Wednesday, June 12, 2013

မြေမြုပ်မိုင်း (Land mile) ရှိသည်ဟုယူဆသောနေရာတွင် ကျားဖြူပါတီနှင့်တာဝန်ရှိသူတို့ စစ်ဆေးရှင်းလင်း



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ကောင်နှင့်နောင်မလုံကျေးရွာ ကြားရှိ လယ်ကွင်းထဲတွင် မြေမြုပ်မိုင်း လာရောက်မြုပ်နှံသည့်သူကိုတွေ့ရှိကြောင်းရွာသားများက ကျားဖြူပါတီထံတိုင် ကြားမှုကြောင့် ကျားဖြူပါတီနှင့်တာဝန်ရှိအာဏာပိုင်တို့ သွားရောက်စစ်ဆေးရှင်းလင်းခဲ့ကြကြောင်း ဒေသတွင်းသတင်းရပ်ကွက် ကဆိုပါသည်။

“ ဇွန်လ ၁၀ ရက်နေလောက်က လာမြှု့ပ်ကြတယ်။  ဗမာလူမျိုးပဲ သျှမ်းစစ်တပ်ဝတ်စုံဝတ်ထား ကြ တယ်။ သူတို့ လာ မြုပ်နေစဉ်ဗမာစကားဘဲ ပြောတယ်။ အဲဒီအနီးအနားမသွားဖို့ ရွာသားတွေကို တား တယ်။   ရွာသားတွေ တိုင်ပင်ပြီးတော့ ကျားဖြူပါတီ ဆီကိုတိုင်တာ။ မနေ့ ၁၁ ရက်နေ့က ကျားဖြူ ပါတီအဖွဲ့ဝင်တစ်ချို့ နဲ့မြန်မာ အစိုးရတပ်က လာရောက် စစ်ဆေး ရှင်းလင်းကြ တယ်။ မြေမြုပ် မိုင်း အစအန  ဘဲတွေ့ရတယ်”ဟု အနီးအနားရှိဒေသခံရွာသားတစ်ဦးကပြောသည်။



နောင်ကောင်နှင့်နောင်မတာ ကျေးရွာသည် RCSS/SSA ရ၀၁  တပ်နယ်မြေတည်ရှိရာ နောင်မတာ ကျေး ရွာ၏  တဘက်ခြမ်းတည့်တည့်တွင်တည်ရှိသည်။ ထိုရွာများသည် စပါးကို အဓိကစိုက်ပျိုးကြသည်။  ရ၀၁ နယ်မြေ အနီး  ရှိရွာများမှ ရွာသားများ  သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား အထင်မှား အမြင်မှားအောင် အစိုးရတပ်ဘက်ကြိုးစားလုပ်ဆောင်နေကြောင်း ၄င်းကဆိုသည်။

 “မြေမြုပ်မိုင်း မြုပ်နတဲ့နေ့ကလည်း မြန်မာစစ်တပ်လှုပ်ရှားနေတဲ့  နောင်မတာကျေးရွာထဲက အဖွား ယာရွက်ခမ်းဖုန်း  (အသက် ၆၀ ခန့်) က နေ့စာနဲ့ ညစာ ထမင်းတစ်အိုး နဲ့ ဟင်းတွေချက်ထားပြီး  လယ်ထဲ ဆင်း အလုပ်သွားလုပ်နေချိန်  မြန်မာစစ်သားတစ်စုက ထမင်းဟင်း တွေ လာရောက် ခိုး ယူ စားသောက် သွားသေးတယ်” ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ရ၀၁  တပ်ဖွဲ့ ၀င်တစ်ဦးက ပြော သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ရ၀၁  တပ်စခန်းကို အစိုးရက မေလ ၉ ရက်နေ့က တိုက်ခိုက်သိမ်း ပိုက်ပြီး နောက်ပိုင်းတွင် အနီးအနားရှိသျှမ်း ရွာများကိုအစိုးရတပ်များက  လူ့အခွင့်အရေးချိုးဖောက် မှုများနေ့စဉ် ကျူးလွန်နေကြောင်း ဒေသခံများထံသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။