Thursday, January 3, 2013

ကချင်စစ်ပွဲ ရပ်ဆိုင်းရေးကို သမ္မတထံ KNU တင်ပြမည်

(ရွှေဟင်္သာသတင်းဌာန)


ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့တို့ ဖြစ်ပွားနေ သော စစ်ပွဲများကို ရပ်ဆိုင်းပေးရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ တင်ပြ ဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်း ဆောင်များက ယနေ့တွင် နေပြည်တော်သို့ ထွက်ခွာ သွားပြီဖြစ် ကြောင်း ပြောခွင့်ရ ပဒိုမန်းမန်း ကပြောသည်။

“သမ္မတဦးသိန်းစိန် ဖိတ်ကြားချက်အရ ကျနော်တို့ သွားတာပါ။ အဓိက သွားရရတဲ့ အကြောင်းအရင်းက ကချင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ဖို့ အတွက်ပါဘဲ။” ဟု ဆိုပါသည်။


သမ္မတ၏ သာမန်ဖိတ်ကြားချက်သာ ဖြစ်သော်လည် KNU ဘက်မှ ကချင် ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်ဆိုင်ပေးရန် အဓိက ထားပြီး တင်ပြရန်အတွက် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံကို ပြုလုပ်ခဲ့သည်။ ညီလာခံအပြီးတွင် သမ္မတဦးသိန်းစိန်က အကျိုးတော် ဆောင်များ လွှတ်ပြီး ယခုတက်လာသည့် KNU ခေါင်းဆောင်များကို တွေ့လိုကြောင်း ဖိတ်ကြားခဲ့ သည်ဟု KNU ဘက်က ဆိုပါသည်။

ယင် ခရီးစဉ်ကို KNU ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသော ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဦးဆောင်ပြီး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်း၊ ပဒိုမန်းငြိမ်း မောင်နှင့် ပဒိုစောလှထွန်းတို့ ဖြစ်ပါသည်။

သမ္မတကို တွေ့ရန် ယနေ့တွင် KNU ခေါင်းဆောင်များက ဗဟိုဌာနချုပ်မှ စတင်ထွက်ခွား လာပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်စောင်ကိုလည် ထုတ်ပြန်ထားပါသည်။

ရရှိလာသော ချက်အလက်များကိုလည် ပြည်သူလူထုများအတွက် ထုတ်ပြန်သွားနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည် ထုတ် ပြန်ချက်မှာ ဖော်ပြပါရှိသည်။

KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက်ပဏာမ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ (၁၂) ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။   

၁၉၄၉ ခုနှစ်မှ စတင်ကာ KNU အဖွဲ့အစည်းအနေနှင့် မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။