Sunday, May 26, 2013

တန့်ယန်းမြို့နယ် စစ်ပြေး ဒုက္ခသည်များ လာရင်းနေရပ် ပြန်လည်ရွှေ့ပြောင်း

(RFA)

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-North) တပ်တွေကြား စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့နယ် အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်အားလုံး သူတို့နေရပ်ကို ပြန်လည်ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲ့ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးစိုင်းလှရွှေက RFAကို အခုလို ပြောပါတယ်။


" စခန်းကို ဝန်ကြီးသိန်းဇော်လာတယ် ဆွေးနွေးပွဲလည်းလုပ်ပြီးပြီ ငြိမ်းငြိမ်းချမ်းချမ်းလည်းဖြစ်သွားပြီ ပြန်လို့ရပြီဆိုတာကို ပြောပြတယ် စစ်မတိုက်တော့ဘူးဆိုတဲ့အကြောင်း လူကြီးတွေလည်းပြောပြတယ်၊ အဲ့တုံးက ရပ်ကွက်ထဲရော မြို့ပေါ်က စခန်းမှာနေတဲ့သူရော ၇၀၀ လောက်ရှိတယ်"

အခုလို တန့်ယန်းဒုက္ခသည်တွေ သူတို့နေရပ် ပြန်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က စီစဉ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းကိုလည်း ပိတ်လိုက်ပြီဖြစ်ပါတယ်။

အဲဒီစခန်းမှာ ဒုက္ခသည် (၇၀၀) ကျော်ရှိပြီး အာဏာပိုင်တွေရဲ့စီစဉ်ပေးမှုတွေနဲ့ပဲ ဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။