက်ပြေးသောတရားခံကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ မြန်မာဘက်သို့အပ်နှံ

 

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တရားရုံး၌ တာဝန်ကျ ရဲထံမှ သေနတ်လု ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက် သွားသော တရားခံ(၃)ဦးအနက် တစ်ဦးကို တရုတ်ပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  အပ်နှံခဲ့ ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

“၁၇ ရက် နေ့လည် ၂ နာရီလောက်က အရပ်ဝတ်နဲ့တရုတ်ရဲတပ်ဖွဲ့က အချုပ်တရားခံပြေး အိုက်ဆမ် နဲ့ သူ့ကိုလက် ခံကျွေးမွေးထားတဲ့ သူ့အကို အိုက်ယီ  ကို ခြေချုပ်လက်ချုပ်နဲ့ တရုတ်မြန်မာနယ်စပ် ၀င်/ထွက်ပေါက် နန်းတော်ပေါက်ကနေဝင်လာပြီး မြန်မာရဲကို လာအပ်တာ တွေ့ရတယ်” ဟု မျက်မြင် ကားသမား တစ်ဦးကပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြား

(Eleven Media Group)

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားသည်ဟု မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ ၂၊ အမှတ် ၁၅ တွင် ဖော်ပြထားသည်။

အစိုးရက ဘိန်းသောင်းကျန်းမှုကို လျစ်လျူရှု၍ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်အဖွဲ့ကို အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်မှာ '၀' အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် တောင်းဆိုသည့် ကိစ္စကို ချုပ်ကိုင်ချင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့သည် ဆိုခြင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသော မြန်မာ သံတော်ဆင့် အပတ်စဉ် သတင်း၏ မေးမြန်းမှုကို ဦးအောင်သောင်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Friday, June 21, 2013

မြောက်ပိုင်း သျှမ်းပြည်တပ်မတော်၏ တပ်စခန်းအား အစိုးရစစ်တပ် ထပ်မံတိုက်ခိုက်




သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ်အတွင်း စခန်းချထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော်၏ တပ်စခန်းဆီသို့ မြန်မာစစ်တပ်က တက်တိုက်သဖြင့် ယမန်နေ့က ၂ နာရီကြာတိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“ကျေးသီးမြို့ ဟွေ့နားခီလင်းမှာတိုက်ပွဲဖြစ်တာ။၂ နာရီကြာ ပစ်ခတ်ကြတယ်။ အသေအပျောက် ဘယ်လောက်ရှိလဲတော့ အတိ အကျမသိရဘူး။ ဝမ့်ဖွီးရွာသားတွေပြောတာတော့ ဗမာ စစ်ကြောင်း ထမ်းစင်  ၁၀ ထမ်းထက်မနည်း ထမ်းလာတယ် လို့ပြောတယ်။ ဒဏ်ရာရတွေရော အလောင်းတွေရောတဲ့” ဟု ကျေးသီး မြို့ခံ စိုင်းစိုင်းက ပြောသည်။

DKBA နယ်မြေအတွင်း မြေမြှုပ်မိုင်း အန္တရာယ်မရှိတော့ဟု စစ်ဗျူဟာမှူး ပြော

(Mizzima)

ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA ၏ ကရင်ပြည်နယ်အတွင်း ထိန်းချုပ်နယ်မြေများတွင် အသုံးပြုခဲ့သည့်
မြေမြှုပ်မိုင်းများ ယခုအချိန်တွင် အန္တရာယ်မရှိတော့ဟု DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီးထွန်းထွန်းက ယခင် အစိုးရတပ်များနှင့် စစ်ဖြစ်ပွားမှုအတွင်း အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများကို ရည်ညွှန်းကာ
ပြောဆိုခြင်းဖြစ်သည်။ ''ကျွန်တော်တို့ဘက်က သိတဲ့နေရာတွေ မှတ်မိတဲ့ နေရာတွေကို ပြန်ရှင်းတယ်။ ကျွန်တော်တို့
မြှုပ်ထားတဲ့ မိုင်းတွေက စိုးရိမ်စရာမရှိပါဘူး။ အခု အနေအထားမှာ စိုးရိမ်စရာမရှိတာက ကျွန်တော်တို့ သုံးတဲ့ မိုင်းတွေက ကန့်သတ်မိုင်းတွေ အချိန်ကာလအတိုင်းအတာ တစ်ခုအထိပဲ အကန့်အသတ်ရှိတယ်'' ဟု ဆိုသည်။

Thursday, June 20, 2013

ဒုတိယအကြိမ် ဆွေးနွေးပွဲတွင်လည်း တပ်နေရာ မချထားနိုင်သေး

(ရွှေဟင်္သာသတင်းဌာန)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့၏ ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင်လည်း နှစ်ဖက်တပ်များ နေရာချထားရေးကို မဆုံးဖြတ်နိုင်ခဲ့ကြောင်း KNPP အတွင်း ရေးမှူး (၂) ဖြစ်သူ ရွှေမျိုးသန့်က ဆိုပါသည်။

“ တပ်နေရာ ချထားရေး ကိစ္စကိုလည်း ဆွေးနွေးပါတယ်၊ အပြုသဘောဆောင်တဲ့ တိုးတက်မှု တွေ ရလာတယ်လို့ဘဲ ပြောစရာ ရှိတယ်။ တိတိကျကျတော့ မဟုတ်ပါဘူး။ နောက်မှဆွေးနွေးဖြစ်မှာပါ။ အခု သဘောတူလိုက်တာက အချက် (၈) ချက်ပါဘဲ။ ဒါလည်း အရင်က သဘော တူထားတဲ့ အချက် (၁၄) ချက်ကိုဘဲ ပြန် လည် သုံးသပ်ပြီးတော့ အချက် (၈) ချက်နဲ့ ချုပ်လိုက်တာပါ” ဟု ဆိုပါသည်။

မူဆယ် တရားရုံးမှ ထွက်ပြေးသည့် လူသတ်တရားခံ ၃ ဦးအနက် တဦး ဖမ်းမိ

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့သည့် လူသတ် တရားခံတဦးကို ဇွန် ၁၇ ရက်နေ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ အကူအညီဖြင့် ပြန်လည်ဖမ်းဆီးမိခဲ့ သော်လည်း အဓိကတရားခံကို ဖမ်းမမိသေးကြောင်း သိရသည်။
တရုတ်နိုင်ငံ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့မှ မစ္စတာ ရန်လီပင်းနှင့် အဖွဲ့သည် တရားခံ ၃ ဦးအနက် ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် တရားစွဲ ခံထားရသော ထွက်ပြေး တရားခံ အိုက်ဆမ်ကို တရုတ်ပြည် တောင်ယာတဲ တတဲတွင် ဖွက်ပေးထားသည့် ၎င်း၏ အစ်ကို ဖြစ်သူ အိုက်ရီနှင့်အတူ ဖမ်းမိခဲ့ပြီး မူဆယ်မြို့ နှစ်နိုင်ငံ နယ်စပ်ထွက်ပေါက် ၁နန်းတော်ဂိတ်တွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်မှူး တဦးက ဧရာဝတီသို့ ပြောသည်။

အစိုးရစစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်၊ ကျဆုံးမှုများရှိ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိပ်တိုက်ရင်ဆိုင်နေကြပြီး တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေကာ ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာအနီး အခြေစိုက်ထားသည့် TNLA ၁၁၂ တပ်ရင်းကို ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် ကွမ်လုံမြို့နယ် အခြေစိုက် ခလရ ၁၄၅ တပ်ရင်းနှင့် TNLA ပျောက်ကျား တပ်များသည် ယမန်နေ့ နံနက် ၅ နာရီခွဲမှ စတင်ကာ  ငေါ့ငါးကျေးရွာ အထက်တွင် ၂ နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အစိုးရနှင့် လက်နက်ကိုင် နှစ်ဘက်စလုံး အပစ်ရပ်ရန် ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြော

(Mizzima)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အစိုးရတပ်နှင့် လက်နက်ကိုင်တပ်တို့
နှစ်ဘက်လုံး အပစ်ရပ်ရန် သတိပေးပြောဆိုလိုက်သည်။

''နိုင်ငံတော်ပြောင်းလဲရာမှာလည်း လူကြီးတွေက အဓိကကျပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေကလည်း အဓိကဆိုပေမယ့် နိုင်ငံရေး စိတ်ဓာတ်တွေနိုးကြားပြီး တက်တက်ကြွကြွဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာလည်း နှစ်ဘက်စလုံး အပစ်အခတ်ရပ်စဲရမှာပါ၊။ တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးတစ်ဖက်မှာ စစ်ဆင်နွှဲနေလို့ မရပါဘူး တစ်ဖက်က ပစ်နေရင်တော့ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး'' ဟု သူကပြောသည်။

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၁၄၅ တို့ ထပ်မံ တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)


တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက် အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ ၂ နာရီ နီးပါး နမ့်ခမ်း မြို့နယ် ငေါ့ငါးကျေးရွာ အထက်ပိုင်းတွင် ထပ်မံ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။ 

“ အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့ ကတော့ မနက်ပိုင်း ၅ နာရီ ၃၀ ကနေ ၇ နာရီ ၃၀ အထိ လက်နက်ကြီး အလုံပေါင်း ၄၀-၅၀လောက် အထိ TNLA  တပ်ရင်း ၁၁၂ ပြောက်ကျား တပ်စခန်း ရှိတဲ့နေရာတောင်ထိပ်ဆီကို ပစ်ပါတယ်။ ပြီးတော့ လက်နက်ကြီး ပစ်နေတဲ့ အချိန်မှာဘဲ စခန်းကို တက်တိုက်တော့ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်သွားခဲ့တယ်။ သူတို့ တက်လို့ မရတော့မှ ပြန်ဆုတ်သွားလို့ ငြိမ်သွားတယ်” ဟု ဆိုပါသည်။

KNPP နှင့် အစိုးရ သဘောတူညီမှု တချို့ရ၊ တပ်ပိုင်းဆိုင်ရာ ဆက်ဆွေးနွေးမည်

(Mizzima)

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း
ကော်မတီတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပထမနေ့တွင် သဘောတူညီမှု တချို့ ရရှိသော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆက်လက် ဆွေးနွေးသွားနေဆဲဟု နှစ်ဖက် ကိုယ်စားလှယ်များကပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကုပ်ကဲမှု စစ်ဌာနချုပ် တပ်နယ်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီကျော်ထိ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Wednesday, June 19, 2013

တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များ RCSS ခေါင်းဆောင်နှင့် ယနေ့ညတွေ့မည်



တောင်ကြီးရောက် တောင်ပိုင်း သျှမ်းပြည်တပ်မတော် RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များအား ယနေ့ သျှမ်းစာပေယဉ်ကျေးမှု ကော် မတီရုံး၌ တွေ့ဆုံကြမည်ဖြစ် ကြောင်း ကြားသိရပါသည်။

“ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့တော့ ထွေထွေထူးထူး တော့မရှိပါဘူး။ ညနေကြရင်တော့ တောင်ကြီးမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေး ပါတီကလူကြီးပိုင်းတွေ၊ အပစ်ရပ်တပ်ဖွဲ့တွေနဲ့အတူ သျှမ်းစာပေယဉ်ကျေးမှု အသင်းရုံးမှာ ညစာအတူစားကြ မယ်” - ဟု RCSS  ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

အားနည်းချက်ကို ပြုပြင်ပြီး အားသာချက် ဖြစ်လာအောင် DKBA ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကြီးသည် အောင်မြင်မှု များစွာဖြင့် ပြီးဆုံး သွားသည်ဟု ပြောခွင့် ရသူ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။  

ဤဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား အရေးနှင့် စုစည်း ညီညွတ်ရေး အတွက် လိုအပ်ချက်၏ ဆုံရပ်အဖြစ် တစိတ် တဒေသ အကျိုးရှိသည်ဟု ယုံကြည်ကြကြောင်း ဆိုပါသည်။ ဤသို့ကြောင့် နောက်နောင် ကျင်းပသည့် အခါ ယခုထက် ပိုမိုကောင်းမွန်ပြီး ထိရောက်သော အစီအစဉ်များ ဖြစ်လာရန် လိုအပ်လှသဖြင့် ကျင်းပ ပြီးစီးသွားသည့် ဆွေးနွေးပွဲ၏ အားနည်းချက် နားသာချက်များကို အမြင်ဖလှယ်ရန် လိုအပ်လာပါသည်။ 

ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်

(KIC)

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ် ငေါ့ငါးကျေးရွာအထက်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA)တပ်ရင်း (၁၁၂) နှင့် မြန်မာအစိုးရ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခ လက်အောက်ခံတပ်ရင်း (ခလရ-၁၄၅) တို့အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

ယင်းဒေသရှိ TNLA အခြေစိုက်ရာ ပြောက်ကျားတပ်စခန်းကို ယနေ့ နေ့လည် ၁၁နာရီခွဲအချိန်တွင် အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

Tuesday, June 18, 2013

အခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး

(ဧရာဝတီ)

ယခင် စစ်အစိုးရက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့ မနက်ပိုင်းက ပြုလုပ်သော တွေ့ဆုံပွဲသို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် UNA အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်တို့မှ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးအေးသာအောင်၊ ဦးကျန်ရှင်းထျန် ၊ ဦးနိုင်ငွေသိန်း၊ ဦးစောဟယ်ရီ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

SNDP ၏ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ရုတ်တရက်ကွယ်လွန်



သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ၏ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းထွန်းလွင် ယနေ့ မနက် ရုတ်တရက် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ရုတ်တရက်ကြီးဖြစ်သွားတဲ့အခါကျတော့ ကျနော်တို့ ကျားဖြူပါတီအနေနဲ့ တကယ်ဘဲ ဝမ်းနည်းပြီး ယူကြုံးမရဖြစ် ခဲ့ပါ တယ်။ ဆရာဝန်တွေကတော့ အစာအိမ်သွေးကြောပေါက်တာလို့ ပြောပါတယ်။ ကျနော်တို့ပါတီထဲက သက်ကြီးသမား တယောက်ဆုံးရှုံးတာ နှမြောတတ ဖြစ်မိပါတယ်။ ပါတီ အဖွဲ့အစည်းတိုးတက်ဖို့ ဝါရင့်၊ သက်ကြီးတွေက အရမ်းကိုအရေးပါ ပါတယ်” ဟု လားရှိုးမြို့နယ် ကျားဖြူပါတီ၏ အမျိုးသားလွှတ်တော်အမတ် စိုင်းစံမင်းကပြောပါသည်။

RCSS အဖွဲ့ မန္တလေးမြို့ သာရေးနာရေး သျှမ်းအသင်း နှင့် တွေ့ဆုံ



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ သျှမ်းပြည်မြောက်ပိုင်းခရီးစဉ်အပြီး ယနေ့မနက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် မန္တလေးရှိ သျှမ်းလူမှုအသင်းအဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ ဒီနေ့ မန္တလေးမှာရှိတဲ့ သျှမ်းသာရေးနာရေးအသင်းနဲ့တွေ့တယ်။  ကျနော်တို့ကို လာ ရောက်ကြိုဆိုတဲ့ သျှမ်းလူထု ၃၀၀ ကျော်နဲ့တွေ့တယ်။ ကျနော်တို့ အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်အကြောင်း၊  ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ၊ အစိုးရနဲ့ ဆွေးနွေးထားဆဲ မဖြေရှင်း နိုင်သေးတဲ့အချက်အလက်တွေ၊ သျှမ်းပြည်လူထုအားလုံးနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးလုပ်ငန်း အကောင် အထည်ဖော်ဖို့ စတာတွေကို ကျနော်တို့ ဥက္ကဌကြီးက ရှင်းလင်းပြခဲ့တယ်” ဟု ပြောခွင့်ရ ဗိုလ်မှူး လောင်ဝ်ဆိုင် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

မူးရစ်ဆေးဝါး တိုက်ဖျက်ရေး၌ အစိုးရဖက်မှ အဆင်သင့်မဖြစ်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် မူးရစ်ဆေးဝါး တိုက်ဖျက်ရန် အဆင်သင့် ဖြစ်သော်လည်း အစိုးရဖက်မှ အကောင်အထည် ဖေါ်ရန် အဆင်သင့် မရှိသေးသဖြင့် ပြည်သူများနှင့် ဆက်လက် တိုင်ပင်သွားတော့မည် ဖြစ်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်က ဆိုပါသည်။ 

“ သဘော တူထားတာကြာပြီး၊ လက်တွေ့ မလုပ်နိုင်သေးလို့ အစိုးရ မူးရစ်ဗဟိုကို သွားညှိတယ်။ မူးယစ်ဗဟိုကတော့ ရှမ်းပြည်နယ် မူးရစ်ဌာနကို မေးကြည့်ပေါ့လို့ ဆိုတယ်။ ရှမ်းပြည်နယ်က မူးရစ်ဌာနကို မေးကြည့်တော့လည်း အထက်အမိန့် မရသေးလို့ ပြောပါတယ်။ ဒီတော့ သူတို့ဖက်က အကောင်အထည်ဖေါ်မယ့် လက္ခဏာ မတွေ့ရပါဘူး” ဟုဆိုပါ သည်။

စစ်မှန်သောဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ဒေါ်စုနှင့် RCSS ခေါင်းဆောင် သဘောထားချင်းတူညီ



မြန်မာနိုင်ငံသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မဟုတ်မချင်း ငြိမ်းချမ်းမှု ရမည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့  သဘောထား ချင်းတူညီစွာ ဆွေးနွေးခဲ့ကြကြောင်း RCSS ကပြောသည်။  

“ သျှမ်းပြည်တွင်းမှာဖြစ်နေတဲ့ပြဿနာအရပ်ရပ်ကို လွှတ်တော်ထဲမှာ ကူညီတင်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော် တို့ကို ပြောပါတယ်။  ဖက်ဒရယ်အကြောင်းဆွေနွေးရာမှာ သူမက စစ်မှန်တဲ့  ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ လွှတ်တော်ထဲ မှာနေပြီး ကြိုးစာနေပါ တယ်တဲ့။ ကျနော်တို့ခံယူထားသလိုပါဘဲ  သူမကလဲ -  မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စု မဖြစ်ပေါ်လာရင် ငြိမ်းချမ်းမှာမဟုတ်ဘူးလို့  ကျနော်တို့ကိုဆွေးနွေးပါတယ် ” ဟု RCSS/SSA ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။

သမ္မတနှင့်ဆွေးနွေးရေးခရီးစဉ်မပြီးဆုံးသေးခင် RCSS ၏ လူအား မြန်မာစစ်တပ် ဖမ်းဆီး



သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရေးခရီးစဉ်မဆုံးသေးခင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၌ လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်၏လူ  ၃ ဦး အား မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“ အဲဒီလူ ၃ ယောက်က ရွာထဲမှာ လည်ပတ်ပြီး ညဉ့်နက်မှအိမ်ပြန်ကြတာ။ သီပေါနဲ့ တာတေ ကြား ခမရ ၅၀၄ တပ်ရှေ့မှာ အဖမ်းခံရတာ။ မြန်မာစစ်တပ်က အဲဒီလူ ၃ ယောက်ကို သူပုန်တွေလို့ပြောတာကို ဟို ၃ ယောက်က ကျနော်တို့ သူပုန် မဟုတ်ပါဘူး။ RCSS လူပါလို့ပြောတော့ ပါးချခံရတယ်ဆိုဘဲ” ဟု သီပေါဒေသခံဦးလုံးမောင်ကသျှမ်းသံတော်ဆင့်အား ပြောပြ သည်။

Monday, June 17, 2013

KNPP နှင့် အစိုးရ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် ဆွေးနွေးမည်

(Mizzima)

ကယားပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းတခု ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ ဒုတိယ အကြိမ်အဖြစ် ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး မည်ဟု KNPP မှ အတွင်းရေးမှုး (၂) ဆရာ ရွှေမျိုးသန့် က ပြောသည်။

“ကျနော်တို့ လွိုင်ကော်မှာပဲ ဆွေးနွေးပွဲ လုပ်မှာပါ။ အစိုးရဘက်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့နဲ့ပါ” ဟု မဇ္ဈိမကို ပြောသည်။

DKBA ၏ကော်သူမွဲခီး (ဆုံဆည်းမြိုင်) ထုတ်ပြန်ကြေညာချက်

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကြီးတွင် ဆုံးဖြတ်ချက် ၈ ချက်ဖြင့် အစည်းအဝေးကို ယနေ့နေ့ လည်ပိုင်းတွင် ကျင်းပ ပြီးစီးသွားခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။

“ အဖွဲ့အစည်းအရ ပြောရရင် အဖွဲ့အစည်းပေါင်း ၃၀ ထဲက ကိုယ်စားလှယ်ပေါင်း ၈၄ ဦး တက်ရောက် ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေလည်း တက်ရောက် လိုပေမယ့် ဖိတ်ကြားမှုတွေ အားနည်း ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေ ကြတော့ အရာရှိငယ်တွေဘဲ လွှတ်တယ်။ ဒါပေမဲ့ ချုပ်လိုက်ရင်တော့ ထင်တာထက်ကို ပိုမို ထိရောက်စေခဲ့ပါတယ်ဟုဆိုပါ သည်။

ရခိုင်နှစ်ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး

(ရွှေဟင်္သာသတင်းဌာန)

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့က ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နှစ်ပါတီ ပေါင်းစည်းရေး အတွက် လက်မှတ် ရေးထိုးခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှက ဆိုပါသည်။ 

ရခိုင် လူထုရဲ့ ဆန္ဒကြောင့် နှစ်ပါတီ ပေါင်းစည်းရေးတွေ ဖြစ်လာခဲ့တာပါ။ဒီလို ဖြစ်လာအောင် ၂ ရက် အချိန်ယူ ဆွေးနွေးကြပြီးတော့ သဘော တူညီချက်တွေထဲက နှစ်ပါတီ ပေါင်းစည်းရေး အချက်ကို ဒီကနေ့ စတင် အကောင်အထည် ဖော်လိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချိန်မှာ သွေးနီးကြတာ ဖြစ်ပါတယ်ဟု ဆိုပါသည်။

တအာင်း (ပလောင်) ဒေသ၌ အစိုးရ ဆက်လက် စစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)

တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်တို့ ပူးပေါင်းပြီး စစ်ဆင်နေသော အစိုးရ တပ်များအား စုပေါင်း တိုက်ခိုက် ခဲ့ကြသည်ဟု TNLA တပ်မှူး တစ်ဦးမှ ဆိုပါသည်။ 

ဒေသ တူနေမှတော့ ပူးပေါင်းပြီး ပြန်တိုက်ကြတာပေါ့။ စစ်မဟာမိတ်လည်း ဖြစ်ကြတယ်လေ။ အစိုးရ ဖက်ကလည်း ဆက်တိုက် စစ်ဆင်နေမှတော့ အပစ်အခတ် ရပ်စဲရေးကို ထည့်တွက်လို့ မရဘူးဖြစ်နေတယ်။ ကျနော်တို့ ဆိုရင် တစ်ချိန်လုံး ဖိတိုက်နေခဲ့တယ်။ လူထုတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုတွေ ပိုပိုဖြစ်လာနေတယ်။ ဒီတော့ မထူးတော့ပါဘူး ဂတိတည်တဲ့ အစိုးရမျိုးလည်း မဟုတ်ခဲ့ဘူးလေဟု ဆိုပါသည်။

အစိုးရတပ်နှင့် TNLA တို့ စစ်ရေးတင်းမာ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆမ်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

TNLA တပ်ရင်း (၂၅၆) ထိန်းချုပ် နယ်မြေအတွင်း အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသည့် နောင်ချို အခြေစိုက် ခလရ (၁၁၄) တပ်ရင်းတို့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နန့်ဆမ်မြို့နယ် ပန်အလောက်ရွာနှင့် မန်လုံ ကျေးရွာ အကြားတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအောင်ကိုက ပြောသည်။