Tuesday, June 25, 2013

နယ်စပ် ဒုက္ခသည် စခန်းများတွင် ရိက္ခာ အခက်အခဲဖြင့် ရပ်တည် နေရဆဲ

(ရွှေဟင်္သာသတင်းဌာန)

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင်းရှိ ဒုက္ခသည် အများစုမှာ ရိက္ခာ မလောက်ငှသည့် အခြေအနေများဖြင့် ရပ်တည်လျက် ရှိနေကြောင်း ဒုက္ခသည်များနှင့် စခန်း တာဝန်ခံများက ဆိုပါသည်။ 
 
ကျမတို့က ဆန် ၁၂ ကီလိုနဲ့ မလောက်ပါဘူး။ ၀င်ငွေကလည်း မရှိတော့ တခါတလေ နေ့စား အလုပ်ထွက်လုပ်နေရတာ၊ ကလေးတွေကိုလည်း ကျောင်းသွားရင် မုန့်အစား ထမင်းပဲ ၀အောင် ကျွှေးရတယ်၊ အလုပ်ကနေ ပြန်လာရင် ပင်ပန်းတော့ စားစရာ တခြားမရှိဘူး။ တစ်ရက်မှာ ရေသောက် ထမင်းကို သုံးခါလောက် စားနေရတယ်မယ်လ ဒုက္ခသည် စခန်းနေ ကရင် အမျိုးသမီး တစ်ဦးမှ ပြောသည်။


ဒုက္ခသည် စခန်းတွင်းရှိ ဒုက္ခသည်များသည် ရသည့် ရိက္ခာများအား လိုအပ်သည့် စားစရာ စားချင်သည့် အသီးအရွက်၊ အသားတို့နှင့် လဲစားခြင်း၊ စခန်းကပေးသည့် ဆန်ကို မစားပဲ ရောင်းကာ စားချင်သည့် ဆန်ကို ၀ယ်စားပြီး ဆန်မလောက်သည့် အခြေအနေများတွင် နေ့စား အလုပ် ထွက်လုပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းခြင်း စသည်ဖြင့် အဆင်ပြေသလို ရပ်တည် နေကြရကြောင်း ဆိုပါသည်။

ပိုဆိုးတာက တစ်ချို့က နေ့စား အငှား လုပ်နိုင်ဖို့ အခြေအနေမရှိဘူး (အိုမင်း၊ ဒုက္ခိတဖြစ်ခြင်း) ဆန်ပြတ်တယ်။ အိမ်ဘေးနားက ရှိတဲ့လူတွေ ဆီမှာ အကူအညီ တောင်းချေးစားကြတယ်။ ရိက္ခာပြန်ထုတ်တဲ့ အခါတော့ ပြန်လျော်ပေးတယ်။ အဲဒီလိုပဲ ဘ၀က သံသရာ လည်နေသလိုဖြစ်နေတယ်၊ မိသားစုများတဲ့ သူအတွက်လည်း အတော့်ကို ခက်ခဲသွားနိုင်တယ် ၊ သူတို့ အတွက်လည်း စိုးရိမ်စရာ ဖြစ်နေတယ်။ ဒုက္ခမျိုးစုံနဲ့ သူတို့ရဲ့ ဘ၀ကို တလပြီး တလ ဖြတ်သန်းနေရတယ်ဟု မယ်လ ဒုက္ခသည် စခန်းကော်မီတီ တစ်ဦးမှ ဆိုပါသည်။

ယခင်က ဒုက္ခသည်များအား တလလျှင် ဆန် ၁၅ ကီလိုပေးသော်လည်း၂၀၁၃ အတွင်း လူကြီး တစ်ဦးလျှင် ဆန် ၁၂ ကီလိုနှင့် နှစ်အောက် ကလေးအား ဆန် ကီလိုသာ ပေးကြောင်းနှင့် ၄င်းအပြင် ဆီဒသမ .လီတာ၊ ငပိ ခစ်၊ ပဲခစ်၊ ဆား၂ ခစ်၊ မီးသွေး ၂၀ ကီလို  (လူတစ်ဦး ပိုတိုင်း ကီလို တိုးပေး) ၁၈ နှစ် အောက် လူငယ်များအတွက် အဟာရ ဓာတ်စုံမှုန့် ကီလိုဝက်ပေးသည်ဟု ဒုက္ခသည် စခန်းရှိ ကရင် အမျိုးသမီးမှ ဆက်ပြောသည်။

အရင်က ပေးတဲ့ ရိက္ခာတွေက ဆန်က ၁၂ ကီလို ဆိုတော့ ဒုက္ခသည်တွေက စားလို့ မလောက်ဘူးလေ၊ ထပ်လျော့ရင် ပိုဆိုး သွားမှာပေါ့၊ TBC ဘက်က ဒီသတင်းက အတည်ပြု ပြောဆိုရင်လည်း ကျနော်တို့ဘက်က ဒုက္ခသည်အတွက် နစ်နာမှု မရှိအောင် အလှူရှင်တွေကို မလျော့ဖို့ စကားပြောဆို တင်ပြရမှာပဲဟု ဆိုပါသည်။

ရိက္ခာ လျော့ချရေးနှင့် ပတ်သက်၍ ဒုက္ခသည် မယ်လ အပါအဝင် အခြား ဒုက္ခသည် စခန်းများတွင်း သတင်းများ ပျံ့နှံ့နေသော်လည်း TBC KRC ဘက်ကမူ ဒုက္ခသည် စခန်း ကော်မတီဝင်များအား တိကျသည့် အကြောင်းကြားခြင်းမျိုး မရှိသေးဟု သိရှိရသည်။

၂၀၁၂ အကုန်ပိုင်းနှင့်၂၀၁၃ ခုနှစ် စပိုင်းတွင် TBC မှ စခန်းတွင်းရှိ ဒုက္ခသည်များအား အနေအထားအား လေ့လာမှု တစ်ရပ် ပြုလုပ်ခဲ့ပါသည်။

ထိုလေ့လာချက်အရ ဒုက္ခသည် စခန်းများတွင် မိမိကိုယ်မိမိ ရပ်တည်နိုင်သည့် လူများ ရှိနေကြောင်း၊ ထိုလူများသည် ၄င်းတို့၏ ဝေစုအား မရှိချို့တဲ့ ဒုက္ခရောက်သူများကို ဝေငှပေးရမည့် အပေါ် ငြင်းဆန်မှုများ ရှိခဲ့ကြောင်း စခန်း ကော်မီတီက ဆက်ပြောသည်။

ဒုက္ခသည် စခန်း၌ ရိက္ခာ အခက်အခဲများဖြင့် ရပ်တည်နေသည့် ကြားမှ ထောက်ပံ့ ရိက္ခာများ လျော့ချမည်ဟု သတင်းများ ပျံ့နှံနေသည့် အပေါ် ဒုက္ခသည် စခန်း ကော်မတီတီနှင့် ဒုက္ခသည်များက စိုးရိမ်စိတ် လွန်ကဲနေကြကြောင်း ဒုက္ခသည်များနှင့် စခန်း တာဝန်ခံများက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။