(ရွှေဟင်္သာသတင်းဌာန)
ရခိုင်
ပြည်နယ်၌ ဖြစ်ပွား ခဲ့သော အကြမ်းဖက် ပဋိပက္ခသည် နိုင်ငံတကာ မီဒီယာ များ၏
ဖော်ပြမှု များကြောင့် ပိုမို ကြီးထွားလာသည် ဟု “ရခိုင် ပဋိပက္ခ အစီရင် ခံစာ”
စာအုပ် ထုတ်ဝေခြင်း အခမ်းအနား အပြီး၌ ရခိုင် လူ့အခွင့် အရေးနှင့်
ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အမှု ဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ဆိုပါသည်။
“ဥပမာ
အယ်ဂျား ဇီးယားက တင်ပြ သွားသလိုမျိုး Hidden Genocide ဆိုသလို မျိုးကို
ဥပမာပေး ပြောချင်ပါတယ်၊ ကျွှန်တော် ပြော ချင်တာက ကျွှန်တော်တို့ နိုင်ငံမှာ
လူမျိုးတုန်း သက်ဖြတ်တဲ့ အဆင့် မရှိပါဘူး၊ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ
ရှိပေမယ့်လို့ လူမျိုး တုန်း သတ်ဖြတ်မှု ဆိုတဲ့ အဆင့်ကတော့ မရှိပါဘူး၊
အဲလိုမျိုး သတင်း တင်ပြမှု တွေကြောင့် ဒီကိစ္စ ပိုမို ကြီးထွားလာပြီး
ဆိုးကျိုးတွေ ပိုများ လာခဲ့ ရတယ်၊ အခြား မီဒီယာ တွေရဲ့ တင်ပြမှု တွေလည်း
ရှိပါ သေးတယ်” ဟု သူကဆိုပါသည်။
၎င်း
နိုင်ငံတကာ မီဒီယာ များ၏ ရေးသားမှု များသည် တဖက်သက် ဝါဝဖြန့် ရေးသား
မှုများသာ ဖြစ်သည် ဟုလည်း ၄င်းမှ စွပ်စွဲ ပြောဆိုကာ ကုလ သမဂ္ဂမှ တောင်းဆို
နေသည့် ဘင်္ဂလီ များအား ရိုဟင်ဂျာ ဟူသော အမည်ဖြင့် တိုင်းရင်းသား အဖြစ် လက်ခံ
ပေးရေး ကိုလည်း လက်မခံ နိုင်ကြောင်း ၄င်းမှ ဆိုပါသည်။
ယခု
စာအုပ် အဖြစ် ထုတ်ဝေ ခဲ့သည့် ၄င်းအစီရင် ခံစာတွင် ပဋိပက္ခ အကျိုးဆက် ခံစား
ရသည့် နှစ်ဖက် လူ့အဖွဲ့အစည်း များမှ ပုဂ္ဂိုလ် ပေါင်း (၂၀၀) ကျော်၏
ထွက်ဆိုချက် များကို အခြေ ပြုကာ ရေးသား ထားပြီး စာအုပ်တွင် အခန်း (၁၀) ခန်း
ပါဝင်ပါသည်။ အကြမ်း ဖက်မှုဖြစ်စဉ် စ တင် ဖြစ်ပွား ရာမှ နောက်ဆုံး ရောက်ရှိ
နေသည့် အခြေအနေများအပြင် ဆက်စပ်ရာ အိမ်နီးချင်း နိုင်ငံများ၏ ရခိုင်
ပဋိပက္ခ အကျိုးဆက် များကိုလည်း ယှဉ်တွဲ ဖော်ပြ ထားသည်ဟု ဆိုပါသည်။
“ဒီအစီရင်
ခံစာကို ဖတ်ပြီး ရင်တော့ တစ်ဖက် စောင်းနင်း အမြင်တွေ နည်းနည်း လျော့ကျ
သွားနိုင်သလို ကျွှန်တော်တို့ ရခိုင် တိုင်း ရင်းသား တွေရဲ့ ခံစား ချက်တွေ
ကိုလည်း ပိုမို သိရှိ လာနိုင် မယ်လို့ မျှောင်လင့် ပါတယ်၊ ဒါကိုလည်း မနေ့က
တက်ရောက်တဲ့ သံရုံး အရာရှိ တွေကိုလည်း ကျွှန်တော်တို့ ပို့ပေး ထားပါတယ်”
ဟုဆိုပါသည်။
သြဂုတ် ၁ ရက်တွင် ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင်၌ ကျင်းပသည့် ၄င်းအခမ်းအနား၌ ရခိုင် လူမှု အဖွဲ့ အစည်းများ၊ အစ္စလာမ် အဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ မီဒီယာများ၊ နိုင်ငံခြား သံရုံး များမှ သံအရာ ရှိများ တက်ရောက် ခဲ့ပါသည်။
ထိုအစီရင် ခံစာ အားလည်း စာအုပ် အဖြစ် ထုတ်ဝေ ထားပြီး ဖြစ်ကာ အစိုးရ၊ လွှတ်တော်နှင့် ကုလ သမဂ္ဂနှင့် ပြည်တွင်း ပြည်ပ၊ နိုင်ငံတကာ အဖွဲ့အစည်း များသို့ ပေးပို့ သွားမည် ဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ တွင်း ဖြစ်ပွား ခဲ့သည့် ၄င်း ပဋိပက္ခကြောင့် လူများစွာ သေဆုံး ခဲ့ပြီး နှစ်ဖက် လူ့ အဖွဲ့အစည်းများ နေထိုင် ကြသည့် အိုးအိမ် များလည်း ပျက်စီး ခဲ့ရသည်။
မြန်မာ နိုင်ငံ အစိုးရ မှလည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းတွင် ထိုရခိုင် အရေး ပဋိပက္ခ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကာ ယင်းကော်မရှင်၏ ရှာဖွေ တွေ့ရှိသည့် အစီရင် ခံစာ ကိုလည်း ၂၀၁၃ ခုနှစ် ဧပြီလ က ထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။