Thursday, January 3, 2013

တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသူတိုင်း လက်နက်ကိုင်ကြရမည်


(Arakan Review)
၂၀၁၃ ခုနှစ်- ဇန်နဝါရီလ (၁) ရက်။



မျက်မှောက် ရခိုင်ပြည် အခြေအနေသည် ကျွန်ပြုခံနေရသော ကိုလိုနီ တိုင်းပြည် ဖြစ်သည်။ သမိုင်းအရ ရခိုင်ပြည်သည် အချူပ်အခြာ အာ ဏာပိုင်ဆိုင်သော လွတ်လပ်သည့် တိုင်းပြည်အဖြစ် ရပ်တည်လာခဲ့ သော်လည်း (၁၇၈၄) ခုနှစ်တွင် လူမျိုးခြား ဗမာပဒေသရာဇ် ကျူးကျော် ရေးသမား၏ စစ်ပြုနယ်ချဲ့မှုအောက်သို့ ကျရောက်ခဲ့ရသည်။

ထိုအချိန်မှစ၍ ရခိုင်ပြည်သည် လုံးဝ ကိုလိုနီတိုင်းပြည် ရောက်ရှိခဲ့ရပြီး လူမျိုးမှာလည်း ကျွန်ပြုခံ လူမျိုးအဖြစ် ယနေ့ထိ တည်ရှိနေသည်။
ဤသို့ဖြစ်ခဲ့ရခြင်း၏ အကြောင်းအရင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် အခြေခံအကြောင်းအရာ တစ်ခုသာရှိသည်။ ထိုအကြောင်းအရင်းမှာ တခြားမဟုတ်။ အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်၏ အချူပ်အခြာအာဏာကို ပြန်လည် ရရှိရန်မှာလည်း နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းနည်းလမ်းမှာ အခြား မဟုတ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရန် ဖြစ်သည်။


ရခိုင်ပြည်၏ အမျိုးသား စည်းလုံးညီညွတ်ရေးမှာ (၁၇၈၄) ခုနှစ်မှ ယနေ့ ထိ တိုင်းတာမရအောင် ပြိုကွဲပျက်စီးနေသည်။ လူမျိုးခြားများ၏ လက် စေခံကပ်ပါးများ၊ အမျိုးသားသစ္စာဖောက်ဒေါက်တိုင်များ ကြီးစိုးလွှမ်းမိုး ထားသည်။ တကိုယ် တမင်းဝါဒ၊ ဂိုဏ်းဂဏစွဲဝါဒများ ကြီးစိုးလွှမ်းမိုးနေ သည်။ မိမိလူမျိုးနှင့် တိုင်းပြည်ကို အထင်သေးပြီး လူမျိုးခြားများကို အထင်ကြီးမှုများ ကြီးစိုးလွှမ်းမိုးနေသည်။ မိမိလူမျိုးနှင့် တိုင်းပြည်ကို အထင်သေးပြီး လူမျိုးခြားကို အထင်ကြီးမှုများ လွှမ်းမိုး ကြီးစိုးနေသည်။ တမျိုးသားလုံး တတိုင်းပြည်လုံးနှင့် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကို ကိုယ်စားပြု ဦးတည်သော အခြေခံ စိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ် နေသည်။ ထိုလက္ခဏာများကြောင့် မိမိ အမျိုးသားတို့၏ ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှု၊ ထုံးစံဓလေ့မှာ တဖြည်းဖြည်း မှေးမှိန်လာသည်။
အထက်ပါ အကြောင်းများကြောင့် ရခိုင်ပြည်၏ လက်ရှိအခြေအနေမှာ ပကတိ အနေအထားအားဖြင့် အောက်ပါ အတိုင်းဖြစ်သည်။
  • တိုင်းပြည်သည် လုံးဝ ကိုလိုနီတိုင်းပြည် ဖြစ်နေရသည်
  • လူမျိုးသည် လုံးဝ ကျွန်ပြုခံ လူမျိုးဖြစ်နေရသည်
  • ဒီမိုကရေစီ အခွင့်အရေးများအားလုံးကို လုံးဝ ပိတ်ပင် တားဆီး ထားသည်
  • လူ့လောက၏ လွတ်လပ်မှု တရားအားလုံး ဖျက်ဆီးချေမှုန်းခြင်း ကို ခံနေရသည်
  • လူမှုမွေးရာပါ အခွင့်အရေးများအားလုံး ဖျက်ဆီးချေမှုန်းခြင်းကို ခံနေရသည်
  • လူမှုစီးပွားရေးမှာ ကမ္ဘာပေါ်တွင် အနိမ့်ကျဆုံး အဆင့်သို့ ရောက်နေရသည်
  • အကျင့်စာရိတ္တ ဖောက်ပြန်မှု၊ ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု တို့မှာ အတိုးမသတ် ဖြစ်ပေါ်နေသည်
  • အာဏာရှိသူများနှင့် ကပ်ဖားလျက်ဖားများ၊ အမျိုးသားသစ္စာ ဖောက် ဒေါက်တိုင်များ ကြီးစိုးလွှမ်းမိုးနေသည်
  • တမျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ အတော မသတ်နိုင်အောင် ယိုယွင်း ပျက်စီးနေသည်။
ဤသို့ ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးနေသော ရခိုင်ပြည်ကို ပြန်လည် ကယ်တင်ရန်မှာ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းမှတပါး အခြားသော နည်းလမ်းမရှိ။

အဘယ့်ကြောင့်ဆိုသော် အုပ်စိုးသူများသည် မဟာဗမာလူမျိုးကြီးဝါဒ ကျင့်သုံးသူများ။ ဗမာ့အမျိုးသားရေးကို ရှေးရှု၍ မိမိတို့ ရခိုင်လူမျိုးများ၏ ရေးရာကိစ္စများအတွက် ၎င်းတို့ကြားတွင် ပါလီမန်မရှိ၊ အတိုက်အခံမရှိ၊ ဒီမိုကရေစီ မရှိသောကြောင့် မိမိတို့၏ တောင်းဆိုချက်ကို ဒီမိုကရေစီအရ တောင်းဆို တိုက်ပွဲဝင်နိုင်သော နည်းလမ်းမရှိ။ ယင်းကြောင့် လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းသည်သာ တမျိုးသားလုံးကို ကယ်တင်နိုင်ရန် တခုတည်းသော နည်းလမ်းဖြစ်သည်။ ယင်းကြောင့် မိမိတိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသူတိုင်း လက်နက်ကိုင်ကြရမည် ဖြစ်သည်။ ဤသည်မှာ သမိုင်းကပေးသော တာဝန် တရပ်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။