Thursday, January 3, 2013

မတူပီလူထုရဲ့  ကြေကွဲဝမ်းနည်းဘွယ် ဇွန်န၀ါရီလ (၃)ရက်

khonumthung 


ဇွန်န၀ါရီလ (၃) ရက်နေ့ ဟာဆိုရင် ရှစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ ချင်း ပြည်နယ် တောင်ပိုင်း မတူပီမြို့  နယ် ဒေသခံများ ရဲ့နှလုံးသား ထဲမှာ အနာ တခုလို ယခုထက်တိုင် ကျန်ရှိနေသေးတာကတော့ စစ်အစိုးရ လက်ထက်က Boltlang တောင်ကုန်း တွင် ခရစ်ယာန် ဂုဏ်းပေါင်းစုံတွေ စုစည်းပြီး စိုက်ထူခဲ့တဲ့ လက်ဝါးကပ်တိုင် ဖျက်ဆီးခံခဲ့ရတဲ့ နေ့ ရက်ပင် ဖြစ်ပေသည်။

ဒီလက်ဝါးကပ်တိုင်ဟာ အမြင့်ပေ (၅၀)၊ အနံ (၅)နှင့် ထုထည် (၃)ပေဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်မှာ အကြီးမားဆုံးသော လက်ဝါးကပ် တိုင်ဖြစ် သည်ဟု ယူဆနိုင်ပါသည်။

မတူပီမြို့ ပေါ်ရှိ သင်းအုပ်ဆရာတဦးက” အဲဒီတုန်းက အဖြစ်အပျက်ဟာ မခံနိုင်စရာပါ၊ ကျတော်တော့ အခုထက်ထိ စိတ်မကောင်းဖြစ်မိတယ်၊ အမှန် ဆိုရင် အဲဒီနေ့ ကို မတူပီမှာရှိနေ ကြတဲ့ လူထုအားလုံး ကိုယ့် ဘုရား ကျောင်းအသီးသီးမှာ ၀မ်းနည်းဘွယ်နေ့ အဖြစ် ဆုတောင်းပွဲများ ကျင်းပပြု လုပ်ရ မည့် နေ့  ဖြစ်တယ်” ဟုမှတ်ချက်ချပြောဆိုခဲ့သည်။


အဆိုပါလက်ဝါးကားတိုင်ကို မတူပီမြို့ တောင်ဘက်၊ မြို့ ပေါ်မှ လူတကာ မြင်နိုင်သည့် နေရာတွင် စိုက်ထူခဲ့ခြင်းဖြစ်သည်။ ယင်းလက်ဝါးကပ်တိုင် ကို မတူပီမြို့ နယ်အသီးသီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့  အနီး BuPhoi အရပ်တွင် အလုပ်လုပ်ကိုင်ခဲ့ သူများ၏ အလှုငွေနဲ့  စိုက်ထူခဲ့ခြင်းဖြစ် သည်။

ကျပ်ငွေ သိန်းပေါင်း (၃၇) ကုန်ကျခံကာ စိုက်ထူထားသည့် အဆိုပါ လက်ဝါးကပ်တိုင်ကို ၂၀၀၁ခုနှစ်မှ စတင် အကောင်အထည်ဖေါ်ပြီး ၂၀၁၂ခုနှစ် မတ်လတွင် အပြီးသတ်စိုက်ထူခြင်း အထိမ်းအမှတ် စည်ကား သိုက် မြိုက်စွာပြုလုပ်ကာ ခရစ်ယာန်ဘာသာများ ကိုးကွယ်သည့် ဘုရားထံ အပ်နှံသည့် ပွဲပြုလုပ်ခဲ့ ကြသည်။

ဤသို့ ချင်းပြည်နယ်တွင် အကြီးဆုံး လက်ဝါးကပ်တိုင်ဖြစ်လာသည်က တကြောင်း၊ မတူပီမြို့ သည် ၁၉၈၈ခုနှစ် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး အခင်း တွင် ချင်းပြည်နယ်တွင် အကြီးအကျယ် ဆန္ဒပြပွဲ ပြုလုပ်ခြင်းနှင့် ၂၀၀၃ခုနှစ် ဒီဇင်ဘာလတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ် တွင် လူထုပါဝင်မှု အများဆုံးဖြစ်ခဲ့သည်က တဖုံ ဖြစ်နေသည်ကို စစ်အစိုးရက ပစ်မှတ်ထားလာခြင်း ကိုမူ ဒေသခံပြည် သူများ မှတ်မိကြပေလိမ့်မည်။

မတူပီမြို့ နယ်ရှိ ပြည်သူများကို စစ်ဖိနပ်အောက် ပြားပြားဝတ်အောင် အုပ်ချုပ်နိုင်ရန်အတွက် စစ်အစိုးရ က ၂၀၀၃ အစောပိုင်းတွင် ဗိုလ်မှူးကြီး ဆန်းအောင်အား ဗျူဟာ (၂) ဗျူဟာမှူးအဖြစ်ခန့် အပ်တာဝန် ပေးလိုက် သည်။

မတူပီတွင် ဗိုလ်မှူးကြီး ဆန်းအောင်အာဏာရလာပြီး ၂၀၀၃ခုနှစ် မေလ တွင် မတူပီမြို့ နယ်ရှိ သက်ဆိုင်ရာနေရာ၊ ရုံး၊ လမ်းများရှိ မည်သည့် ဆိုင်း ဘုတ်၊ အမှတ်သင်္ကေတများကိုမဆို ဖြတ်ဆီးနိုင် ကြောင်း အမိန့်  ထုတ်ပြန် ခဲ့ သည်။

ဒီလက်ဝါးကပ်တိုင် ဖျက်ဆီးနိုင်ရန် ကြိုးစားသည့်အနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ယင်း လက်ဝါးကပ်တိုင် ဖျက်ဆီးရန် ဒေသခံ ခရစ်ယာန် ဘာသာ အသင်းခေါင်းဆောင်များကို ဖိအားပေး လာခဲ့သည်။

ထို့ အပြင် မတူပီမြို့ ပေါ်တွင် ရေသွယ်ယူနိုင်ရေးအတွက် မတူပီမြို့ ရှိ Matupi Baptist Association (MBA) ထံ ဂျပန်အစိုးရက ထောက်ပံ့ သည့် ပိုက်လုံးများကိုပင် လက်ဝါးကပ်တိုင် မဖြိုမချင်း မန္တလေးမြို့  မှ သယ်ယူခွင့် ပိတ်ပင်ခဲ့သည်။

ဘာသာရေးခေါင်းဆောင်များကို နည်းအမျိုးမျိုးဖြင့် ဖိအားပေး၍ မရနိုင်တော့သည့်အဆုံး မည့်သည့် အမှတ်သင်္ကေတကိုမဆို ဖျက်ပစ် ခွင့်ရှိသည်ဟု ကြိုတင်ကြေညာခဲ့သည့် ဗိုလ်မှူးကြီး ဆန်းအောင် ဦး ဆောင် သည့်အဖွဲ့ က ဇွန်န၀ါရီလ (၃)ရက်နေ့ တွင် ယင်းလက်ဝါး ကပ်တိုင်ကို မြေထိုးစက်သုံးကာ ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။

ရာခိုင်နှုန်းပြည့် ခရစ်ယာန်ဘာသာကိုးကွယ်သည့် ဒေသတွင် လွတ် လွတ်လပ်လပ်ကိုးကွယ်ခွင့် မရလိုက်သည့် ဒေသခံများ သည် အစိုးရက နည်းမျိုးစုံ သုံးကာ ဖိနှိပ်မှု ပြုလုပ်လျက်ရှိသည်ကို အတိအလင်း မြင် ယောင် နေကြသည်။

Boltlang တောင်ကုန်းအလှနှင့် ညီထွေစွာ စိုက်ထူပြီး လတိုင်း၊ နှစ်တိုင်း ခရစ်ယာန်ဘာသာ ဂိုဏ်း ပေါင်းစုံမှ အသင်းသားများ သွားရောက်ကာ စုပေါင်း ဆုတောင်းပွဲ ပြုလုပ်သည့် မြင်ကွင်းကို မနာလို၊ မနှစ်သက်သည့် စစ်အစိုးရ၏ လုပ်ရပ်အပေါ် ဒေသခံလူထုများ ယနေထိတိုင် မကြေမနပ် ဖြစ်နေကြ သည်။

ထိုသို့ လက်ဝါးကပ်တိုင်ဖျက်ဆီးမှုကို မကြေနပ်၍ မလေးရှားနိုင်ငံရောက် ချင်းပြည်သူများက ဆန္ဒ ဖေါ်ထုတ်ပွဲဆင်နွဲ ခဲ့သေးသည်။ ယင်းဆန္ဒဖေါ် ထုတ်ပွဲ တွင် ပါဝင်သူများကိုလည်း မလေးရှားအာဏာပိုင် များကဖမ်းဆီး ကာ လရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြသည်။

Boltlang လက်ဝါးကပ်တိုင်သည် ဒေသခံလူထု၏ စုစည်းမှု၊ အောင်မြင်မှု၊ စုပေါင်းပါဝင်မှု များကို ဖေါ်ဆောင်ပေးသည့် အမွန်မြတ်ဆုံးသော သင်္ကေ တ တစ်ခုဖြစ်သည်ကို ဒေသခံလူထုများ နား လည်ကြပြီး ယင်းအခွင့် အရေး ဆုံးရှုံးစေသည့် ဇွန်န၀ါရီလ (၃)ရက်နေ့ ကို မတူပီဒေသခံများ အတွက် အလွန်ကြေကွဲဘွယ် နေ့ ရက်တခုအဖြစ် အစဉ်အမြဲ ကျန်ရစ်နေ မည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။