Friday, April 26, 2013

တအာင်း (ပလောင်) ဒေသ၌ စစ်ဆင်ရေး ပြင်းထန် လာနေ

(ရွှေဟင်္သာသတင်းဌာန)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နှင့်အစိုးရတပ်ဖွဲ့တို့သည်ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တွင်ပြီလ (၂၄) ရက်နေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA ပြောခွင့်ရဗိုလ်မှူးတာဘုန်းကျော်ကပြောပါသည်။
ဖြစ်တာက  နေ့ညနေညနေနာရီခွဲမှနာရီခွဲထိ  ဖြစ်ခဲ့တယ်။သူတို့တပ်ဖွဲ့ကကျနော်တို့ရှိတဲ့နေရာကိုတက်လာလို့  ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ထိခိုက်ဒဏ်ရာတွေတော့လောလောဆယ် မသိရသေးဘူးဟု ဆိုပါသည်။

 
အဆိုပါတိုက်ပွဲသည်ကွတ်ခိုင်မြို့နယ်အခြေစိုက်တအာင်း TNLA  ၁၁၂တပ်ရင်းနှင့်အစိုးရတပ်ဖွဲ့ခလရ၄၅တို့ကရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်နမ့်ဖက်ကာကျေးရွာအုပ်စု၊ကုန်ဆာရွာနှင့်မိုင်ခန့်အကွာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် ကျောက်မဲအခြေစိုက် တပ်ဖွဲ့များသည် နမ့်ဆန်မြို့ တပ်ဖွဲ့နှင့် ပူးပေါင်းပြီး စစ်အင်အား ၂၀၀ကျော်သည် နမ့် ဆန် အရှေ့ပိုင်းရှိ လျှော်လည်ကွင်း ၌လှုပ်ရှားနေသော (၅၀၂)တပ်ရင်းနှင့် ယမာန် နေ့ ပြီ ၂၅ ရက်နေ့တွင် လာ ရောက် ပူပေါင်း ခဲ့ပါသည်။ ဤပူးပေါင်းစစ်ကြောင်းသည် အင်အား ၃၀၀ ကျော်ရှိလာပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု  TNLA က ဆိုပါသည်။

TNLA သည် တအာင်းလူမျို့များလက်ဖက်ခူးရာသီအတွင်းတိုက်ပွဲများမဖော်ဆောင်မိရန်ပြီးခဲ့သည့်မတ်လ၂၂ရက်နေ့ကတအာင်းတပ်ဖွဲ့ဝင်များကိုအမိန့်ထုတ်ပြန်ထားခဲ့ပါသည်။
သို့သော်ကွတ်ခိုင်မြို့နယ်နမ့်ဖက်ကာကျေးရွာအုပ်စုတွင်ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကစကခမှူးကိုယ်တိုင်လာရောက်ကွင်းဆင်းခဲ့ပြီးနောက်တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခဲ့ပါသည်။ထို့အပြင်တအာင်းတပ်ဖွဲ့တပ်စခန်းအနီးလည်းကင်းစခန်း () ခုအထိတိုးချဲ့တည်ဆောက်ခဲ့ပြီးစစ်အင်အား (၃၀၀) ခန့်ဖြင့်လှုပ်ရှားလာခဲ့သည်ဟုဗိုလ်မှုးတာဘုန်းကျော်ကပြောပါသည်။

ဤသို့ကြောင့်ဧပြီလရက်နေ့တွင်တအာင်းတပ်ဖွဲ့နှင့်အစိုးရတပ်ဖွဲ့တို့တိုက်ပွဲနေရာဖြစ်ပွားခဲ့ရာမှဆက်တိုက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပါသည်။
TNLA သည်၊ပလောင်တို့၏လက်ဖက်ခူးရာသီဖြစ်နေခြင်းကြောင့်တကြောင်းအစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့်နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအတွက်ညှိနှိုင်းနေသည့်ကာလဖြစ်နေခြင်းကြောင့် တကြောင်းအစိုးရတပ်ဖွဲ့များနှင့်ထိပ်တိုက်တိုက်ပွဲမဖြစ်ရန်ရှောင်ရှားနေခဲ့သည်ဟုဆိုပါသည်။

အစိုးရတပ်များကမူကွပ်ခိုင်မြို့နယ်နှင့်နမ်းဆန်ဒေသရှိ၊ကချင်လွတ်လပ်ရေး တပ်မတော်၊ရှမ်းပြည် တပ်မတော် နှင့် TNLA တို့အားဤဒေသမှဖယ်ရှားနိုင်ရန်မနားတမ်း စစ်ဆင် နေခဲ့ပါသည်။အကြောင်းမှာဤဒေသတွင်တရုတ်ရေနံပိုက်လိုင်းဖြတ်သွားရာလမ်းကြောင်းဖြစ်နေခြင်း၊တရုတ်စီးပွားရေး ကုမဏီများ သစ်ထုတ်နေခြင်း၊ မိုင်းလုပ်ငန်းများ ရှိ နေခြင်းနှင့် အစိုးရပြည် သူ့စစ်များ၏ မူးရစ်ဆေးစိုက်ပျိုးရာ ဒေသဖြစ်သောကြောင့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။