Thursday, May 30, 2013

ပိန်းခမ်းတောင်မှ TNLA တိုက်ပွဲများနှင့် အစိုးရ စစ်ဆင်မှုများ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သည် အစိုးရ ခလရ (၁၄၄) တပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မိုင်းဝီး ကျေးရွာအုပ်စု ပိန်းခမ်းရွာ အလွန် စေတီကုန်း အနီးတွင် ယနေ့ မနက်ပိုင်း တစ်နာရီ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။ 

တိုက်ပွဲက မနက် () နာရီနီးပါး အထိ ဖြစ်တယ်။ သူတို့က ကင်းပုန်း ၀တ်တယ်။ လွယ်ဟွမ်ရွာဘက် လမ်းအထွက် ဘုရားကုန်း အနီးမှာလေ။ သူတို့နဲ့ TNLA တပ်ရင်း (၄၇၈) က တပ်ခွဲ () အဖွဲ့နဲ့ ဖြစ်ခဲ့တယ်။ ကြားတာက အစိုးရဖက်က အနည်းဆုံး ၃ ဦး ဒါဏ်ရာ ရတယ်လို့ မျက်မြင်တွေက ပြောတယ်ဗျဟု ဆိုပါသည်။ 

T.N.L.A နှင့် အစိုးရ တပ်များသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွား လာနေပါသည်။ ယမာန်နေ့ မေလ (၂၉) ရက်နေ့ ကလည်း TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့နှင့် အစိုးရ ခလရ ၄၅ တပ်ဖွဲ့ အပါအ၀င် ခလရ ၁၂၃ တပ်ဖွဲ့ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်တို့နှင့်ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် လူမ်ကမ်ရွာ အကြား (လားရှိုး-မူဆယ် ကားလမ်း အနီး)တွင်တိုက်ပွဲဖြစ်ခဲ့ပါသည်။
တိုက်ပွဲသည်နံနက် ၃ နာရီခွဲမှ ၅ နာရီခွဲ နာရီ အထိ ဖြစ်ပွားခဲ့ပြီးအစိုးရဖက်မှ အနည်းဆုံး ၅ ဦး ထိခိုက် ကျဆုံး ခဲ့သည်ဟု ဆိုပါသည်။



ထို့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲခုန်ခါဒေသတွင်လည်း TNLA တပ်ရင်း (၇၁၇) နှင့်အစိုးရ ခမရ (၅၀၁) တို့မနက် () နာရီမှ () နာရီအထိတိုက်ပွဲဖြစ်ပွား ခဲ့ရာအစိုးရ ဖက်မှ() ဦးသေဆုံးပြီး () ဦး ဒါဏ်ရာရခဲ့သည်ဟုဆိုပါသည်။

အလားတူ TNLA တပ်ရင်း၂၅၆တပ်ဖွဲ့နှင့်အစိုးရ ခမရ (၅၀၂) တပ်ဖွဲ့ အပါအ၀င်ဒေသခံ ထွန်းမြတ်လေး ပြည်သူ့စစ်
တို့သည်လည်းယမာန်နေ့နေ့လည်တနာရီခွဲမှ () နာရီခွဲ အထိနမ့်ဆန်မြို့နယ်အိုမ်ပါရ် (နမ့်ခေး)ကျေးရွာ အနီးတွင်တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။၎င်းတိုက်ပွဲ၌ အစိုးရ ဖက်မှ အနည်းဆုံး ()ဦး ထိခိုက် ဒါဏ်ရာ ရကြောင်း TNLA ဖက်မှ ဆိုပါသည်။


တအာင်း ဒေသ စစ်ဆင်ရေး များသည်ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့ပေါ်ရှိအမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ်မှူး ကခ ()မှူးဗိုလ်မှူးချုပ် ဇော်ဦးမှ ဦးဆောင် ညွှန်ကြားနေခြင်းဖြစ်ပါသည်။ ၄င်းသည်နမ့်ဆန်မြို့တစ်ဝိုက်မိုင် ၀န်းကျင်ကိုကင်းပုန်း ၀တ်ခြင်းနှင့် နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုများ အမြဲတမ်း စစ်ဆင် လာနေပါသည်။  

၎င်းတို့သည် တအာင်းဒေသ၌ ခပ်စိပ်စိပ် လှုပ်ရှား လာနေပြီးတပ်ဖွဲ့လှုပ်ရှားမှုကိုလည်း နေ့ခင်းလှုပ်ရှားမှုထက် ညပိုင်း လှုပ်ရှားမှုကို ပိုလုပ်လာပါသည်။

မနက် မိုးလင်းတာနဲ့တိုက်ပွဲဖြစ်လို့ ကောင်းမယ့်နေရာကျနော်တို့နဲ့နီးတဲ့နေရာမှာနားပြီးတိုက်ပွဲအတွက်ပြင်ဆင်ကြပါတယ်။ဒေသအတွင်း လှုပ်ရှားမှု ပိုပြီးစိပ်လာတဲ့ အတွက်တိုက်ပွဲကပိုပြီး ဖြစ်လာတယ်။ အဲဒါပါဘဲဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။

အစိုးရ စစ်ဆင်ရေးများသည် KIA နှင့် ဆွေးနွေးနေစဉ် အချိန် အတောအတွင်း TNLA တပ်များအားပိုမို စစ်ဆင် လာနေသည့် အသွင်ဆောင်ပါသည်။ TNLA သည်မူးရစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်နယ်မြေ စိုးမိုးရေး အတွက်လှုပ်ရှားလျှက်ရှိရာမူးရစ်ဆေးဝါး စိုက်ပျိုးသောဒေသခံ ပြည်သူ့စစ်များနှင့်ထိပ်တိုက် တိုးနေပါသည်။ဤသို့ကြောင့်အစိုးရ တပ်များသည်ဒေသခံ ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး TNLA စစ်ဆင်နေခြင်းဖြစ်သည်ဟု TNLA ဖက်မှယူဆပါသည်။

အစိုးရ တပ်ဖွဲ့များသည်တအာင်း ဒေသကို ဖြတ်သန်းသွားသောတရုတ် ပိုက်လိုင်း လုံခြုံရေး ကိစ္စနှင့်နယ်မြေ စိုးမိုးရေးတွက်ကို ရည်ရွယ်ပြီးတအာင်း ဒေသ၌တပ်အင်အား (၂၅)ရင်းဖြင့်အင်းအား (၄၀၀၀) ခန့်အထိတိုးချဲ့ချထားပါသည်။ထို့နည်းတူ  တအာင်းဒေသ၌ ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားမှာ အနည်းဆုံး (၁၆) ရင်းခန့် ရှိပြီး လူအင်အား (၃၀၀၀) ခန့် ရှိနိုင်ကြောင်း အကဲခတ်များက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။