Monday, April 22, 2013

ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ

(RFA)

ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတ၀ိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။  RFA 
 
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေအကြား စစ်ရေး တင်းမာနေ တဲ့ အတွက် တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းတိုက်မှာ ဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည် တွေ နေ့စဉ်ရက်ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ နဲ့ စတင်တွေ့ကြုံနေရပြီလို့ သိရပါတယ်။

 
ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ်တွေကြောင့် အဲဒီဒုက္ခသည်စခန်း မှာ ဒေသခံ ဒုက္ခသည်တွေ နေ့စဉ်လိုလို လာရောက် ခိုလှုံနေကြရာမှာ  အခုဆိုရင် ဒုက္ခသည် (၅၀၀) နီးပါးအထိ တိုးမြင့်လာပြီဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သီတင်းတစ်ပတ်စာသာ ကျန်ရှိတော့တယ်လို့  ဒုက္ခသည်စခန်းက တာဝန် ရှိသူ ဦးစိုင်းလှရွှေ က RFA ကို ပြောပါတယ်။

"စားနပ်ရိက္ခာက အခြေမနေမကောင်းတော့ နည်းနည်းလိုနေပြီ၊ထပ်ရောက်တဲ့သူတွေကို ပေးဖို့ မရှိတော့ဘူး။အိုးခွက်၊ပန်းကန်တွေလည်း လိုတယ်"

အဲ့ဒီဒုက္ခသည်စခန်းကို World Food Program ကမ္ဘာ့ စားနပ် ရိက္ခာအစီအစဉ် အဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ အကူအညီ ပေးခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း နောက်ထပ်ရောက်ရှိလာတဲ့ ဒုက္ခသည် (၁၀၀) နီးပါးအတွက် အစားအသောက်နဲ့ ခြုံစောင်တွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။