Wednesday, August 14, 2013

နီးစပ်သည့် အစိုးရတပ်ရင်း၊ တပ်ဖွဲ့များနှင့် တိုက်ရိုက်ဆက်သွယ်ရန် တပ်ထုများအား ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ညွှန်ကြား



သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ/သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် က တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် မိမိတပ်ဖွဲ့အားလုံးကို မိမိနှင့် အနီးစပ်ဆုံးရှိသည့် မြန်မာတပ်ဖွဲ့များထံ တိုက်ရိုက်ဆက်သွယ်ရန် ညွှန်ကြားသွားကြောင်း သိရပါသည်။

“အရင်တုန်းက မြန်မာတပ်ဖွဲ့တွေက နယ်မြေကျော် လှုပ်ရှားမယ်ဆိုရင် RCSS/SSA ရဲ့ ဆက်ဆံရေးရုံးတွေကို အကြောင်းကြားပေးဖို့ဆိုဒါ တိုင်းစစ်ဌာနချုပ်အလုပ်လို့ယူဆတယ်ပေါ့။ ဒါပေမဲ့ သူတို့က အကြောင်းကြားလေ့မရှိတော့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ရတယ်။ နှစ်ဖက်စလုံး ပျက်စီးဆုံးရှုံး ရတယ်” လို့ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က သျှမ်းသံတော်ဆင့်အား ပြောပါသည်။

မြန်မာစစ်တပ်ဘက်မှလည်း အထက်အမိန့်ကြောင့် လှုပ်ရှားရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် တိုက်ပွဲဖြစ်ချင်သည့် ဆန္ဒမရှိကြောင်း၊ ထို့ကြောင့် မိမိတို့ လှုပ်ရှားမည်ဆိုပါက သျှမ်းတပ်ဖွဲ့များထံ အကြောင်းကြားလာမည်ဟု တုန့်ပြန်လာကြောင်း၊ ထိုတုန့်ပြန်ချက်အပေါ် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က ကျေနပ်အားရကြောင်း ဆိုပါသည်။

“ကျနော်တို့ တပ်ဆုတ်ပေးဖို့ အစီအစဉ်မရှိပါဘူး။ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့အထိ RCSS/SSA လှုပ်ရှားခဲ့တဲ့ နယ်မြေမှာဘဲ ဆက်လက်လှုပ်ရှားသွားမယ်။ ဒီနေရာမှာ အပေးအယူ ရှိတယ်။ မြန်မာစစ်တပ်ဘက်ကလည်း ဆုတ်ပေးတယ် ဆိုယင်ကိုယ်ကလဲ ဆုတ်ပေးရမှာပေါ့” ဟု ပြောပါသည်။

အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် နှစ်ဖက်သဘောတူထားသော်လည်း ယနေ့ထိ အကောင် အထည်မဖော်နိုင်သေးသည့်အတွက် အစိုးရနှင့် လာမည့်ဆွေးနွေးပွဲ၌ အဆိုပါကိစ္စကို ခေါင်းစဉ်တခု အဖြစ်ထားရှိကာ ဆွေးနွေးသွားမည်ဟု ဆိုပါသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ ယခုနှစ် ၂၀၁၃ မကုန်ခင် နှစ်ဖက် နိုင်ငံရေးဆွေး နွေးရန် အကြမ်းဖျဉ်း သဘောတူညီမှု ရထားသည်ဟုလည်း သိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။