Tuesday, August 27, 2013

T.N.L.A နှင့် နမ့်လန်အခြေစိုက် ခလရတပ်ရင်း (၅၀၆) တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

၂၇ရက်၊ သြဂုတ်လ ၂၀၁၃

၂၆ရက် သြဂုတ်လ ညနေ့ပိုင် ၇ နာရီ ခွဲ အချိန်တွင် နမ့်လန်အခြေစိုက် ခလရ တပ်ရင်း (၅၀၆) နှင့် T.N.L.A တပ်ရင်း(၂၅၆)တို့ ကျောက်မဲမြို့နယ် စုန်ဟင်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များရင်ဆိုင်တိုက်ပွဲ   ဖြစ်ပွားနေကြောင်း သတင်းရရှိ ပါသည်။

နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်တွင် လှုပ်ရှားနေသော T.N.L.A တပ်ရင်း (၂၅၆) တအန်း တပ်ဖွဲ့မှ  သွားလာလှုပ်ရှား နေစဉ် နမ့်လန်အခြေစိုက် ခလရတပ်ရင်း (၅၀၆)မှ ထိုးစစ် ဆင်းနေမှုကြောင့် နှစ်ဖက်တပ်များ ၁၅မီနစ် ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရကြောင်း သိရှိရ ပါသည်။

T.N.L.A (၂၅၆) ဒု-တပ်ရင်းမှူးမှ ကျနော်တို့ မနေ့ညနေ့ပိုင်း ၇ နာရီခွဲ အချိန်တွင် ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ဦးဆောင်သည့် နမ့်လန် အခြေစိုက် ခလရ တပ်ရင်း(၅၀၆)နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တာ မီနစ် ၂၀ လောက်ကြား တယ်။ ကျနော်တို့ဖက်က ရဲဘော် တစ်ဦး ဒဏ်ရာရသည် ဟုပြောသည်။

“အစိုးရစစ်သားဖက်က ၂ ဦးဒဏ်ရာရတယ် တစ်ဦးကတော့ ဗိုက်ထိ သွားတယ် မနေ့ညက သူတို့ရွာကို ဖြတ်ပြီး ထမ်းသွား တာ တွေ့လိုက်တယ၊် ဘယ်ဆေးရုံးကို ပို့လဲဆိုတာတော့ မသိ “ဟု ဒေသခံမှ ပြောသည်။

ကျောက်မဲမြို့နယ် စုန်ဟင်ကျေးရွာ အနီးတိုက်ပွဲတွင် ခလရတပ်ရင်း (၅၀၆)မှ ရဲဘော်  ၂ ဦး နှင့် T.N.L.A မှ ရဲဘော်တစ်ဦး ဒဏ်ရာရ ရှိကြောင်း သိရှိရပါသည်။ 

P.S.L.F/T.N.L.A နှင့် အစိုးရတို့ ၃၁ ရက်၊ ဇူလိုင်လ မူဆယ်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြုလုပ်ပြီးသည့် နောက် နှစ်ဖက်ယုံကြည်မှုတည်ဆောက်ဆဲကာလအတွင်း တိုက်ပွဲ စုစုပေါင်း ၄ကြိမ် ဖြစ်ပွားခဲ့ပါသည်။

သတင်းနှင့် ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။