Monday, May 13, 2013

SSPP နှင့် ဖြစ်ပွား ခဲ့သော တိုက်ပွဲ များသည် လက်အောက်ခံ ပြသနာဟု အစိုးရဆို

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် နောက်ထပ် တိုက်ခိုက် မှုများ မပြုလုပ် တော့ကြောင်း ရှမ်းပြည် တိုးတက်ရး ပါတီအား ဂတိ ပေးခဲ့ သည်ဟု ယင်းဆွေးနွေး ပွဲကို တက်ရောက် ခဲ့သော မိုင်းရယ် မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်က ဆိုပါသည်။

 ဦးသိန်းဇော် ပြောတာကပီးတဲ့ ဟာတွေပီးပါ စေတော့ပေါ့။အဓိကကရှေ့ဆက် မတိုက်ခိုက် ကြဖို့ဘဲလိုတယ်။ဒါကိုဖြစ်လာအောင်ရှေ့ဆက် ဆွေးနွေး ဖို့တော့ လိုသေးတယ်။ အခု ဖြစ်သွား ခဲ့တဲ့တိုက်ခိုက် မှုတွေက လက်အောက်ခံ ပြသနာပါ။ အပစ်အခတ် ရပ်စဲ ရေးနဲ့ ငြိမ်းချမ်း ရေးကို ပျက်စေ လောက်အောင် မဖြစ်ပါဘူးဟုပြောသွား ခဲ့ကြောင်း ဆိုပါသည်။


ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့သည် ပြီးခဲ့သည့် မေလ ၁၁ရက်နေ့ နံနက် ၁၀နာရီခန့် တွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၊ ရန်အောင်မြင် ခန်းမတွင် ဆွေးနွေး ခဲ့ပါသည်။ ယင်းဆွေးနွေး ပွဲတွင် ဦးစပ်ခေးတိုင်း ခေါင်းဆောင်သော  SSPP/SSA အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်ခေါင်းဆောင်သော အဖွဲ့တို့ ဆွေးနွေး ခဲ့ကြ ပါသည်။ 

 () လက်ရှိ ပစ်ခတ် နေမှုများ ရပ်ဆိုင်းရန်၊() အခြေခံ နယ်မြေများ ပြန်လည် သတ်မှတ်ရန်၊ () ဆိုင်ရာသို့ တင်ပြပြီးနောက် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်၊() ပြသနာ များကိုတွေ့ဆုံ ညှိနိုင်း ခြင်းဖြင့် ဖြေရှင်း သွားရန်၊() ငြိမ်းချမ်းရေး အတွက်အောက်ခြေ အဆင့်ဆင့် အထိ ပူးပေါင်း ဆောင်ရွက်ရန် () ယခင် ပြည်ထောင်စု ဆွေးနွေး ပွဲတွင်သဘောတူ လက်မှတ်ရေးထိုး ထားခဲ့သော အချက် များကို လိုက်နာ ကြရန်၊ () တပ်လှုပ်ရှား မှုများ ပြုလုပ် ကြရန်၊() ပြည်သူ့ ဆန္ဒနှင့်အညီဆောင်ရွက်ရန်၊() ပြည်သူသို့ ပူးတွ ကြေငြာချက် သဘောထား ထုတ်ပြန်ရန်၊(၁၀) အခင်းခင်း သံသယ ကင်းရှင်း ကြရန်နှင့် ဆွေးနွေး ညှိနိုင်း မှုများ ဆက်လက် ဆောင်ရွက် သွားရန်၊(၁၁) ထာဝရ ငြိမ်းချမ်းရေး ရသည် အထိ ဆောင်ရွက် သွားကြရန်၊(၁၂) ထပ်မံ ထိတွေ့ တိုက်ခိုက် မှုများ မဖြစ်ကြရန်၊(၁၃) တပ်နေရာ ပြန်လည် ချထားရေး ကိစ္စရပ်များ ဒေသဖွံ့ဖြိုးရေးကိစ္စများ၊စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေးနှင့် နေရပ် ပြန်ပြီး လယ်ယာ လုပ်ငန်းခွင် ပြန်လည် ဝင်ရာက်နိုင်ရေးစသည့် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။

SSPP နှင့်အစိုးရတို့သည်အပစ်အခတ် ရပ်စဲ ထားသည့်တနှစ်ကျော် ကာလတွင်တိုက်ပွဲပေါင်းတရာကျော် ဖြစ်ပွား ခဲ့ပြီးတိုက်ပွဲကြောင့် () ကြိမ် ထက်မနည်းတွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါသည်။ယခု အချိန်ထိ SSPP စစ်ဒေသတွင်အစိုးရဧည့်တပ်အင်အားတသောင်းကျော်တိုးချဲ့ ချထား ခဲ့သည်ဟု SSPP က ဆိုပါသည်။

တိုက်ပွဲ တိုင်းသည်အစိုးရ တပ်ကသာလာရောက် တိုက်ခိုက် ခဲ့ပြီးဤကဲ့သို့တိုက်ခိုက် မှုများမရှိ စေရန်အပစ်အခတ် ရပ်စဲရေး ရယူစဉ် ကတည်းက အခြေခံ နယ်မြေ သတ်မှတ် ပေးရန် SSPP ကအစဉ် တောင်းဆို လာခဲ့ ပါသည်။ 
 တိုက်ခိုက်မှု ပြသနာ ဖြစ်ခဲ့တိုင်း ဖြေရှင်း ပေးရန် သမ္မတထံ အကြိမ်ကြိမ် တင်ပြ ခဲ့ပါသည်။ အကယ်၍အစိုးရ ဖက်မှ ပေးသော တိုက်ခိုက်မှု ဂတိများ တည်ပါက တိုက်ပွဲ ဖြစ်လာစရာ မရှိကြောင်း SSPP ဖက်က ဆိုပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်ခေါင်းဆောင်သော အဖွဲ့တွင် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဦးခင်မောင်စိုး၊ဦးကျော်ကျော်ဝင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်၊တိုင်းမှူးများ ဖြစ်သည့် ဗိုလ်ချုပ် သန်းထွန်းဦး၊ ဗိုလ်မှူးချုပ် မင်းနောင်၊ ဗိုလ်မှူးချုပ် အောင်စိုး၊ ပြည်နယ် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ကိုယ်စား ဗိုလ်မှူးကြီး စိုးဝင်း၊ နယ်စပ် ရေးရာ ဝန်ကြီး ဌာနမှ ဦးစံရွှေအောင်တို့ ပါဝင် ကြပါသည်။

ထို့အပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် လားရှိုး မဲဆန္ဒ နယ်မှဦးစိုင်းမြင့်အေး၊ မိုင်းရယ်မြို့နယ်မဲဆန္ဒနယ်က စိုင်းဟပ်၊တန့်ယန်း မဲဆန္ဒ နယ်က ဦးစိုင်းထွန်းဝင်း တို့လည်း ပါဝင် တက်ရောက် ကြပါသည်။

SSPP/SSA တပ်ဖွဲ့ ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒုဥက္ကဋ္ဌ စဝ်ခေးတိုင်း အဖွဲ့တွင်  မိုင်းလား တာဝန်ခံ စဝ်ကမ့်မိန်း၊ လားရှိုးတာဝန်ခံ စဝ်အောင်လှ၊ ဗဟို ကော်မတီဝင်စဝ်ခမ်းမောဝ်၊ အတွင်းရေးမှူး စဝ်ရွှေလှ၊ စဝ်နော်လိတ် တို့ တက်ရောက် ခဲ့သည်။ 

SSPP နှင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့၏ဆွေးနွေးပွဲ များအနက် ဤအကြိမ်သည် ထူးခြား သည်ဟု ဆိုနိုင် သော်လည်း အစိုးရ၏ ဂတိကို စောင့်ကြည့်ရန် လိုအပ် နေသေးကြောင်း၊ စစ်ရေး နည်းပရိယာယ် ဖြင့်သာ ဆွေးနွေး ပွဲကို အသုံးချ ခဲ့ပါက မကြာခင် တိုက်ပွဲများ ပြန်ဖြစ် လာဖွယ်ရာ ရှိနေကြောင်း အကဲခတ် များက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။