Saturday, January 26, 2013

ဝပြည်တပ်မတော်က ကချင်ကိုကူညီဖို.ခြေလှမ်းစနိုင်သလား?

(တိုင်းရင်းသားအသံ)


ကချင်အရေးကိုဝတပ်မတော်ကစိတ်ဝင်းစားသလား?

`“ရန်သူကကိုယ့်အိမ်ထဲရောက်မလာခင် ကြိုတင်ကာကွယ်တာဟာ အကောင်း ဆုံးနည်းလမ်း`“ ဆိုသည့်စကားအတိုင်း 9/11နောက်ပိုင်း အမေရိကန်အစိုးရကအကြမ်းဖက်သမားတွေကိုကာကွယ်ခဲ့သည်၊

ဝပြည်တပ်မတော်ရဲ.လှုပ်ရှားမှုဟာစိတ်ဝင်စားစရာကောင်းတယ်၊ ဗမာ စစ်တပ်တွေရဲ. စစ်ရေးလှုပ်ရှားမှုအားလုံးကို သတိနဲ. စောင့်ကြည့်နေခဲ့ တာကြာလှပါပြီ၊ ဗမာစစ်တပ်နှင့် ဝတပ်မတော်တို. ပေါင်းပြီး သျှမ်းပြည် တပ်မတော်တောင်ပိုင်းကိုတိုက်ခဲ့ဖူးတယ်၊ သို.သော်၊

သျှမ်းပြည်တပ်မ တော် တောင်ပိုင်းရဲ.ခုခံစစ်ကျွမ်းကျင်မှု၊ နယ်မြေကျွမ်းကျင်မှုနှင့် စစ် နည်းဗျူဟာကောင်းမှုတွေကြောင့် ဝတပ်နဲ.ဗမာတပ်တို.က စစ်ရေး အရမအောင်မြင်ခဲ့ဘူး၊သို.သော်၊ နိုင်ငံရေးအရ သျှမ်းပြည်တပ်တော်ကို မူးယစ်ဆေးဝါးဖြင့်နာမည်ဖျက်ခဲ့သည်၊

ဗမာတပ်မတော်ရဲ. အခြားသောတိုင်းရင်းသား လက်နက်ကိုင် အင်အားစု များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သမျှကို ဝပြည်တပ်မတော် အတွက် သွေးမကျ၊ ချွေးမထွက်ဘဲ အများကြီးလေ့လာခွင့်ရခဲ့သည်၊ သို.သော်၊ ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင်ဖြစ်ပွားခဲ့သောဗမာ-ကိုးကန်. တိုက်ပွဲ တွင် ဝပြည်တပ်မတော်က နောက်ကနေပါဝင်ကူညီခဲ့မူကြောင့် ကိုးကန်. ခေါင်းဘေးလွတ်ရန် မသီးလွတ်မြောက်နိုင်ခဲ့သည်၊ ငြိမ်းချမ်းရေး အနှစ်(၂၀) အတွင်း ဝပြည်တပ်မတော်နှင့် ဗမာစစ်တပ်တိုက်ပွဲဖြစ်ပွား ခဲ့တာဟာ ကိုးကန်.တိုက်ပွဲတွင်း ပထမဦးဆုံးတိုက်ပွဲဖြစ်သည်၊ ကိုးကန်. ကိုကူညီဖို. အချိန်နဲနဲနောက်ကျတာကြောင့် ကိုးကန်.စစ်ရေးအရရှူံး သွားတယ်လို.သုံးသပ်ရပါသည်၊
ဒီလိုအခြေ အနေမျိုး မှာဝပြည်တပ်မတော်က ကချင်တပ်မတော်ရဲ. ခုခံစစ်ကိုထောက်ခံကြောင်း ၂၀၁၁ ခုနှစ်ဆန်ပိုင်းကတည်းက ထုတ် ဖော်ပြောကြားခဲ့သည်ဟု ကချင်သတင်းဌာနမှာရေသားထားပါသည်၊ ဗမာတပ်မတော်က ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် ဗန်မော်ခရိုင်၊ မန်းဝင်တိုက်နယ်တွင်း ကျူးကျော်ဝင်ရောက်လာတာကြောင့် တိုက်ပွဲ စဖြစ်တုန်းက ဝခေါင်းဆောင်တွေပြောကြားခဲ့ခြင်းဖြစ်သည်၊ ဗမာစစ်တပ် ရဲ. နယ်ခြားစောင့်တပ်အစီစဉ်ကို ကေအိုင်အိုကလက်ခံမည်ကို ဝခေါင်း ဆောင်တွေအရမ်းစိုးရိမ်းခဲ့သည်ဟုလည်း သတင်းမှာရေသား ထားပါ သည်၊ ဒါကိုကြည့်ခြင်းအားဖြင့်၊ ဝတပ်မတော်ခေါင်းဆောင်ပိုင်းတွေက ဗမာစစ်တပ်ရဲ. လက်နက်ကိုင်တိုင်းရင်းသားများအပေါ် ကိုင်တွယ်မှု၊ စစ်ဆင်ရေး တိုက်ခိုက်မှုတွေကို အထူးလေ့လာစောင့်ကြည့်ခဲ့သည့် အနေအထားရှိတယ်လို. သုံးသပ်ရပါသည်၊

ဝလူမျိုးတွေရဲ.လက်ရှိအခြေအနေ

ဝလူမျိုးတွေဟာ သူတို.ပိုင်တဲ့နယ်မြေဒေသတွေမှာ ဗမာကျပ်ငွေမသုံးဘူး၊ တရုတ်ယွန်ငွေဘဲသုံးတယ်၊ ဗမာစကားမပြောဘူး၊ ဗမာစာမသင်ကြားဘူး၊ ဝစကားနှင့် တရုတ်စကားဘဲပြောတယ်၊ ၎င်းတို.စာပေနှင့်တရုတ် စာပေ ဘဲ သင်ကြားသည်၊ ဝလူမျိုးများအတွက်တက္ကသိုလ်ကြီးက ရန်ကုန်၊ မန္တလေးမှာမဟုတ်ဘူး၊ တရုတ်ပြည်မှာရှိတယ်၊ ဝနယ်မြေကို ဝင်လာ လိုက်တာနဲ. ကလေးတွေအစ လူကြီးကအဆုံးစစ်ဝတ်စုံနဲ. ဘဲအဆင် ပြေစွာဝတ်ပြီးနေထိုင်ကြတယ်၊ အိမ်တိုင်အိမ်တိုင်မှာ တီဘီရှိတယ်၊ ရေခဲသေတ္တာရှိတယ်၊ မီးပုံမှန်လာတယ်၊ ကိုယ်ပိုင်ရုပ်သံလှိုင်းတွေလည်း တပ်ဆင်ထားတယ်၊ အထူးသဖြင့်၊ တရုတ်ခေါင်းဆောင်တွေ အားလုံး နီပါးကလည်း ဗမာစကားတွေမပြောဘူး၊ သူတို.နဲ.ပြောဆိုဆက်ဆံချင်တဲ့ အခါ စကားပြန်က တစ်ဆင့်ပြောရဆိုရတယ်လို. ဝတပ်မတော်အနှစ်(၅၀) ပြည့်စစ်ရေးပြ အခန်းအနားသို. တက်ရောက်ခဲ့သည့်ခေါင်းဆောင် တစ်ဦး မှ လေ့လာခဲ့ရသည်၊

ပြီးတော့၊ ဝပြည်သူတွေက သူတို.ခေါင်းဆောင်တွေကို မိဘလိုမြင်တယ်၊ အသက်ပြည့်တဲ့ ဝလူငယ်တိုင်းမှာ အမျိုးသားတာဝန်ထမ်းဆောင်ရမည်၊ ဒါဟာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရဲ. အရသာကို ဝလူမျိုးတွေက ခံစားနေကြရတယ်၊ ဒါကြောင့်၊ ဝလူမျိုးတွေက မျိုးချစ်စိတ်ဓါတ်၊ ကျွန်မခံချင်တဲ့စိတ်ဓါတ်ကရာနှုန်းပြည့်ရှိနေကြတယ်၊

ဝပြည်သွေးစည်းညီညွတ်ရေးပါတီရဲ.နောက်ခံသမိုင်း

ပထမခေါင်းဆောင် စောဝ် ငြီးလိုင်နှင့် ဒုတိယခေါင်းဆောင်ဖေါက်ယူချန် တို. ဦးဆောင်ပြီး၁၉၈၉ ခုနှစ်ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုလဲပြီးနောက် ပိုင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီကို တည်ထောင်ခဲ့သည်၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဟာပါတီရဲ. လက်နက်ကိုင် တပ်မ တော်ဖြစ်သည်၊ ၎င်းတို.ထိန်းချုပ်နယ်မြေကအထူးဒေသ၊ အမှတ်(၂) ဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ဇန်နဝါရီလ(၁) ရက်နေ.မှာ၎င်းနယ်မြေကို ဝပြည် အစိုးရအထူးအုပ်ချုပ်မှုဒေသဆိုပြီးကြေညာခဲ့သည်၊

ဝပြည်တပ်မတော်ဟာ တရုတ်ရဲ.ထောက်ခံမှုကို အပြည့်အဝရရှိထား သည့် အင်အားကြီးလက်နက်ကိုင်အဖွဲ.တစ်ဖွဲ.ဖြစ်သည်၊ အဖွဲ.ရဲ. ဒုတိယကာကွယ်ရေးဦးစီးချုပ်က ဇော် ဇောင်းဒန် (Zhao Zhongdang) ဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူကဦးအောင်မြင့်ဖြစ်သည်၊

ဝတပ်မတော်ရဲ.စစ်ရေးအင်းအားလှုပ်ရှားမှု

ထိုင်း-ဗမာနယ်စပ်မှာတပ်မ(၈)ခုဖြင့်လှုပ်ရှားနေသည်၊

၁။ တမန်းဦးဆောင်သောတပ်မ ၇၇၈၊
၂။ တဆောင်းဦးဆောင်သောတပ်မ ၇၇၂
၃။ ယန် ဂေါ ဂျောင်းဦးဆောင်သောတပ်မ ၇၇၅
၎။ တဆန်ဦးဆောင်သောတပ်မ ၂၄၈
၅။ လီဆှန်းနပ်ဦးဆောင်သောတပ်မ ၅၁၈ တို.ဖြစ်သည်၊

တရုတ်-ဗမာနယ်စပ်တွင်တပ်မ (၃)ခုဖြင့်လှုပ်ရှားနေသည်၊

၁။တပ်မ ၃၁၈
၂။တပ်မ ၄၁၈
၃။ ၄၆၈ တပ်မတို.ဖြစ်သည်၊

အမြဲတမ်းတပ်သားအင်းအား (၃၀၀၀၀) နှင့် အရံတပ်အင်းအား (၁၀၀၀၀) ကျော်တို.ဖြင့်လှုပ်ရှားနေကြသည်၊

နယ်မြေစိုးမိုးမှု

ပန်ဆန်းမြို.နှင့် မိန်းပေါက်မြို.ဟာသူတို.ရဲ.အထူးဒေသထဲမှာရှိတယ်၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး လက်နက်ချဖို. ဗမာစစ်အစိုးရရဲ. ကမ်းလှမ်းချက်ကိုပယ်ချခဲ့ပြီး ၎င်းတို.နယ်မြေဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြေညာခဲ့သည်၊

၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ (၆)ခုရှိသည်၊ ၎င်းတို.မှာ၊ ၁။မိန်းမိုး၊ ၂။ပန်းဝမ်း၊ ၃။နမ်းဖန်၊ ၄။ပန်ဆန်း(ပန်းခမ်း)၊ ၅။ဟိုးပန်း၊ ၆။မက်မန်းတို.ဖြစ်သည်၊ မိန်းပေါက်က အထဲမှာမပါ၊ မိန်းယန်မြို.နယ်အတွင်းမှာထည့်ထားသည်၊ သို.သော်၊ မဟာမိတ်ဖြစ်သော မိုင်လာတပ်မတော်နဲ. ကူးလူးဆက်သွယ်မှု လွယ်ကူ စေရန်၎င်းဒေသကိုဝတပ်မတော်ကလက်လွှတ်မခံနိုင်ပါ၊ ဟိုးမန်နှင့် မက်မန်းဒေသကိုဝတပ်မတော်ကမထိန်းချုပ်ထားသော်လည်း ဒေသ(၆)ခု စလုံးကို၎င်းတို.ဝပြည်အစိုးရအုပ်ချုပ်မှုဒေသအဖြစ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ လတွင်းကြေညာထားသည်၊

မူးယဇ်ဆေးဝါပြဿနာ

၁၉၈၉ ခုနှစ်နောက်ပိုင်း ဗမာစစ်အစိုးရနဲ. အပစ်ခတ်ရပ်စဲရေး လက်မှတ် ထိုးပြီး နောက်၊ ဝတပ်ပြည်တပ်မတော်က မူးယဇ်ဆေးဝါကူးသန်း ရောင်း ဝယ်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန်.ပြန်.လုပ်ဆောင်လာခဲ့သည်ဟု သတ် မှတ်ခံရသည်၊ ဗမာစစ်အစိုးရနဲ. ပေါင်းပြီး ရောင်းဝယ်မှုရှိသလို ထိုင်း အရာရှိတစ်ချို.နဲ.လည်း ပတ်သက်ဆက်နွယ်မှုရှိခဲ့သည်ဟု အမေရိကန် အစိုးရရဲ.အစီခံစာထဲမှာရေသားဖော်ပြထားပါသည်၊ ဝပြည် တပ်မတော် ကို မူးယဇ်ဆေးဝါကူးသန်းရောင်ဝယ်မှူ ဂိုဏ်းအဖြစ် ၂၀၀၃ ခုနှစ်၊ မေလ ၂၉ ရက်နေ.တွင် အမေရိကန်အစိုးရရဲ. နာမည်ပျက်စာရင်းထဲအထည့်ခံရ သည်၊ ဘိန်းဘုရင်လောစင်ဟန်က ဝတပ်မတော်ကို အသုံးချခဲ့သည်ဟု သုံးသပ်ကြသည်၊ သို.သော်၊ ၂၀၀၅ ခုနှစ်နောက်ပိုင်း၊ မူးယဇ်ဆေးဝါး ပပျောက်ရေး အစီစဉ်တစ်ခုကို ဝတပ်မတော်ကကြေညာပြီးနောက် လာအိုး၊ ထိုင်းနယ်စပ်တလျှောက်နဲ. ရွေတြိဂံဒေသတွေမှာ မူးယဇ်ဆေးဝါပျံ.နှံ.မှု နှုန်း သိသိသာသာ ထိုးကျသွားသည်ဟု အကဲအခတ် သူများကဆိုပါသည်၊

စီးပွားရေးလုပ်ငန်း


စစ်ထောက်လှမ်းရေးဦးခင်ညွန်. လက်ထက်မှာ အပစ်ခတ်ရပ်စဲရေး အပေးအယူအဖြစ် ဝေဆူခမ်းဦးဆောင်ပြီး ဟောင်ပန်းကုမ္မဏီကို ၁၉၉၈ ခုနှစ် တွင်ထူထောင်ခဲ့သည်၊ ဟောင်ပန်းကုမ္ပဏီဟာ ဆောက်လုပ်ရေး ပစ္စည်း၊ ကျောက်စိမ်း၊ စိုက်ပျိုးရေးပစ္စည်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ပစ္စည်းများစသဖြင့် မျိုးစုံပါပြီး ရောင်းဝယ်လုပ်ငန်းလည်ပတ်နေသည်၊ ကုမ္ပဏီရဲ. ဌာနချုပ်ဟာ ပန်းဆန်းမှာတည်ရှိသည်ဟု သတင်းထွက်ပေါ်နေ သော်လည်း တကယ်တမ်းမှာတော့ မှန်ကန်မှုသိပ်မရှိဘူးလို. သုံးသပ်သူ များကဆိုပါသည်၊ ဌာခွဲများကို၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လာရှိုး၊ တာချီလိတ်တွေမှာ ဖွင့်ထားသည်၊

ရန်ကုန်လေကြောင်း (Yangoon Airlways ) ကို ပေါင်ယူချန်ရဲ.သမက် ဟိုချွန်တင်း (အိုက်ဟော) ကအဓိပပိုင်ရှင်နှင့် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်ပြီး ဟိုတဲယ်လုပ်ငန်းတွေ လုပ်ကိုင်နေသည့် တက်ခမ်းကုမ္ပဏီရဲ. ဥက္ကဌဖြစ် သည်၊ အိုက်ဟောကို ၂၀၀၈ ခုနှစ်၊နိုဝင်ဘာလတွင်း အမေရိကန်နိုင်ငံခြား စီးပွားရေးထိန်းချုပ်မှု ဌာနရဲ. ဘဏ္ဍာရုံချုပ်က ပိတ်ဆို.ထားသည့် စာရင်း ထဲမှာထည့်သွင်းထားသည်၊ အိုက်ဟောရဲ. စီးပွားရေးလုပ်ငန်းများ တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်နှင့် ထိုင်းစစ်တပ်အရာရှိကြီးများ ပါဝင် ဆက်စပ်မှုရှိသည်။

စစ်ပစ္စည်းသယ်ဆောင်မှု

ဝပြည်တပ်မတော်ရဲ. စစ်ပစ္စည်းမှန်သမျှဟာ တရုတ်ကနေဝယ်ယူရရှိ သည်၊ သို.သော်၊ မိမိကိုယ်ပိုင်ထုတ်သည့် လက်နက်ပစ္စည်းများ လည်း ရှိသည်၊ အေကေ ၄၇ လက်နက်အသေးစားတွေကို အခြားသော လက်နက် ကိုင်အင်အားစုများသို. ရောင်းချလာသည့်အထိ ရှိလာ သည်၊ ဝတပ်မတော်မှာ ဝေဟင်ပစ်ဒုံပျံတွေဖြစ်သည့် HN-5N တွေပိုင်ဆိုင် တယ်လို. ဆိုပါသည်၊

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။