Tuesday, August 13, 2013

ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ၁၂ရက်အကြာ မြန်မာစစ်တပ်နှင့်T.N.L.A တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

၁၂၊ သြဂုတ်လ၊၂၀၁၃


မိုင်ငေါ့မြို့နယ် ကွန်စလန်း
ကျေးရွာအထက် တွင် နမ့်လန် အခြေစိုက် မြန်မာ စစ်တပ် ခမရ တပ်ရင်း (၁၇) နှင့် T.N.L.A တပ်ရင်း ၇၁၇ တို့ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ မွန်လွဲ ၂ နာရီခွဲ အချိန်တွင် နှစ်ဖက် တပ်များ မိနစ် ၃၀ ခန...့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရပါသည်။

မိုင်းငေါ့မြို့နယ်တွင် အခြေချလှုပ်ရှားနေသော T.N.L.A တပ်ရင်း ၇၁၇မှ မိုင်းငေါ့မြို့ နယ်ရှိ ကျေးရွာပြည်သူ များကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအတွက် စည်းရုံးရေးဆင်း သည့်အချိန်တွင် မြန်မာစစ်တပ်ခမရ တပ်ရင်း (၁၇) မှ လိုက်လံနောက်ယှက် ထိုးစစ်ဆင်း လာသောကြောင့် ရင်တိုက်ပွဲဖြစ်ပွားရကြောင်း သိရှိရသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မိုင်းငေါ့မြို့နယ် ရှိ ကျေးရွာတွေမှာ လိုက်လံပြီးစည်းရုံးရေး ဆင်းနေတာ ခမရ တပ်ရင်း (၁၇) မှ ကျနော်တို့ စည်းရုံးရေး ဆင်းနေသည့်လမ်း တစ်လျှောက် လိုက်လံ ထိုးစစ် ဆင်နေသည့်အတွက် ကွန်စလန်း ကျေးရွာ အထက်တွင် ယနေ့ ၂နာရီခွဲ အချိန်မှာ နှစ်ဖက်တပ်များ ရင်ဆိုင် တိုက်ပွဲဖြစ် ကြတာ မီနစ် ၃၀ ခန့်ကြာ တယ်၊ သေဆုံး ထိခိုက်ဒဏ်ရာရတာကိုတော့ အတိအကျ မရသေး ဘူး” ဟု T.N.L.A ၇၁၇ တပ်ရင်းမှုး ဗိုလ်ကြီး တာအိုမ်တမောဝ်မှ ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်တွင်P.S.L.F/T.N.L.A နှင့် မြန်မာအစိုးရတို့  ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ယုံကြည်မှုတည်ဆောက်ရေးနှင့် နောက် ထပ် တွေ့ဆုံးဆွေးနွေး ပွဲကို အမြန်ဆုံးကျင်းပပြုလုပ်ရန် သဘောတူ ညီချက် ရရှိ ခဲ့သော်လည်း ၁၂ရက်အကြာ ယနေ့ သြဂုတ်လတွင် အစိုးရ တပ်နှင့် T.N.L.A တို့ ပထမအကြိမ် ပြန်လည် ရင်ဆိုင်တိုက် ပွဲဖြစ်ပွားသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။