Sunday, August 25, 2013

T.N.L.A တပ်မတော်မှ ကပ်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းပုဒ်များအား အစိုးရစစ်ကြောင်းမှ လိုက်လံဖျက်ဆီး

၂၄-သြဂုတ်လ-၂၀၁၃ ခုနှစ်

ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း (၄၅) မှ ယနေ့ ၂၄ရက်-သြဂုတ်လ တွင် P.S.L.F/T.N.L.A တအန်းတပ်မတော်မှ (တအာင်း)ကျေးရွာများတွင် ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းပုဒ်များကို လိုက်လံ ဖျက်ဆီးနေကြောင်း မျက်မြင် သက်သေများ ပြောပြချက်အရ သိရှိရပါသည်။


နမ့်ခမ်းမြို နယ်တွင်တအန်း တပ်မတော်T.N.L.Aမှသြဂုတ်လ၂၂ရက်နေ့ တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲကို ကျယ်နေကျေးရွာ တွင် ဒေသခံပြည်သူများကိုရှင်းလင်းတင်ပြပြီး နောက်တအန်း(ပလောင်)နှင့် မြန်မာစာရေးထားသည့် ဆိုင်းပုဒ် များကို ကျယ်နေကျေးရွာ အပါအ၀င် တခြာကျေးရွာများတွင်လည်း ဒေသခံပြည်သူများနှင့်အတူရွာအ၀င်အထွက် တွင် ကပ်ထားပြီးသည် နောက် ယနေ့ ၂၄၊ သြဂုတ်တွင် ကွတ်ခိုင် အခြေစိုက် ခလရတပ်ရင်း(၄၅) စစ်သားများမှ

လိုက်လံ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ ပြောသည်။

ဒေသခံ ဦး... မှ T.N.L.A ကပ်ထားသည့် ဆိုင်းပုဒ်ကို လာဖျက်ဆီးနေတဲ့ အထဲမှာပန်ဆေးပြည်သူစစ်အဖွဲ့
တွေလဲပါတယ်..အဲဒီပြည်သူစစ်တွေက ဒေသခံတွေကို ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေမှာ ဘိန်းမစိုက်နဲ့လို့ လာပြီးတာဆီ လို့ မရဘူး စိုက်လို့ရတယ်ဟု ပြောပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ထားသည့် ဆိုင်းပုဒ်ကို ဖျက်ဆီးလိုက်သည်ဟုပြောသည်။

P.S.L.F/
T.N.L.A မှ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ ၂၀၁၃-၂၀၁၄ ခုနှစ် တွင် T.N.L.A ထိန်းချုပ်နယ်မြေအတွင်းရှိ တအန်းကျေးရွာများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီးမံကိန်း များကို ထိရောက်စွာ ဆက်လက် အကောင်းအထည်ဖော် ဆောင်နေပြီး ယခင် T.N.L.A မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခရီးစဉ်များတွင် အစိုးရစစ်ကြောင်းများမှ လိုက်လံထိုးစစ် ဆင်းနေခြင်းကြောင့် တအန်းတပ်မတော် T.N.L.A နှင့် မြန်မာစစ်ကြောင်းတို့ မကြာ ခဏ တိုက်ပွဲဖြစ်ပွားနေရကြောင်း သိရှိရပါသည်။

 သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။