Thursday, January 31, 2013

ကချင်တိုက်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ရေး သျှမ်း နှင့် ကယား ပူးပေါင်းတောင်းဆို



အစိုးရမှ အပစ်ရပ်ရေး လုပ်ဆောင်နေသော်လည်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေသည့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြရန် သျှမ်းပြည်နယ် နှင့်ကယားပြည်နယ်မှ ကိုယ်စားလှယ်များ၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

“တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်း တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊

Saturday, January 26, 2013

ဝပြည်တပ်မတော်က ကချင်ကိုကူညီဖို.ခြေလှမ်းစနိုင်သလား?

(တိုင်းရင်းသားအသံ)


ကချင်အရေးကိုဝတပ်မတော်ကစိတ်ဝင်းစားသလား?

`“ရန်သူကကိုယ့်အိမ်ထဲရောက်မလာခင် ကြိုတင်ကာကွယ်တာဟာ အကောင်း ဆုံးနည်းလမ်း`“ ဆိုသည့်စကားအတိုင်း 9/11နောက်ပိုင်း အမေရိကန်အစိုးရကအကြမ်းဖက်သမားတွေကိုကာကွယ်ခဲ့သည်၊

ဝပြည်တပ်မတော်ရဲ.လှုပ်ရှားမှုဟာစိတ်ဝင်စားစရာကောင်းတယ်၊ ဗမာ စစ်တပ်တွေရဲ. စစ်ရေးလှုပ်ရှားမှုအားလုံးကို သတိနဲ. စောင့်ကြည့်နေခဲ့ တာကြာလှပါပြီ၊ ဗမာစစ်တပ်နှင့် ဝတပ်မတော်တို. ပေါင်းပြီး သျှမ်းပြည် တပ်မတော်တောင်ပိုင်းကိုတိုက်ခဲ့ဖူးတယ်၊ သို.သော်၊

Friday, January 25, 2013

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့စည်းလုံးမှုမရှိဟု မြန်မာစစ်တပ်အရာရှိပြော


သျှမ်းသံတော်ဆင့်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား စည်းလုံးညီညွတ်မှုမရှိဟု မြန်မာ့တပ်မတော်မှ အရာရှိတဦးက ဆိုကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း အစီရင်ခံစာ တရပ်တွင်ဖော်ပြထားသည်။
မြောက်ပိုင်းသျှမ်းတပ်ဖွဲ့နှင့် တိုက်ခိုက် နေသည့်ကာလက မြန်မာ့ တပ်မတော်က အရာရှိတဦးက အများယုံကြည်ကိုးကွယ် သည့် သျှမ်းဆရာတော်ကို လျှောက်တင်ရာ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအ ကြား စည်းလုံးညီညွတ်မှု အားနည်းမှုကိုထောက်ပြခဲ့သည်ဟုဆိုသည်။

၂၀၁၁ မတ်လ ၁၃ ရက်မှ ဩဂတ်စ်လအထိ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွါးစဉ်က ဆရာတော်အား ထိုသို့ လျှောက်တင်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါသည်။

သျှမ်း/တောင် ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်


သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်း၌ ယခုတပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွါး ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ ၁၉ ရက်နေ့မှာနဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ၃  ကြိမ်ဖြစ်ပွါးတယ်။ တောင်ပိုင်းသျှမ်းတပ်ဖွဲ့နဲ့ မြန်မာ့ တပ် မ တော်ပေါ့။ ဆနိန်းရွာဘက် ကပေါ့။ အခုလဆန်းပိုင်းက သျှမ်းတပ်ဖွဲ့က စစ်သား ၂ ယောက်ဆိုင်ကယ် စီး တာကို မြန်မာစစ်တပ်ကတွေ့တော့ လိုက်ပစ်တယ်  ။ သျှမ်းစစ်သား ၂ ယောက်ကလဲ ဆိုင်ကယ် ပစ်ပြီး ထွက်ပြေးတယ်။ သူတို့ဆိုင်ကယ် ဗမာစစ်သားသိမ်းသွားတယ်။ အဲဒီကစပြီးတော့ သျှမ်းတပ်က ပြန်စောင့်ရင်းနဲ့ အခုလို တိုက်ပွဲဖြစ်သွားတာ” ဟု ပင်လုံရောက် ဆနိန်းဒေသခံကပြောသည်။

Thursday, January 24, 2013

မူကွဲလွဲမှု မဖြစ်စေဖို့ UNFC ကိုယ်စားလှယ်အဖွဲ့ KNU နှင့် သွားရောက်ဆွေးနွေး

(Mizzima)


ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ (UNFC) မှ ချမှတ် ထားသည့် မူနှင့် ကရင်အမျိုးသား အစည်း အရုံး (ကေအဲန်ယူ) ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက်မှ ချမှတ်ထားသည့် မူအကြား ကွဲလွဲမှု မရှိစေရန် ပြီးခဲ့သည့် ဇန်နဝါရီ (၂၁) ရက်နေ့တွင် UNFC ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ မဲဆောက် မြို့သို့သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း အဖွဲ့တွင်ပါဝင်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

ယခုလို သွားရောက်ဆွေးနွေးခြင်းမှာ တပ်ပေါင်းစုမူဝါဒ ရေးရာပိုင်း၌ တစ်ပေါင်း တစ်စည်းတည်း ဖြစ်စေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်သည် ဟုလည်း ဆိုပါသည်။

“ပဏာမ အနေနဲ့ UNFC မှာ ဆက်လက် လက်တွဲ ဆောင်ရွက်ဖို့၊ UNFC နဲ့လည်း မကင်းကွာဖို့ပေါ့ အဲဒါ ပြောတယ်၊ ပေါ်လစီပိုင်းကတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ UNFC နဲ့ တစ်ပေါင်း တစ်စည်းတည်း အတူတကွ ပါဝင်ဖို့ ဖိတ်ခေါ် ရင်းပေါ့ အဲဒါတွေ ဆွေးနွေး ကြတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ မဇ္ဈိမအား ပြောသည်။

ကေအဲန်ယူမှ အပစ် အခတ် ရပ်စဲရေး ခိုင်မာအောင် ဆက်လက် လုပ် ဆောင် နိုင်ရန် တစ်ဖွဲ့ချင်း အနေနှင့် အစိုးရအား

Wednesday, January 23, 2013

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပမည်

(ဧရာဝတီ)


ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသား အားလုံးတွေ့ဆုံပြီး ငြိမ်းချမ်းရေး ယုံကြည်ချက် တည်ဆောက်ရန် အတွက် ညီလာခံ တရပ် ထပ်မံလုပ်ဆောင်မည်ဟု သိရသည်။

ညီလာခံ ကျင်းပရန် အတွက် ကော်မတီဖွဲ့ နေကြပြီဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ပါတီများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများကို တွေ့ဆုံပြီး ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုကို လာမည့် ဖေဖော်ဝါရီ လတွင် ကျင်းပနိုင်ရန် ကြိုးစားနေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီသို့ပြောသည်။

RCSS က ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကျင့်သုံးမည်



သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က လွတ်လပ်ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကျင့်သုံးမည်ဟု နှစ်ပတ်လည် အစည်းအဝေး၌ ရှင်းလင်းတင်ပြကြောင်း သိရသည်။

“ပြုပြင်ပြောင်းလဲထားတဲ့ RCSS ရဲ့ အခြေခံ ဥပဒေမူကြမ်းမှာ ထူးခြားတာ ၂ ခု တွေ့ရတယ်။ လွတ်လပ် ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတယ်။ နောက် အရင်က RCSS အဖွဲ့ဝင်တွေဆိုရင် စစ်မှုထမ်း ဖြစ်ရမယ်လေ။ အခုတော့ RCSS မှာ အရပ်သားတွေ ပါဝင်လာနိုင်အောင် ထည့်ပေးထားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

Tuesday, January 22, 2013

အပစ်ရပ်စာချုပ် ဘယ်တော့မှ စဖျက်မည် မဟုတ်ဟု RCSS ဥက္ကဌပြော



မြန်မာအစိုးရ နှင့် သျှမ်းပြည်တပ်မတော်တို့ အပစ်ရပ်ထားသော်လည်း နှစ်ဖွဲ့အကြားတိုက်ပွဲ အကြိမ် ၆၀ ကျော် ဖြစ်ပွားရာမှာ မြန်မာ့တပ်မတော် က ကျူးကျော်ရန်စခဲ့သောကြောင့် အစိုးရကိုယ်စားလှယ်အပြင် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်နှင့် ပိုမို နီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရမည်ဟု RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

“ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတိုင်း မြန်မာ့တပ်မတော်က နယ်ကျွံလို့ ဖြစ်တာ။ ကျနော်တို့ကတော့ အပစ်ရပ်စာချုပ်ကို ဘယ်တော့မှ စတင်ဖေါက် ဖျက်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးတည်တံ့ဖို့ အစိုးရတပ်နဲ့ ပိုမိုတွေ့ဆုံရ မယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောသည်။

Friday, January 18, 2013

ငြိမ်းချမ်းရေး ဖြစ်စဉ် စောင့်ကြည့်လေ့လာနိုင်ဖို့



ကယား(ကရင်နီ)ပြည်နယ်မှာ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန်အတွက် အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီအကြား ပြီးခဲ့တဲ့ နှစ်က တည်းက အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် လူမှုအခြေပြု အသင်းအဖွဲ့များမှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယနေ့ထိ လွတ်လပ်စွာဖွဲ့စည်းပြီး စောင့်ကြည့်လေ့လာမှု မပြုလုပ်နိုင်ဘဲရှိ နေ ပါတယ်။

အစိုးရနဲ့ KNPP အကြားအပစ်ခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် လူထုဘက်က အပြည့်အ၀မယုံကြည်သေး တဲ့အတွက် လူမှုအခြေပြု အဖွဲ့အစည်းတို့ အနေဖြင့် လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ဖို့ ခက်ခဲကြောင်း ကရင်နီလူငယ်အစည်းအရုံး (KNYO) အဖွဲ့ကပြောပါ တယ်။

Thursday, January 17, 2013

KNU ခေါင်းဆောင် အပြောင်းအလဲကြောင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး နှောင့်နှေး

(Mizzima)


ကေအဲန်ယူ ခေါင်းဆောင် အပြောင်းအလဲများကြောင့် ပဲခူးတိုင်းအတွင်း မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ရှင်းလင်း
ရေးအတွက် နှောင့်နှေး ခဲ့ရကြောင်း NPA မိုင်း ရှင်းလင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။

“အခု တက်လာတဲ့ သူတို့ ခေါင်းဆောင်သစ်တွေနဲ့ကျွန်တော်တို့ အကြား ဆက်လက် ဆွေးနွေးသွားဖို့ ရှိအုံးမယ် ဆိုပေမယ့် အချိန်တော့ မသတ်မှတ်ကြရ သေးပါဘူး” ဟု မစ္စတာ Aksel Steen-Nilsen မှ မဇ္ဈိမအား ပြောသည်။

Monday, January 14, 2013

ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်ပြည်ထောင်စု


By https://www.facebook.com/aung.naingmoe.58
မိုးသီး

ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ် ဆိုတာကို အားလုံး နားလည် အောင်ပြောရမယ်ဆိုရင် ဆော့ဝဲနဲ့ကွန်ပြူတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ က ဆော့ဝဲ ဖြစ်တယ်။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်က ကွန်ပြူတာဖြစ်တယ်။ ဆော့ဝဲနဲ့ ကွန်ပြူတာ ပေါင်းစပ်မှာသာ ကွန်ပြူတာတခုအလုပ်လုပ် လာ တာဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုဟာ ကွန်ပြူတာတလုံးဆိုရင် ရိုးရိုးကွန်ပြူတာမဟုတ် အဲပ်လ်ကွန်ပြူတာ ( Apple Computer) တလုံး လို ဖြစ်ပါတယ်။ ကောင်းတယ်။ လုံခြုံတယ်။ ပြည်နယ်တွေကွဲမထွက်သွား ဘူး။ လူလူခြင်းခွဲခြားဆက်ဆံလို့ မရဘူး။ တခြားကွန်ပြူတာတွေလို အပြင် ကဗိုင်းယပ်စ်တွေ တိုက်ခိုက်လို့ မရဘူး။

ဆော့ဝဲပဲရှိပြီး ကွန်ပြူတာကမကောင်းရင် အလုပ်လုပ်လို့ မရဘူး။
ဒီမိုကရေစီတော့ရှိတယ်။ ပြည်ထောင်စုစနစ်ကိုမလုပ်နိင်ရင် မအောင် မြင်နိုင်ဘူးပေါ့။

ဖယ်ဒရယ်မလိုပါဘူးလို့ ပြောခြင်း၊ ကျနော်တို့  လူတွေက ဖယ်ဒရယ် ဆိုတာ ခွဲထွက်ရေးလို့ ပဲသိတယ်။ ဖယ်ဒရယ်ကိုမပြောကြပါနဲ့ကွာ ဆိုတာကတော့ ကျနော်တို့ ရှင်းပြရမှာပေါ့။ ကွန်ပြူတာတလုံးလိုတယ်ဆိုတာကိုရှင်းပြရမှာပေါ့။
ဒါက တပြည်လုံးနိမ့်ကျသွားတဲ့ ပညာရေးစနစ်ကြောင့်ဖြစ်နေတာပဲ။

တယောက်က ကျနော်ကို ဆွေးနွေးတယ်။ တောင်ကြီးကိုသွားဖို့ ဗီဇာ မလျောက်နိင်ဘူးတဲ့။ အမေရိကန် ကိုရောက်လာတဲ့ မြန်မာ ဒုက္ခသည် မိသားစုဟာ နယူးယောက်မှာနေတယ်။ ကားလီဖိုးနီးယား ကို သွား လှည်ဖို့ အပြီးပြောင်းသွားဖို့  သူဟာ ဘယ်သူဆီမှာ မှ ဗီဇာလျောက် စရာမလိုတဲ့အပြင် ဟိုရောက်ရင် အဲ့စရင်းတောင် တိုင်စရာမလိုဘူးဆိုတာ သူသိထားပုံမရဘူး။

Sunday, January 13, 2013

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တပ်ရင်းအခြေစိုက်ရာများသို့နယ်လှည့်

(ခိုနန်းထုန်သတင်းဌာန)


ယခုလ ဇန္န၀ါရီ (၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး သည် လက်အောက်ခံ တပ်ရင်းတည်ရှိရာစခန်းများသို့ နယ်လှည့်ကြောင်း သိရသည်။

တိုင်းမှူးဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့ အခြေစိုက် အမှတ် (၂၈၉) ခြေလျင်တပ်ရင်းသို့ ဇန္န၀ါရီလ (၉) ရက်နေ့ ညနေ (၄) နာရီမှာ ရောက်ရှိခြင်းဖြစ်သည်။

Friday, January 11, 2013

သမ္မတနှင့် တွေ့ဆုံခဲ့သည့်အပေါ် KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း



မြန်မာသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ဇန်န၀ါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် တွေ့ဆုံ၍ ဒုသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့် အတူတကွ ညစာစားခဲ့သလို ဇန်န၀ါရီလ ၆ ရက်နေ့တွင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြင် ရန်ကုန်ရှိ ကရင်လှုမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။ 
ဤခရီးစဉ်နှင့်ပတ်သက်၍ ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းကို ဇန္န၀ါရီလ (၈) ရက်နေ့က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

KIC။ ကေအဲန်ယူအနေနဲ့ မြန်မာအစိုးရကို သွားရောက်တွေ့ဆုံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများ အသိပေးချင်ပါသလဲ။
ဖြေ – ကျနော်တို့ခရီးစဉ်ကတော့ သမ္မတကြီးရဲ့ ဖိတ်ကြားချက်အပေါ်မှာပဲ ကျနော်တို့ သွားရောက်တွေ့ဆုံ တာဖြစ်တယ်။ တပြိုင်နက်တည်းမှာ သမ္မတကြီးကော၊ ဒုသမ္မတကော နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်ပါ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ မသွားခင်က ကျနော်တို့ စဉ်းစားတာကတော့ ကေအဲန်ယူနဲ့ အစိုးရကြားမှာရှိတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ပိုမိုပြီး တော့ ခိုင်မှာအောင်လုပ်ဖို့ရယ်။ ဒုတိယအချက်ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့ များနှင့် KNU လက်တွဲပူးပေါင်းသွားမည်



မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို တိုင်းရင်းသားလူမျိုးများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU က ယနေ့ ပြောဆိုလိုက်သည်။

“ငြိမ်းချမ်းရေးရရှိဖို့အတွက် အဓိကတော့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရမယ်။ 
အဲဒီဖြေရှင်းတဲ့နေရာမှာလည်း တိုင်းရင်းသား တစုတည်းနဲ့ ဖြေရှင်းလို့လည်း မရဘူး”ဟု ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ KNU သည် နေပြည်တော်သို့သွား၍ ယခုလ ဇန်န၀ါရီလ ၅ ရက်နေ့က သမ္မတနှင့် အလွတ်သဘော ဆွေးနွေးခဲ့ရာတွင် ကချင်ပြည်နယ်စစ်ပွဲအရေးကိစ္စကိုလည်း ပြောဆိုခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအပါအ၀င် ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကူညီ ဆောင်ရွက် သွားရန်လိုကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆိုသည်။

ရန်ကုန်တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲတော် KNU ကို မဖိတ်ကြား



ရန်ကုန်တိုင်း အင်းစိန် ဆေးဝင်္ကဘာကျောင်း၊ အာလိန်ငါးဆင့်ဘုရားရှိ မဟာရန်ကုန် အတိုင်းအတာဖြင့် ဇန်န၀ါရီလ ၁၂ ရက်နေ့၌ ကျင်းပမည့် ၇၅ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုး သား အစည်းအရုံး-KNU အား ဖိတ် ကြားထားခြင်း မရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ယမန်နေ့က ပြောသည်။

ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အတွင်းရေးမှူး စောလှထွန်းက “ကျနော်တို့ နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီအနေနဲ့ KNU ကို ဖိတ်ကြားထားတာ မရှိပါဘူး။ ဘာဖြစ်လဲဆိုရင် ဒီပွဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း မျိုးကို ဖိတ်ကြားတဲ့အစီအစဉ် မရှိပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ မူ ၅ချက် ချမှတ် ထားရာတွင် အရေးကြီးဆုံးတစ်ချက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ခြင်း၊ လူတန်းစားအရ အမြတ်ထုတ်ခြင်း၊ နိုင်ငံရေးအ ရ အမြတ်ထုတ်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်းနှင့် ဘာသာရေးအရ အမြတ်ထုတ်ခြင်း အလျဉ်းမရှိစေရ ဆိုသည့်အချက် ကြောင့် KNU အား မဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wednesday, January 9, 2013

အစိုးရ၏ အပစ်ရပ်ရေးသည် အချိန်မရွေး ပျက်နိုင်ကြောင်း KNPP ကဆို

(ရွှေဟင်္သာသတင်းဌာန)


ကရင်နီ တိုးတက်ရေး ပါတီ ( KNPP) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ရယူထားသော အပစ်အခတ်ရပ်စဲ ရေးသည် အချိန်မရွေး ပျက်စီး သွားနိုင်ကြောင်း အတွင်းရေးမှူးဖြစ်သူ ခူဦးရယ်က ဆိုပါသည်။

“ဒီရယူထားတဲ့ အပစ်ခတ် ရပ်စဲရေး အပေါ်မှာပေါ့လေ ကျနော်တို့ ဗဟိုကော်မတီ အစည်းဝေးကနေ ပြန်လည်သုံးသပ် ထား တာရှိပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်ကပေါ့လေ။ အပြန်အလှန် ဆွေးနွေးကြပါတယ်။ လက်ရှိ အနေအထားတွေဟာ အခု ကျနော်တို့ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ အချိန်မရွေး ပျက်စီးနိုင်တယ်ဆိုတာ သိသာပါတယ်။” ဟု ဆိုပါသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဓားပြများ သောင်းကျန်းနေ

(ဧရာဝတီ)


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး အစိုးရ အာဏာပိုင်များ၏ လုံခြုံရေး တာဝန်ယူမှု အား နည်းသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေကြကြောင်း သိရသည်။

ဓားပြတိုက်မှုများသည် ယမန်နှစ်ကစတင်၍ သိသာစွာ ဖြစ်ပွားလာရာ ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း၊ ဆိုင်ကယ်ကယ်ရီ သမားများ၊ တရုတ်ငွေ လှဲလှယ်သူများ၊ ကားသမားများနှင့် ရွှေဆိုင်များကို ပစ်မှတ် ထား လုယက်ပြီး လူသတ်မှု ကျူးလွန် သည် အထိ ရဲတင်းစွာ ပြုလုပ် လျက်ရှိကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် ဦးစိုင်းမြတ် က ဧရာဝတီ သို့ ပြော သည်။

သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း


ဆောင်းပါး - ကညောကော်
 by တကျော့ ပြန်ဟစ် တလာ on facebook Tuesday, January 8, 2013 at 6:32am


ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ မြေ့ မြေ့ နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့ လာသုံးသပ် ကာ နောင်တစ်ခါဒီ လို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။

ရှမ်းပြည်၏ နစ်နာချက်များ အပိုင်း-၅ နိဂုံး (တောင်ကြီး ဦးထွန်းမြင့်)

(Kachinland)


သစ်တောလုပ်ငန်း

သတ္တုလုပ်ငန်းပြီးတဲ့နောက် ဒုတိယလုပ်ငန်းဖြစ်တဲ့ သစ်တောလုပ်ငန်းကို တင်ပြဝေဖန်ရမယ်ဆိုရင်လဲ ရှမ်းပြည်နယ်မှာ သစ်တောတွေဟာ ဘယ်လောက်အထိပေါများ ကြွယ်ဝတယ်ဆိုတာကို ပထမဆုံး တင်ပြပါရစေ။ ၁၉၃၈-၃၉ ခုနှစ် စာရင်းအရဆိုရင် သစ်တောရဲ့ အကျယ်အဝန်းဟာ စတုရန်းမိုင်ပေါင်း ၁၉၀၃၆ ဖြစ်ပြီး သစ်တောလုပ်ငန်းမှ ရှမ်းအစိုးရက ရရှိတဲ့ အခွန်တော်ငွေကတော့ ၁၁ သိန်းကျော်ဖြစ်ပါတယ်။

အဲဒီလောက် ပေါများကြွယ်ဝတဲ့ သစ်တောတွေဟာ ရှမ်းပြည်မှာ ရှိပေမဲ့လဲ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အခွင့်အာဏာကိုတော့ သတ္တုလုပ်ငန်းနည်းတူပင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှမ်းအစိုးရက မရရှိပါဘူး။ ဗဟိုအစိုးရကသာလျှင် တိုက်ရိုက်ထုတ်လုပ်ပိုင်ခွင့်ရှိပါတယ်။

KNU ခေါင်းဆောင်သစ်တို့နှင့် အစိုးရတို့ တွေ့ဆုံမှုအပေါ် KWAG ကျေနပ်



မကြာသေးမီက အသစ်တက်လာသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ထိပ်ပိုင်းခေါင်းဆောင်သစ်တို့အား မြန်မာအစိုးရ သမ္မတဦးသိန်းစိန်မှ ဖိတ်ကြား၍ တွေ့ဆုံခဲ့မှု အပေါ် ကျေနပ်မိကြောင်း ကရင်အမျိုးသမီးများ ဖွံ့ဖြိုး ရေးအဖွဲ့- KWAG က ယနေ့ ပြောကြားလိုက်သည်။

KWAG ဒါရိုက်တာ နော်စူစဲနာလှလှစိုးက “ယခု တက်လာတဲ့ KNU ခေါင်းဆောင်အသစ်တွေကို သမ္မတက ဖိတ်ခေါ် တွေ့တယ်ဆိုတာကို ကျမတို့ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ KNU ဟာ သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ကို တွေ့ တဲ့အခါမှာ ကချင်အရေးကိစ္စကို ဆွေးနွေး တယ်ဆိုတော့ ဒါတိုင်းရင်းသားတွေအတွက် သူတို့ Advocacy လုပ်ပေးနိုင် မယ်လို့လည်း ယုံကြည်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရနောက်ကွယ် အခြားအဖွဲ့အစည်းရှိနိုင်ဟု RCSS သံသယရှိနေ



တိုင်းရင်းသားဒေသအတွင်း မငြိမ်မသက်ဖြစ်နေမှု လူ့အခွင့်အရေးချိုးဖေါက်နေမှု  တိုက်ပွဲများဖြစ်ပွါးနေမှု တို့အား  ရပ်တန့်ရန် သမ္မတက မညွှန်ကြားနိုင်သည်မှာ အစိုးရ၏နောက်ကွယ်၌ အခြားအဖွဲ့အစည်း များ ရှိနေနိုင်ကြောင်း သျှမ်းပြည်တပ်မတော် က သံသယရှိနေသည်။

“သမ္မတက အပစ်ရပ်ဖို့ စစ်တပ်ကို အမိန့်မပေးနိုင်ဘူးဆိုရင်- မြန်မာ့ တပ်မတော်အနေနဲ့ - တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေဟာ အစိုးရနဲ့သာအပစ်ရပ်တယ်၊ ငါတို့နဲ့အပစ်ရပ်တာမဟုတ်ဘူး လို့ခံယူနေမယ်။ အဲလိုဆိုရင် ပြဿနာတွေ ဆက်ဖြစ်လာမယ်။ 
ကချင်ပြည်နယ်မှာတိုက်ပွဲရပ်ဖို့ သမ္မတညွှန်ကြားတယ်။ မရဘူး။ စဉ်စားစရာဖြစ်လာတာက အစိုးရရော တပ်မတော်ကိုပါ နောက် ကနေ ထိန်းနေတဲ့အဖွဲ့ အစည်းများ ရှိနေလား” - ဟု ပြောခွင့် ဗိုလ်မှူးလောဝ်ဆိုင်က ပြောဆိုသည်။

Tuesday, January 8, 2013

DKBA ၏ သဘောထားထုတ်ပြန်ချက်


အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် ကလိုထူးဘောတပ်ဖွဲ့ (DKBA) ၏ သဘောထားထုတ်ပြန်ချက်။

ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ (၄) ရက်။

ယနေ့ နိုင်ငံတော်အစိုးရအဖွဲ့၏ လျှောက်လှမ်းနေသော အသွင်ကူး ပြောင်း ရေး ကာလ အပေါ် မိမိတို့ဖက်မှ ယုံကြည်မှုအပြည့်အ၀ပေးကာ ငြိမ်းချမ်းရေး၏ ပထမ အဆင့်ဖြစ်သော ယုံကြည်မှု တည်ဆောက်ရေး ကာလ အပစ်အခတ်ရပ်စဲရေးကို ဖြတ်သန်းဆဲဖြစ်ပါသည်။

မိမိတို့အပစ်အခတ် ရပ်စဲရေးရရှိရုံဖြင့် တပြည်လုံးအတိုင်းအတာဆောင် သော အပစ်အခတ်ရပ်စဲရေးနှင့် ပါတ်သက်သည့် ကိစ္စရပ်များသည် မိမိတို့နှင့်မသက်ဆိုင်ဟူ၍ ယူဆမရပေ။ ပန်းဥယာဉ်တစ်ခုတွင် အရောင် အဆင်း တစ်မျိုးထဲရှိသော ပန်းတစ်မျိုးထည်းဖြင့် မတင့်တယ်နိုင်ပေ။ အရောင်အသွေးစုံသော ပန်းအမျိုးအမည် စုံသောဥယာဉ် ဖြစ်ပါက လူအများအတွက် မျက်စိပသာဓရှိပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ ဖြစ်ပေ လိမ့်မည်။ မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ အနေဖြင့်လည်း (ရကောက် နှင့်ရွှေသည့် ရွှေကရင်မဟုတ်ဘဲ ဆလိန်နှင့်ဆွေသည့် ဆွေကရင်) အဖြစ် ခံယူထားသည့်အတိုင်း၊ အရောင်အသွေးစုံလင်သော ပန်းဥယာဉ်ကဲ့သို့၊ မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးကို ဆွေမျိုးများအဖြစ် သဘောထား ပြီး မျှဝေခံစားပါသည်။ ထို့အတွက်ကြောင့် လက်ရှိအစိုးရမှ ကချင်ဒေသအပေါ် ထိုးစစ်အရှိန်မြှင့်ပြီး စွမ်းအားပြင်း လက်နက်ကြီး များ အပြင် လေကြောင်းမှတိုက်ခိုက်မှုများကိုပါ တိုးချဲ့လုပ်ဆောင် လာခြင်း အပေါ် မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ (DKBA) မှလည်း မိမိတို့ကိုယ်တိုင် တွေ့ကြုံနေရ သကဲ့သို့ခံစားရပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လိုက်သည်။

Monday, January 7, 2013

ငြိမ်းချမ်းရေး ကိစ္စ နောက်ကြောင်းပြန်မလှည့်ဟု KNU ပြော

(ဧရာဝတီ)


လက်ရှိအစိုးရနှင့် ဆွေးနွေးပြောဆိုနေသော ငြိမ်းချမ်းရေးကိစ္စရပ်များတွင် နောက်ကြောင်းပြန်လှည့်လိမ့်မည် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောဆိုလိုက်သည်။

“ကျနော်တို့ ကရင်လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ။ ကျနော်တို့ ကရင်ပြည်သူတွေလည်း ထိခိုက်သေကြေတာတွေ များလွန်းနေပြီ။ ဒီလိုအဖြစ်မျိုး အနာဂတ်မှာ မဖြစ်စေချင်တော့တဲ့အတွက် ကျနော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် လုပ်နေတာတွေကို နောက် ကြောင်းပြန် လှည့်မှာမဟုတ်ဘူး” ဟု ရန်ကုန်သို့ ရောက်နေသော KNU ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်းကလည်း လက်ရှိ အခြေအနေတွင် ဆွေးနွေးလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေး နေမှုများကို မပျက်ပြားစေလိုကြောင်း ပြောဆိုသည်။

အစိုးရတပ်မှ သဘောတူညီချက်ကို မလိုက်နာသည့်အတွက် RCSS/SSA နှင့် တိုက်ပွဲပြန်ဖြစ်ဟုဆို

(mizzima)


အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS-SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အစိုးရဘက်မှ လိုက်နာခြင်းမရှိသည့်အတွက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု RCSS-SSA က ပြောဆိုလိုက်သည်။

အစိုးရတပ်ဖွဲ့များ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မိမိတို့ တပ်စခန်း အနီးသို့ လက်နက်အင်အားနှင့် ချဉ်းကပ်လာခြင်းကြောင့် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် နာရီဝက်ခန့် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ နေ့လည်ပိုင်းတွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း အပေါ် RCSS-SSA က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးအတွက် ကျနော်တို့ လက်မှတ် ထိုးလာတာ တနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ ဗမာ့တပ်မတော်ဘက်က ကျနော်တို့ ရရှိထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက်ကြောင့် ကြိုကြားကြိုကြားနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေရပါတယ်” ဟု RCSS-SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

Saturday, January 5, 2013

ကြိုတင်အသိမပေးဘဲ ၀င်ရောက်လာသော အစိုးရတပ်ကို RCSS တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် ပြန်လည်ထူထောင်ရေး အဖွဲ့ RCSS/SSA နယ်မြေထဲသို့ ကြိုတင်အကြောင်းမကြားဘဲ ခိုးဝင်လာသည့် အစိုးရတပ် ဖွဲ့များနှင့် ယနေ့မနက် (၇) နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS ပြောခွင့်ရသူ ဗိုလ်မှုစိုင်းလောင်းဆိုင် ကဆိုပါသည်။

“ ရှမ်းတောင်ပိုင်းပေါ့ဗျာ။ ဟိုမိန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ်ဖွဲ့တွေ တပ်ရင်း (၂) ရင်းနဲ့ ကျနော်တို့ စခန်းရှိရာဘက်ကို အကြောင်းမကြားဘဲ ၀င်လာတယ်ဆိုတော့ ကျနော်တို့ အမှတ် (၅) နယ်မြေခံ တပ်ဖွဲ့က တိုက်ခိုက်လိုက်တာပါ။ နေရာ (၃) ခုမှာ (၃) ကြိမ်လောက်ဖြစ်ပြီး တကြိမ်ကို မိနစ် (၂၀) လောက်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မသိသေးဘူး။” ဟု ဆိုပါ သည်။

Friday, January 4, 2013

ရှမ်းပြည်၏ နစ်နာချက်များ အပိုင်း-၄ (တောင်ကြီး ဦးထွန်းမြင့်)

(Kachinland)

စီးပွားရေးပိုင်း

သဘာပတိနှင့် ဘဝတူ တိုင်းရင်းသားလူမျိုးစုများ ခင်ဗျား။

ရှမ်းအမျိုးသားတွေဟာ နိုင်ငံရေးအရ ဘယ်လိုဘဝမျိုးမှာ ကျရောက်ခံစားနေရတယ်ဆိုတာကို တင်ပြပြီးခဲ့တဲ့နောက် စီးပွားရေးအရ ဘယ်လို ဆုံးရှုံးနစ်နာနေရတယ်။ ဘယ်လို သွေးစုပ်ခံနေရတယ်ဆိုတဲ့ အချက်ကို ဆက်လက်ပြီး တင်ပြပါရစေ။

ပြည်ထောင်စုထဲမှာ ပါဝင်နေကြတဲ့ ပြည်နယ်များအနက် ရှမ်းပြည်နယ်ဟာ စီးပွားရေးအားဖြင့် အတောင့်တင်းဆုံး၊ သယံဇာတ ပစ္စည်းဥစ္စာတွေ အပေါများအကြွယ်ဝဆုံး ပြည်နယ်ဖြစ်တယ်ဆိုတာကို တိုင်းရင်းသားလူမျိုးစုများအားလုံးက သိရှိကြပြီး ဖြစ်ပါတယ်။ ပြီးတော့ ရှမ်းပြည်ရဲ့ အဓိကအသက်သွေးကြော စီးပွားရေးလုပ်ငန်းတွေဟာ -
(၁)     သတ္တုတွင်းလုပ်ငန်း။
(၂)     သစ်တောလုပ်ငန်းနှင့်
(၃)     လယ်ယာခြံမြေ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်တယ်ဆိုတာကိုလဲ တိုင်းရင်းသားလူမျိုးစုအားလုံး သိရှိကြပြီး ဖြစ်ပါတယ်။

ရှမ်းပြည်၏ နစ်နာချက်များ အပိုင်း-၃ (တောင်ကြီး ဦးထွန်းမြင့်)

(Kachinland)

ဒီမိုကရေစီရေး

ဒီမိုကရေစီ ဆန်းစစ်ရေး ဂဏ္ဍမှာ ယခု ရှမ်းပြည်နယ်မှာ ရှိနေတဲ့ ဒီမိုကရေစီအသွင်နဲ့ အဆင့်အတန်းကို ကြွရောက်လာတဲ့ လူမျိုးစုပေါင်းစုံ ရှေ့မှောက်မှာ အခွင့်ရလို့ တင်ပြပါရစေ။ ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားကို အကျယ်တဝင့်တင်ပြဖို့ လိုမယ်မထင်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ကမ္ဘာမှာ ခေတ်စားလာခဲ့တာတော့ နှစ်ပေါင်းရာစုနဲ့ ချီပြီး အတော်ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် ထပ်မံပြီး မတင်ပြလိုတော့ပါဘူး။ ဒါပေမဲ့ ယေဘူယျသဘောကိုတော့ အကြမ်းအားဖြင့် တင်ပြဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်။

ဒီမိုကရေစီစနစ်ဟာ လူတိုင်းလွတ်လပ်စွာတွေးခေါ်နိုင်ခွင့်၊ လွတ်လပ်စွာပြောဆို ဝေဖန်နိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေနိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေး အဝဝတွေပေါ်မှာ မူတည်တယ်ဆိုတာ အားလုံးက လက်ခံသဘောပေါက်ပြီး ဖြစ်ပါတယ်။ ကောင်းပြီ။ ဒီလိုဆိုတော့ ဒီမိုကရေစီအခြေခံဝါဒပေါ်မှာ မူတည်ပြီး ထူထောင်ထားတယ်ဆိုတဲ့ ပြည်ထောင်စုကြီးထဲမှာ ကြယ်တပွင့်အဖြစ် ဝင်းဝင်းတောက်ပါဝင်လာခဲ့တဲ့ ကျနော်တို့ ရှမ်းပြည်ကြီးမှာ ဘာဝါဒတွေက ကြီးစိုးလွှမ်းမိုးနေသလဲ ဆိုတာကို တင်ပြလိုပါတယ်။

Thursday, January 3, 2013

ကချင်စစ်ပွဲ ရပ်ဆိုင်းရေးကို သမ္မတထံ KNU တင်ပြမည်

(ရွှေဟင်္သာသတင်းဌာန)


ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့တို့ ဖြစ်ပွားနေ သော စစ်ပွဲများကို ရပ်ဆိုင်းပေးရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ တင်ပြ ဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်း ဆောင်များက ယနေ့တွင် နေပြည်တော်သို့ ထွက်ခွာ သွားပြီဖြစ် ကြောင်း ပြောခွင့်ရ ပဒိုမန်းမန်း ကပြောသည်။

“သမ္မတဦးသိန်းစိန် ဖိတ်ကြားချက်အရ ကျနော်တို့ သွားတာပါ။ အဓိက သွားရရတဲ့ အကြောင်းအရင်းက ကချင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ဖို့ အတွက်ပါဘဲ။” ဟု ဆိုပါသည်။

သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များလိုလား



သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံတွင် သျှမ်းပါတီများပူးပေါင်းရန် ပါတီဝင်များက လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူများက ပြောဆိုသည်။

“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအစဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်းဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံးက လိုလားနေကြတယ်လေ” - ဟု ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောဆိုသည်။

ဘိန်းနံ့ဝေဝေ ကယန်းမြေ


(ဧရာဝတီ)
 
ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ယခင် ကရင်နီပြည်နယ် (ကယားပြည်နယ်) မှ ကိုယ်စားလှယ် အနေဖြင့် သွားရောက်ခဲ့သူ ကယန်းအမျိုးသား ခေါင်းဆောင်ကြီး သိုက်ဗဟန်းနှင့် ကိုလိုနီခေတ် တလျှောက်လုံး လက်နက်စွဲကိုင် တော်လှန်ခဲ့သော ကယန်းနာမည်ကျော် ခေါင်းဆောင် ဗိုလ်ပျံ၏ မွေးရပ်မြေလည်းဖြစ်၊ ဂူသင်္ချိုင်းလည်းရှိရာ ဖာလိုင်ရွာအား ကျော်လွန်လာခဲ့ပြီး နောက် ဘိန်းစိုက်ခင်းများနှင့် အဆီခြစ်ယူပြီးဖြစ်သော ဘိန်းပန်းပွင့်ခြောက် တချို့ကို စတင်မြင်တွေ့ လိုက်ရသည်။

ဤ မြင်ကွင်းများကို မြင်လိုက်ရုံဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်နေမှု အများဆုံးဟု ဆိုနေကြသည့် ဖယ်ခုံမြို့နယ်တကျောက ကဟန့်၊ လအိ၊ လတိန် ဒေသဆီသို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်သည်။

မတူပီလူထုရဲ့  ကြေကွဲဝမ်းနည်းဘွယ် ဇွန်န၀ါရီလ (၃)ရက်

khonumthung 


ဇွန်န၀ါရီလ (၃) ရက်နေ့ ဟာဆိုရင် ရှစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ ချင်း ပြည်နယ် တောင်ပိုင်း မတူပီမြို့  နယ် ဒေသခံများ ရဲ့နှလုံးသား ထဲမှာ အနာ တခုလို ယခုထက်တိုင် ကျန်ရှိနေသေးတာကတော့ စစ်အစိုးရ လက်ထက်က Boltlang တောင်ကုန်း တွင် ခရစ်ယာန် ဂုဏ်းပေါင်းစုံတွေ စုစည်းပြီး စိုက်ထူခဲ့တဲ့ လက်ဝါးကပ်တိုင် ဖျက်ဆီးခံခဲ့ရတဲ့ နေ့ ရက်ပင် ဖြစ်ပေသည်။

ဒီလက်ဝါးကပ်တိုင်ဟာ အမြင့်ပေ (၅၀)၊ အနံ (၅)နှင့် ထုထည် (၃)ပေဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်မှာ အကြီးမားဆုံးသော လက်ဝါးကပ် တိုင်ဖြစ် သည်ဟု ယူဆနိုင်ပါသည်။

မတူပီမြို့ ပေါ်ရှိ သင်းအုပ်ဆရာတဦးက” အဲဒီတုန်းက အဖြစ်အပျက်ဟာ မခံနိုင်စရာပါ၊ ကျတော်တော့ အခုထက်ထိ စိတ်မကောင်းဖြစ်မိတယ်၊ အမှန် ဆိုရင် အဲဒီနေ့ ကို မတူပီမှာရှိနေ ကြတဲ့ လူထုအားလုံး ကိုယ့် ဘုရား ကျောင်းအသီးသီးမှာ ၀မ်းနည်းဘွယ်နေ့ အဖြစ် ဆုတောင်းပွဲများ ကျင်းပပြု လုပ်ရ မည့် နေ့  ဖြစ်တယ်” ဟုမှတ်ချက်ချပြောဆိုခဲ့သည်။

စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်


သျှမ်းသံတော်ဆင့်

ကချင်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ ထွက်ပြေးတိမ်း ရှောင် လာမည့် ဒေသခံများကို ကူညီနိုင်ရန် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ခရိုင် နောင်မရွာ အခြေစိုက် သျှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် အမှတ် 701 တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင် နေကြောင်း သိရသည် ။
သျှမ်းပြည်တော်လှန်ရေးနေ့အထိမ်းအမှတ်ကျင်းပစဉ်က 701 စစ်ဒေသ မှူးများ စစ်ပြေးဒုက္ခသည်များအရေး ကူညီရန် ပြင်ဆင်မှုများနှင့် ပတ် သက်၍ အဆိုပါ အမှတ် 701 တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် အားဤကဲ့သို့ ပြောသည် ။

“တကယ်လို့ ဒုက္ခသည်တွေရောက်လာရင် အကူအညီပေးဖို့ ပြောထား တာတော့ရှိတယ်။ စားနပ်ရိက္ခာက အစပေါ့နော်။ လောလော ဆယ် ဒုက္ခသည်တွေ ရောက်လာတာ မရှိသေးပါဘူး။ နေရာချထားရေးနဲ့ ပတ်သက်လို့တော့ ကချင်နဲ့ သျှမ်းပြည် နယ်စပ်ဘက်မှာ လို့တော့ သိရတယ် ။” ဟု ဆိုသည် ။

တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသူတိုင်း လက်နက်ကိုင်ကြရမည်


(Arakan Review)
၂၀၁၃ ခုနှစ်- ဇန်နဝါရီလ (၁) ရက်။



မျက်မှောက် ရခိုင်ပြည် အခြေအနေသည် ကျွန်ပြုခံနေရသော ကိုလိုနီ တိုင်းပြည် ဖြစ်သည်။ သမိုင်းအရ ရခိုင်ပြည်သည် အချူပ်အခြာ အာ ဏာပိုင်ဆိုင်သော လွတ်လပ်သည့် တိုင်းပြည်အဖြစ် ရပ်တည်လာခဲ့ သော်လည်း (၁၇၈၄) ခုနှစ်တွင် လူမျိုးခြား ဗမာပဒေသရာဇ် ကျူးကျော် ရေးသမား၏ စစ်ပြုနယ်ချဲ့မှုအောက်သို့ ကျရောက်ခဲ့ရသည်။

ထိုအချိန်မှစ၍ ရခိုင်ပြည်သည် လုံးဝ ကိုလိုနီတိုင်းပြည် ရောက်ရှိခဲ့ရပြီး လူမျိုးမှာလည်း ကျွန်ပြုခံ လူမျိုးအဖြစ် ယနေ့ထိ တည်ရှိနေသည်။
ဤသို့ဖြစ်ခဲ့ရခြင်း၏ အကြောင်းအရင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် အခြေခံအကြောင်းအရာ တစ်ခုသာရှိသည်။ ထိုအကြောင်းအရင်းမှာ တခြားမဟုတ်။ အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်၏ အချူပ်အခြာအာဏာကို ပြန်လည် ရရှိရန်မှာလည်း နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းနည်းလမ်းမှာ အခြား မဟုတ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရန် ဖြစ်သည်။

Tuesday, January 1, 2013

စစ်တပ် အားကောင်းအောင် မွမ်းမံ မည်ဟု MNLA ဒု - စစ်ဦးစီး ချုပ်ဆို

(ရွှေဟင်္သာသတင်းဌာန)


မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ လျော့ရဲ နေသည့် တပ်ဘက် ဆိုင်ရာ များကို ပြန်လည် သုံးသပ် ထားပြီး အားနည်းချက် များကို ပြင်ဆင် သွားမည် ဖြစ်ကာ တပ်ဘက် ဆိုင်ရာ ပိုမို ခိုင်မာ အားကောင်း စေရန် ပြုလုပ် သွားမည်ဟု တပ်မှူးများ ညီလာခံ အပြီး၌ ဒု-စစ်ဦးစီးချုပ်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

“လက်ရှိ တပ်တွင်းများ ကျင့်သုံးနေတဲ့ ထဲက လျော့ရဲ နေတဲ့ အချက်တွေ ပြန်သုံးသပ် ထားတယ်၊ ပြင်ဆင် နိုင်အောင် ဆောင်ရွက် သွားမယ်၊ နောက် အရွယ် ရောက်တဲ့ သူတွေ အားလုံးပေါ့ သူတို့ ဆန္ဒ ရှိရင် စစ်ပညာ သင်ပေးဖို့ အစီ အစဉ် ရှိပါတယ်။ ကျွှန်တော်တို့ တပ်ကို ပိုမို အားကောင်း ခိုင်မာ လာအောင် ပြုလုပ် သွားပါ့မယ်” ဟု မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းမှ ပြောသည်။