Friday, June 7, 2013

မွန်ပြည်သစ် ပါတီ၏ ဒေသ ဖွံ့ဖြိုးရေး သက်သေ

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ် ပါတီသည် အရှည်မိုင် (၁၄) မိုင် ရှိသော မွန်ပြည်နယ်၊ ရေးမြို့မှ အရှေ့ဖက် ဖလမ်းကျေးရွာသို့ ကတ္တရာလမ်း ဖေါက်လုပ်တော့မည် ဖြစ်သည်ဟု မွန်ပြည်သစ် ပါတီ ဖွံ့ဖြိုးရေးရုံး တာဝန်ခံမှ ပြောပါသည်။ဤကားလမ်းသည်မွန်ပြည် သစ်ပါတီ နှင့် အစိုးရတို့၏ ဒေသဖွံ့ဖြိုးရေး အစီအစဉ်တရပ် ဖြစ်ပါသည်။  

နတလ ဆီမှာ ကျွှန်တော်တို့ တင်ထား ပြီးပြီ၊ ကနဦး ကွင်းဆင်း လေ့လာမှုတွေက လုပ်ပြီးပြီး။ အဲဒီ အပေါ်မှာ ခန့်မှန်းခြေ ဘတ်ဂျက် တွက်ပြီး ကျွှန်တော်တို့ နတလ ဆီကိုတင်ထား ပြီးပြီ၊ ဒီတစ်ရက် နှစ်ရက် အတွင်း ဖွဲ့စည်း ထားတဲ့ ကော်မီတီ တွေက နေပြီး အသေးစိတ်တိုင်းတာ စစ်ဆေး နိုင်ဖို့ လာရောက်ဖို့ ရှိပါတယ်ဟု မွန်ပြည်သစ် ပါတီ မော်လမြိုင် ဖွံ့ဖြိုးရေးရုံးမှနိုင်အမ်စိုက်ချမ်းမှ ဆိုပါသည်။


ထို (၁၄) မိုင်ခန့် ရှိသည့် (၁၅)ပေ အကျယ် လမ်းမအား အကျယ် ပေ (၁၀၀) ရှိ လမ်းအဖြစ်သို့ကနဦး အဆင့်တွင် မြေသားလမ်း ဆောင်ရွက်ရန်၊ ဒုတိယ အဆင့်တွင် ကျောက်ခင်း လမ်းနှင့်တတိယ အဆင့်တွင် ကတ္တရာလမ်း ခင်းနိုင်ရန် အတွက် ဆောင်ရွက် သွားမည် ဖြစ်သည်။ ၄င်းလုပ်ငန်းစဉ်အားလည်း မွန်ပြည်သစ် ပါတီ ဖွံ့ဖြိုးရေး ရုံးမှပင် တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

မြေသားလမ်း မြေမာပြီး အထိုင် ကျဖို့က အချိန် နည်းနည်း ယူရ ဦးမယ်၊ အခု အခြေ အနေ မှာက မြေသားလမ်း အဖြစ် တည်ရှိ နေပြီး ဖြစ်တယ်၊ ကျွှန်တော်တို့ ဒုတိယ အဆင့် ကျောက်ခင်းလမ်းက စတင် လုပ်ဆောင် မယ်လို့ မှန်းထားတယ်ဟု နိုင်အမ်စိုက်ချမ်းမှ ပြောသည်။

၎င်းလမ်းသည် ရွာချင်းဆက် မြေသားလမ်း အဖြစ် ကားနှစ်စီးစာ သွားလာရုံ ကျဉ်းမြောင်းစွာ တည်ရှိ နေရာမှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ပြီးနောက် သစ်လုပ်ငန်း လုပ်ပိုင်ခွင့် ရရှိသည့် ကုမ္ပဏီမှ ယင်းလမ်းအား မြေသားလမ်း အဖြစ်ပင် ပြန်လည် ချဲ့ထွင်ကာ ဖောက်လုပ် ပေးခဲ့ခြင်းဖြစ်သည်။

၎င်းလမ်းအား ၂၀၁၅ ခုနှစ် ကုန် ကတ္တရာလမ်း အဖြစ် အပြီး အစီး ခင်းနိုင်ရန်အတွက် မျှော်မှန်း ထားကြောင်း ဆိုပါသည်။ လက်ရှိ၌ ၄င်းလမ်းသည် မြေသားလမ်း အဖြစ် တည်ရှိနေပြီး မိုးရာသီမှ အပ ကျန်သည့် အချိန်များ၌ ဒေသခံများ သွားလာရန် အသုံးပြုလျက် ရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။