Tuesday, May 14, 2013

ကယားပြည်နယ် ဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင် ခြိမ်းခြောက်မှု

(ရွှေဟင်္သာသတင်းဌာန)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးမြို့နယ်၊ ဖရူးဆိုးမြို့နယ်တို့ကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ တရားဝင် သွားလာခွင့်ပြုသော နယ်မြေအဖြစ် ပြည်ထဲရေး ဌာနက၂၀၁၃ ခုနှစ် ဇန္နာဝါရီလ (၁၅) နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ဤသို့ကြောင့် နိုင်ငံခြား ခရီးသည်များ ကြိုက်နှစ်သက်သော ကယားပြည်နယ်၏ အထင်ကရ နေရာများတွင် အပမ်းဖြေစခန်းများ တည်ဆောက်ရန် ဖြစ်လာခဲ့ပါသည်။ အထူးသဖြင့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်တွင် ရှိသော လှပသည့် ကန်ခုနှစ်ဆင့် အလှနေရာ၌ အပမ်းဖြေစခန်း တည်ဆောက်ခြင်း အားဖြင့် မြန်မာနိုင်ငံ၏ ခရီးသွား လာရေး လုပ်ငန်းကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။

 
ယင်းကန်ခုနှစ်ဆင့် ဧရိယာသည် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်တွင် ရှိပြီး လွိုင်ကော်မြို့နှင့် (၁၄) မိုင်ခန့် ကွာဝေးပါသည်။ ထူးခြားချက်မှာ ယင်းနေရာ၌ သဘာဝ အလျှောက် တည်ရှိနေသော ထူးခြားရေကန် (၁၄) ကန် ရှိပါသည်။ နေရာတွင် ယခင်က ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) လှုပ်ရှား ဧရိယာဖြစ်သဖြင့် မငြိမ်းချမ်းသော နယ်မြေ အဖြစ် သတ်မှတ် ထားရာမှ (၂၀၁၂) ခုနှစ်တွင် အစိုးရနှင့် KNPP တို့ အပစ်အခတ် ရပ်စဲခဲ့ပါသည်။

ပြည်နယ် အစိုးရသည် ဤကန်ခုနှစ်ဆင့်နေရာကို ပြည်တွင်းပြည်ပ ခရီးသွားများ အနားယူ အပမ်းဖြေသည့် အပမ်းဖြေ ခန်း တည်ဆောက်ရန် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ကတည်းက စတင် တည်ဆောက် ခဲ့ပါသည်။

ပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင် အဲဒီနေရာကို သွားကြည့်တယ်။ ခရီးသွား လုပ်ငန်း အပမ်းဖြေစခန်း လုပ်မယ်တဲ့၊ သူနဲ့ပြီးခဲ့တဲ့ ဧပြီလ (၁၅) ရက်နေ့က သူ့အိမ်မှာ သွားတွေ့တုန်းက မေးဖြစ်ခဲ့တယ်။ အဲဒီ အစီစဉ်ကိုပေါ့လေ။ ပြည်နယ် အစိုးရ အနေနဲ့ ဆုံးဖြတ်ထားပြီး အထက်ကလည်း သဘော တူထားပြီးပြီးတဲ့ အဲဒီလိုပြောပါတယ်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အတွင်းရေးမှူး () ဖြစ်သူ ခူးဦးရယ်က ဆိုပါသည်။

ကန်ခုနှစ်ဆင့် ဆိုသည်မှာ ကယားပြည်နယကရင်နီ သမိုင်းအရ ကညာမော်ဟုခေါ်ပါသည်။ ဗမာများက ဒွေးမယ်နော် ညီအစ်မ ခုနှစ်ဖေါ်တို့ စံပျော်ရာ နေရာဟု ခေါ်ကြပါသည်။ ပြည်နယ် ၀န်ကြီးချုပ်ကတော့-

ရေကန်ခုနှစ်ကန်ရှိတဲ့ နေရာမှာ ကျေးရွာတွေလဲ ရှိတယ်။ သဘာဝအလျောက် ရှိနေတဲ့ နေရာတခုဆိုတော့ ဒီကန်တွေ ကို အလှအပတွေနဲ့ ဆင်လိုက်ယင် အပင်တွေ စိုက်လိုက်ယင် လူတွေ လည်ပတ် စရာ အပန်းဖြေ စရာ နေရာတော့ ဖြစ် သွားတာပေါ့။ ကျနော်ကိုယ်တိုင်က အဲသလိုလုပ်ဖို့ စိတ်ကူးခဲ့တာပါဟု ဆိုခဲ့ပါသည်။

ကန်ခုနှစ်ရဲ့ ထူးခြားချက်က ကန်ရေကိုယ်က ကြာပွင့်ပုံဖြစ်နေပါတယ်။

 ဤအစီစဉ်မျိုးအတွက် KNPP ဖက်မှ တိကျသော ပေါ်လစီမရှိခဲ့သော်လည်း ဒေသခံများ၏ သဘော ဆန္ဒကို ရယူရန်လို အပ်သည်ဟု KNPP ဖက်မှ သဘောထားကြောင်း ဆိုပါသည်။ ဤဒေသမှပြည်သူများသည်၊ ထိုနေရာကို အပမ်းဖြေ စခန်းအဖြစ်  တည်ဆောက်ပါက အကျိုးအမြတ် ရရှိရေးထက် သွားလည်ရေး ကျဉ်းကြပ်သွားမည်ကို စိုးရိမ်ဖွယ်ရှိနေ ကြောင်း သုံးသပ်နေကြပါသည်။ ခရီးသည်လုံခြုံရေးများ၊ ကန့်သတ်နယ်မြေများ ဖန်တီးမှု၊ အ၀င်အထွက် စစ်ဆေးမှုများ ၊ လိုအပ်ပါက ကျေးရွာပြောင်းရွှေ့မှုများ ရှိလာခဲ့လျှင် ဒေသခံများ၏ လွတ်လပ်မှုများ ကန့်သတ်ခံရဖွယ် ရှိနေပါသည်။ ဤအတွက်ဒေသခံများက စိုးရိမ်အကြောက်ကြံ့ဆုံးသော အကြောင်းအရာများ ဖြစ်နေသည်ဟု ဒေသခံများကဆို ပါ သည်။
 

  စနစ်တကျ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်တယ်၊ ရရှိလာတဲ့ ၀င်ငွေတွေဟာ ပြည်နယ်ကဘဲ ရယူခွင့် ရှိတယ် ဆို ရင်ပြီးတော့ ပြည်နယ် အစိုးရကလဲ ဒေသခံပြည်သူတွေရဲ့ အကျိုးကို တကယ်ဘဲ ရည်ရွယ်တယ်ဆိုရင်တော့အနီးဝန်း ကျင်မှာ ရှိတဲ့ လူထုတင်မကပါဘူး၊ တခြားပြည်နယ်တွေအတွက်  ဖွံ့ဖြိုးရေး လုပ်ငန်းတွေပါ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုပြောင်းလဲနေတဲ့ အခြေအနေတွေဟာ တကယ်ရော ယုံကြည်စိတ်ချရပါ့မလား ဆိုတာ မသဲကွဲသေးပါဘူးဟုခူ ဦးရယ်က သုံးသပ်ပါသည်။

စိုးရိမ်စရာဖြစ်နေသည့် လက်ရှိ အခြေအနေများမှာ ကန်ခုနှစ်ဆင့် အပမ်းဖြေစခန်း စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင် မှမြေကွက်များ ဈေးကြီးပေးပြီး ၀ယ်ယူနေကြပါသည်။ ဤသို့ကြောင့် ဆင်းရဲသော ကရင်နီ ဒေသခံများ ထွက်ပေးရမ လိုဖြစ်နေပါသည်။ ဤနေရာတွင် စဉ်းစားစရာဖြစ်လာခဲ့သည်မှာ ဒေသခံများ၏ နဂိုမူလ သဘာဝအနှစ်သာများရ မရှိပါ လျှင် ကန်ခုနှစ်ဆင့်ကို ၀ိုင်းရံထားသော လူ့သဘာဝအလှများ ကွယ်ပျောက်နိုင်ပါသည်။ သို့ဖြင့် အကောင်းဆုံး ဖြစ်သင့် သည်မှာ ဒေသခံတို့၏ သဘာဝအတိုင်း အပမ်းဖြေစခန်း ဆောက်ရန် ဖြစ်သင့်သည်ဟု ပြည်နယ် ၀န်ကြီးချုပ်အား ဒေသ ခံများကအဆိုပြုထားပါသည်။ 

ငွေတောင်ဆည်မှ ကိန္နရာအလှသည် ကယားပြည်နယ်၏ ဂုဏ်ကျက်သရေ သမိုင်းကြောင်းကို ဖေါ်ကြူး ခဲ့ခြင်း ဖြစ်သလို ကယားပြည်နယ်၏ တောတောင်စိမ့်စမ်း သဘာဝ အလှအပများကို ဖေါ်ကြူးရာလည်း ရောက်ပါသည်။ ကန်ခုနှစ်ဆင့် ၏ထူးခြားသော ကန်ရေမှ သဘာဝရေပန်းများ၊ ရေပွင့်များနှင့် တောတောင် အနေအထားများသည် ပတ်ဝန်းကျင်ရှိလူ ထုများ၏ ရိုးရာများနှင့် ပဏာ သင့်လှပါသည်။ 

နိုင်ငံ၏ ခရီးသွား လုပ်ငန်း ဆိုရာတွင်လည်း မိမိတို့နိုင်ငံ၏ သဘာဝ အလှများ၊ ထူးခြားချက်များ၊ စိတ်ဝင်စားရာများကို နိုင်ငံတကာ ခရီးသွားများအား ဖိတ်ခေါ်ပြသခြင်း ဖြစ်ပါသည်။ ဤသို့ကြောင့် မူလရှိနေသော သယံဇာတ အလှများဖြင့် ဝေဆာသင့်လှပါ၏ (မတတ်တော့ခက်ပြင်များပျက်) ဆိုသလို မွမ်းမံမှုများသည် နေရာတိုင်းတွင် မလိုအပ်သလို မွမ်းမံ ခြင်းအရသာ ကိုယ်တွင် ရှိနေသည့် အခြေအနေများကို မပျက်စီးစေဘဲ တခြားအရာများ ပေါင်းစပ်ပေးစေခြင်းလည်း မွမ်းမခြင်း အဓိပါယ် သက်ရောက် ခွင့်ရှိပါသည်။

ဤနည်းဖြင့် သဘာဝအရ မွမ်းမံထားခြင်းသည် နိုင်ငံခြား ခရီးသွားများအတွက် စိတ်ဝင်စားရာဖြစ်သလို ခေတ်နောက် ကျပြီး ဗဟုသုတ နည်းပါးသော ဆင်းရဲသည့် ဒေသခံများ တိုးတက်စေကြောင်းအတွက် အထောက်အကူ ဖြစ်စေပါ သည်။ 

စိုးရိမ်စရာ အကောင်းဆုံးက ဒေသခံတွေရဲ့ အကျိုးစီးပွား ထိခိုက်မှာ စိုးပါတယ်။ သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ လိုအပ် မှုတွေ၊ သူတို့ရဲ့ အသိတွေကို မြင့်တင်ပေးဖို့ လုပ်ဆောင်စေချင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ အခွင့်အရေးကို တွေပေါ့ လေးစားစေချင်ပါတယ်။ စိုးရိမ်ရတဲ့ အကြောင်းကတော့ အာဏာပိုင်တွေဟာ ဒေသခံတွေရဲ့ အမြင်၊ ဆန္ဒတွေကို လိုက်လျစ်လျူခဲ့တာဘဲ ရှိပါတယ် ဒေသခံပြည်သူတဦးက ဆိုပါသည်။ 

လူတို့၏ သဘော သဘာဝအရ ယင်းတို့၏ သမိုင်း အစဉ်အလာအပေါ် အယူသီးမှုများ ကြီးမားစွာ စွဲလမ်းတတ်ပါ သည်။ ဤသည်လည်း ၄င်းတို့၏ အခွင့်အရေး တရပ်ဖြစ်ပါသည်။ အများအားဖြင့် တိုးတက်မှုများ လိုလားတတ်ကြ သော်လည်း သမိုင်းအစဉ်အလာနှင့် တည်ရှိလာခဲ့သော သဘာဝများကို သဘာဝအတိုင်းဘဲ ရှိနေစေချင်ကြမှာ တိုး တက်မှုတရပ်သာ ဖြစ်ပါကြောင်း အဆိုပြုချင်ပါသည်။

နယ်ခံမဟုတ်သော လူများအတွက် သဘာဝ ခံစားမှုမရှိသော်လည်း နယ်ခံများအတွက် အလွန်အရေးကြီးသော အဓိကအစိပ်အပိုင်း ဖြစ်နေသည်မှာ ဝေဖန်စရာမရှိကြောင်း တင်ပြချင်ပါသည်။

ဤသို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် မြန်မာနိုင်ငံ၏ သဘာဝတရာဖြင့် အောင်ပန်းဆင်ရန်ရှိနေမည် ဖြစ်သည်။ ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်းသည်လည်း ကယားတို့၏ ငွေတောင်ဆည် သဘာဝအလှများက အောင်ပန်းဆင်မြန်းပေးလိမ့်မည် ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။