Wednesday, June 5, 2013

မြန်မာ့ နိုင်ငံရေးပါတီမှ လူငယ်များ တရုတ်ပြည်၌ လူငယ့်ခေါင်းဆောင်သင်တန်းတက်



တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကြီးမှူးကျင်းပသည့် ASEAN YOUNG LEADER PROGRAM သင်တန်းတွင် မြန်မာနိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ကြံ့ခိုင်ရေးပါတီ ၊  NGO များနှင့် အစိုးရအဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်နေ ကြောင်း သိရသည် ။

ယမန်နေ့က တရုတနိုင်ငံ နန်နင်းမြို့၌ အဆိုပါ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး ယခုလ ၂၉ ရက်နေ့အထိ သင်တန်းကာလ တစ်လနီးပါး ကြာမြင့်မည် ဖြစ်ကြောင်း သင်တန်းတက်ရောက်နေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လူငယ် အဖွဲ့ ၀င် မဇာခြည်မြင့်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။



“ကိုယ့်ပါတီအစုအဖွဲ့ကိုယ် ဦးဆောင်ပြီးလာကြတာ။ ရန်ကုန်ကနေ ၁ ရက်နေ့က ထွက်လာတယ်။ နန်နင်းမြို့မှာပေါ့နော်။ မနေ့က သင်တန်းစတယ်။ ၂၉ ရက်နေ့မှာ ပြီးမှာပေါ့ ။ သင်တန်းကာလက တစ်လလောက်တော့ကြာမယ်။ ဒီမှာပါလာတာ တော့ NLD ၊  ပြည်ခိုင်ဖြိုး ၊ မင်္ဂလာ ၊ အစိုးရအဖွဲ့အစည်းတွေ နောက် NGO တွေပေါ့  ” ဟု သူက ပြောသည် ။

မြန်မာနိုင်ငံမှ လာရောက်သည့် သင်တန်းသူ သင်တန်းသားစုစုပေါင်း ၃၇ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လူ ငယ် အဖွဲ့ဝင် ၈ ဦး ပါဝင်ကြောင်း သိရသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။