Thursday, June 13, 2013

RCSS/SSA နဲ့ UNODC မူးယစ်ဆေးပပျောက်ရေး ဆွေးနွေး

(RFA)

မြန်မာနိုင်ငံရဲ့ ဘိန်းအများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသွားဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့  ကုလသမဂ္ဂ မူးယစ်ဆေါးးနဲ့ ပြစ်မှုဆိုင်ရာ ( UNODC ) အဖွဲ့တို့ ဒီကနေ့ UNODC ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။ 

အဲဒီတွေ့ဆုံမှုကနေ ရှမ်းပြည်နယ်အတွင်း မူယစ်ဆေါးးလျော့ချနိုင်ဖို့နဲ့ ဒေသခံတွေအတွက် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းတွေ၊ ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အသိပေးပြောကြားခဲ့ပါတယ်။ 


ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပထမဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဒီကနေ့ဆွေးနွေးခဲ့ကြတယ်လို့ UNODC အဖွဲ့ရဲ့ မြန်မာနိုင်ငံတာန်ခံ မစ္စတာ ဂျေဆန်အီလိုင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"အခုလောလောဆည် ကျွန်တော်တို့ ညှိနှိုင်းနေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိက အာရုံစူးစိုက်ပြီး လုပ်ကိုင်သွားဖို့ ညှိနှိုင်းနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းနေတဲ့အထဲမှာ မိသားစု တစ်သိန်းလောက်ကို ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာကို ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်" လို့ စကားပြန်ကတဆင့် ပြောကြားခဲ့တာပါ။ 

ဘိန်းထွက်ရှိမှု အများဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယနေရာမှာရှိနေပြီး ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှုဟာ တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၉ ရာခိုင်နှုန်းကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ RFA သတင်းထောက် မသူဇာ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။ 

အသံဖိုင်နားထောင်ရန် မူရင်းလင့် (Click Here)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။