Wednesday, January 9, 2013

အစိုးရ၏ အပစ်ရပ်ရေးသည် အချိန်မရွေး ပျက်နိုင်ကြောင်း KNPP ကဆို

(ရွှေဟင်္သာသတင်းဌာန)


ကရင်နီ တိုးတက်ရေး ပါတီ ( KNPP) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ရယူထားသော အပစ်အခတ်ရပ်စဲ ရေးသည် အချိန်မရွေး ပျက်စီး သွားနိုင်ကြောင်း အတွင်းရေးမှူးဖြစ်သူ ခူဦးရယ်က ဆိုပါသည်။

“ဒီရယူထားတဲ့ အပစ်ခတ် ရပ်စဲရေး အပေါ်မှာပေါ့လေ ကျနော်တို့ ဗဟိုကော်မတီ အစည်းဝေးကနေ ပြန်လည်သုံးသပ် ထား တာရှိပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်ကပေါ့လေ။ အပြန်အလှန် ဆွေးနွေးကြပါတယ်။ လက်ရှိ အနေအထားတွေဟာ အခု ကျနော်တို့ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ အချိန်မရွေး ပျက်စီးနိုင်တယ်ဆိုတာ သိသာပါတယ်။” ဟု ဆိုပါသည်။


KNPP သည် ယခုဖြစ်ရှိနေသော ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရ တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲ ကိုအ ခြေခံပြီး သုံးသပ် ခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် အစိုးရနှင့် ရယူခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ပြန်လည် သုံး သပ်ရသည့် အနေအထားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

လက်တွေ့၌လည်း KNPP သည် အစိုးရနှင့် သဘောတူထားသည့် ၄င်းတို့၏အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ သည်လည်း မည်သည့်အရာမျှ အကောင်အထည်ဖော် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသည့်အခြေအနေ၌ရှိနေပါသည်။

KNPP အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့နှင့် ၂၀၁၂ ခုနှစ် မတ်ခ်ျလ (၇) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေးကို သဘောတူ လက်မှတ်ရေးထိုးထားပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။